ပညာတတ်မှ ဖြစ်တော့မယ်ဗျာ….”

MTYApril 12, 20121min17712
သည်ခေတ်ကြီးမှာ ပြိုင်ဆိုင်ရမှုက အတွေ့အကြုံ။
တရုတ်ပြည် ကန်တုန်မှာ ဘဏ်ကိုဝင်တိုက်သောဓါးပြတွေက
“အားလုံးမလှုပ်နဲ့၊ ပိုက်ဆံကအစိုးရဟာ၊ အသက်က မင်းတို့ဟာ။ “
ဟု တရားသဘောဆန်ဆန် အော်ဟစ်လိုက်သည်နှင့် တပြိုင်နက်၊ ဘဏ်ဝန်ထမ်း အားလုံး
ငြိမ်သက်စွာ ဝမ်းလျားမှောက်လျက် နေကြကုန်၏။
ထိုအချိန် ဓါးပြက စားပွဲပေါ် ပက်လက်လေးလှန်ကါ လှဲလျောင်းနေရှာသော
ဘဏ်စာရေးမလေးကို တချက်လှမ်းကြည့်ရင်း
” အမြင်မတော်ကွာ၊ သိမ်သိမ်မွေ့မွေ့လေး နေစမ်း၊ ဒါဓါးပြတိုက်တာ၊
မုဒိမ်းလာကျင့်တာ မှုတ်ဘူး။ “
အိမ်ပြန်ရောက်ပြီးနောက်၊ M.Sc ဘွဲ့ရဓါးပြပေါက်စလေးက
” ဆရာ… တိုက်ရတဲ့ ပိုက်ဆံတွေ ရေတွက်ရအောင်။ “
မူလတန်းသာအောင်သော ဓါးပြဗိုလ် ပြောလိုက်သည်မှာ
“တော်တော်နုံချာတဲ့ကောင်၊ ဒီလောက်များတဲ့ဥစ္စာ ဘယ်အချိန်ထိ
ရေတွက်နေရမှာလဲကွာ၊ ဒီညTV သတင်း စောင့်နားထောင်ကြည့်ရင် သိရောပေါ့။ “
ဓါးပြများထွက်ခွာသွားပြီးနောက် ဘဏ်ဥက္ကဌက
” သွား…မြန်မြန်ရဲသွားတိုင်စမ်း။ “
ဘဏ်မန်နေဂျာ လှည့်ထွက်မည်အပြုမှာ ဘဏ်ဥက္ကဌ အလျင်စလိုထပ်ပြောလိုက်သည်မှာ
” နေအုံး…တလောတုန်းက ငါတို့အလွဲသုံးစားထားတဲ့ သန်း ၅ဝ ပါတခါထဲ
ပေါင်းထည့်ပလိုက်ကွာ “
ဘဏ်မန်နေဂျာက အဓိပ္ပါယ်ပါပါ တချက်ခိုးပြုံးကာ ဆက်ပြောလိုက်သည်မှာ
” တလတခါလောက် လာတိုက်ရင် သိပ်ကောင်းမှာကွာ…”
နောက်တနေ့… ဘဏ်ယွမ်ငွေ သန်း ၇ဝ ဓါးပြတိုက်ခံရကြောင်း TV သတင်းအရ ကြားသိရ၏။
ဓါးပြတွေ အဖန်တလဲလဲ ရေတွက်ကြည့်လည်း သန်း ၂ဝ မျှသာရှိသည်။
ဓါးပြဗိုလ် အော်ဆဲလိုက်သည်မှာ
” တောက်…ငါအသက်ကိုဖက်နဲ့ထုပ်ပြီး တိုက်တာတောင်မှ သန်း ၂ဝ ပဲရတယ်
ဘဏ်ဥက္ကဌက ပါးစပ်ဖျားလေးလှုပ်လိုက်ရုံနဲ့ သန်း ၅ဝ အမြတ်ပေါ်သွားပြီ။
ဒီခေတ်ကြီးကြည့်ရတာ ပညာတတ်မှ ဖြစ်တော့မယ်ဗျာ…။ “
ရီလဲရီကြပါစေ။
ပညာတတ်များလဲဖြစ်ကြပါစေဗျာ။
နှစ်သစ်ဆုတောင်းလေးပါ။

12 comments

  • MTY

    April 12, 2012 at 8:36 pm

    ကျန်သွားလို့ပါ။Forwarded mailကိုမှီငြမ်းပါသည်။

  • htet way

    April 12, 2012 at 9:52 pm

    ကောင်းပါတယ်
    တခါတလေမှာလည်းဒီလိုပဲမှီရတာပေါ့

  • Patriotic Burma

    April 12, 2012 at 10:22 pm

    I really like your post.That’s what happening nowadays in our world too.

  • တီတီရေငုံနှုတ်ပိတ်

    April 12, 2012 at 10:30 pm

    ကျုပ်တို့ဆီမှာတော့ ဥပဒေစိုးမိုးလို့ အေးချမ်းပါ့တော်…
    ဓါးပြတိုက်တာတွေသိပ်မကြားမိပါဘူး….
    မီးပဲ ခဏခဏလောင်တာ။

    မီးကလဲ မျက်နှာလိုက်ပါသတော်…
    ကျုပ်မနက်စောစောထပြီး ပဲပြုတ်ပြုတ်ရင်သာ တော်တော်နဲ့မီးမွှေးလို့မရတာ…
    သူများဆေးလိပ်တိုလေးကျတော့ လောင်လိုက်သမှ တောင်ပူစာလောက်ရှိတဲ့သစ်ပုံတွေကုန်ပါရောလား…

  • Don Juan Ronald

    April 12, 2012 at 10:35 pm

    ကြိုက် တယ် ဗျို့ !!!
    အား ပေး သွား ပါ သည် ။

  • etone

    April 13, 2012 at 3:01 am

    တကယ့်ကို ထိမိတဲ့ ရသမြောက် (ဟာသ)စာစုလေးပါပဲ …. ပညာသား ပါပါနဲ့ရေးထားတာ …. ဟာသလို့ဆိုတာထက် …. သရော်စာလေးလို့သုံးလျှင် ပိုလို့တောင် သင့်လျှော်မလားပဲ …

  • ရောင်ခြည်ခ

    April 13, 2012 at 10:46 am

    အားပေးသွားပါတယ်၊ အခုလို အရေးအသားလေးတွေ နောက်လည်း ရေးပါဦးနော….

  • phone_kyaw

    April 13, 2012 at 11:31 am

    သဘောကျလွန်းလို ့ကျနော့်ဘလော့ဂ်မှာတင်ထားပါသည်။

  • ကောင်းမြတ်သူ

    April 13, 2012 at 12:54 pm

    ဒီလိုအလွဲသုံးစားလို့ဖို့ ပညာတွေထသင်နေကြရင်တော့ ရင်မောစရာတွေ….

  • snow white

    April 20, 2012 at 3:16 pm

    ကတယ်ကိုသဘောကျတယ် ၂ခေါက်တောင် ဖတ်လိုက်ရယ်လိုက်လုပ်မိပါတယ် အရမ်းအလုပ်များလို့ အိပ်ငိုက်နေတဲ့ချိန် ဒီလိုစာလေးတွေဖတ်ရတာ တကယ်ကိုကျေးဇူးတင်ပါတယ် နောက်ထပ်လည်းရေးနိုင်ပါစေ နော် တကယ်တကယ်ကိုကျေးဇူးတင်ပါတယ်

  • jujuma

    April 20, 2012 at 4:03 pm

    မိုက်တယ်ကွာ..ပညာတတ်တွေချည့်ပါပဲ ..
    လိုက်လို့တောင်မမှီဘူး..ဟဟ

Leave a Reply