Enable လုပ်သင့်သော Gmail Lab ၁ဝ ခု

Kaung Myat HtutApril 13, 20125min1919
Top Ten Gmail Lab
Top Ten Gmail Lab

Gmail ဟာ သူတစ်ခုတည်းဆိုရင် အစွမ်းမထက်ပါဘူး။ Gmail lab ပါပါမှ စွမ်းဆောင်ရည်ပြည့်ပြည့်သုံးနိုင်မှာပါ။ Gmail lab setting ကို Settings အောက်မှာတွေ့နိုင်ပါတယ်။ Theme အသုံးပြုထားတာတွေ၊ HTML view နဲ့ကြည့်နေတာတွေအပေါ်မူတည်ပြီး Lab ကိုရှာဖွေနိုင်ပုံ ကွဲပြားနိုင်ပါတယ်။

10. Undo Send

Undo Send
Undo Send

နာရီဝက်၊ တစ်နာရီလောက်ကြာအောင် စာတွေစီ၊ စာတွေရိုက်၊ အမှားတွေပြင် ပြီးတော့ send ဆိုပြီးပို့လိုက်တော့မှ လိပ်စာမှားနေတာတွေ၊ Subject မှားနေတာတွေဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းဖို့ Undo Send ဆိုတဲ့ feature ကို enable လုပ်ထားနိုင်ပါတယ်။ setting အပေါ်မူတည်ပြီး 5, 10, 20, 30 စက္ကန့်စသည်ဖြင့် သတ်မှတ်ထားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာပဲ Undo send လုပ်နိုင်မှာဖြစ်ပါတယ်။ ဘာပဲပြောပြော လုံးဝမရှိတာထက်တော့ ပိုကောင်းပါတယ်။

9. Advanced IMAP Controls

Advanced IMAP Settings
Advanced IMAP Settings

IMAP ဆိုတာ အင်တာနက်အပေါ်ကတဆင့် စာပို့တဲ့စနစ်ဖြစ်တဲ့ Internet Message Access Protocol ဖြစ်ပါတယ်။ အကယ်၍ Gmail ကို mail client များဖြစ်ကြတဲ့ Thunderbird သို့မဟုတ် Mail.app တို့မှတဆင့် အသုံးပြုလိုပါက Gmail IMAP ကိုဖွင့်ထားရမှာဖြစ်ပါတယ်။ IMAP အသုံးပြုရတာလည်း အနည်းငယ် ရှုပ်ထွေးပါတယ်။ အချို့သော Label များဟာ Folder များအဖြစ်ပေါ် လာမှာဖြစ်ပြီး၊ အချို့သော Folder များကတော့ ဘယ်ကနေရောက်လာမှန်းမသိအောင် ဖြစ်နေတတ်ပါတယ်။ အချို့သောစာတွေဟာ copy ပေါင်းများစွာ ပွားနေတာကို လည်းမြင်တွေ့နိုင်ပါတယ်။ ဒါကြောင်း Advanced IMAP Controls တွေကို Enable လုပ်ထားဖို့လိုအပ်ပါတယ်။ ဒီလိုမှသာလျှင် Mail Client များနဲ့ အလွယ်တကူချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ IMAP mail client ရဲ့အားသာချက်ကတော့ အင်တာနက်မရသည့်တိုုင်အောင် offline အနေနဲ့စာတွေဖတ်နေနိုင်တာဖြစ်ပါတယ်။

8. ရုပ်ပုံများထည့်ခြင်း

Inserting Images
Inserting Images

တစ်ခါတစ်ရံမှာ Email ကပို့တဲ့အခါမှစာတွေတင်မကဘဲ ပုံတွေပါတွဲပို့ရတဲ့အခါမျိုးဆိုရင် Inserting Image Lab ကိုဖွင့်ထားခြင်းဖြင့် အလုပ်လုပ်ရတာပိုမိုလွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။ Insert Image ဆိုတဲ့ button ကိုနှိပ်လိုက်တာနဲ့ Hard drive မှဖြစ်စေ၊ External drive မှဖြစ်စေပုံများကို အလွယ်တကူထည့်နိုင်ပြီဖြစ်သည်။ Google Chrome နဲ့ Safari ကိုအသုံးပြုသူများကတော့ ဒီ Lab feature ကို enable လုပ်စရာမလိုဘဲ Gmail window ထဲကို Drag & Drop လုပ်ပြီး ချက်ချင်းအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

7. Reply to All

Reply to all
Reply to all

လူတွေအများကြီးနဲ့ email တွေအပြန်အလှန်ပို့၊ အလုပ်လုပ်နေကြတဲ့အချိန်မှာ တစ်ယောက်ယောက်က reply button ကိုနှိပ်ပြီး တစ်ယောက်ချင်းစီရဲ့ email ကိုပြန်ရိုက်တဲ့အခါမှာ ကိုယ့် email ကျန်ခဲ့တယ်ဆိုရင် နားလည်မှုတွေလွဲပြီး အဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် email ထဲမှာပြောနေတဲ့ conversation တွေမလွတ်သွားရအောင် email reply လုပ်တဲ့အခါမှာ Reply to All ဆိုတဲ့ button ကိုနှိပ်ပြီး ပြန်ပို့သင့်ပါတယ်။ Reply to all ကို enable လုပ်ထားပြီးမှ တစ်ယောက်ထဲကိုပဲ ရွေးပြီး reply ပြန်လုပ်ချင်တယ်ဆိုရင်တော့ Reply to All button ရဲ့ဘေးမှာရှိတဲ့ drop down menu ကိုဆွဲဖွင့်ပြီး Reply ကိုရွေးနိုင်ပါတယ်။

6. Canned Responses

Canned Responses
Canned Responses

ခဏခဏပြန်ရိုက်ရမယ့် စာတွေဆိုရင် ပြန်မရိုက်တော့ဘဲ အလိုအလျောက် ထွက်လာအောင် canned response ကို enable လုပ်နိုင်ပါတယ်။ ၎င်းကိုအသုံးပြုတဲ့အခါမှာ Filter နဲ့လည်းတွဲပြီးအသုံးပြုနိုင်ပါတယ်။ ကျွန်တော်ကတော့ ခဏခဏရိုက်ရတဲ့ အလုပ်လျှောက်တဲ့စာလိုမျိုးတွေအတွက် canned response ကိုအသုံးပြုပါတယ်။ ပြီးတော့ auto responder ကို ဖွင့်ထားတဲ့အခါမှာ vacation message က customer တွေဆီကိုရောက်သွားရင် ၎င်းတို့နဲ့ဝေးသွားစေတယ်ဆိုတဲ့ ခံစားမှုတွေမဖြစ်ပေါ်ရအောင် Customer တွေဆီကစာတွေကို Filter နဲ့ စစ်ပြီး သူတို့အတွက် response တစ်မျိုးဖြစ်အောင် စီစဉ်နိုင်ပါတယ်။

5. Google Docs Preview

Google Docs Preview
Google Docs Preview

Google Docs ကိုသုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ google docs preview lab ကတော့ တော်တော်အသုံးဝင်ပါတယ်။ Shared လုပ်ထားတဲ့ Google docs တွေကိုဖွင့်ကြည့်နိုင်တဲ့အပြင် email မှာ attachment အနေနဲ့ပါလာတဲ့ Word, Excel, PDF စတဲ့ file တွေကို download လုပ်ပြီး Microsoft office နဲ့ဖွင့်ကြည့်မယ့်အစား အထဲမှာဘာတွေပါမလဲဆိုတာ Google Docs preview နဲ့ဖွင့်ကြည့်နိုင်ပါတယ်။

4. Custom Keyboard Shortcuts

Custom Keyboard Shortcuts
Custom Keyboard Shortcuts

Keyboard shortcuts တွေဟာ ကွန်ပျူတာအသုံးပြုမှုကိုလွယ်ကူစေပါတယ်။ Gmail မှာပါတဲ့ shortcuts တွေဟာလည်း လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့ပါဘူး။ Gmail က ပေးထားတဲ့ default keyboard shortcuts များလည်းရှိသလို Custom Keyboard Shortcuts Lab မှတဆင့် မိမိကြိုက်နှစ်သက်ရာ key များလည်းပြောင်းလဲနိုင်ပါတယ်။

3. Quick Links

Quick Links
Quick Links

Starred message, Multiple Inboxes တွေရှိတာ ခဏခဏလိုအပ်မယ့် စာတွေဖတ်ရတာ အဆင်ပြေစေပါတယ်။ Quick links ကဒီလိုပုံစံနဲ့ခပ်ဆင်ဆင်တူပါတယ်။ Gmail sidebar ရဲ့အထဲမှာ box အသေးတစ်ခုအနေနဲ့ Quick Links ကနေရာယူထားမှာဖြစ်ပါတယ်။ Gmail အထဲမှာ မှတ်ထားလို့ရတဲ့ URL တွေ၊ ရှာဖွေမှုတွေ၊ အချို့သော message တွေ၊ lable များစသည်ဖြင့်လိုရာကို drag လုပ်ပြီး Quick Link Box ထဲမှာမှတ်ထားနိုင်ပါတယ်။ To-do list သဘောမျိုးလည်းအသုံးပြုနိုင်ပါတယ်။

2. Message Sneak Peak

Message Sneak Peak
Message Sneak Peak

Message Sneak Peak ဆိုတာက email inbox အထဲကိုဝင်လာတဲ့ email တွေကို ဖွင့်မကြည့်ဘဲ message အပေါ်ကို mouse over တင်လိုက်တာနဲ့ ဘာတွေပါသလဲဆိုတာ သိစေနိုင်တဲ့ feature ဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် message ကိုဖွင့်ကြည့်ပြီးမှ လုပ်ရတဲ့အလုပ်တွေအတွက် အချိန်ကုန် သက်သာစေပါတယ်။

1. Multiple Inboxes

Multiple Inboxes
Multiple Inboxes

အခုဖော်ပြမယ့် Multiple Inboxes feature ကတော့ ကျွန်တော့်အကြိုက်ဆုံး feature ဖြစ်ပါတယ်။ Gmail ကို ဆက်သွယ်ရေးလုပ်ငန်းများ အတွက် အဓိကပင်တိုင်အဖြစ် အသုံးပြုမယ်ဆိုလျှင် Multiple inboxes feature ကပိုအဆင်ပြေစေပါတယ်။ အရေးတကြီးသုံးရမယ့် lable များ၊ ရှာဖွေမှုများ၊ Starred messages များအတွက် inbox တစ်ခုချင်းစီခွဲထားနိုင်ပါတယ်။ ဒါပေမယ့် ဒီ feature ဟာ Gmail Priority Inbox feature နဲ့တွဲဖက်အလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် ဘယ် account ဟာအရေးအကြီးဆုံးလဲဆိုတာ ဆုံးဖြတ်ရပါလိမ့်မယ်။

 

စာရေးသူသည် PC World (Myanmar) နှင့် Auto Mobile PC Guide Magazine များတွင် ပင်တိုင်ရေးနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။

9 comments

  • ဦးဦးပါလေရာ

    April 13, 2012 at 6:35 pm

    ဝေမျှတာ ကျေးဇူးပါ..
    အခုမှ ကိုယ့်မေးကိုယ်ပြန်ကြည့်လိုက်ဦးမယ်။

    • Kaung Myat Htut

      April 13, 2012 at 7:20 pm

      ကျွန်တော်လည်း ဆရာကြီးတော့ မဟုတ်ပါဘူး။ လက်လှမ်းမီရာလေး စမ်းကြည့်တာပါ။

  • ကောင်းမြတ်သူ

    April 13, 2012 at 7:41 pm

    ကြိုက်သွားပြီ အစ်ကိုရေ… မှတ်သွားတယ်နော်… နောင်လည်းတင်ပေးပါအုံး… ကျေးဇူးပဲ

    • Kaung Myat Htut

      April 13, 2012 at 10:29 pm

      အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမြဲတမ်းရေးဖြစ်အောင်နဲ့ category စုံအောင်ကြိုးစားပေးပါမယ်။

  • MTY

    April 13, 2012 at 8:58 pm

    ကျေးဇူးတင်ပါတယ်။
    Connection က gmail မှာ standard ရရင်ကောင်းမှာ။

  • etone

    April 13, 2012 at 11:02 pm

    thank you ပါနော် …. ။ တစ်ချို့ lab ကတော့ … ဖွင့်ထားပေမယ့်… တစ်ချို့ဟာတွေက ဘယ်လိုအသုံးဝင်မှန်း မသိလို့ အခုမှပဲ …. enableလုပ်ရတော့မယ် … ။

  • ဆူး

    April 14, 2012 at 9:56 am

    ကျေးဇူးတင်ပါတယ်။
    စစ်ဆေးကြည့်လိုက်အုန်းမယ်။
    အဆင်မပြေရင် ပြန်လာပြောမယ်နော်

  • Kaung Myat Htut

    April 15, 2012 at 8:57 am

    အခုလိုအားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးဒီလိုစာမျိုးတွေ ရေးပါဦးမယ်။ တစ်နေ့ကိုတစ်ခုလောက်ရအောင် တင်ပေးပါမယ်။

  • alinsett

    April 15, 2012 at 11:48 am

    အခုလို ကျွန်တော်တို ့ သေချာ မသိသေးတာလေးတွေ.ကို တင်ပြပေးလို ့ တကယ့်ကို ကျေးဇူးတင်မိပါတယ် ။

    နောက်များမှာလည်း…ဒီလို သိသင့်တာလေးတွေ..တင်ပြပေးပါ..ဦး.လို ့ တောင်းဆိုပါတယ် ..ခင်ဗျာ.။
    ခင်မင်စွာ…

Leave a Reply