တိုးတကိနေတဲံည်းပညာခေတ်ထဲကပညာတတ်မြန်မာအမျိုးသမီးများရဲ့အကျဉ်းချခံရမ

zaylayJune 12, 20101min531

မြန်မာပြည်မှာခုတလောနာမည်ကြီးနေတဲ့PRIVATE SCHOOL ရဲ့လိမ်ညာမှုုုုုုုုုု
*private school တွေဖွင့်တော့ M.Sc M.A
ရထားတဲ့မိန်းကလေးတော်တော်များများဝမ်းသာကြပါတယ်။
private school တွေကM.Sc M.A ရထားတဲ့သူတွေကိုဆရာမအဖြစိ study guide
အဖြစ်ခန့်မယ်လို့ seven days news ဂျာနယ်မှာ
အတိအလင်းပြောထားတာကိုဖတ်ခဲ့ရလို့ပါ။
အဲဒီထဲမှာကျွန်မလဲတစ်ယောက်အပါအဝငိဖြစ်ခဲ့ပါတယ်။
ကျွန်မကM.Sc ရထားတဲံသူကိုး။
မဟာမြကျွန်းသာ(MMAC)ဆိုတဲ့ကျောင်းကM.Sc M.Aတွေကိုဆရာမအဖြစ် study guide
အဖြစ်ခေါ်ပါတယ်။ကျွန်မလဲဝင်လျှောက်ဖြစ်ပါတယ်။
ဆရာမအဖြစ်အရွေးခံရပါတယ်။
အရမ်းနာမည်ကြီးနေတဲ့ကျောင်းမို့အရမ်းအထင်ကြီးပြီးလျှောက်ခဲ့တာပါ။နေစရာစားစရာပေးပြီးလစာကို45000မှ80000ထိပေးမယ်လို့ပြောခဲ့ပါတယ်။
ကျွန်မတို့လိုပညာသာတတ်ပြီးကိုယ့်ဝမ်းစာကိုကိုယ့်ဘာသာရှာစားနေရတဲ့မိန်းကလေးတွေအတွက်တော့မဟာ့မဟာအခွင့်အရေးပါပဲ။
ဒါပေမယ့်ဒါတွေကအိမ်မက်ပဲဖြစ်ခဲ့တာ။
အလုပ်လျှောက်လွှာကိုလက်ခံတဲ့နေရာက ၆မိုင်ခွဲမှာရှိတဲ့မူကြို တစ်ခုမှာပါ။
မူကြိုကလဲစင်ကာပူသင်ရိုးအတိုင်းသင်တဲ့မူကြိုမို့အထင်ကြီးစရာအင်မတန်ကောင်းပါတယ်။
မူကြိုတောင်ဒီလောက်အဆင့်မြင့်ရင် private school
ကပိုတောင်သားနားမယ်လို့ထင်ခဲ့ပါတယ်။
ဒါနဲ့ပဲကျွန်မအရွေးခံရပါတယ်။
အလုပ်အတွက်စာချုပ်ချုပ်ရမယ်လို့ပြောပါတယ်။
တလကို45000နဲ့၃နှစ်စာချူပ်ရပါတယ်။စာချူပ်ထဲမှာလဲကျောင်းသားတွေနဲ့ပတ်သက်တဲ့အချက်တွေသာပါပြီးသင်ကြားရေးတာဝန်ခံဆရာမ
ဆိုတဲ့ရာထူးနဲ့ချူပ်တာပါ။စာချူပ်ချူပိပြီးတာနဲ့မြရိပ်မာလာဆိုတဲ့အဆောင်ကိုခေါ်သွားပါတယ်။
အဲဒီမှာစပြီးတွေ့တာပါပဲ။
ေ၁၀ဝပတ်လည်တောင်မရှိတဲ့ခြံဝင်းထဲမှာနှစ်ထပ်တိုက်၂လုံး
၊ဂိုထောင်လိုလိုအခန်း၂ခန်း၊စာသင်ဆောင်၂ခုနဲ့ရေကန်၁ကန်တွေ့ရပါတယ်။
နှစ်ထပ်တိုက်၂လုံးကတော့ကျောင်းသူတွေနေတဲ့အဆောင်ပါ။ဂိုထောင်လိုလိုအခန်းကတော့ဆရာမများအတွက်ဖြစ်ပါတယ်။
ဂိုထောင်တခုမှာဆရာမ၄ယောက်နေရပါတယ်။မိုးတွင်းရောက်ရင်ခုတင်ခြေထောက်ထိရေမြှုပ်တဲ့အခန်းတွေပါ။
ကျွန်မတွေ့ခဲ့ရတဲ့ဖိနှိုပ်မှုနဲ့ချူပ်ချယ်ခံရမှုများကိုအောက်မှာဆက်ရေးထားပါတယ်။
(၁)တိုးတတ်နေတဲ့ခေတ်ထဲမှာသတင်းစာမဖတ်ရဘူးတဲ့။
(၂)ရေဒီယိုနားမထောင်ရဘူးတဲ့။
(၃)MP3 MP4 လက်ကိုင်ဖုန်းသုံးခွင့်မပြုဘူးတဲ့။
(၄)မိမိမိသားစုအသိုင်းအဝိုင်းက
မိမိထံသို့ဖုန်းဆက်ခွင့်မရှိပါတဲ့။လာရောက်တွေ့ခွင့်မရှိပါတဲ့။
(၅)သန့်ရှင်းရေးနဲ့ပန်းပင်ရေလောင်းတာကိုအလှည့်ကျလုပ်ရပါတယ်။
(၆)ညဘက်ရေတင်တာကိုအလှည့်ကျစောင့်ရပါတယ်။(့ကျောင်းသူများရဲ့ရေချိုးခန်းထဲကိုထည့်တာပါ)
(၇)ကျောင်းသူများရဲ့အခန်းကိုroom service ဝင်ပေးရပါတယ်။
(၈)ဂိတ်ပေါက်စောင့်ရပါတယ်။
(၉)ဆရာမများတနေ့ကိုရေတခါပဲချိုးရမယ်လို့စည်းကမ်းထုတ်ထားပါတယ်။ရေချိူးရတဲ့နေရာကိုပြောပြပါမယ်။
လူနှစ်ရပ်လောက်ရှိတဲ့ရေကန်နဲ့ခြံစည်းရိုးအုတ်နံရံကြားလူတကိုယ်ဝင်စာရှိတဲ့နေရာမှာချိုးရတာပါ။
လူနှစ်ရပ်လောက်ရှိတဲ့ရေကန်မှာရေကတစ်တောင်လောက်ပဲရှိတာကိုပုံးမှာကြိုးတပ်ပြီးငင်ချိုးရတာပါ။
မျက်နှာသစ်ဖို့ရေကအမှိုက်တွေနဲ့သံချေးရေပါ။တစ်နှစ်ပတ်လုံးမိုးတွင်းကလွဲလို့ကျန်တဲ့အချိန်တွေမှာဒီလိုပဲသုံးရပါတယ်။
ဒါဟာလိမ်ညာမှုပါပဲ။
ဒါဟာအိမ်ဖော်တွေလုပ်ရတဲ့အလုပ်မျိူးတွေပါ။ဆရာမဆိုတဲ့နာမည်တပ်ပြိးအိမ်ဖော်လုပ်ချုင်းတာပါ။
စာချုပ်မှာမပါတဲ့အချက်တွေကိူအခိုင်းခံရပေမယ့်စာချုပ်ဆိုတာကြီးကိုကြောက်လို့မထွက်ရဲတဲ့သူတွေအများကြီးပါ။
မဟာမြကျွန်းသာဆိုတဲ့ဒိprivate school
ကပညာတတ်အမျိုးသမီးတွေကိုပြင်ပနဲ့အဆက်အသွယ်ဖြတ်တောက်ပြီး
အကျဉ်းချကျွန်ပြုထားတာပြည်တွင်းလူကုန်ကူးမှုလို့တောင်ပြောလို့ရပါတယ်။
တိူုးတက်နေတဲ့နည်းပညာခေတ်ကြိးထဲမှာသတင်းစာမဖတ်ရဆိုတာတော်တေ်ာဆိုးဝါးတဲ့အချက်ပါ။
စီးပွားရေးအရကြည့်ရင်လဲပိုက်ဆ့ရစရာရှိတဲ့ကျောင်းသူတွေကိုတော့ကောင်းကောင်းထားပြီးပိုက်ဆံပေးရမယ့်ဆရာမ(တနည်းဝန်ထမ်း၊
အလုပ်သမာ)ကိုတော့ဖိနှိပ်ထားတာအရင်းရှင်စနစ်ကိုကျင့်သုံးတာပါပဲ။
အရမ်းကောင်းပြီးအဆင့်မြင့်ပါတယ်လို့နာမည်ကြီးနေတဲ့မဟာမြကျွန်းသာprivate school
ကိုတော့ပညာတတ်မိန်းကလေးများမလျှောက်မိပါစေနဲ့။
အမှားကြီးမှားမှာစိုးရိမ်လို့ပါ။
နီးစပ်ရာသူငယ်ချင်းများကိုပြောပြပြီးforward လုပ်ပေးကြပါလို့အကူအညီတောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။