ပန်းသီးဆိုင် မှ သင်ခဲ့တဲ့ ၁ဝချက်

ムラカミApril 13, 20128min14211

10 Things You Can Learn From the Apple Store

 

 

 

Carmine Gallo လို့ခေါ်တဲ့ စာရေးသူ ရေးခဲ့တဲ့ The Apple Experience: Secrets to Building Insanely Great Customer Loyalty မှ ကောက်နှုတ်ချက် ဖြစ်ပါတယ်။

 

http://www.amazon.com/The-Apple-Experience-Building-Insanely/dp/0071793208

 

 

Apple Store ဆိုတာ အမေရိကားမှာတော့ဖြင့် အမြတ်အစွန်း အရရှိဆုံးသော

လက်လီအရောင်းဆိုင်တွေဖြစ်ပြီး တပေပတ်လည် ရှိတဲ့ ဆိုင်ဧရိယာ ကပင်လျင် အမြတ်အစွန်း $5,600 လောက် ပျမ်းမျှ ထုတ်လုပ်နိုင်တဲ့ ရက်သတ္တပါတ် ကို

လူ၂၀၀၀၀ စီလောက် လာရောက်လည်ပတ်လေ့ရှိသော စတိုးဆိုင်တွေဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုလောက်က ဖြစ်ပါတယ် ။သွားလေသူ CEO Steve Jobs နဲ့ head of retail, Ron Johnson တို့ဟာ လက်လီရောင်းချခြင်း ဆိုတဲ့ အခန်းကဏ္ဍ ကို ပြန်လည်ဆန်းသစ် ပုံဖော်ဖို့ တွေးမိကြပါသတဲ့။ သူတို့ဟာ အခြေခံအသေးစိတ်ကစပြီး လက်လီအရောင်း အခင်းအကျင်းကို ပြင်ဆင်ခဲ့ကြတာပါ။ ဒီစာအုပ်အတွက် သုတေသနပြုချက်ကနေ ရလာတာကတော့ ပိုမိုအောင်မြင်ဖို့ အတွက် အခြားသော စီးပွားနယ်ပယ် တိုင်းဟာ Apple Store ဆီမှ အတုယူစရာ ၁ဝချက် ရှိနေပါတယ်..။

:

 

Stop selling stuff.

 

သွားလေသူ Steve Jobs ဟာ ပထမဆုံးအကြိမ် Apple Store နဲ့ပါတ်သတ်ပြီး သူ့ကိုယ်သူမေးခွန်းထုတ်ခဲ့တဲ့ မေးခွန်းဟာ “ငါတို့ဟာ marketshare ကို 5% ကနေ 10% တိုးဖို့ ဘယ်လို လုပ်ကြမလဲ” မဟုတ်ပါဘူး .. သူတကယ်မေးခဲ့တာက “ ငါတို့ ဟာ လူမှုဘဝတွေကို ဘယ်လို မြှင့်တင်ပေးနိုင်မလဲ ဆိုတာပါ?” မိမိ ကိုယ်မိမိ vision ကို ပြန်လည်ဆန်းစစ်တဲ့သဘောဖြစ်ပါရဲ့

အခြားသော Brands အတော်များများကတော့ ကွဲပြားခြားနားစွာ“sell more stuff.” ဆိုပြီး ပိုရောင်းရယုံ  business model ကို တည်ဆောက်ကြပါတယ်။ ရောင်းရယုံသက်သက် vision ကို အခြေခံထားတဲ့ ရောင်းချနည်းပုံစံဟာ Apple Retail Store ကပေးနိုင်တဲ့အရာလောက် ရင်ခုန်စရာမကောင်းတာ အမှန်ပဲ

ဖြစ်ပါလိမ့်မယ်။

 

Enrich lives.

“enrich lives” ဆိုတာ အနှီ vision ရဲ့နောက်ကွယ်က အခြေခံ သဘောတရားပဲဖြစ်ပါတယ်။ အဆိုပါစာလုံးလေး ၂လုံးကိုရေးထားတဲ့ ကဒ်တွေ လည်ပင်းဆွဲထားတဲ့ ဝန်ထမ်းတွေဟာ value ကို ဖော်ဆောင်ပေးဖို့ တာဝန်ယူကြရပါတယ်။ ဘဝတွေကို မြှင့်တင်ပေးရင်းကနေ မှော်ဆန်တဲ့အရာတွေ ပေါက်ဖွားလာကြတာပါ.. (Customer Satisfaction, Customer, Loyalty နဲ့ Customer Evangelism ရသွားတာကို တင်စားလိုဟန်ရှိပါသည်။)

ဥပမာ အားဖြင့် ပြောရင် Apple ဟာ ဝန်ထမ်းတွေကို sales အတွက် ကော်မရှင်ခ မပေးပါဘူး .။ ဝန်ထမ်းက ကော်မရှင် ရတယ်ဆိုရင် ကြိုးစားပြီးရောင်းမယ် အရောင်းတက်မယ်.. ဆိုတဲ့ ရှေးက သီအိုရီကြီးကို တိုက်ရိုက် ဆန့်ကျင်ထားတာပါ .. ။အကျိုးရလဒ်ကတော့ အရောင်းဝန်ထမ်းတွေဟာ သက်တောင့်သက်သာ စွာနဲ့ စားသုံးသူကို ပိုမို အချိန်ပေးနိုင် ပိုမို နားထောင်ပေး ရှင်းလင်းပြောပြပေးနိုင်တာပါပဲ…။

Apple ဟာ “family room” လို့ခေါ်တဲ့ ကလေး ကစားဖို့ နေရာတွေ ဖန်တီးပေးပြီး Store ကို မိဘနဲ့အတူ လာရောက်လည်ပတ်ကြတဲ့ ကလေးတွေ Apple product တွေသုံးပြီး ကစားနိုင်အောင် ဖန်တီးပေးထားပါတယ်။

နောက်တခု “Genius Bar” လို့ခေါ်တဲ့ နေရာမှာတော့ ကျွမ်းကျင်ဝန်ထမ်းတွေက စားသုံးသူလက်တွေ့ကြုံရတဲ့ အခက်အခဲပြဿနာတွေကို ကူညီဖြေရှင်းပေးရင်းကနေ relationship ကို ပြန်လှန် တည်ဆောက်ယူကြပါတယ်။

Hire for smiles.

ဟုတ်ပါတယ်။ အရောင်းဝန်ထမ်းတွေကို ပြုံးဖို့ ခန့်ထားတယ် ဆိုရင် မမှားပါဘူး။ သူတို့ဟာ Apple Store

ရဲ့ အသက်ဝိဉာဉ်ဖြစ်ပါတယ်။Store ကို လာလည်တဲ့ စားသုံးသူအတွက် မေ့မရမယ့် အခိုက်အတန့်လေးတွေအတွက် သူတို့ကို အလုပ်ခန့်အပ် သင်ကြား လှုံ့ဆော်ထားပြီးသားပါ။

Apple store တွေရဲ့ အရောင်းစာရေး ဝန်ထမ်းခန့်အပ်မှုဟာ technical ပိုင်း ကျွမ်းကျင်မှုထက်စာရင် လူသားဆန်မှု နွေးထွေးမှု အပေါ် ဦးစားပေးထားပါတယ်။ Apple Storeဟာ  အရောင်းဝန်ထမ်းတယောက်

တယောက်ဟာ သင်ဘယ်လောက် တတ်သလဲ ဆိုတာထက် Apple စားသုံးသူတွေကို သင်ဘယ်လောက် ဂရုတစိုက် ဝန်ဆောင်မှုပေးနိုင်မလဲဆိုတာကို ဇောင်းပေးရွေးချယ်ပါတယ်။

 

 

Celebrate diversity.

ဒါကလည်း နောက်ထပ် လူသားဆန်မှု ရဲ့ ပြယုတ် တခုပါပဲ …။ Apple Store America ဟာ အရောင်းဝန်ထမ်း ခန့်အပ်တဲ့နေရာမှာ ဒေသခံ Mohawks တွေ .. tattoos သမားတွေ နှုတ်ခမ်း မျက်ခုံး နှာခေါင်း နဲ့ နားတွေမှာ အပေါက်တွေဖောက်ထားကြတဲ့ လူတွေ အကုန် ခန့်ထားပါတယ်..။ ဆိုလိုချင်တာ..

Apple ဟာ အလွှာစုံသော သူ့ရဲ့ စားသုံးသူ ကို ပြန်လှန် ရောင်ပြန်ဟပ်တဲ့ လူမျိုးစုံ ကို အရောင်းဝန်ထမ်း

အနေနဲ့ လက်ခံပေးတဲ့ သဘောတရားပါ…။ (အရောင်းဝန်ထမ်းဆို ရုပ်ရည်သန့်ပြန့် ရမယ် အပျိုဖြစ်ရမယ်

ဘာညာ သာဒကာ လုပ်ကြတဲ့ ဆြာတွေ ဖတ်ဖို့ပါ) ။ တကယ်တော့ စားသုံးသူ ဆိုတာ .. ကိုယ်စိတ်ဝင်စားတဲ့ ထုတ်ကုန်အကြောင်း အကျအန ရှင်းလင်းပြောဆိုနိုင်ပြီး  ဝန်ဆောင်မှု ကောင်းမွန်စွာပေးနိုင်ပြီ ဆိုရင် အဆိုပါအရောင်းဝန်ထမ်းရဲ့ ဆံပင်ပုံစံကို ဂရုစိုက်လေ့ မရှိတာကြောင့်ပါပဲ။ Apple ရဲ့ အစောပိုင်း လေ့လာတွေ့ရှိချက်တွေထဲက တခုကို ဖော်ပြရရင် အရင်က ဆရာ ဆရာမ လုပ်ဖူးခဲ့

သူတွေဟာ အရောင်းစာရေးအနေနဲ့ ခန့်ထားဖို့ အလွန်သင့်တော်တယ် ဆိုတာပါပဲ… (အာစရိယ ဂုဏ်ကို ထိပါးတယ် ဘာညာ မဝေဖန်ပါနဲ့ဦး ကိုယ့်ဆြာတို့ … နည်းနည်း ဆက်ဖတ်ပေးပါဦးနော..) ဘာကြောင့်လဲဆို သူတို့ဟာ မေးခွန်းတွေ အလွန်မေးတတ်ကြလို့ပါပဲ ..( Engage, Educate, Entertain and Expand ဆိုတာလေး အမှတ်ရမယ်ထင်ပါရဲ့) ဒါကြောင့်မို့လို့ Apple Store မှာ အရင် ကျောင်းဆြာ လုပ်ခဲ့သူတွေ အင်ဂျင်နီယာတွေနဲ့ အနုပညာသည်တွေကို တွေ့မြင်ရတာ အဆန်းတော့ မဟုတ်ပါဘူး ..

Apple ဟာ ဘယ်တုန်းကမှ ပုံစံခွက်ထဲက လူတယောက်ကို အလုပ်ခန့်အပ်ဖို့ ရှာဖွေ နေမယ် မဟုတ်ပါဘူး

Unleash inner genius.

စားသုံးသူကို သူတို့ ယခင်က မသိသေးတဲ့ အကြောင်းအရာ တခုခုကို သင်ကြား မိတ်ဆက်ပေးနိုင်မယ်ဆိုရင် သူတို့ဟာ loyalty နဲ့ ပြန်လည် ဆုချပါလိမ့်မယ်။

ဥပမာ တခုအနေနဲ့ ပြောရရင်တော့ Apple Store ဟာ ဘယ်မှာမှ မရနိုင်မယ့် အစီအစဉ် တခုကို ဖန်တီး တင်ဆက်လေ့ရှိပါတယ်။ အဲ့ဒါကတော့ 1-1 approach နဲ့ Apple ကထုတ်တဲ့ computers တွေနဲ့ သူတို့ ရဲ့ သုံးစွဲသူတွေ ပိုမို ရင်းနှီးကျွမ်းဝင်ဖို့ အတွက်ပါ ။ Mac တလုံးဝယ်လိုက်တာနဲ့ $99 တန် ၁နှစ်စာ membership program ပါဝင်လာပါတယ်။ Apple Store instructors တွေဟာ ဒီအစီအစဉ်ကို “creatives” လို့ ခေါ်ပြီး စားသုံးသူ ကို သင်ကြားပြသပေးပါတယ်။ Mac operating systemရဲ့ အခြေခံ သဘောတရားတွေကစ လို့ website တခု ဘယ်လို ဒီဇိုင်းရေးရတယ်.. ဓါတ်ပုံ မူဗီနဲ့ presentation တွေ ပြင်ဆင် တာ မျှဝေတာ တွေ အပါအဝင်ပေါ့ ။One to One program ဟာ စားသုံးသူအတွက် တခါဆက်ဆံ ရာသက်ပန် ဖြစ်ဖို့အတွက် ဖန်တီးထားတဲ့ အစီအစဉ်ဖြစ်ပါတယ်..။ဒါဟာ စားသုံးသူတယောက်ဟာ ထုတ်ကုန်ပစ္စည်းကို ပိုမိုနားလည်မယ် ဆိုရင် ပိုမို အသုံးချနိုင်လာမယ်။ ပိုမို နှစ်သက်မြတ်နိုးလာမယ် ဆိုတဲ့ အယူအဆ နဲ့ တည်ဆောက်ထားတဲ့ ပုံစံပဲဖြစ်ပါတယ်။ ထိုမှတဆင့် ရေရှည် လက်တွဲဖို့အတွက် ဖြစ်နိုင်ခြေတွေကို တိုးပွားစေပါတော့တယ်။ စားသုံးသူ မျှော်လင့်ထားတာထက်ပိုပြီး စွမ်းဆောင်နိုင်မယ် ပိုမို ဖန်တီးသုံးစွဲနိုင်မယ် ဆိုတဲ့ အထက်ပါ သင်ကြားမိတ်ဆက်ပေးရေး အစီအစဉ်ဟာ

စားသုံးသူကို ပိုမိုကောင်းမွန်တဲ့ နည်းလမ်းနဲ့ စွဲဆောင် တာလို့လည်း ဆိုနိုင်ပါတယ်။

 

Empower employees.

ကျနော် တနေ့တုန်းက Apple Store specialist တယောက်နဲ့ ကလေးတွေအကြောင်း ၊ဂေါက် အကြောင်းနဲ့ ကျနော့် business အကြောင်း အချိန် ၁နာရီကြာအောင် စကားလက်ဆုံကျခဲ့ပါတယ်။ ကျနော်တို့ဟာ a MacBook Air အကြောင်းကိုတော့ ၁ဝမိနစ်သာ ပြောဖြစ်ပါတယ် ။ ကျနော် ထိုဝန်ထမ်းကို မေးဖြစ်တာက စားသုံးသူ တယောက်တည်း အတွက် သည်လောက်တောင် အချိန်ပေးပြီး စကားထိုင်ပြောပေးနေရင် ခင်ဗျားကို အထက်က အပြစ်ပြောမလား ..သတိပေးခံရခြင်းမျိုး ရှိမလား လို့ပေါ့ ။  သူပြန်ဖြေတာက တော့ “Not at all,” ပါတဲ့ ..သူကပဲ ဆက်လက်ပြီး “If you have a great experience, that’s all that matters.” အထက်မှာ ဆိုခဲ့သလို Apple ဟာ အရောင်းဝန်ထမ်းတွေကို commissionပေးလေ့ မရှိသလို ရောင်းချရမှုအတွက်လည်း ဖိအားပေးလေ့ မရှိပါဘူး။ အဲ့ဒီအစား သူတို့ကို အပြည့်အဝ အခွင့်အလမ်း ဖြည့်ဆည်းပေးထားတာကတော့ ..သူတို့ ယုံကြည်ရာ မှန်ကန်တဲ့ အလုပ်ကို စိတ်ကြိုက်လုပ်ခွင့်ပါပဲ ။

Sell the benefit.

Apple Store specialists တွေဟာ ထုတ်ကုန်တွေရဲ့ နောက်ကွယ်မှာ ရှိတဲ့ စားသုံးသူ အကျိုးဖြစ်ထွန်းမှု ဆိုတာကို ရောင်းချတတ်အောင် သင်ယူထားကြတာပါ။ နောက်ပြီး သီးသန့် customized လုပ်နိုင်မှု အတွက်ရောပေါ့။ ဥပမာ ပြောရရင် ..ကျနော်ဟာ သမီး၂ယောက်လက်ကို ဆွဲပြီး Apple Store ကိုသွားခဲ့ပါတယ်။ ဝန်ထမ်းတယောက်ကို တွေ့တော့ ကျနော်ဟာ ပထမဦးဆုံး အနေနဲ့ iPad ဝယ်ယူဖို့ စဉ်းစားနေပါတယ် လို့ပြောလိုက်ပါတယ် ..အဆိုပါ specialist ဟာ ကျနော့် သမီး၂ယောက်ကို‘secondary’ customer အဖြစ် focus ထားလိုက်ပြီး ကလေး၂ယောက်ကို iPad တလုံးစီနဲ့ ကစားစေပါတော့တယ်။

Device ၁လုံးမှာတော့ Tangled ဆိုတဲ့ ကာတွန်း ရုပ်ရှင်ပြထားပေးပြီး နောက်တလုံးမှာတော့ Disney Princess coloring application ဖြစ်ပါတယ်။ (ရှင်းရရင် သည်လိုပါ … ၁။ ကလေးတွေ ဟာ ရုပ်ရှင်နဲ့ ဂိမ်းကို အာရုံစိုက်နေချိန်မှာ လူကြီးတွေ ထုတ်ကုန်အကြောင်း ပြောဖို့ အချိန်ရသွားပါတယ်။ ၂။ ကတော့ decision making ကို influence လုပ်နိုင်တဲ့ secondary customer ကို enchant လုပ်လိုက်တာပါပဲ)

သည်အခိုက်အတန့်လေးမှာ ကျနော့်ကလေးတွေဟာ အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်သွားကြပြီး

အသက် ၆နှစ် ရှိပြီဖြစ်တဲ့ သမီးဟာ သည်လို ထုတ်ပြောခဲ့ပါတယ်။“I love this store!”  တဲ့..

ဒါဟာ လွယ်ကူစွာ မြင်သာတဲ့အချက်ဖြစ်ပါတယ်။ အဆိုပါ specialist ဟာ သည်ထုတ်ကုန်ပစ္စည်းရဲ့ technical ပိုင်းတွေ ..features တွေထက်စာရင် သည်ပစ္စည်းဟာ ကျနော်တို့ လူမှုဘဝကို ဘယ်ပုံဘယ်နည်း ဖြည့်ဆည်း စွမ်းဆောင်ပေးနိုင်တာကို ပြသသွားခဲ့တာပါ

 

Follow the steps of service.

Apple Store ဟာ အရောင်းဝန်ထမ်းတွေကို သည်လို သင်ကြားပေးထားပါတယ်။ A-P-P-L-E ဆိုတဲ့ စကားလုံးလေး၅လုံးကို လိုက်နာကျင့်သုံးဖို့ပါပဲ…Apple five steps of service လို့ ခေါ်ပါတယ်။

A-   Approach with a customized, warm greeting.

P-   Probe politely to understand the customer’s needs.

P-   Present a solution the customer can take home today.

L-   Listen for and address unresolved questions.

E-   End with a fond farewell and an invitation to return.

 

နွေးထွေးစွာ နှုတ်ဆက်ပါ၊

ယဉ်ကျေးပါ။

ယနေ့ချက်ခြင်းရရှိနိုင်မယ့် ဖြေရှင်းမှုကို ရှာဖွေပါ။

မဖြေရှင်းရသေးတဲ့ ပြဿနာ တွေကို သေချာစွာနားထောင်ဖြေရှင်းပေးပါ။

ဆုမွန်ကောင်းတောင်းနှုတ်ဆက်ပြီး နောက်တခေါက် ထပ်မံလည်ပတ်ဖို့ ဖိတ်ခေါ်ပါ။

Create multisensory experiences.

ဦးနှောက်ဟာ တခုထက်ပိုတဲ့ အာရုံခံစားမှုမျိုး ကိုနှစ်သက်ပါတယ်။ တနည်းအားဖြင့်ပြောရရင် လူတွေဟာ ထုတ်ကုန်ပစ္စည်းတွေကို မြင်တွေ့၊ ထိကိုင်ပြီး လက်တွေ့ အသုံးချရတာကို နှစ်သက်တတ်လို့ပါ။ Apple Store ထဲကို လမ်းလျောက်ပြီး ဝင်သွားလိုက်တာနဲ့ notebook computer screens တွေဟာ ရှေ့တည့်တည့်က လာရပ်မယ့် စားသုံးသူ သေချာစွာ မြင်နိုင်အောင် (screen ကို ၉ဝဒီဂရီ အနည်းငယ် ကျော်တဲ့ ပုံစံနဲ့) ခင်းကျင်း ပြသထားလေ့ ရှိပါတယ်။ screen မှာ ဘာတွေပြနေတယ် ဖြစ်နေတယ် ဆိုတာ ကိုင်တွယ် ပြီး စမ်းသပ် သုံးစွဲချင်အောင် ဆွဲဆောင်ထားတာဖြစ်ပါတယ်။ စက်တိုင်းဟာ ကောင်းမွန်စွာ

အလုပ်လုပ်နေပြီး အားလုံးInternet ချိတ်ဆက်ထားတာပါ။ သင်နှစ်သက်သလောက် အချိန်ယူ စမ်းသပ် သုံးစွဲနေနိုင်ပြီး ဘယ်သူမှ သင့်ကို မောင်းထုတ်လိမ့်မယ် မဟုတ်ပါ။ One-to-One workshops တွေနဲ့ သင်က အခွင့်မပေးရင် စကားလာမပြော မေးခွန်းလာမထုတ်မယ့် creatives တွေ လည်း ရှိနေပါတယ်။ သူတို့ဟာ သည် ထုတ်ကုန်တွေကို သင်ကိုယ်တိုင် ကိုင်တွယ်အသုံးပြုတာကို လိုလားတာပါ။ ထိတွေ့ခြင်းကပင်လျင် ထုတ်ကုန်ပစ္စည်းနဲ့ သင့်ကြား စိတ်ခံစားမှု ဆိုင်ရာ ဆက်သွယ်မှုတခု ရရှိစေတယ်လို့

နားလည်လက်ခံထားလို့ပါပဲ။

Appeal to the buying brain.

ရှုပ်ထွေးမှုတွေဟာ ဦးနှောက်ကို အလုပ်များစေပါတယ်။ သည်တော့ မရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်တခု ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ Apple Store ဟာ ကျယ်ပြန့်တဲ့ နေရာလွတ်တွေနဲ့အတူ သန့်ရှင်း တောက်ပြောင်မှု နဲ့ အတူ မရှုပ်ထွေးတဲ့ ပတ်ဝန်းကျင် တခုအနေနဲ့ ဖန်တီးထားလေ့ရှိပါတယ်။ Cables တွေကို မြင်ကွင်းမရှုပ်အောင် မြှုပ်ထားလေ့ရှိပြီး ဖန်သား အဝင်ဝတံခါးတွေမှာ ဘာ poster မှ ကပ်မထားဘဲ ရှင်းလင်းထားလေ့ရှိပါတယ်။ Computer screens တွေကို အချိန်နဲ့အမျှ သန့်ရှင်းရေး လပ်ပြီး လွပ်လပ် ပွင့်လင်းစွာ ရှုပ်ထွေးမှုမရှိတဲ့ environment အနေနဲ့ ဖွဲ့စည်းထားလေ့ရှိပါတယ်။

 

The three pillars of enchantment are likability, trustworthiness, and quality.

Apple’s engineers တွေဟာ quality ပိုင်း တာဝန်ပါ.. Apple Store ကတော့ စားသုံးသူနဲ့ တိုက်ရိုက် ထိတွေ့ရတဲ့အတွက် likability နဲ့ trustworthiness အပိုင်း တာဝန်ရှိပါတယ်.. ကျနော်ဟာ တခါမှ စိတ်ကျေနပ်မှု တစုံတရာ မရဘဲ .. Apple store ကနေ မပြန်ခဲ့ဖူးပါဘူး။

 

The Apple Experience: Secrets to Building Insanely Great Customer Loyalty

 

 

 

 

Readmore: http://blog.guykawasaki.com/2012/04/10-things-you-can-learn-from-the-apple-store.html#ixzz1rmm2uTGE

အတည်အခန့် ရေးပြီးပြီ ဆိုတော့ မောင်ဂီ့ ရိုးရာ မရိုင်းရလေအောင် …

ပေါက်ပန်းလေးဆယ် ပြောဦးမှ ….ဟီး …

Marketing & Sales ကွဲ မြင်ပြီ လို့ထင်ပါတယ်…

ဟုတ်ပါတယ် သည် case အရတော့ Mkt ဆိုတာ အဆိုပါ အရောင်းဝန်ထမ်းတွေ ရဲ့ နောက်မှာနေပြီး

policy ပိုင်းချမှတ်မယ်.. values တွေကို define လုပ်မယ် အရောင်းတွေရဲ့ performance တွေကို

monitor လုပ်ရင်း ပြင်ဆင်မှုတွေ ဖြည့်စွက်မှုတွေကို plan လုပ်မယ်…. လုပ်သမျှ plan တွေကိုတော့

sales တွေကိုပဲ …ဖော်ဆောင်ခိုင်းမယ်ပေါ့ဗျာ …

ဘာနဲ့တူသလဲဆို ဘောလုံးအသင်း ကစားကွက်လိုပေါ့ဗျာ..

အဖွဲ့အစည်းတခု ဟာ ဘောလုံးအသင်း တသင်းဆိုရင် ဂိုးသမား နဲ့ နောက်တန်းဟာ finance နဲ့

accounting departments တွေပေါ့ … ဒါဆို တိုက်စစ်မှူးဆိုတာ sales တွေခင်ဗျ ….

ကွင်းလည်မှာ management ဆိုတဲ့ စုဖွဲ့မှုရှိပါတယ်… ဘောလုံးလိုပဲ သိတဲ့အတိုင်း

ရှေ့တန်းနဲ့နောက်တန်း ချိန်ခွင်လျှာကို ထိန်းညှိကစားပေးရတယ်ဆိုပါတော့ ….(sales and ROI)

အဆိုပါ ကွင်းလည်ကိုပဲ ထပ်မံ zoom ဆွဲကြည့်စို့ရဲ့ … မော်ဒန် ဘစ်ဇနက်လောက ရဲ့ မွေးဖွားရာဟာ

ဒုတိယကမာ္ဘစစ်ကြီး အပီး ဆိုပါတော့ …စစ်ပြန် အရာရှိ ကြီးတွေဟာ ..မြို့ပေါ်မှာ ကန်ပနီဘာညာထောင်ပြီး

management, admin စတဲ့ ပုံစံမျိုးတွေနဲ့ အုပ်ချုပ်ကာ business တွေ စလုပ်ကြသတဲ့ဗျာ …

(သဂျီးတို့ အမေဒစ်ကင်န် မှာ ပြောပါတယ်…) သိတဲ့အတိုင်း ..စကာစတော့ ရေဗူးပေါက်တာ ဘလာဘလာဘလာ

နဲ့ ပုံစံခွက်ကြီးအတိုင်း အုပ်ချုပ် အလုပ်လုပ်ကြတယ် ဆိုပါတော့ ..

အဆိုပါ field ထဲကို phychologist တွေ မနုဿဗေဒ ပညာရှင်တွေ ..စီးပွားရေးရာပညာရှင်တွေ ဝင်လာတဲ့အခါမှာ

admin တည်းဟူသော သေဆိုသေရှင်ဆိုရှင် အာဏာ ကို အဖွဲ့အစည်း ၂ခု က ခွဲဝေယူကြသတဲ့ …

အဲ့ဒါကတော့

၁) HR department ပါပဲ ..(စက်ဆိုတာ သိတဲ့အတိုင်း ကြာလေစုတ်လေ သုံးစားမရလေ ပေမယ့်

လူဆိုတဲ့ စက်ကြီးကတော့ ကြာလေ အတွေ့အကြုံရင့်လေ တော်လေ ဖြစ်လာတာကို သတိပြုမိပီးသကာလ)

လူကို(ဝန်ထမ်း) ကို အားဖြည့်ရမယ် အလေးထားရမယ်…ဆိုပြီးပေါ့ဗျာ..(Theory X, Theory Y တွေပေါ့…)

ဒုတိယ အဖွဲ့ကတော့ … ဈေးကွက်ကိုဖော်ဆောင်ရမယ်.. needs ကို သိရမယ် လိုက်လျောညီထွေမယ့်

ပုံစံ ထုတ်ကုန်ကို ခင်းကျင်းရမယ် ဆိုအော်ပြီးဝင်လာတဲ့ ၂) Marketing Department ပါပဲ ….

ဘောစကား ပြန်ငှားပြောရရင် အရင် ကွင်းလည်ဆို အတန်းလိုက် ကစားနေရာကနေ

attacking midfield နဲ့ defensive midfield တွေပေါ်လာတယ်ပေါ့ ….။ 4-4-2 ကနေ 4-1-2-1-2(Diamond)

တို့ ..4-3-2-1(Chirstmas Tree) တို့ ..4-1-3-2 တို့ ဖြစ်လာတဲ့သဘောဗျ ….။

Defensive midfield လို့တင်စားချင်တာက HR ဗျ… (ဝန်ထမ်းသစ် ခန့် အစကပြန်သင် ပြန် လေ့ကျင့်တာအချိန်ကုန်

ပိုက်ဆံကုန် အလုပ်နှောင့်နှေးစေတယ်..) အဲ့… သူကတော့ defense သမား ဆိုတော့နောက်တန်းက  finance ဘက်နဲ့

ပလဲနံပ သင့်ပေမယ့် ရှေးရိုးစွဲ management ကွင်းလည်သမားတွေဆီကတော့ …အာဏာခွဲယူလို့ ဆိုပြီး

မျက်မုန်းကျိုးခံရလေ့ ရှိတတ်ရဲ့ဗျာ ….

Marketing Dept: ကတော့ attacking midfield (AM) ဆိုတော့ sales ကိုထောက်ကူတာပေမယ့် ငွေဖြုန်းရတာမို့

(အပေါ်မှာ ပန်းသီး ဖြုန်းတီးထားပုံတွေ တွေ့မယ်ထင့် ..) Defense တွေဘက်က မုန်းတီးလေ့ရှိတယ်ဗျ…

(ဘောလိုပြောရရင် ငါတို့ကတော့ အသေအကျေ ခုခံကစားရတယ်… နင်တို့က ဘောလုံးအပျက်များတယ် ..ဘာညာပေါ့)

လိုလို့ဖြုန်းတယ် ..sales ကို ထောက်ပံ့ဖို့ ဖြုန်းတယ် ဆိုတာ ခံစားနားလည်ဖို့ လိုအပ်တယ်ပေါ့ဗျာ…

အင်း … ဒါနဲ့ …မလုံလောက်ဘူးထင်ရင် နောက်ထပ် ရုပ်ရှင်ရိုက်တဲ့အကြောင်းနဲ့ ရှင်းပါ့မယ်ဗျာ …

Admin တွေ Management team တွေဟာ ဝတ္ထုစာအုပ်နဲ့ တူရဲ့ဗျာ … သူ့မှာ စ-လယ်-ဆုံး ဆိုတဲ့ ဖြစ်စဉ်ပါမယ် ဆိုပါတော့(ဘတ်ဂျက်ရီးယား အကုန်မှာ ဘယ်လောက် အမြတ်ရချင်တယ်ဆိုတာ…) ဒါကို ရိုက်ညွှန်းပြန်ခွဲတာကတော့ Mkt အလုပ်

ဖြစ်သွားပြီ… (1st quarterမှာ ဘယ်လို 2nd quarter ဘယ်ညာ strategy တွေ တင်ဆက်ပုံတွေနဲ့ ဆိုပါတော့…)

အဲ့ … တကယ်တမ်း ဇာတ်ဆောင်ရတာတော့ sales တွေပါပဲဗျာ…. ဒီသဘောလေးပါ….။

Marketing လို့ပြောလိုက်ရင် …အတော်လေး ဝိဝါဒ ကွဲပြားစရာ

ရှိလို့ အဆိုပါ စာလုံးကို သရုပ်ခွဲကြည့်ပါဦးမယ်…

Playmaker ဆိုတာ ရိုက်ညွှန်းခွဲတယ်ဆိုတာ လိုအပ်လို့ လုပ်ကြရတာဖြစ်တာမို့ ….

Playmaker မပါတဲ့ အသင်းဟာ ကန်-တင်-ပြေး စု-ပြုံ-လိုက် ဖြစ်နေမှာ မလွဲသလို

ရိုက်ညွှန်းမခွဲဘဲ ဝတ္ထုစာအုပ်ကိုင် ရိုက်တဲ့ ရုပ်ရှင်ဟာလည်း ကြည့် ကောင်းမှာ မဟုတ်ပါဘူး..

ကျုပ်တို့ လူမျိုးတွေ ယဉ်ကျေးရဲ့ နွေးထွေးရဲ့ဆို …ပျူငှာတယ် ရိုးသားတယ်ဆို …

ဈေးထဲသွားရင် ဘာရှာလဲ ဘာရှာလဲ ရုပ်တည်နဲ့မေးတတ်တာတွေ ..မသိရင် မတတ်ရင်

နှပ်ချ အင်ထု တင်ရိုက် တနပ်စားကြံကြတာတွေ … အင်း ..ရုပ်ဝတ္ထုသမားတွေလို့ …

ကွန်ဇာဗေးတစ်ဗ်တွေ စွပ်စွဲကြတဲ့ အနောက်တိုင်းက လူတွေ ဈေးရောင်းရာမှာ ဘာရယ်ကြောင့်များ

ရိုးသားမှု ယုံကြည်စိတ်ချရမှု ..လူသားဆန်တဲ့ human factors တွေ တွေ့နေပါလိမ့်နော….

ဟုတ်ကဲ့ ..အဲ့ဒါ Marketing ပေါ့ဗျာ ….

သင်္ကြန်ပိတ်ရက် ကြီး.. သဂျီးနဲ့တကွ ..

အဝေးရောက်တွေရော ..အိမ်ပြင်မထွက် သူတွေပါ

ငြင်းကြမယ်ဆို ငြင်းနိုင်ဖို့ …

တင်ဆက်လိုက်ပါသည်..။

11 comments

  • Swal Taw Ywet

    April 13, 2012 at 6:42 pm

    Dear Ko Gi,
    One thumb UP for you because this is a very good info.
    I saved this to use in future.
    Really thank you.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

    • Azzurri

      June 11, 2012 at 7:52 pm

      အဲ့ကွန်းမနံ့က ဘယ်သူ့ထိခိုက်လို့ ခုလိုဖြစ်နေပါလိမ့်
      ချဉ်ထှာ

      အနီကတ်သမားဒွေ

  • စော်ဘွားလေး မောင်မာန်ခ

    April 13, 2012 at 9:38 pm

    ဟင့်ဂီဂီနော်….
    ပိုက်ဆံမချိလို့…ကင်မလာတောင်ကောင်းကောင်းဝယ်မကိုင်နိုင်ရတဲ့အထဲ….
    ပန်းသီးစားချင်အောင်မလုပ်နဲ့…..
    သူတင်သမျှပို့စ်တွေက… သူများကို…အားငယ်အောင်လုပ်နေတယ်…..
    mune itai n desu ghi ghi san….. 😥 😥 😥

  • Khaing Khaing

    April 13, 2012 at 9:41 pm

    ကိုဂီရေ … သင်္ကြန်တွင်း အိမ်ပြင်မထွက်ရတာအမှန်ပဲရှင်…. ကိုဂီပို့စ်တွေကိုဖတ်ရင် ဒီကဦးနှောက်က ဉာဏ်ရည်မမှီတော့ သိပ်မဝေဖန်တတ်ဘူးဗျ …. အခုပို့စ်ကိုတော့ နည်းနည်းသဘောပေါက်တယ်ရှင်….

    Apple ရဲ့ဝန်ထမ်းခပ်အပ်မှုအပိုင်းကို ကြိုက်တယ်ရှင့် …. အခိုင်တို့လို ဝန်ထမ်းဆို Apple မှာလုပ်လို့ ရတယ်ဗျ ….

    `Apple store တွေရဲ့ အရောင်းစာရေး ဝန်ထမ်းခန့်အပ်မှုဟာ technical ပိုင်း ကျွမ်းကျင်မှုထက်စာရင် လူသားဆန်မှု နွေးထွေးမှု အပေါ် ဦးစားပေးထားပါတယ်။
    Apple Storeဟာ အရောင်းဝန်ထမ်းတယောက်
    တယောက်ဟာ သင်ဘယ်လောက် တတ်သလဲ ဆိုတာထက် Apple စားသုံးသူတွေကို သင်ဘယ်လောက် ဂရုတစိုက် ဝန်ဆောင်မှုပေးနိုင်မလဲဆိုတာကို ဇောင်းပေးရွေးချယ်ပါတယ်။
    (အရောင်းဝန်ထမ်းဆို ရုပ်ရည်သန့်ပြန့် ရမယ် အပျိုဖြစ်ရမယ်
    ဘာညာ သာဒကာ လုပ်ကြတဲ့ ဆြာတွေ ဖတ်ဖို့ပါ) ။ တကယ်တော့ စားသုံးသူ ဆိုတာ .. ကိုယ်စိတ်ဝင်စားတဲ့ ထုတ်ကုန်အကြောင်း အကျအန ရှင်းလင်းပြောဆိုနိုင်ပြီး ဝန်ဆောင်မှု ကောင်းမွန်စွာပေးနိုင်ပြီ ဆိုရင် အဆိုပါအရောင်းဝန်ထမ်းရဲ့ ဆံပင်ပုံစံကို ဂရုစိုက်လေ့ မရှိတာကြောင့်ပါပဲ။ Apple ရဲ့ အစောပိုင်း လေ့လာတွေ့ရှိချက်တွေထဲက တခုကို ဖော်ပြရရင် အရင်က ဆရာ ဆရာမ လုပ်ဖူးခဲ့ သူတွေဟာ အရောင်းစာရေးအနေနဲ့ ခန့်ထားဖို့ အလွန်သင့်တော်တယ် ဆိုတာပါပဲ… ´

    ဒီစာသားလေးနဲ့ပတ်သတ်ဆွေးနွေးချင်ကြည့်မယ်နော် …. ဉာဏ်မီသလောက်ပေ့ါ… (မြန်မာပြည်အနေနဲ့ဆွေးနွေးမှာနော်)
    အလုပ်ရှင်တွေတော်တော်များများ ပန်းသီးဆိုင်တွေလိုကျင့်သုံးနိုင်ရင်သိပ်ကောင်းမယ်နော် အလုပ်ရှင်တော်တော်များများဟာ အလုပ်ခန့်မယ်ဆို အတွေ့အကြုံရှိရမယ် ဘယ်လိုပညာအရည်အချင်းတွေရှိရမယ် ဒါတွေကိုအလေးပေးကြတယ် ….. လူဆိုတာမွေးကတည်းက ဘယ်သူမှဘာမှတတ်မလာခဲ့ပါဘူး သင်ယူပြီးမှသာ တတ်မြောက်လာကြတာပါ ဥပမာ – စာရင်းကိုင်သင်တန်း ကွန်ပျူတာသင်တန်းတက်လာတဲ့လူတစ်ယောက်ဟာ သင်တန်းအတွေ့အကြုံပဲရှိခဲ့မှာပါ ဒါကိုအလုပ်လျှောက်ရင်လုပ်ငန်းအတွေ့အကြုံမရှိလို့ အလုပ်မရဘူးဆို ဒီလူဟာဘယ်တော့များမှ အလုပ်ရတော့မလဲ သူ့ရဲ့လုပ်ရည်ကိုင်ရည်စိတ်ဓာတ်လေးကိုကြည့်ပြီး မခန့်သင့် ဘူးလား အဟောင်းဆိုတာ အသစ်ကနေဖြစ်လာခဲ့တာပဲလေ …… ပြီးတော့ လူတစ်ယောက်ရဲ့ ရုပ်ရည် ဝတ်ပုံစားပုံစတိုင် တွေကိုကြည့်ခန့်မယ်ဆိုရင် အရည်အချင်းရှိပေမယ့် ရုပ်ရည်မလှတဲ့သူ အဝတ်အစားကိုစတိုင်ကျအောင်မဝတ်နိုင်တဲ့သူတွေဟာ အဲလိုကြည့်ပြီးခန့်တဲ့နေရာတွေမှာ အလုပ်လုပ်ခွင့်မရှိတော့ဘူးပေ့ါ ….. ကျွန်မရဲ့အတွေ့အကြုံလေးကိုပြောပြချင်တယ် ကျွန်မ အလှကုန်ဆိုင်တစ်ခုမှာအလုပ်လုပ်ဖူးပါတယ် ဒီအကြောင်းကို ကျွန်မရဲ့ပို့စ်တခုမှာလည်းရေးခဲ့ဖူးပါတယ် အဲဒီအလုပ်ရှင်က သူ့ရဲ့အလှကုန်ဆိုင်သစ်ကို စင်တာတစ်ခုမှာအသစ်ဖွင့်မှာမို့လို ဝန်ထမ်းသစ်တွေခန့်တယ်လေ အဲထဲမှာ ကျွန်မလည်းပါတာပေ့ါ ကျွန်မကကွန်ပျူတာသင်တန်းတက်လက်စကြီး သူကသူ့ဆိုင်မှာ လုပ်စေချင်လို့ အဲဒီကွန်ပျူတာသင်တန်းအတွက်သွင်းထားတဲ့ငွေကို သူကအားလုံးပြန်ခဲ့တယ် ကျွန်မဆိုင်သစ်မှာ မလုပ်ခင် သူ့ရဲ့ဆိုင်ဟောင်းတွေမှာ ထရိမ်နင်ဆင်းရတယ် ပြီးတော့မှ ဆိုင်သစ်မှာလုပ်ခဲ့ရတယ် အဲမှာ ကျွန်မကိုခန့်တဲ့နေရာက ကျွန်မတစ်ခါမှမသုံးဖူးမမြင်ဖူးတဲ့ ကော့စမတ်တစ်တွေလေ သူတို့ဘယ်လိုသဘောနဲ့ကျွန်မကိုအဲဒီနေရာမှာ ခန့်တယ်ကျွန်မသိဘူး ကျွန်မအလုပ်ထွက်ချင်စိတ်တောင်ပေါက်ခဲ့ရတယ် ဒါပေမယ့်ဆိုင်မန်နေဂျာကပြောပါတယ် သမီးလုပ်နိုင်မှာပါတဲ့ အမှန်ပါပဲ ကျွန်မအဲအလုပ်ကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ခဲ့တယ် …. အဲဒီအလုပ်ကိုလုပ်နေချိန်မှာ အတွေ့အကြုံလေးတစ်ခုကိုပြောပြချင်တယ် ကျွန်မရောင်းတဲ့ပစ္စည်းက မိတ်ကပ်တွေနှုတ်ခမ်းနီတွေမဟုတ်ဘူး ခရင်တွေပါ အဲဒါတွေကို လူတွေဝယ်ချင်အောင် စိတ်ရှည်စွာနဲ့ရှင်းပြပေးရပါတယ် တစ်နေ့ အထက်တန်းကျောင်းသူအရွယ်မိန်းကလေးတစ်ယောက်က ကျူရှင်အပြန်ဖြစ်မယ် ကျွန်မကောင်တာရှေ့ကိုရောက်လာပါတယ် ကျွန်မရောင်းတဲ့ပစ္စည်းတွေအကြောင်းကိုမေးတယ် ကျွန်မရောင်းတဲ့ပစ္စည်းတွေက တော်တော်ဈေးကြီးပါတယ် အထက်တန်းကျောင်းသူလေးဝယ်နိုင်မယ့်ပုံမပေါ်ပါဘူး ဒါပေမယ့် ကျွန်မသူသိချင်တာကို ဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေ စိတ်ရှည်လက်ရှည်ရှင်းပြပေးခဲ့တယ် နောက်နေ့တွေလည်း မကြာမကြာသူမလာပါတယ် ကျွန်ကိုလည်း ဟိုမေးဒီမေးပဲ မေးပြီးမည်သည့်ပစ္စည်းမှမဝယ်ပဲပြန်သွားပါတယ် ဒီလိုနဲ့တစ်နေ့ထိုကောင်မလေးထပ်ရောက်လာပြန်ပါတယ် သူပုံကအရင်နေ့တွေကနဲ့မတူပါဘူး သူမေးနေကျ ပစ္စည်းလေးကို ကျွန်မကိုထုတ်ခိုင်းခဲ့ပါတယ် ကျွန်မလည်း ထုတ်ပြခဲ့တယ် သူကအမသမီးဒါလေးယူမယ်ဆိုပြီး သူ့မရဲ့ကွန်ဘာဗူးလေးကိုထုတ်လိုက်ပါတယ် အဲထဲမှ ပိုက်ဆံသုံးထောင်ကို ကျွန်မကိုထုတ်ပေးခဲ့တယ် ကျွန်မတော်တော်အံ့အားသင့်သွားတယ် သူဒီပစ္စည်းလေးကိုလိုချင်လို့ တော်တော်စုခဲ့ပုံရတယ် သူမကကျွန်မကိုပြန်ပြောတယ် မမအညွှန်းကောင်းလို့ သမီးဝယ်ချင်ခဲ့တာ နေ့တိုင်းလာကြည့်ခဲ့ရတယ် ခုတော့သမီးဝယ်နိုင်သွားပြီတဲ့ ….. ဒါပေမယ့်မှာ ကျွန်မအဲနေ့ကသိပ်ပျော်ခဲ့ရတယ် မဝယ်နိုင်တဲ့သူကို ဝယ်ချင်လာအောင် ပြောဆိုနိုင်ခဲ့လို့ပါ …. အမှန်ကကျွန်မက အဲကောင်မလေးကို ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ သူ့ကို သူသိချင်တာလေးတွေကို ရှင်းပြခဲ့ယုံသက်သက်ပါ ……. နောက်တစ်ခုက အခုလက်ရှိကျွန်မလုပ်နေတဲ့ အလုပ်ကိုစဝင်တုန်းကလည်း လုပ်ငန်းကိုဘာမှနားမလည်ခဲ့ပါဘူး လုပ်ငန်းကိုနားလည်ဖို့မပြောနဲ့ ကိုယ်ကဘယ်လိုအလုပ်ကိုဝင်ပြီး ဘာလုပ်ရမယ်ဆိုတာတောင်မသိခဲ့ဘူး ဒါပေမယ့် ကျွန်မရဲ့ အလုပ်ရှင်က လုပ်ငန်းသိဖို့မလိုဘူး လုပ်ချင်စိတ်ရှိဖို့ပဲလိုတယ်တဲ့ စိတ်ဓာတ်ကောင်းရင်ဘာမဆိုသင်လို့ လွယ်တယ်တဲ့လေ ဘာမှမသိတဲ့လူကိုခန့်တာပိုကောင်းတယ်တဲ့ အဖြူပေါ်မှာ ကိုယ်ကြိုက်တာကို အရုပ်ဆွဲလို့ရတယ်တဲ့ …….. မှန်လိုက်တာ အခုဆို ကျွန်ဒီလုပ်ငန်းကိုတော်တော်နားလည်သိရှိနေတဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါတယ် ….. ကျွန်မကိုခန့်ခဲ့တဲ့လူကြီးတွေကလည်း ပန်းသီးကုမ္ပဏီကလူတွေရဲ့ ဝန်ထမ်းခန့်အပ်ခဲ့တဲ့စိတ်ဓာတ်နဲ့တူပုံရပါတယ် …… ရမ်းရွှီးကြွားဝါရေးခြင်းဖြစ်သောကြောင့် ဖတ်မိသူများ သည်းခံပေးပါရန် ………

    • သမိန်ဂီ့

      April 15, 2012 at 6:19 am

      ဂျီးတော် ခိုင်ရေ…..

      ကျုပ်လည်း … ကန်ပနီတွေ ဝန်ထမ်းခန့်တဲ့ ကိစ္စကို ဝေဖန်ချင်တာ
      နည်းနည်းကြာဘီဗျာ…
      psychological contract ဆိုတဲ့ စာသားလေးပဲ စဉ်းစားစေချင်လို့ပါ…
      ကဗျာလိုပြောရင်တော့ ဗိုလ်ချော ပြောသလိ ုရင်ဘတ်ချင်းဂျက်ပင် ထိုးသပေါ့ဗျာ…
      အလုပ်ရှင်တိုင်း သိသင့်တာက အလုပ်သမားတိုင်း တွေးမယ့် အတွေးက …
      why should i work for u? ဆိုတာပါပဲ…. အနှီမေးခွန်းကို ကိုုယ့်ဟာကိုယ် မဖြေနိုင်သမျှတော့
      ကောင်းမွန် မှန်ကန်တဲ့ အလုပ်ခန့်ထားတဲ့ HR ပိုင်း ဦးစီးနိုင်မှာ မဟုတ်လို့ ပါပဲ….

      ဝန်ထမ်းကို ပိုက်ဆံပေးရင်ရတယ် ဆိုတဲ့အမြင် ဟောင်းကို ဖယ်ပြီး…
      တနေ့ (ဥပမာ ၈နာရီ) အချိန် ဒါမှမဟုတ် လုပ်အား ကို ရောင်းစားတဲ့ pro လို့မြင်ကြည့်ရင်
      အတော်လေး အဆင်ပြေမယ် ထင်ရဲ့ဗျာ…. HR ကို ကျနော် မလေ့လာဖြစ်တာကြာပြီ မို့
      အများကြီး မပြောလိုတော့ပါဗျာ…
      ကျနော်က HR ထက် Marketing ကို ရွေးချယ်ခဲ့တဲ့လူဆိုတော့….
      (HR နဲ့ နွယ်တာတွေ အနည်းငယ် လုပ်နေရသည့်တိုင်)
      ဖြစ်နိုင်ရင် Mkt point of view ကပဲ သွားချင်ရဲ့ဗျာ…

      စကားဆက်စပ်ရင် ဆွေးနွေးချင်သေးပါရဲ့…

      ခင်တဲ့
      ဂီ

      • Khaing Khaing

        April 16, 2012 at 9:54 pm

        ကိုဂီရေ ….. ကြယ်နှစ်ပွင့်ရသွားတာဂုဏ်ယူပါတယ်နော် ….. မနာလိုတော့ဖြစ်တယ် ဒါပေမယ့် ကိုဂီတို့လို ဆရာတွေကိုတော့မယှဉ်ရဲပါဘူး ……. ကော်မန့်လေးကိုထောက်ခံပေးတာကျေးဇူးပါ .. အဲနေ့ကမရဲတရဲနဲ့ အခိုင့်ရဲ့ ကိုယ်တွေ့လေးတင်ပေးလိုက်တာပါ ဒေါ်ကြွားလို့အထင်ခံရမှာလည်း စိုးမိတယ် အဲနေ့က မန့်ပြီးတာနဲ့ အိမ်မှာမနေဘဲတစ်ခြားနေရာသွားနေတော့ ရွာနဲ့ရော အင်တာနက်နဲ့ပါအဆက်အသွယ်ပြတ်သွားတယ် စိတ်ထဲမှာ ကိုဂီတင်ပြပုံလေးနဲ့ပတ်သက်လို့ စဉ်းစားမိတယ် အရေးအသားတွေရောပေ့ါ အရင်ကရုံးမှာ ကိုဂီပို့စ်တွေကို တော်ရုံပဲဖတ်ဖြစ်တယ် အိမ်မှာသေချာဖတ်ကြည့်မှ ကိုဂီရဲ့ဗဟုသုတလေးတွေကို ရွာသူ/သားတွေကို ဖြန့်ပေးချင်တဲ့ စေတနာကိုတွေ့ရှိခဲ့တယ် ကိုဂီရေ မအားတဲ့ကြားထဲက လေ့လာသင်ယူနိုင်တာတွေ လေ့လာထားတာတွေကို ဝေမျှပေးတဲ့ကိုဂီရဲ့ စေတနာလေးကိုလေးစားပါတယ် အခိုင်က အလုပ်သမားဖြစ်သလို အလုပ်ရှင်လည်းဖြစ်တဲ့အတွက် အလုပ်သမားတွေရဲ့ခံစားချက်ရော အလုပ်ရှင်ရဲ့ခံစားချက်တွေကို နားလည်ခဲ့တယ် ….. ကိုဂီနဲ့ကတော့ အများကြီးဆွေးနွေးစရာ တွေရှိသေးတယ် ဒါပေမယ့် ကိုဂီတို့လို ရုပ်ဝတ္ထုသမားတွေကို ကြောက်တယ် ရန်ကုန်ရောက်ရင်တော့ ဆွေးနွေးရန်ဖြစ်ကြတာပေ့ါ ……. ကိုဂီရဲ့ တူလေးလဲလိုက်ပါစေ သန့်ရှင်းသော ပါးစပ်ကလေးနဲ့ဆုတောင်းပေးပါတယ် ……….

        ခင်မင်စွာဖြင့်
        Khaing Khaing

  • htoosan

    April 14, 2012 at 9:23 am

    ဘုတ်မတ်လုပ်ထားသလို လက်မလည်းထောင်ခဲ့ပါသည်။ ကျေးကျေးပါ။
    ဂီရေ .. စိတ်မဆိုးဖို့ပြောရင်းနဲ့ တစ်ခုလောက်တောင်းဆိုချင်ပါတယ် ။။ ဂီ့ရဲ့ စာ၊ စေတနာတွေနဲ့ အပြည့်ရေးထားပေးပေမဲ့ ဖတ်ရတဲ့ သူ ရသင့်သလောက် မရဘူးလို့ ထင်ပါသည်။ အကြောင်းရင်းက ဂီ က တစ်ခါတစ်လေ မဟုတ် မကြာခဏ ၊ မြန်မာလို အင်္ဂလိပ်စာလုံးကို အသံထွက်ရေးပေးလိုက်တာ ဖတ်ရတဲ့ ကျွန်တော်တို့ဒုက္ခ အတော်ရောက်ရောက်သွားပါတယ်။
    အင်္ဂလိပ်လို စာလုံးပေါင်းဘာဖြစ်မလဲ ပြန်စဉ်းစားရတာ တစ်ခု ၊ မြန်မာလို ဘာ အဓိပ္ပါယ်လဲ တစ်ခု နဲ့ မကြာခဏ ခြာခြာလည် သွားတတ်ပါတယ်။
    အခုပို့စ်က အင်္ဂလိပ်စာလုံးပေါင်းတွေ နဲ့ ပေါင်းရေးပေးလိုက်တော့ နားမလည်ရင် အဘိဓာန် အလွယ်တစ်ကူ ရှာကြည့်နိုင်လို့ ပိုလို့ အကျိုးရှိသွားပါတယ်။ အဲ့ဒီလိုမျိုးလေး ရေးပေးစေချင်ပါတယ် ။ အဟဲ မြန်မာလို တန်းပြီးဘာသာပြန်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ ။ ဒါပေမဲ့ မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရတာလည်း ရေးသူမှာ တာဝန်ကြီးလို့ အင်္ဂလိပ်စာလုံးလေးနဲ့ မြင်ရရင် ကို ကျေးဇူးအရမ်းတင်မှာပါ။ 😀

    • သမိန်ဂီ့

      April 15, 2012 at 6:21 am

      ကျေးကျေး ကိုထူးဆန်း …
      ကျနော်က စိတ်မမှန်တော့… ပေါက်ကရရေးနေဖြစ်တော့..
      အစ်ကိုထောက်ပြတဲ့ အချက်ကလေးတွေ မလိုက်နာခဲ့ဖြစ်ဘူးရယ်…

      ကျနော် ကြိုးစားပါဦးမယ်ဗျ…

      ကျေးဇူး အစ်ကိုေ၇….

      ခင်တဲ့
      ဂီ

  • သမိန်ဂီ့

    April 15, 2012 at 6:10 am

    အားပေးကြတာ ကျေးကျေးပါဗျ…

    ဗျို့ …. သဂျီး….
    မြန်မာ မာကတ္တာတွေ …၆၃ မကျဘူး ပြောတဲ့ ….ဒီမိုသဂျီး..
    နှစ်ကူးလက်ဆောင်လေးတောင်းချင်ရဲ့ဗျာ…
    ဘစ်ဇနက်စ် အန် အီကိုနောမစ်အောက်မှာ ..
    မားကတ္တင်း ဆိုတဲ့ ကတ္တဂိုရီ အခွဲလေး …မချီးမြှင့်ချင်ဝူးလား ဟင်င်င်င်….

    ပုံ
    ခင်တဲ့
    ချဉ်တဲ့..
    ဂီ

  • FattyCat

    April 15, 2012 at 3:09 pm

    ဂီဂီရေ-

    မင်း Professional ဖြစ်တဲ့ Marketing ဘက်ကို ငါမငြင်းပါဘူးကွာ… ဒီနေရာမှာ မင်းကဆရာပါ…
    ကျွန်တော့အတွက် Apple ပစ္စည်းကို ဘာလို့သုံးလဲလို့ မေးရင် တစ်ခုတည်းအဖြေရှိပါတယ်… ကျွန်တော့်ကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်လို့ သုံးပါတယ်…
    ဒါတောင် မြန်မာပြည်မှာနေသူမို့ Apple Store ရဲ့ဝန်ဆောင်မှုတွေမပါသေးဘူးနော်…
    ကျွန်တော်သုံးနေတဲ့ iPhone 4 လေးကို ဝယ်တုန်းက ၂၀၁၁ ခရစ်စမတ်မှာပါ… နောက်ထပ် (၂)နှစ် Apple Care Warranty ပါထပ်ပေါင်းပေးလိုက်လို့… ကျေကျေနပ်နပ်ဝမ်းသာအားရ ဝယ်ခဲ့ပါတယ်…

  • သမိန်ဂီ့

    April 16, 2012 at 6:38 am

    တယောက်သောသူကလေးကပါ …
    ပန်းသီးဝယ်ကိုင်နေလို့ ..
    (ပြောမရသမို့… )
    ဝေးဝေးကဘဲ …ချဉ်ဒေါ့မယ်…
    အာဟိ..

    ပုံ…
    သမိန်ဂီ့

Leave a Reply