စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုတ်ဂိုဏ်း (၈)

စုံထောက်ကိုအောင်တိုက်နှင့် ကျွန်ုပ်သည် အလုံရဲစခန်းတွင် အချုပ်ခံနေရသော ဦးဘလက်ချောထံသို့ ညပိုင်း (၉)နာရီခန့်တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်…

စုံထောက်ကိုအောင်တိုက်၏ မျက်နှာကြောင့်လည်းကောင်း၊ ကိုအောင်တိုက်ချီးမြှင့်သော ငွေစလေးများ၏တန်ခိုးကြောင့်သော်လည်းကောင်း ရဲစခန်းမှ အစောင့်ရဲဘော်များက ဦးဘလက်ချောနှင့် ကိုအောင်တိုက် အေးဆေးစွာစကားပြောနိုင်စေရန်အတွက် ဖန်တီးပေးလေးသည်…

 

ကိုအောင်တိုက်နှင့် ဦးဘလက်ချောတို့ စတင်တွေ့ဆုံရာ၌ ဦးဘလက်ချောမှာ ပကတိကြည် လင်နေပြီး မိမိအားဖမ်းခဲ့သော စုံထောက်ဟူ၍ ငြိုးမာန်မဖွဲ့လေပဲ သွေးသားရင်းချာကဲ့သို့ တစ်ဆွေးတစ်နွေး စကားလက်ခံပြောခဲ့ပါသည်…

 

ဘလက်ချော ။ ။ ကိုအောင်တိုက်နဲ့ ကိုသူရတို့ကျွန်တော့်ကို လာတွေ့တယ်ဆိုတော့ ဝမ်းသာလို့မဆုံးပေဘူးဗျာ… သတင်းနှိုက်ချင်လို့ပဲဖြစ်ဖြစ်၊ သဲလွန်စလိုချင်လို့ပဲဖြစ်ဖြစ်ပေါ့၊ ဘလက်ချောဆိုတဲ့ အမှောင်တစ်ဝက် အလင်းတစ်ဝက်ကလူကို အလင်းထဲဆွဲထည့်နိုင်တဲ့ စုံထောက်ကိုအောင်တိုက်ဆိုတာ နာမည်ကြီးလောက်တယ်လို့ လူတွေကတော့ ထပ်ပြောနေကြဦးမှာပဲဗျာ…
ဒါပေမယ့် သူတို့ဝန်းကျင်မှာ အမှောင်ထဲတစ်ဝက်၊ အလင်းထဲတစ်ဝက်လှုပ်ရှားနေတဲ့ ကြောင်ဝတုတ်ဂိုဏ်းသားတွေအတွက်ကတော့ ကိုအောင်တိုက်လိုလူမျိုး အယောက်(၃၀) လောက်ရှိမှပဲ နိဂုံးချုပ်နိုင်မယ်လို့ ကျုပ်ရဲရဲကြီးပြောရဲတယ်…

 

 

အောင်တိုက် ။ ။ ဦးဘလက်ချောတရားခံဆိုတာထက် လေးစားလောက်တဲ့ လူကြီးလူကောင်း တစ်ယောက်အနေနဲ့ ကျွန်တော်လာတွေ့တာပါ… နောက်တစ်ခုက ကြောင်ဝတုတ်ဂိုဏ်းအကြောင်းကိုလဲ သေချာလေ့လာကြည့်မိတော့ အဲဒီဂိုဏ်းက အလုပ် တွေကို သေချာပိပိရိရိလုပ်တတ်ပြီး ပရမ်းဗတာလူသတ်တဲ့ဂိုဏ်းမဟုတ်ဘူးဆိုတာကိုလဲသိ ပြီးသား…အဲဒီအတွက် ဦးဘလက်အနေနဲ့ လူမှုရေးရော၊ စီးပွားရေးမှာပါ အောင်မြင်တဲ့လူ တစ်ယောက်အနေနဲ့ ဘာလို့များ မင်းသမီးဆူးခက်ကို သတ်ခဲ့သလဲဆိုတာ ကျွန်တော် သိချင်နေမိတာ…

 

ဘလက်ချော ။  ။ ဒါနဲ့ ခင်ဗျားက ကျုပ်တရားခံဆိုတာ ဘာလို့သိနေတာတုန်း…ရှင်းပြပါလား

 

အောင်တိုက် ။  ။ ဦးဘလက်ချောကိုစတွေ့တဲ့နေ့က ဦးဘလက်ချောရဲ့ ခန္ဓာကိုယ်တောင့်တင်းမှုအပြင်၊ လက်ဝါးစောင်းမှာရှိတဲ့ အသားမာကို စိတ်ဝင်စားမိတယ်… အံ့ဩစရာကောင်းတဲ့ အချက်က အဲဒီလက်ဝါးစောင်းပဲ…
လက်ဝါးစောင်းအသားမာတက်တဲ့လူဆိုတာ တော်တော်ရှားတယ်… လူ(၁၀၀)မှာ တစ်ယောက်မရှိနိုင်တာမျိုး အဲဒါဆိုခင်ဗျားသုံးတဲ့ကိရိယာက အဲဒီလိုလက်ဝါးစောင်းမှာ အသားမာတက်စေတဲ့ကိရိယာတစ်ခုခုဖြစ်ရမယ်…နောက်တစ်ခုက ဦးဘလက်ချောဟာ သေချာလေ့ကျင့်တဲ့ ကိုယ်ခံပညာ
တတ်သူဖြစ်ရမယ်ဆိုတာကြိုတွေးမိပါတယ်…
အဲဒီလိုနေတုန်း မင်းသမီးဆူးခက်ရဲ့ လည်ပင်းကို စတီးကြိုးသေးသေးလေးနဲ့ လှီးသတ်တယ်လို့ မှုခင်းဆရာဝန်ပြောလိုက်တော့ ကျွန်တော်စဉ်းစားမိတာက ခင်ဗျားရဲ့ လက်နဲ့ အဲဒီလက်နက်နဲ့သည် အနီးစပ်ဆုံးလို့ ကျွန်တော်တွေးတယ်…
နောက်တစ်ယောက်ဖြစ်တဲ့ ဦးမင်းမတ်…
ဦးမင်းမတ်လို သိမ်သိမ်မွေ့မွေ့နေတတ်တဲ့လူက လူသတ်နိုင်လားလို့ စဉ်းစားပြန်တော့ ဦးမင်းမတ် က အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာမရှိနေဘူးဆိုတဲ့အချက်ကို ဒေါ်ခိုင်ခိုင်ဆီကနေပြီး ရပြန်ရော… အဲဒီအချိန်မှာ ဦးမင်းမတ်ရဲ့ခြေလှမ်းတွေက စိတ်ဝင်စားစရာဖြစ်နေပေမယ့် သင်္ကာမကင်းမဖြစ်လောက်တော့ပြန်ဘူး…
နောက်တစ်ယောက်က မောင်အာဂ၊ ဆူးဝင်နီခြံကြီးမှာ သူသေကိုယ်သေသတ်ကြပြန်တော့ မောင်အာဂက ကျုပ်ကိုသေစေချင်တဲ့ဆန္ဒမျိုးမဟုတ်ပြန်ဘူး…. သူကိုယ်လွတ်ရုံးဖို့ တိုက်ခိုက်တာ ဖြစ်နေပြန်ရော အဲဒီမှာ ဦးဘလက်ချောနဲ့ ဦးမင်းမတ်တို့ အပြင် မောင်အာဂ ကိုပါ စဉ်းစားကြည့်မိပြန်တော့ ခင်ဗျားနဲ့ မောင်အာဂနဲ့သည် ပတ်သက်မှုမရှိဘူးလို့ ကျုပ် စဉ်းစားမိတယ်… ဒါဆိုရင် ခင်ဗျားက တစ်ယောက်ထဲဖြစ်နေပြီး မောင်အာဂနဲ့ ဦးမင်းမတ်က တစ်ဖက်ထည်းလားဆိုတာ စဉ်းစားရပြန်ရော…
အဲဒီမှာ ကျုပ်အိမ်လာချောင်းတဲ့လူကို အနားခေါ်ထားခြင်းဟာ ရန်သူကို ကြိုသတင်းပေးရာ ရောက်သလို ရန်သူရဲ့လားရာကိုလဲ ကျုပ်ခန့်မှန်းလို့ရပြန်ရော…
အဲဒီအတွက် မောင်အာဂရဲ့ဇနီးသည်ဖြစ်တဲ့ မနွယ်ပင်ကို အလုပ်ခန့်ဖို့ ကျုပ်စီမံခဲ့တယ်…
ကျုပ်တို့ကို AMM ကနေဖုန်းဆက်ပြီး ခေါ်တဲ့လမ်းကြောင်းမှာ သတ်ဖို့စီမံခဲ့တာကိုထောက်ခြင်းအားဖြင့်
ကျုပ်ကိုသတ်ဖို့စီစဉ်တာ ခင်ဗျားမဟုတ်ဘူးဆိုတာ ကျုပ်စဉ်းစားမိသလို ကျုပ်ကိုသတ်မယ့်လူကလဲ ခင်ဗျားကိုကာကွယ်ဖို့ တစ်ပြိုင်နက်စဉ်းစားနေတယ်လို့ သေချာကျုပ်သိတယ်…
အဲဒီတော့ ကျုပ်သိသွားတာတစ်ခုကကာကွယ်ဖို့စဉ်းစားနေတာ ခင်ဗျားကိုမဟုတ်ပဲ ကြောင်ဝတုတ်ဂိုဏ်းကိုပဲဆိုတာကို သတိထားမိလိုက်တယ်…
အဲဒီတော့ ကြောင်ဝတုတ်ဂိုဏ်းက နှစ်ခြမ်းကွဲနေတယ်လို့ ကျုပ်တွေးလိုက်တယ်…
နောက်ဆုံးကောက်ချက်အရကတော့ ခင်ဗျားကလူသတ်မယ့်ဘက်က…နောက်တစ်ဖက်က ဦးမင်းမတ်နဲ့ မောင်အာဂတို့ပဲလို့…

 

ဘလက်ချော ။  ။ တော်ပါပေတယ်…ကိုအောင်တိုက်ရယ်…
ခင်ဗျားပြောသလိုပဲ ဦးမင်းမတ်ရယ်၊ မောင်အာဂနဲ့ မနွယ်ပင်နဲ့က တစ်ဖက်၊ ကျုပ်ကတစ်ဖက်မှန်ပါတယ်…
ဒါပေမယ့် ကြောင်ဝတုတ်ဂိုဏ်းက နှစ်ခြမ်းကွဲနေတာမဟုတ်ဘူး…
မတူတဲ့တာဝန်(၂)ခုကို ထမ်းနေကြတာ…
ဒါနဲ့ခင်ဗျားက ဓား(၄)ချောင်းရှိမယ်လို့ ဘယ်လိုသိတာတုန်း

 

အောင်တိုက် ။   ။ ဓားက တကယ်တော့ (၃)ချောင်းပဲရှိတာပါ…
တစ်ချောင်းက ဒေါက်တာပါလေရာဆီကရတာ…နောက်တစ်ချောင်းက မင်းသမီးဆူးဆီကပေါ့…
နောက်တစ်ချောင်းကတော့ ဆူးဝင်နီခြံထဲကတွေ့ခဲ့တာ… မောင်အာဂနဲ့မတိုက်ခင်ပေါ့…
အဲဒီတော့ ကြောင်ဝတုတ်ဂိုဏ်းရဲ့ ဆက်စပ်မှုဟာဓားတွေအပေါ်မှာပဲမူတည်တယ်လို့ စဉ်းစားမိလို့
ဂိုဏ်းနဲ့ပတ်သက်တဲ့လူတွေကို ရွေးထုတ်ဖို့ နောက်ထပ်ဓားတစ်ချောင်း အပိုထပ်ထည့်ပြီး ဆွဲထုတ်ခဲ့တာပါ… အစစ်မဟုတ်ဘူး…အတုပေါ့ဗျာ…

 

ဘလက်ချော ။  ။ တော်ပါတယ်…ကိုအောင်တိုက်…ခင်ဗျားက အကုန်လုံးကို လိမ်လိုက်နိုင်သလို
ကြောင်ဝတုတ်ဂိုဏ်းကလဲ ခင်ဗျားကိုပြန်ပြီး လိမ်လိုက်နိုင်ခဲ့တာပဲဗျာ… ကြေပြီပေါ့…

 

အောင်တိုက် ။ ။ ဘာကိုများဆိုလိုတာလဲ ဦးဘလက်ချောရယ်…

 

ဘလက်ချော ။  ။ ဓား (၄)ချောင်းနဲ့ ခေါ်ထုတ်လိုက်တော့ ဂိုဏ်းသားတွေ အများကြီးထွက်လာတယ်… ခင်ဗျားမသိတဲ့လူတွေရောပေါ့နော်…

 

အောင်တိုက် ။ ။ အဲဒါတော့ ကျွန်တော်ဝန်ခံပါတယ်…ကျွန်တော်မျှားထုတ်တာ ဦးဘလက်ချောတင်ပါ…
ဒါပေမယ့် တခြားလူ (၂)ယောက်က ကျွန်တော့်ကိုတွေဝေစေတာတော့ အမှန်ပဲ ဦးဘလက်ချောရယ်…

 

ဘလက်ချော ။ ။ ခင်ဗျားသိအောင်ပြောပြမယ်…ကျုပ်နဲ့ ဦးမင်းမတ်နဲ့က ဂိုဏ်းတူတူ…
ဒါပေမယ့် ဦးမင်းမတ်က ဂိုဏ်းချုပ်ရဲ့လက်ဝဲရံ… ကျုပ်က ကိုယ်ရေးကိုယ်တာကိစ္စနဲ့ မင်းသမီးဆူးခက်ကိုသတ်တယ်…
ဦးမင်းမတ်က သူ့အသိုင်းအဝိုင်းနဲ့ ကျုပ်သတ်လို့ ကြောင်ဝတုတ်ဂိုဏ်းကို နာမည်ပျက်တာ၊ ထိခိုက်တာဖြစ်မှာစိုးလို့လိုက်ပြီးကာကွယ်တယ်…
အဲဒီလိုပဲ ကြောင်ဝတုတ်ဂိုဏ်းရဲ့ သဲလွန်စဖြစ်တဲ့ ဓားတွေကိုလဲ တခြားလူလက်ထဲကနေ ဂိုဏ်းတွင်းပြန်ရောက်အောင်လုပ်ခဲ့တယ်…
ဘာပဲပြောပြော ကိုအောင်တိုက်ရယ်… ခင်ဗျားဒီအမှုကိုလိုက်နေမှန်းသိလို့ ဂိုဏ်းချုပ်ကိုယ်တိုင်ဆင်းလာပြီး သူ့ဂိုဏ်းကို ကာကွယ်ခဲ့ရတာဟာ ခင်ဗျားအရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာ ပြလိုက်တာပဲ…
ဂိုဏ်းချုပ်ကိုယ်တိုင်ပြောသွားတယ်… ခင်ဗျားသာ ကြောင်ဝတုတ်ဂိုဏ်းကိုဝင်မယ်ဆိုရင် သူလက်ခံပါ့မယ်တဲ့…

 

အောင်တိုက် ။ ။ မဝင်ပါဘူးဗျား…ကျုပ်အောင်တိုက်က အမှန်တရားဆိုတဲ့ဂိုဏ်းမှာ အသင်းဝင်ဖြစ်ပြီးသားပါဗျ
ဒါနဲ့ ဦးဘလက်ချောက မင်းသမီးဆူးကို ကိုယ်ရေးကိုယ်တာကိစ္စနဲ့သတ်ခဲ့တာဆိုတော့ ဘယ်လိုအကြောင်းအရာလဲပြောပြနိုင်မလား….

 

ဘလက်ချော ။  ။ ပြောပြပါ့မယ်… ကျုပ်က လူသတ်တယ်ဆိုပေမယ့် ကျုပ်အတွက်အပြစ်မရှိဘူးလို့ ခံယူပြီး သေသင့်တဲ့လူမို့ သတ်တယ်လို့ယုံကြည်ထားတယ်ဆိုတာ အရင်ဆုံးပြောမယ်နော်….

 

အောင်တိုက် ။ ။ တစ်ခုပြောပါရစေ… မင်းသမီးဆူးဆီက ပတ္တမြားဆိုတာ သစ္စာသွေးလို့အဓိပ္ပါယ်ကို ကျွန်တော်ဖော်ပြီးသားပါ ဦးဘလက်ချော….

 

ဘလက်ချော ။ ။ တော်ပါပေတယ်…ကိုအောင်တိုက်ရေ… ဒါထက် အဲဒီကိစ္စကို ခင်ဗျားဘယ်လိုကောက်ချက်ဆွဲတုန်းဗျ…

 

အောင်တိုက် ။ ။ ရှင်းပါတယ်ဗျာ… မင်းသမီးဆူးခက်ဆိုတာ ငွေကြေးကြွယ်ဝမှုအရ ပတ္တမြားတစ်လုံးကို မဝယ်နိုင်လို့ခိုးယူမယ့်လူမျိုးမဟုတ်သလို အသိုင်းအဝိုင်းအရလဲ နိုင်ငံ တော်အထိဝင်ဆန့်တဲ့လူဆိုတော့ ရတနာထက်စာရင်… ဂုဏ်သိက္ခာက ပိုဆိုင်မယ်လို့တွက်တယ်… ပတ္တမြားနဲ့တင်စားလောက်အောင်ဆိုရင် သွေးပဲဖြစ်ရမယ်… ဒါဆိုရင် သွေးသစ္စာပဲ လို့ တထစ်ချတွက်လို့ရတာပေါ့ ဦးဘလက်ချောရယ်…

 

ဘလက်ချော ။ ။ မှန်ပါတယ်…ကိုအောင်တိုက်…သွေးသစ္စာပါ…
မင်းသမီးဆူးခက်က ကျုပ်အပေါ်မှာထားတဲ့သွေးသစ္စာကိုတင်မကဘူး… အနုပညာအပေါ်ထားတဲ့သွေးသစ္စာကိုပါဖျက်ခဲ့တဲ့သူပါ…
အကြောင်းအရာကတော့ အရင်ဂိုဏ်းချုပ်ကြီး ဦးကြောင်ကြီးကို နှူးဘာဂိုဏ်းခေါင်းဆောင်ဂီဂီက လုပ်ကြံပြီးနောက်၊ အခုလက်ရှိဂိုဏ်းခေါင်းဆောင် ကြောင်ဝတုတ်ဂိုဏ်းချုပ်စဖြစ်တဲ့အချိန်က စရမှာပဲကိုအောင်တိုက်ရေ….

 

ဆက်ရန်-

13 comments

  • ဦးဦးပါလေရာ

    April 13, 2012 at 6:50 pm

    အောင်မငီး…
    လက်စသပ်တော့ ကမ္ဘာအနှံ့ ဖြန့်ကျက်ထားတဲ့ ဂိုဏ်းကြီးတွေပါလား.. 🙂

    အရှေ့ကျွန်းကနေ အနောက်ကျွန်းအထိသွားလုပ်ကြံပုံရရင် တော်တော်အငြိုးကြီးမယ့်ပုံ .. 😛

  • Khaing Khaing

    April 13, 2012 at 8:01 pm

    ကိုဖက်ရေ ……….. ကိုရီးယားဇာတ်လမ်းတွဲတွေက ရှည်ပေမယ့်လူနည်းတယ်ဗျ အခုက လူတွေတော်တော် များလာတယ် ခေါင်းတွေတောင်ရှုပ်လာပြီ ………. အင်း ရုပ်ရှင်ရိုက်ရင်တော့ကောင်းမယ် ဒါဆိုခေါင်းမစား တော့ဘူး ……. အားပေးနေပါတယ်ဗျို့ …….

  • FattyCat

    April 13, 2012 at 8:56 pm

    ဒီလို အလုပ်ပိတ်ရက်ကြီးမှတောင် ကျွန်တော့်ရဲ့ အပိုင်း(၈)ကို အားပေးကြတဲ့အတွက်…
    ဒီထက်ပိုမိုကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်ဗျာ….
    သွားလေသူ ကိုသူရဇော်ပြောထားသလို Comment တွေက စာရေးသူတွေအတွက် အင်အားတွေပါ…

  • စော်ဘွားလေး မောင်မာန်ခ

    April 13, 2012 at 9:30 pm

    အဟင့်အဟင့်တနယ်တည်းကလူတွေတမြေတည်းသားချင်းတွေကိုကျတော့ထည့်ဝူးတဲ့………
    အနော့်နာမည်မပါလို့ကတော့လား…. ဟင်းဟင်း….. တိမယ်နော်ကိုဖတ်…..
    😥 ;-(

  • Thel Nu Aye

    April 13, 2012 at 9:54 pm

    အောင်မယ်လေးမျှော်လိုက်ရတာဖက်ဖက်ကက်ရယ်။ အခုမှပဲ။ ဒါတောင်ကိုရီးယားကားလိုဆန့်ငင်ဆန့်ငင်နဲ့။ သိပ်မဝေးစေနဲ့ဟာ။ နော်။ ကိုယ့်ကိုကိုယ်လဲယုံကြည်မှု့ထားပါ။ ဂီဂီတောင်ပါသေး။ သူ့မဖမ်းဘူးလား။ ဒီတခါပြန်လာရင်မိအောင်ဖမ်း။ မလွတ်စေနဲ့။

  • ဆူး

    April 14, 2012 at 9:51 am

    အရင်ဂိုဏ်းချုပ် ကြောင်ကြီး နဲ့ နူးဘာ ဂီဂီ တို့ ကြွက်လုရင်း အညိုးထားပြီး တိုက်ခိုက်ကြတာလား..

    ရှင်းမလိုလို နဲ့ တဖြေးဖြေး အတွင်းလှိုက်ပြီး ရှုပ်ရှုပ်လာပါကောလား။

    အဲလို ရှုပ်မယ် ဆိုရင် သိပ်ဝေးဝေး မတင်နဲ့ ခပ်မြန်မြန် တင်.. အရှေ့ အပိုင်းတွေကို မမေ့အောင် ပြန်ကျော့ရသက်သာအောင်..

    အင်တာနက် ၂ရက် ပျက်နေလို့.. ဒီနေ့လည်း ဘယ်အချိန် လိုင်းပြတ်မလဲတော့ မသိဘူး။

    အင်တာနက် ရရင်တော့ အမြဲ အားပေးမယ်။

  • blackchaw

    April 19, 2012 at 8:28 pm

    အေး လုပ် လုပ် ဝတုတ်ရေ။
    နင်လုပ်မှ ငါလည်း လူသတ်တရားခံ ဖြစ်နေပြီ။
    ဖတ်လို့တော့ အကောင်းသား ဟေးဟေး။
    မည်သို့ပင်ဆိုစေကာမူ ကွန်းမန့်ပေး နောက်ကျခြင်းအတွက်
    ခွင့်လွှတ်ပေးပါ ဗျို့။
    :mrgreen:

  • Novy

    April 20, 2012 at 12:33 pm

    ဒီနေ့မှ ဖတ်ရပါတယ်ဗျို့
    အခန်း ၉ကို စောင့်နေပါတယ်

    ps
    ဦးဘလက်ချောရဲ့လက်ဝါးစောင်းမှာ အသားမာတွေရှိတာ
    ဂျုဒို တွေ ကာရာတေးတွေ ကျင့်ထားလို့ဖြစ်ရမယ်
    ဒီတစ်ခေါက်တွေ့မှ အုတ်ခဲ 5 လုံးထပ်ပြီး ခွဲခိုင်ရမယ် 🙂

    • ဆူး

      April 20, 2012 at 12:39 pm

      ကွန်ကရစ် ဘလောက်တုံး ၅တုံး ခြံ ထဲမှာ အဆင်သင့် ရှိတယ်။
      ဘလက်ချော အတွက် ယူလာခဲ့ပေးမယ်။ အဟိ

  • R Ga

    April 20, 2012 at 4:12 pm

    ဝူး ထွားထွား ငါ့ ကွ……..ကြောင်ဝတုတ် ဂိုဏ်းသားကြီး ကွ…။ နာ့ကို သေနတ်နဲ့ ပစ်တဲ့ ကောင်ကို တစ်ဘဝလုံး မကျေနပ်ဘူး။ သူသေကိုယ်သေချမယ် လို့ သစ္စာပြုသည်။

    • ဆူး

      April 20, 2012 at 4:27 pm

      အရပ်လား.. အဲ.. အရက်လား..

      • R Ga

        April 20, 2012 at 5:35 pm

        သူသေကိုယ်သေ အရက်သောက်မယ် လို့ ပြောတာ ဗျ..အဲဟုတ်ဝူး…တိုက်ခိုက်မယ်လို့ကျောတာ

  • Rose Minn

    April 25, 2012 at 2:02 pm

    အော်ရွာ ရဲ့ အဝေးတစ်နေရာ ကိုရောက်ပြီးပြန် ရောက်လာတော့ ဖတ်လိုက် ရတဲ့ ဝတ္တု လူတွေများလို့ မှတ်ရတာ မူးတယ်အေ။ မူးတယ်။ မသောက်ပဲ မူးတယ်။

Leave a Reply