တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး Hair Bands များ အကြောင်း။

zaylayJune 12, 20102min904

Subject: Fwd: တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး
ဆံပင်ခေါင်းစည်းကြိုး Hair Bands များ အကြောင်း။
To:

——–

ဈေးကွက်တွေမှာ ဈေးပေါပေါနဲ ့ ရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ်
စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ
သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။

ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူ အဆင်ပြေတယ် ဆိုတာလောက်ကို
ကြည့်ပြီး ဘေးအန္တရယ် ကျရောက်နိုင်တာ၊ သုံးစွဲရ သင့်တော် မသင့်တော် ကိုပါ
ထည့်တွက် စဉ်းစားပြီးမှ ဝယ်ယူသုံးစွဲ သင့်ပါတယ်။ ဘေးဒုက္ခ ရောက်မှသာ
မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရတာတွေ မဖြစ်စေချင်ပါ။

ယခုဖေါ်ပြတဲ့ ဆံပင် ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။ ဒီ
ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ ့ရောင်းချသလို ဝယ်ယူသုံးစွဲကြသူ
အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ ့မို ့ ကြိုက်နှစ်သက်ကြပါတယ်။
ဒါပေမယ့် ဒီဆံပင် ခေါင်းစည်းကြိုးကို သေသေချာချာ သတိပြု မိသူကတော့
အတော့်ကို ရှားပါလိမ့်မယ်။ အောက်ဖေါ်ပြပါ ပုံတွေ ကြည့်ရအောင်

တွေ့တဲ့ အတိုင်းဘဲ – ဒီဆံပင် ခေါင်းစည်း ကြိုးတွေကို အရောင်လှလှ
ချည်မျှင်လေးတွေနဲ့ ပတ်ထားတာကို ဖြေကြည့်လိုက်တဲ့ အခါ– အတွင်းမှာ
ကွန်ဒုံ (Comdom) တွေကို ထည့်သွင်းထားတာ တွေ ့ရပါတယ်။

ဘယ်လောက်အန္တရာယ်ကြီးမားလှလည်းဆိုတာ တွက်ဆကြည့်ပါ။ ဒီ ဆံပင်စည်းကြိုးထဲမှာ
သုံးတဲ့ ကွန်ဒုံတွေဟာ အသစ်စက်စက်တွေ မဟုတ်ဖူးလို့ သိရပါတယ်။
သုံးစွဲပြီးသား ကွန်ဒုံတွေဖြစ်လို ့ ရောဂါပိုးတွေ ကပ်တွယ် နေနိုင်ပါတယ်။
ကိုယ်ခံစွမ်းအား ကျဆင်းစေတဲ့ အေအိုင်ဒီအက်စ်ရောဂါလို အခြားသော လိင်ပိုင်း
ဆိုင်ရာ ရောဂါတွေ ကူးစက်နိုင်ပါတယ်။

တစ်ခါတစ်ရံကြရင် အမျိုးသမီးတွေဟာ ဒီဆံပင်စည်းကြိုးကို သုံးစွဲတဲ့နေရာမှာ
ဆံပင်စည်းနေတုန်း လက်နှစ်ဘက် မအားတဲ့ အခါမှာ ဒီဆံပင် စည်းကြိုးလေးတွေကို
ပါးစပ်မှာ ခဏ ကိုက်ထားကြတာမျိုး လုပ်လေ့ ရှိပါတယ်။ ဈေးပေါပေါနဲ ့ ရတဲ့
ပစ္စည်း တစ်ခုကြောင့် အင်မတန်တန်ဖိုးကြီးလှတဲ့ မိမိဘဝအသက် ထိခိုက်မှာကို
တွေးမိတိုင်း…ရင်လေးစရာကောင်းလှပါတယ်။

မြန်မာပြည်မှာ ဒီလို ဆံပင်ခေါင်းစည်းကြိုးလေးတွေ တရုတ်ပြည်ကနေ ဘယ်လောက်
များများ ရောက်နေလို ့ သုံးစွဲထားကြပြီလည်း မပြောတတ်တော့ပါဘူး။
မိမိနှင့်နီးစပ်ရာ..ဆွေမျိုး၊မိတ်ဆွေ၊သူငယ်ချင်း
အသိုင်းအဝိုင်းများကိုလက်ဆင့်ကမ်းဝေမျှပေးကြရန်တိုက်တွန်းပါတယ်….

ဒီ ဆံပင် ခေါင်းစည်းကြိုး အကြောင်း ရေးသား ထုတ်ပြန်ထားတဲ့ သတင်း
မူရင်းမှာ ဒီလို ရေးသား ဖေါ်ပြ ထားပါတယ်။

BEIJING (AFP) – Used condoms are being recycled into hair bands in
southern China threatening to spread sexually-transmittable diseases
they were originally meant to prevent, state media reported Tuesday

In the latest example of potentially harmful Chinese-made products,
rubber hair bands have been found in local markets and beauty salons
in Dongguan and Guangzhou cities in southern Guangdong province, China
Daily newspaper said.

‘These cheap and colorful rubber bands and hair ties sell well …..
threatening the health of local people,’ it said..

Despite being recycled, the hair bands could still contain bacteria
and viruses, it said.

‘People could be infected with AIDS, (genital) warts or other diseases
if they hold the rubber bands or strings in their mouths while waving
their hair into plaits or buns,’ the paper quoted a local
dermatologist who gave only his surname, Dong, as saying. A bag of ten
of the recycled bands sells for just 25 sen (three cents), much
cheaper than others on the market, accounting for their popularity,
the paper said.

A government official was quoted as saying recycling condoms was
illegal. China ‘s manufacturing industry has been repeatedly tarnished
this year by a string of scandals involving shoddy or dangerous goods
made for both domestic and foreign markets.

In response, it launched a public relations blitz this summer aimed at
playing up efforts to strengthen monitoring systems.

*** အင်တာနက်ဘလော့ဂ်တစ်ခုမှပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်…***

4 comments

  • etone

    September 28, 2010 at 9:02 am

    အင်း အဲ့ဒီ ပို့စ်ဖတ်ခဲ့ဖူးတယ် ။ ထုတ်လုပ်သူကတော်တော်လည်း အကြံကပိုင်ပေမဲ့ စွန့်ပစ်ပစ္စည်းတွေကို ခေါင်းပေါ်တင်သုံးစွဲနေတဲ့လူတွေအတွက်ကတော့ရင်လေးစရာပါပဲ ။
    ထူးဆန်းတာတစ်ခုက မရွံ့မရှာ ခေါင်းစည်းဖြစ်အောင် ပြုလုပ်ရတာပါပဲ ။ သူတို့သုံးတဲ့အခြေံပစ္စည်းကို သူတို့လက်နဲ့အရင်ထိတွေ့ကြရမှာပါ ။ ဘာဖြစ်ဖြစ် ဒါမျိုးတွေသုံးပြီး ငွေရှာတာ မသင့်လျှော်ပါဘူး ။ ရောဂါပိုးကူးနိုင်မကူးနိုင်မသိပေမဲ့ မလုပ်သင့်မလုပ်အပ်တဲ့ဝိသမလောဘသားတွေရဲ့ငွေရှာမှူမျိုးပါ ။

  • Kaythayi

    September 28, 2010 at 10:33 am

    ရွံ လိုက် တာ ဟယ်..
    တခါမှ အတွင်းက ဟာကို မကြည့်မိဘူး..

  • ဆူး

    September 28, 2010 at 11:17 am

    ခေါင်းစည်းကြိုးက ဘယ်လို ပုံစံလဲဟင် ပုံလေးပြပါလား။

Leave a Reply