ရ ရက်အမြန်ဝိတ်ချနည်း

zaylayJune 12, 20101min590

ဒေါက်တာရဲနိုင် ရေးတာပါ
အဲဒီနည်းနဲ့လျော့တာ ပေါင် ၃၅ လောက်ကျတယ်

စားရမယ့်အစီအစဉ်တွေက..
အဆီကျဟင်းရည်
ကြက်သွန်နီဥကြီး ခြောက်လုံး
ငရုတ်ပွ အစိမ်းနှစ်တောင့်
ခရမ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံ တစ်စည်း
ဂေါ်ဖီတစ်ထုတ်
အသီးအရွက်တွေကို အနေတော်တုံးပြီး အိုးထဲရေမြုတ်အောင်ထည့် အဖုံးဖုံးပြီး ပွက်ပွက်ဆူအနေအထားမှာ ၁ဝမိနစ်ထား နောက်မှမီးကို လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်ရပါမယ်…
အဲဒီအရည်တွေကို ဝိတ်ချတဲ့ တစ်ပတ်လုံးသောက်ရပါမယ်…
တတ်နိုင်ရင် အရွက်တွေပါစားရင်ပိုကောင်းတယ်။
ကျွန်မကတော့ အရည်ဘဲစစ်သောက်ဖြစ်တယ်… ပုံမှန်ဆို တစ်ပတ်ကို ၁ဝ ပေါင်ကျပေမယ့်… အရွက်တွေမစားတာရော လေ့ကျင့်ခန်းမလုပ်တာရောကြောင့် ၅ ပေါင်ဘဲကျပါတယ်…
အနံ့အရသာရှိစေဖို့ ဆား ငရုပ်ကောင်း ဟင်းခတ်အမွှေးအကြိုင်တွေထည့်နိုင်ပါတယ်

ပထမနေ့

အဆီကျဟင်းရည်ကို ဗိုက်ဆာတိုင်းသောက်ပါ တွဲဖက်စားလို့ရတဲ့အစာတွေက လိမော်သီး ပန်းသီး သစ်တော်သီး
မာလကာသီး ကျွဲကောသီး ကျန်တာ ဘာမှစားခွင့်မရှိပါဘူး….အသီးတွေဘဲစားလို့ရပါမယ်…ငှက်ပျောသီးမပါ

ဒုတိယနေ့

ပင်တိုင်အဆီကျဟင်းရည်အပြင် ဟင်းသီးဟင်းရွက်အားလုံး အစိမ်းဖြစ်ဖြစ် ကျက်ပြီးသားဖြစ်ဖြစ် စားခွင့်ရှိပါတယ်
သစ်သီးကို စားခွင့်မရှိပါဘူး ကင်ထားတဲ့ အာလူးကြီး တစ်လုံး စားခွင့်ပြုပါတယ်

တတိယနေ့

ပထမနေ့နဲ့ ဒုတိယနေ့က ခွင့်ပြုထားတဲ့ အစာတွေအားလုံးစားလို့ရပါတယ်….အာလူးကင်မပါ…

စတုတနေ့

အဆီကျဟင်းရည်အပြင် တစ်နေ့လုံးအတွက် ငှက်ပျောသီးရှစ်လုံး အဆီထုတ်ထားတဲ့ နွားနို့ ကြိုက်သလောက်သောက်ခွင့်ရှိပါတယ်…
ငှက်ပျောသီးနဲ့နွားနို့ မဖြစ်မနေသောက်ရပါမယ် ကိုယ်ထဲက ပိုတက်ဆီယမ် ပရိုတင်းနဲ့ ကယ်လ်စီယမ်တို့လိုအပ်နေပြီမို့ပါ

ပဉ္စမနေ့

ပင်တိုင်အဆီကျဟင်းရည်အပြင် ၁ဝ ၂ဝ အောင်စရှိ ငါး သို့မဟုတ် အမဲသား ဆိတ်သားဆို အဆီမပါ ကြက်သားဆိုရင် အရေပြားဆုတ်ပြီးသား ကို ဆီမပါတဲ့နည်းနဲ့ ကင်ပြီး စားလို့ရပါတယ် ငံပြာရည် ဆနွင်း ဆား သုံးလို့ရပါတယ်
ခရမ်းချဉ်သီးခြောက်လုံး အထိတွဲဖက်ပြီး ကြက်သွန်နဲ့သုပ်ပြီးဖြစ်ဖြစ် သူ့ကြီးဖြစ်ဖြစ်စားလို့ရပါတယ်…ကိုယ်ထဲက Uric Acid တွေကို ဆေးချဖို့ ဒီနေ့မှာ ရေ အနည်းဆုံး ရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်

ဆဋ္ဌမနေ့

ပင်တိုင်အဆီကျဟင်းရည်အပြင် အဆီလွတ်အသားများကင်ပြီးဖြစ်ဖြစ် ဟင်းသီးဟင်းရွက်တွေနဲ့ရောပြုတ်ပြီးဖြစ်ဖြစ်
စားခွင့်ရှိပါတယ်

သတ္တမနေ့

နောက်ဆုံးနေ့မှာ ဆန်လုံးညိုစားခွင့်ပြုပါတယ် ဝယ်ရခက်ရင် ပေါင်မုန့်ကြမ်းကို အာသာပြေရုံ စားခွင့်ရှိပါတယ် အချိုဓါတ်မပါတဲ့ သစ်သီး ဟင်းသီးဟင်းရွက်တွေ ကြိုက်သလောက်စားခွင့်ပြုပါတယ် ဟင်းရည်ကိုတော့ သောက်ပေးရပါမယ်…

အထူးသတိပြုရန်

ဒီခုနစ်ရက်အတွင်း အရက်လုံးဝသောက်ခွင့်မပြုပါ…ကော်ဖီဆိုရင် သကြားတုနဲ့ ကြိုက်သလောက်သောက်ခွင့်ပြုပါတယ် လက်ဖက်ရည်ကြမ်း ဆီမပါတဲ့ လက်ဖက်အသားချည်းစားနိုင်ပါတယ်…Slim Aid တို့လို အမျှင်ဓါတ်ပါတဲ့ဆေးတွေသောက်ခွင့်ရှိပါတယ်….တခြားပိန်ဆေးတွေ သောက်ခွင့်မရှိပါ…ဆေးလိပ်သောက်ခွင့်ရှိပါတယ်…ဗီတာမင်ဆေးတွေလည်းဖြတ်ဖို့မလိုပါဘူး
ခုနစ်ရက်ပြည့်လို့ သိသိသာသာ ကိုယ်အလေးချိန်ကျလို့ အားတက်ပြီးဆက်မလုပ်ပါနဲ့ တစ်ပတ်လောက်ပုံမှန် ပြန်စားပြီးမှပြန်စပါ ရည်ရှည် ဒီနည်းကိုကျင့်သုံးရင် အဟာရဓါတ်ချို့တဲ့မှုဖြစ်ပွားနိုင်ပါတယ်

@