.ဖြေရှင်းမရနိုင်သောဖြစ်ရပ်…

zaylayJune 12, 20101min511

no way out situation…

ဖြေရှင်းမရနိုင်သောဖြစ်ရပ်…

လယ်သမားတဦးသည်အရက်ဆိုင်တစ်ဆိုင်တွင်အရက်မူးနေလေ၏။ထိုအရက်ဆိုင်ထဲသို့လူစိမ်းတစ်
ယောက်ဝင်လာကာလယ်သမားအားမေးလေ၏။
လူစိမ်း။ ဟေ့လူ၊ဒီလောက်ကောင်းတဲ့နေ့မှာဘာဖြစ်လို့ဒီမှာလာထိုင်ပြီးမူးနေရတာလဲ။

လယ်သမားကခေါင်းကိုတွင်တွင်ခါရမ်းလျှက်ပြန်ဖြေလိုက်သည်။
လယ်သမား။ ဖြေရှင်းလို့မရတဲ့အဖြစ်တခုကြောင့်ပေါ့ကွာ။

လူစိမ်းလည်းစိတ်ဝင်စားသွားကာလယ်သမားအနီးတွင်ဝင်ထိုင်ပြီးထပ်မေးလိုက်သည်။

လူစိမ်း။ ပြောစမ်းပါဦး၊ဘာတွေများဆိုးဆိုးဝါးဝါးဖြစ်ခဲ့လို့လဲ။

အဖြစ်ကတော့၊ လယ်သမားကသူ၏ဇာတ်လမ်းအားစတင်လိုက်လေသည်။ ဒီနေ့မနက်ကပေါ့၊
ငါကထုံးစမ်အတိုင်းငါ့နွားမကိုနို့ညှစ်နေခဲ့တာ။ နို့ပုံးပြည့်ခါနီးလောက်လဲရောက်ရော သေနာမက
သူ့ဘယ်ခြေကိုမြှေုာက်ပြီးနို့ပုံးကိုပိတ်ကန်လိုက်တယ်လေ။

လူစိမ်း။ အင်း၊အဖြစ်ကဒီလောက်လဲမဆိုးသေးပါဘူး။
လယ်သမား။ တခါတလေကျတော့ဖြေရှင်းလို့မရဘူးကွ။

လူစိမ်း။ ထားပါတော့၊ပြီးတော့ဘာဆက်ဖြစ်သတုံး။
လယ်သမား။ ဒါနဲ့ငါလဲသူ့ဘယ်ခြေထောက်ကိုဆွဲ၊ ကြိုးနဲ့ဘယ်ဘက်ကတိုင်မှာချည်ထားလိုက်
တယ်လေ။

လူစိမ်း။ ပြီးတော့ကော။
လယ်သမား။ ဒါနဲ့ငါလဲနို့ဆက်ညှစ်တာပေါ့။ နို့ပုံးပြည့်ခါနီးလဲရောက်ရော သောက်ဂန်းမက သူ့
ညာခြေကိုမြှောက်ပြီးနို့ပုံးကိုပိတ်ကန်ပြန်ရော။

လူစိမ်း။ နောက်တခါတောင်မှလား။
လယ်သမား။ တခါတလေကျတော့လဲဖြေရှင်းလို့မရဘူးကွ။
လူစိမ်း။ အဲဒီတော့ခင်ဗျားကဘာလုပ်လိုက်လဲ။
လယ်သမား။ ဒီတခါကျတော့ငါလဲသူ့ညာခြေထောက်ကိုဘေးကိုဆွဲ၊ ကြိုးနဲ့ညာဘက်ကတိုင်မှာချည်
ထားလိုက်တာပေါ.။

လူစိမ်း။ ပြီးတော့ကော။
လယ်သမား။ ငါလဲပြန်ထိုင်ပြီး နို့ပြန်ညှစ်တာပေါ့။ ပုံးပြည့်ခါနီးလောက်လဲရောက်ပြန်ရော ဖေ_ိုးမက
သူ့အမြီးနဲ့ပုံးကိုခတ်ပြီး မှောက်ပစ်လိုက်ပြန်တယ်လေ။

လူစိမ်းလဲအံဩစွာဖြင့် ခေါင်းငြိမ့်ငြိမ့်ဖြင့်နားထောင်နေလေ၏။
လယ်သမားကစိတ်ပျက်စွာဖြင့် သူ့ဇာတ်လမ်းအားဆက်လေသည်။

လယ်သမား။ တခါတလေကျတော့ဖြေရှင်းရခက်တယ်ကွ။

လူစိမ်း။ အဲဒီတော့ခင်ဗျားဘာဆက်လုပ်လိုက်လဲ။

လယ်သမား။ ငါ့မှာလဲချည်စရာကြိုးကကုန်ရော။ ဒါနဲ့ ငါ့ဘောင်းဘီကခါးပတ်ကိုဖြုတ်၊
နွားမရဲ့ အမြီးနဲ့တွဲပြီး ခေါင်မိုးမှာ ချည်ထားလိုက်တာပေါ့။
အဲဒီအချိန်မှာပဲ ငါ့ဘောင်းဘီကအောက်ကို ကျွတ်ကျ၊

ငါကနွားမနောက်မှာမတ်တတ်ရပ်နေတုန်း ဗြုံးဆိုငါ့မိန်းမကဝင်လာ။

ငါဘာမှဖြေရှင်းလို့ မရတော့ဘူးကွာ။

===============================

One comment

  • Endless

    September 4, 2010 at 3:37 am

    အင်း … ဖြေရှင်းဖို့ တော်တော်ခက်မှာဘဲ…..

Leave a Reply