ထီးမပါရင် လက်ခံနဲ့နော်.. :P

zaylayJune 12, 20101min773

လူတစ်ယောက် ဘုရားသခင်ထံသို့ သူဧ။်အပြစ်ကို ဝန်ချတောင်းပန်သည်။
ဘုရားသခင်။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။
လူ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို သွားလည်တယ်။
သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။
အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ဝုန်းကနဲဆို
ရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက
မိုးခိုရင်းကော်ဖီသောက်လိုက်ဆို
ပြီး
ကော်ဖီဖျော်တိုက်တယ်။ အဲ … မိုးကလည်းတော်တော်နဲ့ မဆဲဘူး။
အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ နဲ့မှားသွားမိတယ်။
အဲဒါကြောင့် ခွင့်လွှတ်ပါ။
ဘုရားသခင်။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။
လူ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကို
သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့
သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ
တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး
ပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။
ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။
မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ
မှားသွားမိသေးတယ်။
ဘုရားသခင်။ ။ အင်း……… နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။
လူ။ ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။
အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော ့ဘာမှမတော်ပါဘူး။
သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။
ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။
အဲဒါနဲ့သူ့ရဲ့သားက ကော်ဖီဖျော်တိုက်တယ်။
ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ …
အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ………………..
ဘုရားသခင်။ ။ တော်တော် .. ဆက်မပြောနဲ့တော့။
ငါအကုန်လုံးကိုခွင့်လွှတ်တယ်။ ပြီးပြီမဟုတ်လား။ မင်း မင်း…
မြန်မြန်ပြန်တော့။ မင်းဒီကိုလာတာထီးလည်းမပါဘူး။
အခုအပြင်မှာမိုးအုံ့နေပြီ။


ချစ်တဲ့သူငယ်ချင်းအားလုုံးအတွက်,ZayLay

3 comments

  • ayemyacho

    July 23, 2010 at 10:52 am

    ဒီလိုဟာသလည်းရှိသေးလား
    တကယ်လားဟာသလားရီစရာကြီးနော်
    ဟီးဟီး

  • phyophyo

    August 5, 2010 at 5:27 am

    အပြင်မှာလည်း တကယ်ရှိနိုင်တာပဲဟာကြီးကိုး….
    ရယ်လည်းရယ်ရတယ်… တကယ်လည်း ရှိတယ်နော့်……………

  • လေပြင်း

    August 5, 2010 at 6:59 am

    ဟီးဟီး…ဟာသပဲ..

Leave a Reply