ကျွန်တော်သိသလောက် အပြင်ကျောင်းများ

ကထူးဆန္းApril 12, 20122min37928

ပြောရရင်တော့ လူပျင်း အလုပ်လုပ်တာပါ။ အသေးစိတ် မေးပေးမယ် စိတ်ထဲတို့ထားပေမဲ့ အချိန်မပေး မလုပ်ဖြစ်ခဲ့ပါဘူး။
သူကြီး တစ်ခါက ရန်ကုန်က ကျောင်းတွေ အကြောင်း သိချင်တယ် ။ ပြန်လာမဲ့ သူတွေ ၊နိုင်ငံခြားသားလေးတွေ အတွက် ဘယ်ကျောင်းဘယ်လိုထားမလဲ ဆိုတာ တင်ပေးနိုင်ရင်ကောင်းမယ်လို့ အကြံပေးခဲ့ဘူးပါသည်။
နိုင်ငံခြားမှ ဆိုတော့ ကွန်နက်ရှင်လည်း ကောင်းသည်မို့ ရှာ၍ ရသော ကျွန်တော် သိသော ကျောင်းများ၏ web address များသာ ရှာ၍တင်ပေးလိုက်ပါသည်။

၁. International School Yangon

အမေရိကန် စံနစ်လို့ သိရပါသည် ။ ကျွန်တော် သိသလောက် မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံး ကျောင်းပါ။ တစ်ချိန်က ပိုက်ဆံရှိတာတောင် မြန်မာများ ဝင်ခွင့်ရရန် မလွယ်ခဲ့ပါဘူး။ အခုတော့ တော်တော် ဖြေလျှော့ပေးလိုက်ပါသည်။ ဝင်ခွင့် စာမေးပွဲ လည်း လုပ်တယ်လို့တော့သိရပါသည် ။

Address:20, Shwe Taungyar
Bahan Township, Yangon
Myanmar
E-mail: info@isyedu.org
Telephone: 512793, 512794, 512795
Fax:95-1-525020
Skype: international.school.yangon
www.internationalschoolyangon.org

၂။ Diplomatic School Yangon

ဒီပလိုမက်တစ်ဆိုပေမဲ့ မြန်မာလေးများ လည်း ရှိပါသည်။ အင်္ဂလိ်ပ်သင်ရိုးညွှန်းတမ်း နဲ့ သင်ကြားတယ်လို့သိရပါသည်။ ၎င်းတို့၏ web address ရှာဖွေကြည့်သော်လည်း မတွေ့ ရှိရပါ ။ facebook စာမျက်နှာသာ တွေ့ရှိခဲ့ပါသည်။

www.facebook.com/…Diplomatic-School-Yangon/23149461
No.65 Shin Saw Pu Road, Sanchaung Township, Yangon, Myanmar.

၃။ International School of Myanmar ( formerly Yangon International Educ Care )

လိပ်စာ ကတော့ www.ismyanmar.com ဖြစ်ပါသည်။ ဆရာများအားလုံး Native English Speaker များဖြစ်ပြီး လက်ထောက်ဆရာများကတော့ မြန်မာ များဖြစ်ပါသည်။

Mailing Address
International School of Myanmar
W -22 Mya Kan Thar Main Road
Mya Kan Thar Housing
5th Quarter, Hlaing Township
Yangon, Myanmar
Phone: 951-530060
Fax: 951-530059

၄။ Yangon International School

မြန်မာနိုင်ငံမှာ လူသိများတဲ့ ILBC (International Language and Business Center) မှ ဖွင့်သော ကျောင်းခွဲဖြစ်ပါသည်။

School Address:
No. 117 Thumingalar Housing
Thingangyun Township
Yangon, Myanmar
Phone: (95-1) 578171, 573149
Fax: (95-1) 578604
www.yismyanmar.net

၅။ILBC (International Language and Business Center)

သူကတော့ မြန်မာကျောင်းသားများ ပါသည်။ မြန်မာနိုင်ငံ အချို့ မြို့များ မှာလည်း ကျောင်းခွဲများဖွင့်ထားပါသည်။

ILBC IGCSE School: No.34, Laydauntkan Road, Tamwe Township Yangon, Myanmar.
Telephone: 01-542982, 545720, 545736, 400156
Fax: +95(1)541040
Email: info@ilbc.net.mm , recdept@ilbc.net.mm
www.ilbcedu.com

၆။ Horizon International School

American curriculum သင်ကြားတယ်လို့ သိရပါသည်။

Shu Khinn Thar Campus
235, Shu Khinn Thar Pat Road, Takayta Township, Yangon
Contact : 450396
www.horizonmyanmar.com

7။ Myanmar International School


MIS offers a broad and balanced curriculum, Nursery – Year 13, modeled on the internationally recognised educational programmes developed by Cambridge International Education (UK).

No 20 Pyin Nya Waddy Street, Yankin Township, Yangon
Ph: 95-1-558115~18 Fax: 95-1-55819
Email: 999.mis@gmail.com
Website: www.mis-edu.com

၈။ Myanmar International School Yangon

သူလည်း UK curriculum သင်ကြားသည်ဟု သိရပါသည်။

Address – No.29, Pyay Road
7 Mile, Mayangone Tsp, Yangon,
Myanmar.
Phone – 660 565, 655 553, 728 756, 09 500 5555
(If phoning from abroad pls press the numbers with 951 then the school numbers)
Email – misy-edu@goldenland.com.mm
misy.edu@gmail.com
Website – www.misyedu.com

အသေးစိတ်ဝင်ရောက်ဖတ်ရှုကြပြီး ဘယ်ကျောင်းရွေးချယ်ရမလဲ ဆုံးဖြတ်နိုင်လောက်ပြီ ဟုထင်ပါသည်။ ကျောင်းနံမည်တွေက တော့ ဆင်ဆင်မို့လို့ သေသေချာချာ ပြန်မှတ်ဖို့တော့ လိုပါလိမ့်မယ်။

ကျွန်တော် ကြားဖူးသော အင်္ဂလိပ်လို သင်ကြားပြသသော pre-kg မှ grade-12 အထိ သင်ကြားကြသော ကျောင်းများဖြစ်ပါသည်။
မပါဝင်သည်များ လည်းရှိနေသေးပါ၍ သိရှိပါက ဝိုင်းဝန်းအားဖြည့် ပေးစေလိုပါသည်။

28 comments

  • Thel Nu Aye

    April 12, 2012 at 6:14 pm

    NIEC, PISM, MLA, TOTAL ( UK curriculum ) အစရှိသော ဈေးနှုန်းသင့်တင့်သောကျောင်း များလဲရှိပါသည်။ MISY, MIS, Yangon Academy ( American curriculum ) ကဲ့သို့ဈေးကြီးသောကျောင်း များလဲရှိ ပါသေးသည်။ လဲရှိပါသေးသည်။

    • Thel Nu Aye

      April 12, 2012 at 8:08 pm

      NIEC, PISM, MLA, TOTAL ကျောင်းတွေက မြန်မာငွေနဲ့ပေးရပါတယ်။ တနှစ်စာကို သိန်း 20 လောက်ခန့်မှန်းချေရှိပါတယ်။ အတန်းငယ်တွေပေါ့။ ကြီးရင်တိုးသွားပါတယ်။ MISY, MIS, Yangon Academy ကတော့ ဒေါ်လာနဲ့ရှင်းရပါတယ်။ တနှစ်စာကို usd 4200 လောက်နဲ့ အနဲဆုံးစပါ တယ်။

      • htoosan

        April 14, 2012 at 1:36 pm

        သဲနုအေးပြောတဲ့

        NIEC က
        ၉၃ (G) သံလွင်လမ်း . ရန်ကုန် ။ ဖုံး .. ၅၂၅၉၆၂ ။ ၅၂၅၉၆၆ ။ http://www.niceinternational.com / e-mail. niec@myanmar.com.mm

        PIEC က
        No.၁၀-၂၃ အောင်ချမ်းသာ ၄လမ်း အောင်မြေသာစည် အိမ်ယာ။ ကမာရွတ် ။ ရန်ကုန်
        Phone : 22167 , 530640,530641,503688
        http://www.piecmyanmar.com

        MLA (Multi Language Academy)
        No. 36 Wingabar Road , Bahan , Yangon
        Tel : 548905 , 705066 ,552839
        email; mla@myanmar.com.mm

        Total Learning Academy
        က ရန်ကုန်မှာ တင် ၆ နေရာလောက်ခွဲဖွင့်ထားပါသည်။
        ၂၂ (က) ကမာ္ဘအေးဘုရားလမ်း ဗဟန်း ရန်ကုန် ။
        ဖုန်း ၅၄၂၃၅၇။ ၇၂၅၇၈၈

        ဒီကျောင်းတွေ လည်း အခြေမခိုင်သေးဘူးလို့ထင်မိပါကြောင်း ။ pre-school ကနေ high school အထိ သင်နိုင်နေကြပြီလား ။

        PISM ကတော့ ကျွန်တော်မသိပါ။

        • Thel Nu Aye

          April 15, 2012 at 10:13 pm

          PIEC နဲ့ PISM အတူတူပါပဲ။ နာမည်ပြောင်းထားတာပါ။ သူတို့တွေရဲ့သက်တန်း ကတော့ တော်တော်ကြာပြီလို့ပြောလို့ရပါတယ်။ အခြေတော့တော်တော်ခိုင်နေပါပြီ။ NIEC က ဆို ၅ နှစ်လောက်ရှိပြီ။ သူ့မူရင်း NELC ကတော့ ၁ဝ နှစ်လောက်ရှိမယ်။ PISM ( PIEC ) ကတော့ ၂၀၀၁ ကထဲကစဖွင့်တာ။ MLA လဲ ၈ နှစ်လောက်တော့ရှိပြီမို့ အခြေမခိုင်ဘူးလို့ပြောလို့မရပါဘူး။
          NIEC ကတော့ အခုတနှစ်တတန်းတိုးဖွင့်နေတာ Secondary ထိဖွင့်နိုင်နေပါပြီ။ PISM ကတော့ ၁၂ တန်းထိဖွင့်နိုင်ပြီး GCE A, O level တွေပြီးတာတော်တော်ကြာနေပါပြီ။ Total ကလဲ အနဲဆုံးမရှိဘူးဆို ၈ နှစ်နဲ့ ၁ဝ နှစ်ကြားရှိပါပြီ။ ၁၂ တန်းထိဖွင့်နိုင်နေပါပြီ။ သူလဲအခြေခိုင်ပါပြီ။ MISY ကတောင်မှနောက်ကျပါတယ်။ ၂၀၁၀၉ -၂၀၁ဝ လောက်မှဖွင့်တာပါ။ သူကတော့ အငြိမ်းစားဗိုလ်ချုပ်သားတယောက်ဖွင့်ထားတာပါ။ MIS ကလဲသူ့ထက်နောက်ကျပါတယ်။ အားလုံးကတော့ အတန်းကုန်ထိဖွင့်ထားပါတယ်။

        • htoosan

          April 16, 2012 at 6:20 am

          ကျေးကျေးပါ သဲနုအေးရေ. ကျွန်တော် သူတို့ အတန်းကြီးတွေ အထိ ဖွင့်နိုင်နေပြီမှန် း မသိခဲ့ဘူး။ primary နဲ့ secondary တွေလောက်အထိဘဲဖွင့် နိင်ကြတယ်ထင်နေတာ။Total ဆိုကျောင်းခွဲတွေ နေရာတွေလည်းခွဲဖွင့် ဆိုတော့ ကျောင်းကြီး တစ်ခုအနေနဲ့ သေခြာမမြင်မိဘူး။
          Yangon Academy ကတော့ လုံးဝ မသိဘူး ။ လိပ်စာရှိရင် တင်ပေးပါဦး ။

        • Thel Nu Aye

          April 16, 2012 at 8:25 pm

          ဟုတ်ကဲ့ Yangon Academy က အမေရိကန်သံရုံးနားမှာပါ။ လိပ်စာအတိကျကတော့ မေးပြီးတင်ပေးပါ့မယ်။

  • htoosan

    April 12, 2012 at 9:40 pm

    (Myanmar International School Yangon) MISY နဲ့ (Myanmar International School) MIS က UK Curriculum လို့ သူတို့ web site တွေမှာ ရေးထားတယ် သဲနုအေးရေ..

    • Thel Nu Aye

      April 13, 2012 at 8:00 am

      မဟုတ်ဘူးကိုထူးဆန်းရဲ့။ သူက ရ တန်းလောက်ထိ ( American curriculum )၊ အထက်တန်းရောက်မှ UK Curriculum ဖြစ်သွားတာ။ ဘယ်လိုစနစ်နဲ့ သွားလဲတော့မ သိဘူး။ နှစ်မျုးိလုံးသင်တာပေမဲ့ ကလေးတန်းကိုတော့ ( American curriculum ) နဲ့စတာ။ အဲဒါကြောင့်လဲ အတန်းကြီးလာရင်အဆင်မပြေကြတော့လို့တချို့လဲ အတန်းကြီး မှ ( American curriculum ) နဲ့ဆက်သင်တဲ့ကျောင်းပြောင်းသွားကြတယ်။ ကျွန်မကသူတို့ကျောင်းသွားကြည့်ဖူး လို့သိတာ။ စာအုပ်တွေပါကြည့်ဖူးတယ်။ တအုပ်ကို ၁ သိန်းခွဲလောက်တန်တယ်။ အော်ရီဂျင် နယ်တွေ။ ကလေးတွေကိုအပိုင်မပေးပါဘူး။ ငှားသင်ရတာပါ။ ကျောင်းကနေ။ နောက်ပြီး (Myanmar International School Yangon) MISY မှာက ဉာဏ်ရည်နိမ့်တဲ့ကလေးတွေအ တွက်ပါ care class သီးသန့်ရှိပါတယ်။ သူကတော့ဈေးနှစ်ဆလို့ပြောပါတယ်။ တော်တော်ဉာဏ် ရည်တက်လာတာတွေ့ရပါတယ်။

      • htoosan

        April 13, 2012 at 9:26 am

        အင် ..အဲ့ဒီလိုကြီးလား …

  • ကျနော်သိသလောက် နယ်ကကလေးတွေအတွက်က အစိုးရကျောင်းသာ
    အားထားရာပေါ့။အဲ့ကျောင်းတွေမှာ တက်နေတဲ့ကလေးတွေ မြန်မာစာကို
    ရေးဖို ့မတတ်တော့တာကို ရင်နာမိတယ်။

  • htoosan

    April 12, 2012 at 11:07 pm

    အမှန်ဘဲ ကိုသန်းထွဋ်ဦးရေ .. မြန်မာစာ အပြင်မှာပြန်သင်ရင်သင် မသင်လို့ကတော့ မတတ်ပါဘူး။ သချာင်္မှာလည်း မြန်မာအစိုးရကျောင်းက ကလေးတွေလောက် မကောင်းပါဘူး။ အဲ.. ကွန်ပြုတာတို့ အင်္ဂလိပ်လိုတွေကတော့ အလွန်ကွာသွားတာပေါ့ ။

  • ဟုတ်တယ် ကိုထူးဆန်းခင်များ။
    ကျနော့် ညီဝမ်းကွဲတစ်ယောက်ကို မြန်မာစာတတ်အောင်ဆိုပြီး
    မနည်းပြန်သင်ယူရတယ်။မိဘကလည်း ဆက်မထားနိုင်တော့
    တော်တော် ခက်သားနော့။

  • kai

    April 13, 2012 at 1:14 am

    အေးဗျာ..
    ဒီစာရင်းက အမှန်အကန်ကိုလိုတာ…
    ယူအက်စ်ကနေ.. မြန်မာပြည်ပြန်အခြေချမယ့်သူတွေ.. အမြဲမေးကြတယ်..။ ကလေးတွေအတွက်.. ဘယ်ကျောင်းမှာထားရမှန်းမသိ.လို့တဲ့..

    သိသူတွေ.. စာရင်းကူဖြည့်ပးကြပါနော.. 😆

  • AKKO

    April 13, 2012 at 11:50 am

    အရင်တုန်းက ဦးဖိုးကျားရဲ ့စာသင်ကျောင်းလေးကို သတိရမိတယ်ဗျာ။

  • Black Ice

    April 13, 2012 at 1:28 pm

    iGCSE ဆိုရင်တော့ Regent Elite Academy ရှိတယ်။ Grade 1 ကနေစဖို့တော့ ကြိုးစားနေတယ်။ အခုလာမယ့် academic term မဟုတ်ရင် နောက်နှစ်တော့ သေချာတယ်။ http://www.regent-myanmar.com မှတဆင့် ဆက်သွယ်နိုင်ပါတယ်။

    • Thel Nu Aye

      April 13, 2012 at 1:49 pm

      IGCSE ဆိုရင် UK Curriculum ပါ။ သူကတော့ KG, Primary ကနေစပါတယ်။ American curriculum ဆိုရင်တော့ TOFEL ပါ။ သူကတော့ Grade 1 ကနေစပါတယ်။ အခုဖွင့်မယ့်ကျောင်းကဘာ Curriculum ပါလဲ။ သိထားရအောင်လို့ပါ။

  • Khaing Khaing

    April 13, 2012 at 8:07 pm

    သများတို့ကတော့ ဘာမှမသိဘူး မှတ်ထားမယ် သများကလေးကျရင်ထားဖို့လေ …….. ကျေးကျေးပါနော် ကိုထူးဆန်း ……..

  • Thel Nu Aye

    April 13, 2012 at 9:46 pm

    Horizon ဆိုတဲ့ကျောင်းလဲရှိသေးတယ်။ ဖိုးစိန်လမ်းထဲမှာ နဲ့ သံလျှင်တံတားအဆင်းနားမှာ

    • htoosan

      April 13, 2012 at 10:59 pm

      Horizon ကပါပြီး ပြီလေ။ နံပါတ် ၆ မှာ။ ရူခင်းသာ က သံလျင်တံတားအဆင်းနားကိုပြောတာလေ။

  • ကြောင်ကြီး

    April 14, 2012 at 10:20 am

    ABSDF ဆိုတာ ထိုင်းနယ်စပ်မှာ ရှိတယ်။ ကျောင်းလခ ပေးစရာ မလိုဘူး။ မြန်မာအစိုးရကတော့ အမေရိကန်က ထောက်ပံ့ပေးတယ်နဲ့ မနာလို တော်တော်ဖြစ်ပုံရတယ်။ အဲဒီမှာ သဂျီးမိတ်ဆွေ ခလေးတွေကို ထားကြည့်ခိုင်းပါလား။ 🙄

    • htoosan

      April 14, 2012 at 1:40 pm

      ဦးကြောင် ကလေးတွေထားပြီးရင် အကျိုးအကြောင်းပြန်ပြောနော် ပြောဖို့ ကလည်း ဦးကြောင် က အခုမှ တွေ့ သမျှချိန်တုန်းဆိုတော့ ….. 😀

  • Lwin Aung

    April 14, 2012 at 12:35 pm

    At the diplomatic school, it is accepted about 15 students for pre college program.
    it has entrance exam ( for 11 grade passed students ) and the course is 1 and half year long. The cost for a student
    is 4500 US$. After the course, it can apply to US Colleges/ University.
    My son is studying at the US colleges with 100 % scholarship after that pre college program.

  • htoosan

    April 14, 2012 at 1:10 pm

    ဦးဦးပါလေရာ ပြောတဲ့ ALBA က ကျောင်းတစ်ခု အနေနဲ့ အခြေ မခိုင်သေးဘူးလို့ထင်ပါသည်။ ကျွှန်တော်မှားကောင်းမှားနိုင်ပါသည် ။
    Language အဓိကထား သင်တဲ့ ကျောင်းဖြစ်နေမလားလို့ ။ သူဆီမှာ အောက်ဖော်ပြပါ program တွေရှိတယ် ဆိုတော့ …
    Programs
    Primary School
    Cambridge Lower Secondary (Sec 1-3) (Age 11-14)
    IGCSE (14-16)
    University Preparatory Classes
    IELTS ( International English Language Testing System)
    FCE (First Certificate in English)
    Special English Classes for Adult
    Conversation Courses
    General English Courses
    Special English Classes for Children (age 5~14)
    Weekend Young Learners Classes
    Summer English Classes
    Corporate Training Classes For Foreign/ Local Companies’ Staff

    ASIA Language and Business Academy
    66, Shwedagon Pagoda Road
    Near Nawaday Street
    Dagon Township, Yangon, Myanmar

    Tel : 0973011426, 0973154742, 376314, 376236, 384055
    Fax : (95)1-384055
    Email : admin@albaedu.com , teacher@albaedu.com
    Website : http://www.alba-edu.com

  • ဗိုက်ကလေး

    April 17, 2012 at 7:12 pm

    ကိုထူးရေ..
    အိမ်က အလတ်ကောင်ကို ဘယ်ကျောင်းထားရမလဲ စဉ်းစားနေတာနဲ ့ ကွိတက်ပဲဗျာ…
    ရေလည် တင့်ခရုပါဗျာ..
    အူးပါတို ့လဲ စိတ်ကြိုက်ရွေးလို ့ရပြီထင်ပါ့ဗျာ

    • ဦးဦးပါလေရာ

      April 17, 2012 at 8:24 pm

      ကျုပ်က ဒီလောက်မိုက်ပါ့မလား ဗိုက်ကလေးရယ်…
      (ပိုက်ဆံမတတ်နိုင်တော့လဲ စပျစ်သီး ချဉ်တယ် ပြောရတော့တာပေါ့.. 😛 )

      ပုံမှန်အတိုင်း အစိုးရကျောင်း + ကျုရှင် + ဂိုက် + ဝိုင်း
      အခြားရန်ကုန်သားတွေနဲ့အတူ အေးအတူပူအမျှ 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 17, 2012 at 9:27 pm

    ဆာ့ဆာကြီးတွေဝိုင်းမှာ ခပ်တည်တည်နဲ့ ဝင်ဖေါလ်းအုန်းမှ
    အိုက်သည်ကျောင်းတွေကို တက်စေခြင်းအားဖြင့်
    ကလေးတွေတွက် ဘာညာကွိကွ အလားအလာလေးရှိတယ်ဆိုတာလေးသိရဘူးလား
    အကြမ်းဖျင်းလေးပြောတာပါ
    ကျုပ်မှာ ကလေးရှိလို့ဟုတ်ရပါဘူး ကလေးတို့အမေမရှိတော့ ကလေးလည်းဘယ်ရှိမတုန်းနော
    ကလေးတို့အမေရှိလို့ ကလေးးးးးးးးးးးးဆိုဒါရှိခဲ့မယ်ဆိုရင်တောင်
    ကျုပ်လိုသတ္တဝါရဲ့ နှစ်ပဲတစ်ပြားစည်းစိမ်လေးနဲ့ တတ်နိုင်မည်မထင်
    ဒါပေသိဗျာ
    မစားရအညှော်ဝင်ခံဒါဘော့ဗျာ

Leave a Reply