ဟား ဟားဟား

zaylayJune 12, 20101min640

မှန်သလားလို့ပါ

သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်
ဒေါသသံဖြင့်
ပြောသည်။
“ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
“ဖေဖေ ပြောတာမှန် မ မှန်သိချင်လို့ပါ။မေမေ၊ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း
မျက်စိပါတယ်`
တဲ့။

မြိုမကျဘူး

စစ်ဆေးရေးအဖွဲ့ ဆေးရုံသို့ရောက်ရှိလာပြီး လူနာတစ်ယောက်ကိုမေးသည်။
“ဘာရောဂါနဲ့တက်ရောက်ကုသနေတာလဲ ခင်ဗျာ။´´
“လိပ်ခေါင်းရောဂါပါ။´´
“အခု မိတ်ဆွေကို ဘယ်လို ကုသနေပါသလဲ။´´
“စအိုထဲကို ပိုက်သွင်းပြီး ဆေးတွေ လောင်းချပါတယ်။´´
“မကျေနပ်တာ ရှိလား။´´
“မရှိပါဘူး၊အားလုံးကောင်းပါတယ်။´´
ဘေးကုတင်က လူနာကို စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက မေးပြန်သည်။
“မိတ်ဆွေကကေရာ ဘာရောဂါနဲ့ ဆေးရုံတက် ကုသနေတာလဲ။´´
“လည်ချောင်းနာတဲ့ရောဂါပါ။´´
“အခု မိတ်ဆွေကို ဘယ်လို ကုသနေပါသလဲ။´´
“အာခေါင်ထဲကို ပိုက်သွင်းပြီးဆေးတွေ လောင်းချပါတယ်။´´
“မကျေနပ်တာ ရှိလား။´´
“တစ်ခုပဲ မေတ္တာရပ်ခံချင်ပါတယ်။ပိုက်သွင်းကုတဲ့ ဥစ္စာ ကျွန်တော့ဆီက စစေချင်ပါတယ်။´´

ကိုက်မထားနဲ့လေ

သွားကုခန်းတွင်ဖြစ်သည်။
အမေဖြစ်သူက ၎င်း၏သားငယ်ကိုပြောသည်။
“သားက လိမ္မာပါတယ်နော်၊ပါးစပ်ကို ဟလိုက်ပါကွယ်။အန်ကယ်ဒေါက်တာကို သူ့လက်ညှိုး
ဆွဲထုတ်ခွင့် ပြုလိုက်ပါကွယ်။´´

မလိုတော့ဘူး

အမျိုးသားနှင့် အမျိုးသမီးတို့ အသိမိတ်ဆွေ ဖြစ်ပြီး ညတစ်ညလုံး အတူတူ
အချိန်ဖြုန်းလိုက်ကြသည်။
နောက်တစ်နေ့ မနက်တွင် အမျိုးသမီးက မေးသည်။
“ရှင့်မှာ AIDS ရောဂါ ကင်းရှင်းကြောင်း ဆေးလက်မှတ်ရှိလား။´´
“ရှိတယ် ဘာဖြစ်လို့မေးတာလဲ။´´
“ဪ….လွှင့်ပစ်ချင်ရင် လွှင့်ပစ်လို့ ရတယ်လို့ ပြောမလို့ပါ။´´

ရဲဆေး

လူနာသည် ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံးတုန်နေသည်။ဆရာဝန်က
လူနာကို အရက်အနည်းငယ် တိုက်လိုက်သည်။ထို့နောက် ဆရာဝန်ကမေးသည်။
“ဘယ့်နှယ့်လဲ၊ရဲစိတ်ရဲမာန်တွေ ဝင်လာပြီမဟုတ်လားဗျ။´´
“ဟုတ်တယ် အခု ကျုပ်သွားကို လာထိရဲတဲ့ ကောင် ထိကြည့်စမ်း၊
အကြောင်းသိသွားစေရမယ်..ဟင်း´´

ထပ်ယူမယ်

အမေဖြစ်သူကမေးသည်။
“ကိတ်မုန့်ကို ဘယ်သူစားလိုက်သလဲ။´´
သမီးငယ်က ကြောက်လန့်တကြားဖြေသည်။
“မသိဘူး မေမေ။´´
“ထပ်စား ချင်သေးလား။´´
“ဟုတ်ကဲ့။´´

အပေါင်းအသင်းကောင်းသူ

“သူ့မှာ ရန်သူလုံးဝ မရှိဘူး၊ဒါပေမယ့် သူ့ရဲ့ မိတ်ဆွေတွေထဲက
သူ့ကိုကြည့်လို့ရတဲ့သူ တစ်ယေက် မှ မရှိဘူး။´´

သတင်းကောင်း
လူရွှင်တော်မင်းသားတစ်ဦးသည် အချိန်အတန်ကြာ ရုပ်ရှင်ကား ရိုက်ရန် မည်သည့်
ကုမ္ပဏီမှ မဖိတ်ခေါ်သဖြင့် စိတ်ဓာတ်ကျလျက်ရှိသည် တစ်နေ့ အိမ်သို့
ပြုံးပြုံး ရွှင်ရွှင်နှင့်ရောက်ရှိလာပြီး ကုမ္ပဏီတစ်ခုနှင့် ကားရိုက်ရန်
စာချုပ် ချုပ်လိုက်ပြီဖြစ်ကြောင်း၊
မနက်ဇြန်တွင် နယ်ထွက်ရိုက်ရမည်ဇြစ်ကြောင်း ဇနီးဖြစ်သူအားပြောသည်။
“သူတို့ စိတ်ပြောင်းခဲ့ရင် ဒီနေ့ ည ၁၂-နာရီ မတိုင်မီ ကြေးနန်းနဲ့
အကြောင်းကြားမယ်ကွ။´´
ည ၁၂-နာရီ မတိုင်မီ ၅ မိနစ် အလိုတွင် ကြေးနန်းရုံးမှ ကြေးနန်းစာ
လာပို့သည်။မင်းသားသည် မျက်နှာ
အပျက်ကြီး ပျက်ကာ ကြေးနန်းစာကို ဖွင့်မဖတ်ဝံ့အောင် ဖြစ်နေသည်။မိန်းမက
တိုက်တွန်းသည်။
“ဖတ်မှာသာဖတ်စမ်းပါ၊ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်တာမှတ်လို့။´´
လက်နှစ်ဘက် တုန်တုန် ယင်ယင်ဖြင့် ကြေးနန်းစာကို
မင်းသားဖွင့်သည်။တဖြည်းဖြည်းနှင့် ၎င်း၏မျက်နှာ
ရွှေလမင်း လိုဝင်းလက်လာသည်။ထို့နောက် ကုလားထိုင်မှ ထခုန်ကာ ဝမ်းသာအားရပြောသည်။
“ဟေး ဟေး ဟေး၊ဟန်ကျလိုက်တာ၊စာချုပ်ကို သူတို့မဖျက်ဘူးဟေ့၊အခုကြေးနန်းက မင်းအမေ
သေကြောင်း အကြောင်းကြားတဲ့ ကြေးနန်းကွ ရော့ ဖတ်ကြည့်။´´

ရောက်ရင်တွေ့မယ်

အရက်သမားတစ်ယောက် အငှားကားကို တက်စီးသည်။ကားဆရာကို
အာလေးလျှာလေးနဲ့ပြောသည်။ “ကား–ဆရာ၊ကျုပ်ကို—-တောင်ဥက္ကလာပ
၈-ရပ်ကွက်ကို——-လိုက်ပို့စမ်းပါဗျာ။´´ “အိမ်နံပါတ် ဘယ်လောက်လဲ။´´
“ဟိုရောက်တော့—မင်းဟာမင်း—တွေ့—ပါလိမ့်မယ်ကွ။´´

ခက်ခဲတဲ့ ပုစ္ဆာ

ကိုချူချာ ဘူမိဗေဒသမားကိုမေးသည်။
“ကျွန်တော့်လက်ထဲမှာ ငါးဘယ်နှစ်ကောင်ရှိတယ် ဆိုတာပြောနိုင်ရင်
နှစ်ကောင် စလုံးကိုပေးမယ်။´´
“နှစ်ကောင်။´´
“ခင်ဗျား အကြားအမြင်ရတဲ့ လူထင်တယ်၊မှန်တယ်ဗျ ရော့…ယူ။´´

ယောကျာ်းတို့စေတနာ

သားငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ အပြည့်ပါသည့်ဈေးခြင်းကို အနိုင် နိုင်
ဆွဲကာြ့ပန်ရောက်လာသည့် ဇနီးသည်ကိုကြည့်ကာ ယောကျာ်းဖြစ်သူကပြောသည်။
“မင်း အသက်အရွယ်နဲ့ ဒီလိုအလေးအပင် ဆွဲနေတာကို ငါမကြည့်နိုင်ဘူးမိန်းမရေ၊
ဒီနေ့က စပြီးရပ် လိုက်ဖို့လိုပြီ။´´
“ရှင်က ဘယ်လို အကြံပေးချင် လို့လဲ။´´
“ဈေးကို နှစ်ခေါက်သွား။´´


/ \ \
\ \ ,, / /
‘-.`\()/`.-‘
.–_'( )’_–. ***Spider
/ /` /`””`\ `\ \
| | >< | |
\ \ / /