ဟာသများ

zaylayJune 12, 20101min651

(၁) ပြင်ဆင်မှု

“သမီး…..မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း”

“ဘာလုပ်ဖို့လဲ မေမေ”

“သမီးဖေဖေနဲ့ စကားပြောစရာရှိလို့”

(၂) ဒီလိုလားးးး

အမေရိကရှိ ဂျွန်၊ ဂျော့၊ မိုက် ဟူသော ခွဲစိတ်ဆရာဝန် သုံးဦးစကား လက်ဆုံကျနေသည်။

ဂျွန် – အမေရိကမှာ ငါက အတော်ဆုံး ခွဲစိတ်ဆရာဝန်ကွ။

ဂျော့နှင့်မိုက် – မင်းက ဘာတွေစွမ်း ဆောင်ခဲ့လို့လဲ ၊ လင်း စမ်းပါအုံး။

ဂျွန်- လက်ချောင်း (၇)ချောင်း ပြတ်သွားတဲ့ လူတစ်ယောက်ကို ငါလက်ချောင်းတွေ
ပြန်ဆက်ပေးဘူးတယ်၊ ငါဆက်တာ ကောင်းမကောင်းတော့မသိဘူး အခုသူ ကမာ္ဘကျော်
စန္ဒယား ပညာရှင်ဖြစ်နေပြီ။

ဂျော့-မင်းဟာက ဘာဟုတ်သေးလဲကွာ ။ ငါခြေနှစ်ဘက် ပြတ်သွားတဲ့ လူတစ်ယောက်ကို
ခြေထောက် ပြန်ဆက်ပေးခဲ့တယ်၊ ၂နှစ်လောက်လဲကြာရော အဲ့ဒီ့လူက ဧဝရတ်တောင်ကို
တတ်နိုင်သွားပြီကွ။

မိုက ်- (အားငယ်စိတ်ပျက်သည့်လေသံဖြင့်)၊ အင်း မင်းတို့တွေ
တော်ကြပါတယ်ကွာ။ လွန်ခဲ့တဲ့ (၃) နှစ် လောက်က မြင်းစီးလာတဲ့
ဂျော်ကီတစ်ယောက် အရှန်ပြင်းတဲ့ကားနဲ့ တိုက်မိတာ လူကော မြင်းကော ခေါင်းတွေ
ပွင့်ကုန်တယ်၊ ဦးနှောက်တွေကို ဖွေးလို့ ။ အဲ့ဒီ့လူရဲ့ ခေါင်းကို ငါ
ပြန်ဆက်ပေးနိုင်ခဲ့တယ်၊ ဒါပေမယ့် —

ဂျော့နဲ့ဂျွန်- ဟာတော်လှချီလား၊ ဒါပေမယ့် ဘာဖြစ်လို့လဲဟ။

မိုက်- အရေးတကြီး နဲ့ဆိုတော့ မြင်းဦးနှောက် နဲ့ သူ့ဦးနှောက် လွဲပြီး
ထည့်ပေးလိုက်မိတယ်။

ဂျော့နဲ့ဂျွန် – အမယ်လေး ဒုက္ခပဲ ဒီလူ အခု အခြေအနေ ကောင်းရဲ ့လား။ သူဘယ်မှာလဲ။

မို်က် – ကောင်းမကောင်းတော့ မသိဘူးကွာ ။ အခုတော့ အမေရိကန် သမ္မတ ဖြစ်နေလေရဲ့။

(၃) ခွေးစကား

တယ်လီဖုန်းသံ မြည်လာသည်။ ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ…..
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။

“ဝုတ်”

အခုစကားပြောနေတာ ဘယ်သူလဲ

“ဝုတ်”

“စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ”

“သေသေချာချာ နားထောင်၊ ဝတစ်ချောင်းငင် တသက် ဝုတ်၊ ဝုတ် ဝုတ်”

(၄) နားမထိုင်းဘူး

“ဒေါက်တာ ကျွန်တော် နှားစေးနေတယ် ခင်ဗျ…”

“ဒီလောက်အော်ပြောစရာ မလိုဘူး၊ ကျွန်တော် နားမပင်းဘူး၊ နားလည်းလား”

“ကိုင်း…..ကိုက်တဲ့ သွား.ဘယ်သွားလဲ ပြော”

(၅) ကလေးတွေကြောင့် မဟုတ်ပါ…

တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။ ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ဝင်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောက်ကို

“ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ” ဆိုပြီး မေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ “ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး” ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း ခေါင်းကလေးခါပြီး “ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ကျနော်လုပ်လာ မဟုတ်ဘူး” လို့ပြန်ဖြေတယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်းဆရမ ဖက်လှည့်ပြီး “ဒါဘယ်လို ဖြစ်ရတာလဲဗျ” လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ “ဒါ ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ဝယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ” တဲ့

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
“ဝန်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ဝယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ” တဲ့ဗျာ…

(၆) နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောက်ို မေးလိုက်ပါတယ်။

“နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ”

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး… “ကျ ကျနော် မသတ်ဘူး” တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-

“ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်” တဲ့။

စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာသင်လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင် ဝန်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

“နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့” တဲ့ဗျာ။

@