ကြည့်မယ် ……….သေချာကြည့်မယ်……ပြီးရင်မြင်သမျှ မချွင်းမချန်ပြောရမယ်နော်………

1 ဘယ်လက်
2 ညာဘက်လက်( အမဲစက်ကလေးက မှဲ့မဟုတ်ပါ ခိုင်းမိထား၍ သွေးခြေဥနေခြင်းဖြစ်၏)
 

3 ရှင်းရှင်းမြင်အောင်လို့ပါ ထပ်တင်ပေးတာ
4 ဒါကလဲ ဘယ်ဘက်လက်
5 ညာလက်ပိုရှင်းအောင်လို့ပါ
6 လက်ဗွေလေးတွေကြည့်ချင်ရင် ကြည့်ရအောင်လို့
7 ဒါကတော့ လက်မ
8 3ါက ညာဘက်လက်မ
 

9 ပိုရှင်းတာလေး ညာဘက်
ဟိုနေ့က ဦးဖောက မိုးသီးတင်ထားတဲ့လက်ကလေးကို စိတ်ဝင်တစား မန်းတာတွေ့လိုက်ရပါတယ်။

ရွာထဲမှာ ဦးဖက်က လဲ လက္ခဏာ တတ်တယ်လို့ကြားဘူးပါ၏။

အဲတော့ သင်္ကြန်ရက်အားတုံးလေး လက္ခပညာရှင်များအတွင်တင်ပေးလိုက်ပါ၏။

လက္ခဏာကို အင်တာနက်အတင်ခံချင်တဲ့သူက ခပ်ရှားရှားမနည်းတောင်ပန်ပြီးရို်က်ရတာ။

ကဲ မြင်သမျှပြောပေတော့ ဘယ်သူဟောတာ မှန်သလဲဆိုတာ အဖြေပေးမယ်နော်။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့

(12-4-2012)

26 comments

  • ကဲ ကြည့်ပြီးကြွယ်ကြရအောင်ဗျာ။
    ကျနော်က တော့ ဝင်မပြောတော့ဘူး။
    နောက်မှအဖြေမှန်ရေးပေးမယ်။

  • kai

    April 14, 2012 at 4:31 am

    သိပ်အကောင်းကြီးမဟုတ်ပေမဲ့.. လောလောဆယ်ငွေကြေးအဆင်ပြေပုံပါပဲ.
    ကျမ်းမာရေးကောင်းသူတယောက်ပါ..။
    အလုပ်က.. အနုပညာနဲ့များဆိုင်မလားတော့ မသိ..
    မဆိုင်လည်း.. အနုပညာတော့ လုပ်မယ့်ပုံ..

    မိန်းမလည်း အိုကေပဲ..။ 🙂 အိုကေဟိုဖက်တောင်လွန်နေသေး..

  • ချစ်ရင်ထူးနှစ်

    April 14, 2012 at 6:53 am

    လက်ညှိုးနဲ့ လက်သန်းကြွယ်က အတိုအရှည် တူလုနီးပါးရှိတာကြောင့်
    ဉာဏ်ပညာ မှာ နိမ့်သူ တစ်ယောက်တော့ မဟုတ်လေတန်ဘူး ..

  • တာတီး

    April 14, 2012 at 8:44 am

    နံပါတ် ၅ လက်ပုံစံက ၁ဝ တန်းကို နှစ်ချင်းပေါက် အောင်မြင်နိုင်တဲ့ လက္ခဏာ မျိုး
    အထင်နဲ့ပြောကြည့်တာ ။

  • ဆူး

    April 14, 2012 at 10:03 am

    လက်က အရေးအကြောင်းတွေ ပုံစံ ကြည့်ရတာ လူငယ်တော့ မဟုတ်ဘူး။
    လူကြီးပဲ ဖြစ်ရမယ်။
    အသက် ၅ဝ ဝန်းကျင်ပေါ့။
    လူငယ်ဆိုရင်တော့ ပင်ပင်ပန်းပန်း လုပ်ထားရလို့ ဖြစ်လိမ့်မယ်။
    ဗေဒင်ကြည့်တာ မဟုတ်ဘူး။ လက်က အရေခွံတွေ တွန့်နေလို့ သုံးသပ်ကြည့်တာ

  • အာကြီး

    April 14, 2012 at 11:55 am

    ငအာကြီး တစ်ချက် အာကြည့်စမ်းမယ် ။
    မှန်ရင်မှန်တယ်ပြောဗျာ နော် ။
    အနှီ လက်ပိုင်ရှင်သည် ကိုပေါက် ( မန ္တလေး) ၏ လက်ဖြစ်မည်ဟု ထင်ကြောင်း ။

  • ချာလီဂဇက်ဒလဝမ်

    April 14, 2012 at 12:08 pm

    သူများအကြောင်းလည်း မဟော တတ်ပါ၊
    ဒို့ရင်ထဲမှာ ကလိကလိ။
    ဟောချက် ထိလို့ စိတ်ဆိုးမှာ
    ကြောက်လှချည်ရဲ့လေး ။

  • ချစ်ရင်ထူးနှစ်

    April 14, 2012 at 2:30 pm

    အဲလိုပြောမှပဲ ကိုရင်စည်သူ ကိုသတိရသွားတော့တယ် ..
    ိကိုရင်စည်သူ တစ်ယောက် ဘယ်ပျောက်နေပါလိမ့်နော် ..

  • ကောင်းမြတ်သူ

    April 14, 2012 at 4:35 pm

    ချမ်းသာတဲ့လူတစ်ယောက်ပဲ…….

  • ရွှေညာသား

    April 14, 2012 at 6:43 pm

    အသက်က (၃၀) ကျော်မှာရှိတယ် ။ ငွေရေးကြေးရေး အခုတစ်လောကမှ ထူထူထောင်ထောင်ဖြစ်လာတာ
    အရင်(၂)နှစ်လောက်က လုံးဝအခက်အခဲတွေနဲ့ ။ ပညာရေးက တစ်ပိုင်းတစ်ဖြစ်ဖူးတယ်။
    တိတိကျကျပြောရရင် ကွန်ပျူတာသမားတစ်ယောက် ၊ ကျွမ်းကျင်တယ်။
    သူကိုယ်တိုင်လဲ ဗေဒင် ၊ လက္ခဏာ ဆရာဖြစ်လောက်တော့ ဝါသနာအရသင်ဖူးတယ်။
    ပြီးတော့ ရည်းစား (၃) ယောက်လောက်ထားဖူးတယ်။ ငွေရေးကြေးရေး စီစစ်သလောက်
    အဖက်မတင်ဖူး။
    အိမ်ထောင်ရေးအတွက် အဆင်မပြေဖူး။

    မှန်ရင် ဆက်ဟောမယ်၊ အဲဒါတွေက ရွှေညာသား ဆရာ ကိုမေးပြီး မန့်ထားတာ
    သိချင်ရင် ဆက်မေးပေးမယ်။
    အဲ ရှိသေးတယ် အဲဒီ့လူ ဗိုက်နားမှာ မှဲ့လေးပါတယ် ကိုပေါက်ရေ
    (ရွှေညာသားဆရာက အရမ်းမှန်လို့ တွက်ခိုင်းပြီးဟောလိုက်တာပါ လက္ခဏာ ဟုတ်ဖူးနော် )

  • aye.kk

    April 14, 2012 at 7:44 pm

    လက္ခဏာအရေးအကြောင်းကပိုပြီးထင်းနက်နေပါတယ်..
    လက်က္ခဏာအရေးအကြောင်းထင်းနက်တဲ့အတွက်ဖြစ်ချင်တာ
    ကိုဦးစားပေးပြီးဆောင်ရွက်လုပ်ကိုင်တတ်ပါတယ်။
    လက်တွေ ့ကိုပဲစဉ်းစားပြီးဖြစ်နိုင်တာကိုပဲကြိုးစားလုပ်ကိုင်ဆောင်ရွက်နေတဲ့သူလို ့
    ဆိုလိုချင်ပါတယ်။
    သာမာန်အလတ်တန်းစားကောင်းမွန်တဲ့လက္ခဏာပိုင်ရှင်ပါ။
    အခြေခံအောက်တန်းကျကျရှာဖွေစားသောက်ရတဲ့လက္ခဏာမျိုးမဟုတ်ပါဘူး..
    နှလုံးလမ်းကြောင်းကကြာသာပတေးဂြိုလ်ခုံကအစပြုထားပြီး
    ကြာသာပတေးဂြိုလ်ခုံမနိမ့်တဲ့အတွက်
    စိတ်ကောင်းစေတနာရှိတာရယ်ဘာသာရေးသဘောတရားတွေနားလည်တဲ့သူ..
    ကူညီတတ်တဲသူတစ်ယောက်ဖြစ်တယ်ဆိုတာကို
    လက္ခဏာလေ့လာလိုက်စားသူတိုင်းငြင်းနိုင်မယ်မထင်ပါဘူး..။
    စိတ်ထားကောင်းပြီးလူမှုရေးတွေကိုကူညီဆောင်ရွက်တဲ့သူပါ။
    လက်ညိုးကလက်ခလယ်ဖက်တိမ်းညွတ်နေသယောင်ရှိပါတယ်။
    ခံယူချက်တွေယိမ်းတတ်ပါတယ်။(အပေါင်းအသင်းများရဲ ့အကြံညဏ်တွေကိုယ့်စိတ်ကလက်ခံနိုင်တတ်ပါတယ်)
    အောင်မြင်ရေးလမ်းကြောင်းအရအသက်ကြီးပိုင်းမှာပိုပြီးကောင်းမွန်တယ်လို ့ထင်မြင်မိပါတယ်။
    ပြောမကုန်နိုင်တဲ့လူတစ်ယောက်ရဲ ့လက်ဖဝါးပြင်က
    အရေးအကြောင်းတွေဟောချက်တွေကိုပြောရမယ်ဆိုဟောမကုန်နိုင်ပါဘူး။
    အနည်းငယ်အမြည်းသဘောလေးပြောပြမိတာပါ။(ကြိုက်သလိုဝေဖန်မှုပြုနိုင်ပါတယ်)
    မှန်မမှန်ဆိုတာကတော့လက္ခဏာပိုင်ရှင်သာအသိဆုံးဖြစ်မှာပါ။
    လက်ချောင်းတွေစေ့ပြီးလက်မနောက်ကော့နေတာက..
    ကိုယ့်တွက်သုံးရင်နှမြောနေတတ်ပြီး၊သူများအတွက်သဘောအလွယ်ရက်ရောတတ်ပါတယ်။

    • aye.kk

      April 14, 2012 at 8:04 pm

      ကံလမ်းကြောင်းကကျိုးပြတမှုရှိတဲ့အတွက်
      ဘဝမှာကိုယ်ထင်မှန်းသလိုဖြစ်မလာနိုင်ပါဘူး။
      လက်သန်းဖြောင့်နေတဲ့အတွက်အပေါင်းသင်းတွေ
      ပေါ်မှာပွင့်လင်းပြီးစိတ်ရင်းနဲ ့သာဆက်ဆံတတ်ပါတယ်။မလှည့်ဖျားတတ်တဲ့သူပါ။
      ပွင့်ပွင့်လင်းလင်းရှိတဲ့သူတစ်ယောက်လို ့ထင်မြင်မိပါတယ်။
      လက်ဖဝါးရေဇာကိုထင်ရှားပြတ်သားစွာမမြင်ရလို ့
      ဟောချက်လွဲသွားနိုင်ပါတယ်။

      • aye.kk

        April 14, 2012 at 8:40 pm

        ဉာဏ်လမ်းကြောင်းနဲ ့အသက်လမ်းကြောင်းတို ့
        ကွာဟပြီးတြိဂံကွက်ဖြစ်နေတာဟာအင်မတန်ကောင်းမွန်ပါတယ်..
        တစ်ကြိမ်တစ်ခါကံရဲ ့အကျိုးပေးကောင်းမွန်မှုကိုအသေအချာခံစားရရှိနိုင်တဲ့သူပါ။
        ကံကိုအမိအရဖမ်းဆုပ်နိုင်တဲ့သူပါဘဲလို ့ကျမဆိုချင်ပါတယ်။
        ဉာဏ်လမ်းကြောင်းတွေးခေါ်မှုကတော့အသင့်တင့်မျှပါဘဲ။
        သောကြာဂြိုလ်ခုံအောက်ခြေကထောင်လိုက်စင်းတို ့ကတော့
        မိမိရဲ ့ကိသစိတ်တို ့ကိုဖော်ညွန်းနေပါတယ်။
        ကိုယ့်စိတ်ဖြစ်ပေါ်မှုအပေါ်မှာကိုယ့်ဘာသာဖြေသိမ့်နိုင်စွမ်းရှိနေတတ်ပါတယ်။
        (မချွင်းမချန်ပြောပါဆိုလို ့ပြောလိုက်တာနော်)
        ဖော်ကောင်..အဝှာတော့မဟုတ်ရဘူးနော်။

  • လူမစုံသေးဘူးစုံပြီဆိုရင် အဲဒီလူကိုဒီစာတွေပေးဖတ်ပြီး ဘယ်သူဘယ်လောက် လက်တွေ့ဘဝနဲ့နီးစပ်တယ်ဆိုတဲ့အဖြေပေးပါမယ်။

  • Sai Mya Too Gyar

    April 14, 2012 at 9:56 pm

    အသက်ဘေး ၂ ခါ ကြုံဖူးတယ်။ ညဘက် အိပ်မပျော်တဲ့ ရောဂါရှိတယ်။

  • သူများအကြောင်းလည်း မဟော တတ်ပါ၊
    ဒို့ရင်ထဲမှာ ကလိကလိ။
    (အပြောခံချင်လို့လက်ပြတာ
    ပြောထဲ့လိုက်ပါ ထိထိမိမိ)

    ဟောချက် ထိလို့ စိတ်ဆိုးမှာ
    ကြောက်လှချည်ရဲ့လေး ။
    (မှန်တာပြောလို့စိတ်မဆိုးပါ
    ယတြာများတောင် တောင်းလို်က်ချင်ရဲ့)

  • နေဝန်းနီ

    April 15, 2012 at 11:34 am

    လိုသေးတယ်ဗျို့….။ လက်ဖမိုး ပုံလေးပါတွဲတင်ပေးပါလား….။ လက်ရဲ့အရေးအကြောင်းတွေကို ဆန်းစစ်ပြီးအဟောထုတ်ဖို့ရာအတွက် လက်ခုံ /လက်ဖမိုးရဲ့ အနေအထားကိုကြည့်ပြီး ညှိနှိုင်းချင့်တွက်ရမယ်လို့ ကိုင်ရိုကပြောဖူးတယ်…။ ဒါကြောင့် လက်ဖဝါးကို ကြည့်ပြီး အဖြေထုတ်မယ်ဆိုရင် ရာနှုန်းပြည့် မမှန်နိုင်ပါ…………။

  • komingalar

    April 15, 2012 at 1:26 pm

    *လူကောင်းတယောက်ပါ။ အင်မတန်စိတ်ထားနူးညံ့တဲ့သဘောရှိတယ်။
    *လောကဓံကိုသိပ်ခံခဲ့ရမယ်နဲ့တူတယ်။
    *ဉာဏ်ကောင်းတယ်။ အနုပညာအမြင်ရှိတယ်။ စူးစမ်းတယ် တွေးတောတတ်တယ်။
    *တိကျသေချာတယ် ကိုယ့်ကိုယ်ကိုတော့အကောင်းအဆိုးမခွဲခြားနိုင်ဘူး
    *မချမ်းသာဘူး မဆင်းရဲဘူး ( ချမ်းသာပြီမှ စီးပါွးကျသွားသလိုမျိုး )
    *အောက်တန်းစားမျိုးမဟုတ်နိုင်ဘူး
    *လူတွေအပေါ်စိတ်ထားကောင်းသလောက် လူတွေရဲ့လှည့်ဖြားရက်စက်မှု့တွေခံရတဲ့သူ
    *ဖြစ်ချင်တိုင်းမဖြစ်လာတဲ့ဘဝအပေါ် အလိုက်အထိုက်မျောထားတဲ့သူ
    *အိပ်မပျော်ရောဂါရှိတတ်တယ်။ အကြောအခြင်ဒုက္ခပေးတတ်တယ်
    *ချစ်တတ်တယ် အစွဲအလမ်းကြီးတတ်တယ် အိမ်ထောင်ရေးမှာ သာယာမှု့အပြည့်ဝနိုင်ဘူး
    *တဇွတ်ထိုးလုပ်တတ်တယ် လုပ်ပြီးရင် စိတ်မကောင်းဖြစ်တတ်တဲ့သူမျိုး
    *ဘုန်းကြီးဖြစ်မယ့်လက္ခဏာမျိုး။ ဒီလိုမှမဟုတ်ရင် စိတ္တဇဖြစ်စေနိုင်တဲ့လက္ခဏာမျိုး
    ***အမှားပါရင်ခွင့်လွှတ်ပါ

  • ကိုရင်မောင်

    April 15, 2012 at 10:15 pm

    သိန်းထီဆုကြီးပေါက်တဲ့လက်….ဟုတ်တယ်မို့လားဆရာပေါက်..

  • cum min

    June 22, 2012 at 10:11 am

    ဟောမယ်…
    နာ..ဟော..မယ်
    လက်က.. ခွက်လဲ..ခွက်….
    လေးလဲ…လေး…ဆိုတောကာ..
    ခွက်..လေ.း…ဆိုတော…..
    ဟဲဟဲ..တွေကြည်ပေတော….

    • မောင်ပေ

      June 22, 2012 at 10:23 am

      cum min
      ရွာထဲက အကောင့်ခွဲ တစ်ခုဖြစ်မယ်
      သတိ္တရှိရင် နာမည်ရင်းနဲ့ မန့်ကွာ
      အခုလို ပြောတဲ့ပုံက
      ဈေးဦးမပေါက်တဲ့ အခြောက်မ စကားနာထိုးနေသလိုဘဲ။

      • pan pan

        June 22, 2012 at 10:28 am

        အဟောင်းတွေကိုလည်း လိုက်တူးဆွနေတာ ကပေရ
        ပြီးတော့ မန့်တာတွေကလည်း ဘာတွေလဲဆိုတာ Comments Pageမှာ သွားကြည့်ကြည့်လို်က်
        ပေါက်တတ်ကရ တောင်စဉ်ရေမရတွေ 🙄

  • ဘဲဥ

    June 22, 2012 at 11:11 am

    လူဇိုးဂျီး နောက်ထှာ

Leave a Reply