စဉ်းစားကြစေလိုပါတယ်(၁၈) တိုင်းရင်းသား အရေးသို့ ပြန်ကြားချက်

San Hla GyiApril 14, 20121min27243

(ဒီဆောင်းပါးကို မရေးခင် အဘတဦး ပြောသလို အတော်စဉ်းစားပါသည်။ ရင်နာနာနဲ့တော့ မရေးပါ။ ကိုယ့်ယုံကြည်ချက် အတိုင်းရေးပါသည်။ သမိုင်းအကြောင်းရေးရာမှ အငြင်းပွားစရာများ ဖြစ်လာသောကြောင့် ကိုယ်လည်းတချက်ဝင်ရေးကြည့်ပါသည်။အဓိကမှာ ဆောင်းပါးပါ အချက်များနဲ့ပက်သက်ပြီး သဘောမတူသည့် အချက်များရှိသလို အဓိကကရည်ရွယ်ချက် လွဲနေတယ် ထင်လို့ပါ။ မှားတာတွေ့လျှင်လည်း ဆွေးနွေးပေါ့ဗျာ။ စကားပြောဟန်နဲ့ ရေးကြည့်သလို စာရေးဟန်နဲ့ရော လိုအပ်တဲ့နေရာမှာ တိုက်ဆိုင်တယ်ထင်တဲ့ ဥပမာလေးတွေရောပေါ့ သိပ်မကောင်းပေမယ့် စေတနာနဲ့ပေါ့ ကဲ စပါပြီ)။

ကဲ အဘဖောရေ ခင်ဗျားက အဘပါဆိုတော့လည်း အဘပေါ့ဗျာ။

အဘရေ ကိုယ်ပြောတဲ့ ရေးတဲ့ စကားတွေက ကိုယ့်သဘောထား ကိုပြနေပါတယ်ဗျာ။ ပညာတတ် လူယာဉ်ကျေးဆိုတာ အဲဒါကိုခေါ်ပါတယ်။ “ယာဉ်ကျေးမှု မရှိတဲ့ လူ့အရိုင်းအစိုင်း မြန်မာလူမျိူးများ” ကြောက်စရာကောင်း လိုက်တဲ့ အသုံးအနှုန်းတွေ ပါလားဗျာ။ ကျနော်ရေးတဲ့ ဆောင်းပါးတွေမှာ

ဒီလောက် ရက်စက်တဲ့ အသုံးအနှုန်းတွေ တိုင်းရင်းသား တွေအပေါ်မှာ မသုံးခဲ့ဖူးထင်ပါတယ်။

တနသာင်္ရီဟာ ပုဂံခေတ်ကတည်းက မြန်မာပိုင်ပါ ဆိုတာက အလောင်းစည်သူ ဟာ မြိတ်(အဲဒီခေတ်က မာရိတ်မြို့)ကို ဖောင်စကြာနဲ့ တိုင်းခန်းလှည့်တာ မြန်မာရာဇဝင်မှာ ပါပါတယ်။ နောက်ပြီး သူ့ဖောင်မှာ ပါလာတဲ့ လှေတော်သား ထားဝယ်သားတွေကို အင်းလေးမှာ နေရာချရာက အင်းသားတွေ ဖြစ်လာတယ်။ ဒါကြောင့် အင်းသားတွေနဲ့ ထားဝယ်သားတွေဟာ နေရာဒေသ အလွန်ဝေးပေမယ့် စကားတူကြတယ် လို့ဆိုပါတယ်။ ဟုတ် ဟုတ်မဟုတ် သုတေသနအတွက် ကတော့ Research သမားတွေအတွက် ထားခဲ့ပါတယ်။ ခေတ်ပြိုင်အနေနဲ့ ထန်မင်းဆက် ရာဇဝင်သစ် မှာလဲ အဲဒီအထိ ပြပါတယ်။ ကျနော် ဖတ်ဖူးတဲ့  အထဲမှာ “The entire coastline became part of the King Anawrahta’s Pagan Empire after 1057” လို့တောင်ပါပါတယ်။

ကျနော်တို့နေတဲ့ ဧရာဝတီတိုင်း ပဲခူးတိုင်း မွန်ပြည်နယ်ကို ကျော်ပြီး ဘောက်မဲ့ကြောင့် ပြောရတာတုန်း ဆိုပါတယ်။ အဲဒီခေတ်မှာ အဲဒီဒေသတွေဟာ မြန်မာဘုရင်လက်အောက်ရောက် နေပါပြီ။ ဒါကြောင့် ဒလစားကျော်စွာတို့ ပုသိမ်စားသီဟသူတို့ ပဲခူးစားငရန်မာန်ကန်းတို့ ပေါ်လာတာပါ။ စကားစပ်လို့ ပြောရရင် ဆောင်းပါးရှင်ရဲ့ တချို့စကားလုံးတွေဟာ ဗုဒ္ဓဝင်ထဲက သစ္စက ပရိဗိုဇ်ဆရာကြီးနဲ့တောင် အတော်လေးတူနေပါတယ်။ ဘာလို့လဲဆိုတော့ ပြောပေါက် ဆိုပေါက် တူလွန်းလို့ပါ။ ကြုံလာလို့ ဥပမာ ပေးပါရစေ။ သစ္စက ပရိဗိုဇ် ကြီးဟာ ဘုရားရှင်နဲ့ ဝါဒပြိုင်ဖို့ လုပ်ပါတယ်။ ဒီတော့ မင်းပရိသတ်တွေကို မောင်းခတ်ခေါ်ပြီး ဝါဒပြိုင်ပွဲ ကြည့်ဖို့ခေါ်လာပါတယ်။ အမှန်မှာ ဘုရားရှင်က သူ့ကိုမဖိတ်ခေါ်ခဲ့သလို အလေးဂရုလည်းမပြုပါဘူး။ သူ့ဟာသူ ဖြစ်အောင်လာပါတယ်။ ပြီးတော့ သူ့ဟာသူ နေတဲ့ ဘုရားရှင်ဆီကို ရောက်အောင်သွားပြီး အရှင်ဘုရား ဘာဝါဒအယူရှိပါသလဲ ဆိုပြီး စလိုက်ပါတယ်။ ဒီတော့ ဘုရားရှင်က သစ္စက ငါဟာ အနတ္တဝါဒ ကိုအယူရှိပါတယ်ပေါ့။ ဒီတော့ သူက ဒါမှားတာပေါ့ ဘုရား ကျွန်ုပ်က အတ္တဝါဒ အယူရှိပါတယ်။ ဒီဝါဒကမှ အမှန်ပါဆိုပြီး ဘလိုင်းကြီး တိုက်ခိုက်လိုက်ပါတယ်။ ဒီတော့ ဘုရားရှင်က သင်ဒီဝါဒကို တကယ်ယုံကြည်သလား ဆိုတော့လည်း ကိုယ့်ကိုကိုယ် မယုံပြန်ပါဘူး။ ဒီတော့ သူခေါ်လို့ ပွဲကြည့်ဖို့လိုက်လာတဲ့ ပရိတ်သတ် တွေဘက်ကိုလှည့်ပြီး အရှင်ဘုရား ကျွန်ုပ်လည်း ဒီလိုယုံကြည်ပါတယ်။ ဒီပရိတ်သတ်တွေလဲ ဒီလိုပဲ ယုံကြည်ကြပါတယ် ဆိုပြီး ရန်တိုက်ပေးလိုက်ပါတယ်။ ဒီမှာတင် ဘုရားရှင်က သစ္စက ဒီပရိသတ် တွေဟာ သင်ခေါ်လို့ လိုက်လာတဲ့ လူတွေပါ။ သူတို့ကို အားမကိုးပါနဲ့။ ငါဘုရားရှင်က သင့်ဝါဒကို မေးတာပါ ဆိုပြီး ခွဲထုတ်လိုက်ရပါတယ်။ ဆောင်းပါးရှင်နဲ့ သစ္စက ပရိဗိုဇ်ကြီးဟာ ဒီနေရာမှာတူတာပါ။

အရင်ဘုရင်တွေ သတ်တာ ဖြတ်တာတွေ ကျုပ်ကလည်း ထိုင်ကြည့်မနေတော့ မသေချာဘူးဗျ။ အများစုက ဝိုင်းရေးဝိုင်းပြောပြီး လက်ခံထားတာတော့ ရှင်းရှင်းကြီးပဲဗျ။” ဖြစ်ရလေ သစ္စက ပရိပိုဗ်ကြီး အဲ ဆောင်းပါးရှင်ရယ် ကိုယ်ကိုတိုင် မယုံကြည်တဲ့ကိစ္စ မသေချာတဲ့ကိစ္စတခုကို ဝိုင်းပြောလို့ဆိုတဲ့ ဟာလောက်နဲ့ သူတပါး သို့မဟုတ် လူမျိုးတမျိုး နစ်နာရလေအောင် စကားလုံးကြမ်းကြမ်းတွေ သုံးပြီး မပြောသင့်ဘူးထင်ပါတယ်။ ဒီအချက်ဟာ ခင်ဗျားဆောင်ပါးထဲမှာပါတဲ့ ဒါကိုမှ ပညာတတ် လူယာဉ်ကျေး ခေါ်ပါတယ် ဆိုတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ ကျနော် ခင်ဗျားလို Repeat  မလုပ်တော့ပါဘူး။ အခုဆောင်းပါးရှင်လဲ အဲဒီလိုဖြစ်နေပါတယ်။

အရင်ဘုရင်တွေ သတ်တာ ဖြတ်တာတွေ ထိုင်ကြည့်မနေလို့ မသိဘူးလို့ဆိုပါတယ်။ အများစုက ဝိုင်းရေးတယ် ဆိုပြီးအများကို စစ်ကူခေါ်ပါတယ်။ ဒါပေမယ့်  ဦးအောင်ဇေယျပို့စ်တုန်းက အဲဒီလိုရက်စက်ခဲ့တယ် မဟုတ်လားလို့ ပြောလို့ “ဟုတ်ပါတယ် ဒါနဲ့ မေးတဲ့ လူတွေဘက်ကရော” ဆိုတော့ ချက်ချင်း ကြည့်မနေလို့ မသိဘူးဆိုပြီး ဖြစ်သွားပါတယ်။ အဲဒီလို ကြည့်မနေလို့ မသိဘူးဆိုရင် ဦးအောင်ဇေယျ ရက်စက်တယ် ဆိုတာတွေကကော ကြည့်မနေခဲ့တဲ့အတွက် မှန်ပါ့မလားဗျာ။ တရားမျှတမှုဘက် ကကြည့်ရင် စွပ်စွဲခံရတဲ့ဘက်ကလည်း ပြန်လှန်မေးခွန်း ထုတ်ခွင့်ရှိပါတယ်။ ဒါ Justice ပါ။

(အထူးမှတ်ချက် ကျနော် ဘုရားရှင် အကြောင်း ကိုးကားတာကို အထင်မမှားဖို့ အထူးတောင်းပန်ပါတယ်။ အကြောင်းအရာ တူလွန်းလို့ပါ။ ပေါ်လွင်စေချင်လို့ပါ။ မနှိုင်းယှဉ်ရဲပါ။ နောက်ပြီး ကျနော်ရဲ့ အရင်ပို့စ်တုန်းက ဒီလိုပဲ အကြောင်းတိုက်ဆိုင်လို့ ကရင်၊ ကချင်၊ ကယား နဲ့ ချင်းလူမျိုးတွေ ကြည်ညိုကြတဲ့ သခင်ယေရှုခရစ်တော်ရဲ့ ကောင်းမြတ်တဲ့ ဆုံးမစကားလေးကို ကိုးကားခဲ့ပါတယ်။ တိုင်းရင်းသားတွေလဲ ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ အခုလဲ အကြောင်းတိုက်ဆိုင် လို့ ဗမာ၊ မွန်၊ ရခိုင် နဲ့ ရှမ်း လူမျိုး အများစုကြည်ညို ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင် ရဲ့အကြောင်းကို ကိုးကားတာပါ။ နောက်တနေရာမှာ ထပ်ကိုးကားဖို့ ရှိပါတယ်။)

နီးနီးစပ်စပ် သမိုင်းကိုပဲ ကြည့်ရအောင် ကိုယ်ကလည်း အဲဒီလောက်ပဲ မီပါတယ်ဆိုတော့ ကောင်း   ပါပြီဗျာ။ အနှစ် ၄ဝ ကနည်းပါတယ်။ စစ်အာဏာ သိမ်းတဲ့ ၁၉၆၂ အထိ အနှစ် ၅ဝ ကိုပြန်ကြည့်ရအောင်။ ၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပြီး ၄လ အကြာပေါ်လာတဲ့ ၇-ဇူလိုင် အရေးတော်ပုံ၊ ၁၉၇၄ အလုပ်သမား အရေးအခင်း၊ ၁၉၇၄ ဒီဇင်ဘာ အလုပ်သမား အရေးအခင်း၊ ၁၉၇၅ ဇွန် ၆ ကျောင်းသားသပိတ်၊ ၁၉၇၆ မှိုင်းရာပြည့် ၊ အနီးစပ်ဆုံး ၁၉၈၈ လူထုအုံကြွမှု တွေမှာ ခင်ဗျားပြောတဲ့ မြန်မာ ဝါ ဗမာလူမျိုးတွေက ရှေ့ဆုံးကနေ ဦးဆောင်ခဲ့ကြပါတယ်။ တိုင်းရင်းသားတွေ ပါနိုင်ပေမဲ့ လူများစုဖြစ်တဲ့ ဗမာတွေက အဓိက ဦးဆောင်ခဲ့တာပါ။ ဖြစ်တာလဲ ဗမာတွေများတဲ့ ရန်ကုန် မန္တလေးမြို့ကြီးတွေက စပြီးမှ တိုင်းရင်းသား ဒေသတွေက နောက်ကပါ။ ဒါဟာလဲ သဘာဝကျပါတယ်။ နှိမ်နှင်းခံခဲ့ရပြီး လမ်းပေါ်တွေပေါ်မှာ အတုန်းအရုန်း သေရတာတွေကလည်း  ခင်ဗျားပြောတဲ့ ယာဉ်ကျေးမှုမရှိတဲ့ မြန်မာ ဝါ ဗမာလူမျိုးတွေပါ။

အဲဒီတုန်းကကော အခုကော ဘယ်ဗမာနိုင်ငံရေးသမားကမှ ဘယ်ဗမာလူမျိုးကမှ တို့တွေကအသေခံပြီး ရရင်တိုင်းရင်းသားတွေက အချောင်ယူကြမှာ လို့မပြောခဲ့ပါဘူး။ ခင်ဗျားပြောတဲ့ ယာဉ်ကျေးမှုမရှိတဲ့ မြန်မာတွေက အဲဒီတုန်းကတည်းက တနိုင်ငံလုံးအတွက် တောင်းခဲ့တာပါ။ ဘယ်သူကမှ ကချင်ကိုဖယ်ထား ကရင်ကိုဖယ်ထား မွန်တွေမပါစေနဲ့လို့ မပြောခဲ့ပါဘူး။

ဒါကို ဘာလို့ ပြောတာလဲ ဆိုတော့ ခင်ဗျားပြောတဲ့ ဒီနှစ် ၄ဝ အတွင်းမှာ ဗမာတွေက ရက်စက်ပြီး တိုင်းရင်းသားတွေက ရိုးသားပါတယ် ဆိုလို့ ဗမာတွေကိုယ်တိုင် အရက်စက်ခံခဲ့ရတာတွေကို ပြောပြတာပါ။ နောက်ပြီး ဒီစနစ်ကို ဗမာတွေကိုယ်တိုင်က အခြေအနေပေးတိုင်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာပါ။ အခုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်နေဆဲပါ။ ဒီအချက်က သိပ်အရေးကြီးသလို ခင်ဗျားစွပ်စွဲတဲ့ အချက်တွေကို လုံးလုံးပယ်ဖျက်နိုင်ပါတယ်။

နောက်ပြီး ဒီအစိုးရဟာ တိုင်းရင်းသားဘာသာတွေ သင်တာ အားမပေးသလို ပိတ်ပင်တာလဲ သိပ်မလုပ်ဖူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၁ နှစ်လောက်ကမှ မွန်အမျိုးသားနေ့အတွက် စာစောင်ကို မွန်ဘာသာနဲ့ ထုတ်ဝေတာတွေ့ဖူးပါတယ်။ အဲဒီမှာလဲ မွန်လူမျိုးတွေ ပိုင်ခဲ့ဘူးတဲ့ ဒေသကို ဂျားဗား စုမတြား ဒေသအထိပိုင်ပါတယ် လို့တောင်ပါပါတယ်။

အဲဒီလို တိုင်းရင်းသား တွေကရိုးသားပါတယ်။ ဗမာတွေက ရက်စက်တယ်ဆိုပြီး လူမျိုးနဲ့ချီပြီး စွပ်စွဲပြီးတော့မှ အရင်ဘုရင်လက်ထက်က လုပ်ခဲ့ပါတယ် ဆိုတာတွေ ထိုင်မကြည့်လို့ မသိဘူးဆိုပြီး ၂ ကြိမ်မြောက်ထပ်ပြောပါတယ်။ ခင်ဗျားပြောသလိုသာဆိုရင် ဗမာတွေကလည်း တိုင်းရင်းသားဒေသ တွေမှာ  လုပ်တာတွေကို ထိုင်ကြည့်မနေလို့ မသိဘူးဆိုရင်လည်း တရားပါတယ်။

တကယ်လည်း ဗမာတော်တော်များများက ရိုးသားစွာ မသိခဲ့ပါဘူး။ အခုလို သတင်းဆက်သွယ်ရေး မြန်လာတဲ့ခေတ်မှာမှ ဗမာတွေက စသိလာတာပါ။ အရင် ဆိုရှယ်လစ် ခေတ်တုန်းက တိုင်းပြည်အခြေအနေနဲ့ဆို ဘယ်လိုမှ မသိနိုင်ပါဘူး။ သိခဲ့ရင်လည်း ဗမာတွေက လက်မခံနိုင်ပါဘူး။ ကိုယ်တိုင်တောင် ဒီစနစ်ကို လက်မခံနိုင်လို့ ဖြိုဖျက်ဖို့ ကြိုးစားရင်း သေခဲ့ရသူတွေကို လူမျိုးနဲ့ချီပြီး ရက်စက်ပါတယ် ဆိုတာကတော့ ဆောင်းပါးရှင်ရဲ့ ကိုယ်ပိုင် သဘောထား ဖြစ်ပါတယ်။

တိုင်းရင်းသား ဘာသာစကားတွေ ကျောင်းသုံး ရုံးသုံးသတ်မှတ်ရန်ကိစ္စကတော့ မလွယ်လှပါ။ ဒီမိုကရေစီ အစိုးရတတ်လာလျှင်တော့ သင်ချင်သောသူများ ကိုယ့်ဘာသာသင်နိုင်ပြီး အစိုးရကလည်း နိုင်သလောက် အားပေးရန်သာရှိပါသည်။ ကျနော်သိသလောက် အိမ်နီးချင်းနိုင်ငံ များတွင်လည်း လူများစုကြီးပြောဆိုသော စကားကိုသာ ရုံးသုံးစကား သတ်မှတ်သည်ထင်ပါသည်။ ကျနော်ထက် နိုင်ငံတကာ အတွေ့အကြုံများသူများ မှားလျှင်ပြင်ပေးစေလိုပါသည်။ ဆိုပါတော့ အင်္ဂလိပ် ထိုင်း မြန်မာ ဖိလစ်ပိုင် စသည်ဖြင့် လုပ်နေသော ရုံးတရုံးတွင် အများစုက ကြားခံဘာသာစကားအဖြစ် အင်္ဂလိပ်စကားကိုပဲ အသုံးပြုရမှာပေါ့။

ဒါကို ဟာ ခင်ဗျားက နေမဝင်အင်ပါယာ ပိုင်ရှင် နယ်ချဲ့သမားကြီးဗျ ဆိုတာမျိုးကတော့ သိပ်လက်တွေ့မကျပါ။ အမှန်အတိုင်း ပြောရရင်လည်း ကျနော်လည်း သူတို့ကို မမုန်းပါ။ ဒါဖြစ်တတ်သော သဘာဝတွေပါ။ ကချင် ကရင် မွန် ရခိုင် စသည်ဖြင့် ရှိကြရာတွင် အားလုံးနီးပါးမှာ လူများစုဖြစ်သော ဗမာစကားကို ကောင်းစွာ ပြောနိုင်ပါသည်။ ဒါကြောင့် ဖြစ်ပါသည်။ ဒီတော့ တိုင်းရင်းသားတွေကိုယ့်ဘာသာ သင်စေလိုကသင်စေ ဗမာတွေထဲကလည်း တိုင်းရင်းသားစကား နှစ်သက်သူတွေက သင်ချင်လည်း သင်စေပေါ့။

တချို့အချက်တွေမှာ သဘောတရားကောင်းသော်လည်း အများစုလိုက်နာရန် ခက်တတ်ပါသည်။ ဒီကိစ္စမျိုးကို ဘုရားရှင်တောင် ဝိနည်းတော်အဖြစ် မပညတ်ခဲ့ပါ။ ဥပမာ ဘုရားလက်တော်က အရှင်ဒေဝဒတ်ကြီးမှာ သံဃာကိုသင်းခွဲရန် ကြံခဲ့ပါသည်။ ဒီတော့ သူ့အကြံအောင်မြင်စေရန် ဘုရားရှင်ထံသွားပြီး အချက် ၅ ချက်ကိုတောင်းပါသည်။ ၄ချက်မှာ ကောင်းမွန်လွန်းသဖြင့် ဘုရားရှင်ကိုယ်တိုင်က ဓုတင်အကျင့်အဖြစ် ခွင့်ပြုခဲ့ပါသည်။

ဒါပေမယ့် အဲဒီအကျင့်တွေက ကောင်းသော်လည်း ပြင်းထန်လှပါသည်။ ဒါကြောင့် ဘုရားရှင်က အလံဒေဝဒတ္တ ဒေဝဒတ် မသင့်ဘူး လုပ်နိုင်သူလည်းလုပ်စေ မလုပ်နိုင်သူလည်း မလုပ်ပဲနေစေလို့ မိန့်ခဲ့ပါတယ်။ အမှန်မှာ ရှင်ဒေဝဒတ် ကိုယ်တိုင်က ခွင့်ပြုနိုင်မှာမဟုတ်ဆိုတာကို သိပြီးဖြစ်နေပါသည်။ အဓိကမှာ ဒီအချက်တွေကို လိုချင်လို့မဟုတ် ဒါတွေကိုပြောပြီး ရန်တိုက်ပေးကာ သင်းခွဲရန်ဖြစ်ပါသည်။ ဘုရားရှင်က  သံဃာကို သင်းခွဲတဲ့ကံက အဝီစိငရဲအထိရောက်စေနိုင်တယ် လို့လည်းဆက်ပြောပါတယ်။ (အကြောင်းတိုက်ဆိုင်လာလို့ အများစုမလိုက်နာနိုင်တဲ့ အချက်တွေဟာ ခက်ခဲကြောင်း ဥဒါဟရုဏ် ဆောင်တာပါ။)

မြန်မာတွေရဲ့ တချို့စကားလုံးတွေက မွန်တွေကရတာလို့ ဆိုပါတယ်။ ဒါကတော့ မမှားပါဘူး။ မြန်မာစာဟာ မွန်စာ ပျူစာ ပါဠိ သက္ကတ စာတွေကိုကြည့်ပြီး တီထွင်ထားတာပါ။ ရခိုင်တွေကလည်း သူတို့ဆီက လာတာလို့ပြောပါတယ်။ ထားပါတော့။ ဒါလည်း နောက်ပိုင်း သုတေသန သမားတွေအတွက်ပါ။ ဘုရား တရား ဆိုတာကိုတောင် မွန်တွေဆီက တဆင့် သိတာပါ။ မမှားပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာရောက်လာတာ လို့ပြောလည်းရပါတယ်။ စကားလုံးတွေတော့ ပြောင်ပါပေတယ်။

နောက်ပြီး ကချင်တွေရဲ့အကြောင်း ရခိုင်တွေရဲ့အကြောင်း မွန်တွေအကြောင်း ချင်းခရစ်ယာန်တွေအကြောင်း ရှမ်းကလေးအကြောင်း နည်းနည်းစီထည့်ပြောပါတယ်။ ဒါတွေလည်း မှန်ပါလိမ့်မယ်။ ဒါပေမယ့် ဗမာထဲမှာလည်း အိမ်က ခဏဆိုပြီးခေါ်သွားပြီးမှ ပြန်မလာတဲ့ နိုင်ငံရေးသမား တွေအများကြီးရှိခဲ့တာပါပဲ။ ဒါ စနစ်ရဲ့ အပြစ်တွေပါ။ ခရစ်ယာန်ဖြစ်ခြင်းဆိုတာ စစ်တပ်မှာရှိတာမှန်ပါတယ်။ ဒါဟာလည်း ဒီသဘောပါ။ ယေဘူယျသဘောကို ဦးစားပေးပြောချင်လို့ ဒါတွေကို တချက်ချင်း မရှင်းတော့ပါ။အဓိက အကြောင်းကိုပဲ ပြောပါတော့မယ်။ ဒါတွေလည်း အကြုံးဝင်မှာပါ။

KIA ကခေတ်မီလက်နက်တွေနဲ့ လာတဲ့စစ်တပ်ကို တူမီးသေနတ်နဲ့ ခံပစ်တာတော့ ကျနော်ကောင်းကောင်း မသိပါဘူး။ ဟုတ်ချင်လည်းဟုတ်မှာပါ။ ကိုယ့်အမျိုးတွေရဲ့ လက်စလက်နတွေကို ယုံပြီးသားပါ။ သိန်းချီတဲ့ ရခိုင်လူထုကြီးက ကြိုဆိုတာကိုလည်း အဆိုးမမြင်ပါဘူး။ ဒါပေမယ့် ရေးထားတဲ့ စာတွေကိုတော့ နည်းနည်းကြောက်သလိုပဲ။ “ငါရို့မြေကို ငါရို့အုပ်ချုပ်မေ” လို့ ရေးထားလို့ပါ။ တကယ် ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုတာ ဆိုရင်တော့ ကိုယ့်အမျိုးတွေကို သဒ္ဓွါလိုက်သမျှ မတောင်းခင်ကကို ပေးချင်တာပါ။ ဒါပေမယ့် ခွဲထွက်တာကိုတော့ သဘောမတူပါဘူး။

ဒါပေမယ့် တခုတော့ သတိပေးပါရစေ ကိုယ့်ဆွေကိုယ်မျိုးတွေရေ။ သမိုင်းဘီး မကောင်းတဲ့ နေရာကို တပတ်လည်မှာစိုးတယ်။ ၁၉၆၂ မှာ အာဏာသိမ်းတုန်းက ပြည်နယ်တွေက ခွဲထွက်ဖို့ ကြံနေပါတယ်လို့ အကြောင်းပြခဲ့သလို ဖြစ်မှာစိုးတယ်။ ပါးပါးနပ်နပ် လုပ်ကြပါ။ “အေး အဲဒါတွေဟာ ငါလုပ်ခဲ့တာမဟုတ် ငါနဲ့မဆိုင်ဘူးလို့ ဖင်ပိတ်ငြင်းချင်ရင်တော့”  ဟာဘယ်လိုဖြစ်ရပြန်တာလည်း သစ္စကပရဗိုဇ်ကြီး အဲ ဆောင်းပါးရှင်ရယ်။ ကိုယ်တိုင်ဘုရင်တွေ လုပ်တာတွေ ထိုင်ကြည့်မနေလို့ မသိဘူးလို့ရှောင်နိုင်ရင် တကယ်မလုပ်ခဲ့သူတွေကလည်း ငြင်းခွင့်ရှိရမှာပေါ့ဗျာ။ မမျှတဘူးလို့ ထင်သလို ရှေ့စကားနဲ့နောက်စကား ညီရမှာပေါ့ဗျာ။

“ဒါတွေကို လူမိုက်တဦးက လုပ်နေတာဆိုလျှင် နားလည်ပေးနိုင်သော်လည်း အစိုးရဆိုပြီး နာမည်တပ်လုပ်နေတာဆိုလျှင် ဗမာတမျိုးသားလုံးက တာဝန်ယူရမှာဖြစ်တယ်”။ ဟုတ်ပါပြီ။အဓိက အချက်လာပါပြီ။ ဗမာတမျိုးသားလုံးက တာဝန်ယူရအောင် ဒီအစိုးရဟာ ဗမာတမျိုးသားလုံးက ဆန္ဒမဲနဲ့ ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရမဟုတ်ပါဘူး။ အဲဒီလို အာဏာအပ်နှင်းထားတဲ့ အစိုးရဆိုရင်တော့ ဗမာတွေမှာတာဝန်ရှိပါတယ်။ ဒါကြောင့် လုံးဝလုံးဝကို တာဝန်မရှိပါဘူး။

အဲဒီလို ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကလုပ်ခဲ့ရင်လည်း ခင်ဗျားအတိအလင်း “ယာဉ်ကျေးမှု မရှိသော မြန်မာလူမျိုးများ” လို့စွပ်စွဲထားတဲ့ မြန်မာလူမျိုးများက အမြန်ဆုံး ဖြုတ်ချကြလိမ့်မယ် ဆိုတာ ဗမာ ဝါ မြန်မာလူမျိုးများကိုယ်စား အတိအလင်းပြောကြားလိုက်ပါတယ် ခင်ဗျား။

တိုင်းရင်းသားကိုယ့်ဆွေကိုယ်မျိုးတွေရေ စကားမှားရင် သတိပေးနိုင်ပါတယ်။ ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး။ ကျနော် သစ္စကပရိဗို်ဇ်ကြီးနဲ့ စကားစစ်ထိုး အဲဆောင်းပါးရှင်နဲ့ တရားဆွေးနွေးတာပါ။ တောင်းပန်ဖို့ကိစ္စကို ခဏ ခဏ ပြောနေလို့ ဆွေးနွေးပါမယ်။ ဟုတ်ပါပြီ။ တောင်းပန်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်ကိစ္စကို တောင်းပန်ရမှာလဲ ?။ ဘယ်အတွက်တောင်းပန် ရမှာလဲ?။ အရင်ခေတ်က ကိစ္စတွေလား?။ အခုကိစ္စတွေလား ?။ ဒီနေရာမှာ ၂ ပိုင်းခွဲချင်ပါသည်။

အရင်ခေတ်က ကိစ္စတွေကွ။ ဒါဆိုရင် အဓိကပြောစရာရှိလာနိုင်သူများမှာ ကိုယ်လိုပင် ရာဇဝင်တွေ ဘာတွေနဲ့ ခန့်ခန့်ထည်ထည် နေလာသော အမျိုးတွေဖြစ်သည်။ တကယ်တော့ ဒီလိုလူ တွေထဲမှာလည်း အားလုံးပေါင်းမှ ၂ ယောက် ၃ ယောက် ထက်မပိုပါ။ တောင်ပေါ်နေ တိုင်းရင်းသား အမျိုးတွေနဲ့တော့ သိပ်ပြီး ကြီးကြီးကျယ်ကျယ် ပြောစရာမရှိလှပါ။ ဘာလို့လည်းဆိုတော့ သူတို့ဒေသတွေက ထိုခေတ်အခါက လမ်းပန်းဆက်သွယ်ရေး ခက်ပြီး လူဦးရေကျဲပါးသေးသည့် အပြင် သူတို့ကလည်းသိပ်ပြီး ဟိတ်တွေဟန်တွေ မလုပ်တတ်သဖြင့် မြန်မာဘုရင်တွေကလည်း သိပ်ပြီး စိတ်မဝင်စားခဲ့သည့်အတွက် ဖြစ်သည်။ တယောက်တမျိုးစီပေါ့လေ။ ကောင်းပါပြီ။ ဒါဖြင့် ထိုရှိသော ၂ ယောက် ၃ ယောက်နဲ့ တိုက်ခဲ့တာတွေကော။ ဒါကတော့ ကျနော့်အမြင့်အရ  တဘက်တည်းအပြစ် ဆိုလျှင်လည်း သိပ်မတရားပါ။

၂ ဘက်စလုံးကလည်း လက်ညှိုးထိုးစရာ တွေရှိခဲ့ပါတယ်။ နယ်မြေခြင်းကလည်း ဆက်နေပြီး သူကလည်း ဆွေမျိုးမျိုးကြီး ချိုကြီးနားရွက်ကား ကိုယ်ကလည်း ဆွေကြီးမျိုးကြီး ချိုကြီးနားရွက်ကား တွေဆိုတော့ တွေ့ကုန်ပါတယ်။ အမှန်ကတော့ ဗမာတွေကတော့ အဆုံးအဖြတ်ပွဲတွေမှာ အနိုင်ရတတ်သူတွေ ဆိုတော့ ပိုပြီးလွန်သလိုတော့ ရှိပါသည်။ ကျနော်ကြားထဲက ပြောကြည့်ပါမယ်။

တိုင်းရင်းသားတွေဘက်က “ဟာ မင်းတို့ကရက်စက်တယ်ကွ တောင်းပန်ရမယ်”။ ဗမာတွေဘက်က “ဟာ မင်းတို့လည်း လုပ်ခဲ့တယ်လေကွာ ဒီတော့တို့ကလည်း survival of the fittest မတော်သူသေတော်သူနေ မူဝါဒအရ ကာကွယ်ရင်းလက်လွန်သွားတယ်။ နောက်ပြီး ပညာရှိ ဆောင်းပါးရှင်တယောက် ပြောသလို ဓားတွေ လှံတွေ မီးပေါက်သေနတ်တွေမှာ မျက်စိမပါဘူးကွ။ ကျပ်ပူထိုးလို့ မရဘူး။” ဟာရှုပ်ကုန်ပြီ။ ဒီတော့ ဖြစ်ခဲ့တာကတော့ ပြီးပြီမို့လက်မခံလို့ မရဘူး။ တကယ်လည်းဖြစ်ခဲ့တာကိုး။ ဒီတော့ ဒါတွေကိုတော့ လက်ခံလိုက်တော့။ သရေပွဲပဲ။

ဟာ မဟုတ်ဘူး တို့ကပိုခံရတာကွ ဆွေးနွေးမယ်။ ကျနော်လည်း မတတ်နိုင်ပါ။ အဲဒီလိုဆွေးနွေးမည် ဆိုလျှင်တော့ ခုနပြောသည့်အတိုင်း လက်ညိုုးကြီးတွေက လည်းကိုယ့်ဘက်ကို ပြန်လာပါလိမ့်မည်။ ကျနော်သမိုင်းရေးခဲ့ပါသည်။ ဒါပေမယ့် ကျနော်က ဗမာတွေ အကြောင်းရေးပေမယ့် ဒီလို ၂ ဘက်မြင်နိုင်တာကိုလည်း ပြောခဲ့တယ်ထင်တယ်။

ဒါဆို ဒီနေ့ခေတ်ကိစ္စတွေကွ။ ခုနေက ကျနော်ပြောခဲ့သော စကားတွေမှာပါသွားပါပြီ။ ဗမာများကို ပုံချလို့တော့ မသင့်ဟုထင်သည်။ ထိုသို့ ရက်စက်မှုကို ကိုယ်တိုင်လည်း ပြုလုပ်ခြင်းမရှိ ထိုသို့ပြုလုပ်ရန် အားပေးကူညီခြင်းလည်းမရှိ ပြုလုပ်ရန်အခွင့်အာဏာ ပေးအပ်ထားခြင်းလည်းမရှိ အခွင့်သာတိုင်းလည်း ဒီစနစ်ကို ဆန့်ကျင်ဖို့ ကြိုးစားခဲ့သော လူများကို လူတဦးတယောက် တစုတဖွဲ့၏ လုပ်ကိုင်မှုများကို ပြပြီး ဗမာတွေလွန်လွန်းလာပြီနော် ဟုပြောခြင်းကတော့ ကိုယ်လိုရာဆွဲပြောခြင်းဟု ထင်ပါသည်။ တိုင်းရင်းသားတွေအတွက် ပြောပေးသလိုလို နှဲ့ဗမာတွေနဲ့ တိုင်းရင်းသားတွေကို ရန်ဖြစ်ခိုင်းခြင်းလို့ ထင်ပါတယ်။

နောက်ပြီး လူဟာစနစ်ရဲ့သားကောင်ဖြစ်ပါတယ်။ ဆောင်းပါးရှင်ဟာ အနှစ် ၄ဝ ကိုမီတော့ သူမီတာပဲပြောတာကောင်းမယ်ထင်ပါသည်။ တိုင်းရင်းသားထဲကလည်း ရာထူးကြီးရဖူးသူများ မရှိဟုပြောခြင်းကတကြောင်း နောက်ပြီးဒီစနစ်ထဲကို ထည့်လိုက်လျှင်ဒီပုံစံ ပဲထွက်လာမယ်ဆိုတာ သိစေလို့လို့တကြောင်း (မွန်ဖြစ်စေ၊ ကရင်ဖြစ်စေ၊ ရှမ်းဖြစ်စေ) ဗမာဝန်ကြီး၏ ပြောစကားများကို လူမျိုးနဲ့ချီပြီး စိတ်ဓတ်အောက်တန်းကျတယ်ဆိုပြီး ပြောသွားလို့ဖြစ်သည်။ အခုက ဥပမာပါ။ လူမျိုးနဲ့မဆိုင်ပါ။ ဆောင်းပါးရှင်ဟာ မွန်သွေးလည်း ပါးပါးလေးပဲပါတယ်ဆိုတာ သူပြောသောစကားမှာတင် သိသာပါသည်။

ဦးနေဝင်းခေတ်တွင် အလွန်လက်စွမ်းထက်သော မျက်မှန်တင်ဦး ခေါ် ဗိုလ်ချုပ်တင်ဦး ဆိုတာရှိခဲ့ဘူးပါသည်။ (NLD ဦးတင်ဦး မဟုတ်ပါ။) ထောက်လှမ်းရေး ဗိုလ်ချုပ်ဖြစ်ပြီး မွန်လူမျိုးလို့သိရပါတယ်။ သူဟာလက်စောင်းထက်လွန်းလို့ အဲဒီအချိန်က ဗိုလ်ချုပ်နေဝင်း (နံပါတ် ၁) နဲ့ ဗိုလ်ချုပ်စန်းယု (နံပါတ် ၂) တို့ကြားမှာ ရှိပြီး ၁ ခွဲကြီးလို့ နံမည်ကြီးပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် မတိုင်ခင်ဖြစ်ပါတယ်။ သူရက်စက်ပုံ တွေကတော့ လက်တွေ့သိဖူး ကြားဖူး ကြုံဖူးသူတွေရှိသလို စာအုပ်တွေလည်း ရှိပါတယ်။ သူ့ကြောင့် ဘဝပျက်သွားသူတွေ ရူးသွပ်သွားသူတွေ ရှိခဲ့ပါတယ်။ ဒါဆို သူကြောင့် မွန်တွေက ဗမာတွေကို နှိပ်စက်တယ် ပြောရင်လည်း မဟုတ်နိုင်ပါဘူး။ နောက်တော့လည်း ဦးနေဝင်းကပဲ သူ့ကိုယှဉ်လာပြီဟု စိုးရိမ်သဖြင့် ဖယ်ရှားလိုက်ပါတယ်။

စစ်အတွင်းက ဂျပန်စစ်သားများအကြောင်းကတော့ စာရှည်မှာစိုးလို့တကြောင်း တိုက်ရိုက်မသက်ဆိုင်လို့ ထင်တာတကြောင်းကြောင့် ထားခဲ့ပါသည်။

အမေစု အကြောင်းနဲ့ ပက်သက်လို့တော့ အမြင်တူပါသည်။ ဘာမှကို ပြောစရာမရှိပါ။ မြန်မာ၏ နာမည်ကျော် ဖြစ်ပါသည်။ ကျနော် ရေးဖူးသော “ခွပ်ဒေါင်းမိခင်သို့ ပေးစာ” တွင်လည်း ကျနော်သဘောထား နှင့် တိုင်းရင်းသားများအပေါ် ခံစားချက်ကို ရသသဘောရေးဖူးပါသည်။ ကဲ ကိုယ်ဆွေကိုယ်မျိုးတို့ရေ တတ်နိုင်သလောက် ရှင်းရင်းနဲ့ အမျက်ပြေအောင်ကြိုးစားခဲ့ပါတယ်။ ညီညီညာညာနဲ့ change the gear and move faster ဆိုသလို ဂီယာကိုပြောင်း မြန်မြန်မောင်းကြရအောင်။ တော်ကြာ ဝါဒပြိုင်ပွဲ ကြည့်ရအောင်ဆိုပြီး လာခေါ်ရင် ကိုယ့်အမျိုးတွေက ရိုးတော့ နားယောင်မှာစိုးလို့ပါ။

ကဲ စာဖတ်သူမိတ်ဆွေတို့ရေ စာတော်တော်ရှည်သွားပြီ။ အဓိကက စနစ်ကြောင့်ဖြစ်တာကို ပြောချင်တာ ဖြစ်သလို အထက်ဖော်ပြပါ ဆောင်းပါးပါ ကိုယ်လိုရာဆွဲရေးထားတယ် ထင်တာများကို ရှင်းလင်းတာဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲနိုင်ပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲတာကပဲ ဒီမိုကရေစီရဲ့ အရသာမဟုတ်လား။

နောက်လဲ မကြာခဏဆိုသလို လာခဲ့ပါအုံးမယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော် ကွန်မန့်တခုမှာ စာဖတ်သူမိတ်ဆွေတွေက မြှောက်ပေး အဲလေ အားပေးတဲ့အကြောင်း ပြောခဲ့ပါတယ်။ ကျနော်ကလည်း မြှောက်ပေး အဲလေ အားပေးရင်ပျော်ပါတယ်။ ဒါကြောင့် မကြာခဏ မြှောက်ပေး ကြပါ။ (အရေးအသားတော့ သိပ်မကောင်းပါ။ မေးလျှင်လည်း တတ်သမျှ ကြိုးစားပြီး ဖြေကြည့်ပါမယ်။ တကယ်တော့ နိုင်ငံတကာ အဆင့်မီ ပညာတတ်မြှောက်မှုမျိုးမရှိလို့ အကုန်လုံး ဖြေနိုင်မယ်တော့ မထင်ဘူး။ ဟဲဟဲ ဟဲဟဲ… သစ္စကဆရာကြီးရယ်သံ အတုလုပ်ရယ်ကြည့်ပါသည်။)

43 comments

  • htoosan

    April 14, 2012 at 8:12 pm

    အရင်တစ်ခါလိုဘဲ ..
    ကလေးတွေလာ ..လက်ပိုက် ..ထိုင် ..နားထောင်ကြ … 😀

  • FattyCat

    April 14, 2012 at 8:39 pm

    ပထမဆုံး သင်္ကြန်ရက်ကြီးမှာ မူးမူးနဲ့ လက်မလေးထောင်သွားတယ်ဗျာ…
    ခေတ်စနစ်ရဲ့ သားကောင်လို့မမြင်ပဲ ဗမာတွေဖိနှိပ်တယ်လို့မြင်ရင် အချင်းချင်းပိုဆိုးတဲ့ သဘောထားကွဲလွဲမှုပဲရမယ်…

  • အရှုံးတွေနဲ့ ကျွန်တော်

    April 14, 2012 at 8:42 pm

    ကိုစံလှကြီးရေ အကြောင်းအရာပိုင်း အတော်လေး ပြည့်ပြည့်စုံစုံ စုံစုံလင်လင် တွေ့ရပါတယ် အချိတ်အဆက် မိမိနဲ့ အရေးအသားပိုင်းလဲ အတော် ကောင်းပါတယ် တိုင်းရင်းသားတွေရဲ့ ရိုးသားဖြူစင်မှုကိုလဲ သိပါတယ် ပညာရေး ကျန်းမာရေး စီးပွားရေး နောက်ကျနေမှုကိုလဲ ကိုယ်ချင်းစာမိပါတယ် ဒါပေမယ့် အဘဖော ရေးသလိုတော့ ကျွန်တော်တို့ လူမျိုးတွေ ရက်စက်ယုတ်မာခဲ့ခြင်းမျိုး မရှိခဲ့ဘူးလို့တော့ တစ်ထစ်ချ ယုံကြည်မိပါတယ် တိုင်းရင်းသားတွေလဲ ကိုစံလှကြီးရဲ့ ဆောင်းပါးကို ဖတ်ပြီးတော့ အမျက်ဒေါသ မဖြစ်လောက်ဘူးလို့ ယုံကြည်ပါတယ် အမှန်အတိုင်း ပြောရရင် အဘဖောကို လေးစားမိတဲ့ စိတ်ရင်း ကျွန်တော့်ဆီမှာ ရှိပါတယ် ကျွန်တော့်ရဲ့ ပို့စ်တစ်ခုမှာတောင် ထည့်ရေးခဲ့ဖူးပါတယ် ဒါပေမယ့် ဒီပို့စ်မှာတော့ အဘဖောရဲ့ အရေးအသားတွေကို ကန့်ကွက်လိုပါတယ် စေတနာနဲ့ ရေးတယ်ပဲဆိုဆို ဉာဏ်အလင်း ဖွင့်ေျပးတယ်ပဲ ဆိုဆို အဲဒီပို့စ်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေနိုင်ပါတယ် မုန်းမာန်တွေ ပွားစေနိုင်ပါတယ် မြန်မာပြည် တစ်နံတစ်လျား စစ်ပွဲတွေ ဖြစ်သွားစေနိုင်ပါတယ် စစ်အုပ်ချုပ်ရေးအောက်ကို ပြန်လည် ကျရောက်သွားစေနိုင်ပါတယ်လို့ သုံးသပ်မိပါတယ် မြန်မာ ဝါ ဗမာလူမျိုးတွေအနေနဲ့ တိုင်းရင်းသား ညီအကို မောင်နှမတွေအပေါ် တမင်သက်သက် ယုတ်မာကောက်ကျစ်ခြင်းမျိုး ၊ ရိုင်းစိုင်းယုတ်မာခဲ့ခြင်းမျိုး မရှိခဲ့ဘူးဆိုတာကို အချက်အလက်ကျကျ ရှင်းရှင်းလင်းလင်း ရေးသားခဲ့တဲ့ ကိုစံလှကြီးကို လေးစားမိပါတယ်

  • ရွာစားကျော်

    April 14, 2012 at 9:34 pm

    တိုင်းရင်းသားတွေ ပါနိုင်ပေမဲ့ လူများစုဖြစ်တဲ့ ဗမာတွေက အဓိက ဦးဆောင်ခဲ့တာပါ။ ဖြစ်တာလဲ ဗမာတွေများတဲ့ ရန်ကုန် မန္တလေးမြို့ကြီးတွေက စပြီးမှ တိုင်းရင်းသား ဒေသတွေက နောက်ကပါ။ ဒါဟာလဲ သဘာဝကျပါတယ်။ နှိမ်နှင်းခံခဲ့ရပြီး လမ်းပေါ်တွေပေါ်မှာ အတုန်းအရုန်း သေရတာတွေကလည်း ခင်ဗျားပြောတဲ့ ယာဉ်ကျေးမှုမရှိတဲ့ မြန်မာ ဝါ ဗမာလူမျိုးတွေပါ။
    … …
    အဲဒီလို ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကလုပ်ခဲ့ရင်လည်း ခင်ဗျားအတိအလင်း “ယာဉ်ကျေးမှု မရှိသော မြန်မာလူမျိုးများ” လို့စွပ်စွဲထားတဲ့ မြန်မာလူမျိုးများက အမြန်ဆုံး ဖြုတ်ချကြလိမ့်မယ် ဆိုတာ ဗမာ ဝါ မြန်မာလူမျိုးများကိုယ်စား အတိအလင်းပြောကြားလိုက်ပါတယ် ခင်ဗျား။

    ဒီ့ထက်ရှင်းတာတောင် ဒီလောက် မရှင်းတော့ဘူး ကိုစံလှကြီးရေ .. လေးစားပါတယ်ဗျာ..

  • ဦးဦးပါလေရာ

    April 14, 2012 at 10:30 pm

    ဒီရှင်းလင်းချက်ကို သဘောတူပါတယ်။ ထောက်ခံပါတယ်။
    အခုစောသေးလို့ နောက်လိုအပ်ရင် ဖြည့်စွက်ဆွေးနွေးပါမယ်။
    စာရေးသူပြောသွားတဲ့-

    “…ဒါပေမယ့် တခုတော့ သတိပေးပါရစေ ကိုယ့်ဆွေကိုယ်မျိုးတွေရေ။ သမိုင်းဘီး မကောင်းတဲ့ နေရာကို တပတ်လည်မှာစိုးတယ်။ …”

    ..ဆိုတာလေးကိုလဲ သတိထားကြစေချင်ပါတယ်…။

    • San Hla Gyi

      April 14, 2012 at 11:19 pm

      ကိုရွာစားကျော်နဲ့ဖတ်ရှုသူ စာဖတ်ပရိတ်သတ် အပေါင်းရေ
      ဝင်ပြီး အားပေးကြတဲ့အတွက် ကျေးဇူးတင်တယ်ပါတယ်။ ရေးချင်ဇောအား ကြီးနေလို့ မေ့ပြီး မင်္ဂလာနှစ်သစ်ပါ လို့တောင်မနှုတ်ဆက်ခဲ့မိပါဘူး။ အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။ ဒီစာတွေကို ဒီအတိုင်း ကျနော်ယုံကြည်လို့ ရဲ့ရဲ့ဝံ့ဝံ့ယုံကြည်လို့ ရေးခဲ့တာပါ။ ကြားကောင်းရုံ အနိုင်ရချင်လို့ရေး ခဲ့တာမဟုတ်ဘူးဗျ။ ဘုရားရှင် ကိုယ်တော်မြတ် သိတော်မူပါတယ်။ စကားကပ်ပြီး အခုမရှိတော့ဘူးလေ လို့တော့မပြောလိုက်ပါနဲ့အုံး။ကျွန်တော် စာရေးတဲ့အခါ ထည့်ရေးရင်းနဲ့ ကြည်ညိုစိတ် သိပ်ဖြစ်လို့ ထည့်ပြောတာပါ။
      ကျနော်ပြန်မရေးဘူးလို့ စဉ်းစားပေမယ့် တိုင်းရင်းသားတွေဘက်က သွေးဆူလာတာတွေကို တွေ့ရသလို ဗမာများစွပ်စွဲခံရပြီး မျက်နှာငယ်တာကို တွေ့နေသလိုဖြစ်လို့ အခမဲ့ရှေ့နေလိုက်ရအောင် ဝင်လာခဲ့တာပါ။ ရှေ့နေကြီး ကိုစံလှကြီးပေါ့ဗျာ။ အဲ ဒီလိုပြောလိုက်လို့ တိုင်းရင်းသား အမျိုးတွေကလည်း မျက်လုံးကြီးတွေပြူးပြီး မကြည့်ကြပါနဲ့ဗျာ။ စိတ်ထဲကလည်း ဩ မင်းက ရှေ့နေပီပီ တို့ကိုစွဲချက်တွေ တင်တော့မှာပေါ့ လို့လည်းမတွေးကြပါနဲ့။
      ရှေ့နေကြီးက စိတ်ကောင်းရှိသလို နှစ်ဘက်အမျိုးတွေနဲ့လည်း ဘယ်လိုမှမကင်းနိုင်ပါ။အမျိုးတွေဆီက ချေးထားတဲ့ အကြွေးတွေကလည်း မဆပ်နိုင်ပါသေးဘူး။ကျနော်ရဲ့သဘောက အမျိုးတွေ ဒီအမှုတွေကို ကြေအေးပြီး ပြေပြေလည်လည် ဖြစ်စေချင်တာပါ။ ကျနော်ရဲ့ လျှောက်လဲချက်တွေကို ကြည့်ရင်လည်း သိသာပါသည်။ သူကြီးဟိုတနေ့ကပြောတဲ့ မွန်ဂိုဘုရင် ဂျင်ဂစ်ခန် အကြောင်းတောင်ရေး ချင်လာပြီဗျာ။ ဒီနယ်ချဲ့သမားကြီး အကြောင်းကို ဘုန်းတော်ဘွဲ့တွေ ရေးအုံးမယ်။ ဟဲ ဟဲ နောက်တာပါ။
      ကျနော်အတွက်ကတော့ အခုကိစ္စက ဦးပုညစကားဌားပြောရရင် မယ့်သားရွှေစင် မုန့်တီဟင်းလို ကွင်းကွင်းကြီး မြင်သောကြောင့် ဆိုတာလို ရှင်းရှင်းကြီးမြင်သောကြောင့် ဆိုတာလိုရှင်းရှင်းကြီးကို မြင်နေရတယ်ထင်တယ်။ ဒါပေမယ့် ငြင်းကြတဲ့အခါကျတော့ ဗမာတွေဘက်က လိုရင်းရောက်အောင် သိပ်မပြောနိုင်သလို တိုင်းရင်းသားတွေအမျိုးတွေ ကလည်း ပြောရင်းနဲ့ ဒေါသတွေထွက်လာတာတွေ့လို့ တခါတည်းရှင်းချင်လို့ အသက်လိုဖြစ်နေတဲ့ အချက်တွေကိုမမြင်မှာစိုးလို့ စာလုံးမည်းတွေနဲ့ပါ ပြခဲ့တာပါ။ ပြောခဲ့ပါသောကော။ ဒီရှေ့နေက မြှောက်ပေးရင် အလွန်ကချင်ပါတယ်လို့။
      ကျနော် မြန်မာဘုရင်အကြောင်းကို ရေးခဲ့တယ်ဗျ။ ကျနော်အတွက်ကတော့ သူတို့မှားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ခေတ်နဲ့သူတို့ တော့တတ်နိုင်သလောက်တော့ လုပ်သလို ခေါင်းဆောင်ကောင်းတွေပါပဲလို့ ထင်လို့ပါ။ ဖြတ်သန်းရတဲ့ခေတ်က မတူတော့လည်း တယောက်နဲ့တယောက်တော့ မတူဘူးပေါ့လေ။ အမေစုတောင် ပြောဘူးတယ်ဗျ။ ဆရာတော်ကြီး တပါးက သူ့ကို အဖေနဲ့သမီး ဘယ်သူသာသလဲလို့ မေးတော့ သူကမဖြေရစေနဲ့ဘုရားတဲ့။ ဘာလို့လဲဆိုတော့ ဖေဖေနဲ့ ဖြတ်သန်းရတဲ့ ခေတ်မတူလို့ မနှိုင်းယှဉ်နိုင်ပါဘူးတဲ့။ ဟုတ်တာပေါ့ဗျာ။ ဒါကြောင့် အေဒီ ၁၁ရာစုမှာ ဘုရင်ဖြစ်တဲ့ အနော်ရထာရယ် ၁၆ ရာစုမှာဘုရင်ဖြစ်တဲ့ ဘုရင့်နောင်ရယ် ၁၈ ရာစုမှာ ဘုရင်ဖြစ်တဲ့ အလောင်းဘုရားရယ် ၁၉၄၅လောက်မှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ရယ် ၂၁ရာစုက အမေစုရယ်ကတော့ ဘယ်တူပါ့မလဲဗျာ။ ကျနော်တွေးကြည့်တာပါ။

  • သဲနှင်း အိမ်

    April 14, 2012 at 11:23 pm

    အားပေးနေတယ် ကိုစံလှကြီးရေ။ ဆက်ရေးပါ။ ကိုစံလှကြီးလို ချက်ကျလက်ကျ မပြောတတ်တဲ့ သစ္စက ပရိဗိုဇ်ကြီးကတော့ ဟဲ ဟဲ ဟဲ လို့သာ မချိသွားဖြဲ ရယ်သွေးသွမ်းပြီး ညည်းညူမောဟိုက် နေရရှာတယ်။ ဟဲ ဟဲ ဟဲ… 😛

    ခင်မင်လေးစားစွာဖြင့်

  • ဇော်ရီ

    April 14, 2012 at 11:54 pm

    အကိုရေ ကျတော် အရင်က စကားခံခဲဖူးတာလဲ ရှိပါတယ်… တခါတလေ ကျတော့ရဲ့ ဆွေးနွေချက်တွေဟာ မရိုင်းပေမယ့် ခါးသတ်သတ်အရသာလဲ ပါနိုင်ပါတယ်လို့… ဒါဆို ဆိုပါရစေ

    အထင်နဲ့တော မရမ်းစေချင်ပါဘူး… ကျတော်တို့ဟာ အုပ်ချုပ်သူ ဗမာ တစုရဲ့ လက်အောက်မှာ တိုင်းရင်းသား ပေါင်းစုံ အဖိနိုပ်ခံနေကြရတာပါ… မြန်မာ သမိုင်း အရိုရင် လွတ်လပ်ရေးဟာ ဗမာ တွေပဲ တိုက်လို့ ရခဲတာ ဖြစ်ပါလိမ့်မယ်… လက်တွေ့မှာ မြန်မာ သမိုင်းပေါ်ကို မရောက်ခဲတဲ့ အချက်တွေ အများကြီးပါ… မြန်မာ သမိုင်းက ဗိုလ်ချုပ်လို လူကိုတောင် သမိုင်းပျောက်အောင် လုပ်နေနိုင်တဲ့ စစ်အစိုးရဟာ တိုင်းရင်းသား သူရဲကောင်းတွေကို အမူ့တောင် မကျန်အောင်သမိုင်းထဲက ပယ်ဖျက်ခဲပါတယ်… အနီးစပ်ဆုံး ၈၈ ကိုပဲ ကြည့်ရင်ပဲ ဗမာ တေ ဦးဆောင်ခဲကြတယ်ဆိုတာဟာ မှန်ကန်ပါရဲ့လားဆိုတာ သေချာ စဉ်းစား အဖြေရှာစေချင်ပါတယ်…

    အဲဒါထက် ထပ်နီးစပ်တဲ့ ရွှေဝါရောင် တော်လှန်ရေးဆိုရင်ပဲ ဗမာတွေ ဦးဆောင်ခဲတယ်လို့ ထစ်ချ ပြောနိုင်မယ် ဆိုရင် သတ်သေပြစေချင်ပါတယ်… ရွှေဝါရောင် တော်လှန်ရေးမှာ တကယ်တန်း ၈ဝ ရာခိုင်နှုန်းတွေက တိုင်းရင်းသားတွေ ဖြစ်နေကြတယ်ဆိုတာ ဆန်းစစ်ကြည့်စေချင်ပါတယ်…

    ဒါ့အပြင် မြန်မာနိုင်ငံသားတွေရဲ့ ကျွန်စိတ်ကိုပျောက်အောင် အနစ်နာခံ အပင်ပန်းခံ ဆောင်ရွက်ခဲတာဟာ ဗမာ မဟုတ်ပါဘူး အရှင် ဦးဥတ္တမဖြစ်ပါတယ်… သူ့ထက်စောပြီး အင်္ဂလိပ် အစိုးရအပေါ် တော်လှန်ခဲသူကို ရှာပြလို့ရရင် ရှာပြနိုင်ပါတယ်… သို့သော်လဲ မြန်မာ သမိုင်းထဲမှာ ဆရာတော် အရှင် ဦးဥတ္တမအကြောင်း ဘာတွေများ ဖတ်ဖူး ကြားဖူးပါသလဲလို့ မေးရပါလိမ့်မယ်… ဒါကြောင့် ဖြစ်ခဲသမျှသော တော်လှန်ရေး အခန်းကဏ္ဍတွေမှာ လူများစု ဖြစ်တဲ့ ဗမာတွေပဲ ဦးဆောင်ခဲတယ်ဆိုရင် လက်ခံရ ခက်နေပါလိမ့်မယ်…. သမိုင်းမှာ နာမည် မရှိဘဲ နာမည်ရှိသူတွေထက် သူရဲကောင်းဖြစ်သူတွေ တပုံကြီး ရှိနေတတ်တယ်ဆိုတာ သတိရှိစေချင်ပါတယ်… တနည်းအားဖြင့် ကိုမင်းကိုနိုင်က သူဟာ မွန်လူမျိုး တစ်ယောက်ပါလို့ ပြောထားပါတယ်… သူ တစ်ယောက်တည်း ပါတယ်လို့တော မထင်လိုက်ပါနဲ့… လူ့လောကမှာ တစ်ယောက်က ပေးဆပ်ပြီး တစ်ယောက်က အသာ ရသွားတဲ့ အဖြစ်အပျက်တွေက ဒူးနဲ့ဒေးပါ…

    =================

    ကျတော် ဒီအချက်တွေ ရေးလို့ ဗမာ မုန်းတီးရေး အမြင် ရှိနေတယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်… ဒါပေမယ့် ကျတော့ စိတ်ထဲမှာတော အမုန်းတရားကို အသုံး အနည်းဆုံး အရာအဖြစ်နဲ့ ထားထားပါတယ်… ဒီတော ဆက်ရေးပါရစေ…

    ဗမာတွေ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲပါတယ်… မှန်ပါတယ် ကျတော် မငြင်းလိုပါဘူး ဒီအချက်ကို… ဒါပေမယ့် အရာရာတိုင်းမှာ နားလည်ရ ခက်တဲ့ အရာတွေ အများကြီး ရှိတတ်ပါတယ်… မြန်မာပြည်က ထွက်တဲ့ ဂျာနယ် သတင်းစာ အင်တာနက် ဆောင်းပါး စတာတွေက သတင်းတွေကို ပြန်လည် ဆန်းစစ်ကြည့်ပါ… ဘယ် သတင်းတွပဲလဲ… ဘယ်လူမျိုး သတင်းတွေများ တက်လာဖူးပါသလဲလို့… ဘာပဲပြောပြော အခုနောက်ပိုင်းတော အနည်းအကျဉ်းလေး ပါလာတတ်လို့ ဝမ်းသာပါတယ်… ဒီအချက်ကိုပြောတာက ဗမာတွေ ဆန့်ကျင်ခဲတာဟာ အုပ်ချုပ်မူ့ စနစ် တစ်ခုတည်း အတွက်ပဲ ဖြစ်ပါတယ်… ဧရာဝတီ တိုင်းရင်းသား ပေါင်းစုံ ကန့်ကွတ်ကြပါတယ်… အဲလို လည်းကောင်း ရခိုင်ကမ်းလွန်က ဂစ်ကိစ္စ ဘယ်သူတွေက ကန့်ကွတ်နေကြပါသလဲ… ဘယ်သတင်းတွေက အထူးတလေ့ ဖေါ်ပြနေကြပါသလဲလို့ မေးစရာ ရှိလာပါတယ်.. ကျတော်က ရခိုင်လူမျိုးဖြစ်လို့… အထူးသဖြင့် ရခိုင်ပြည်ထဲက အဖြစ်အပျက်နဲ့ ပြည်မက သတင်းတွေပဲ သိပါတယ်… အဲလိုပါပဲ ရခိုင်မှာ အဲလို ကိစ္စတွေ ရှိသလို တခြားပြည်နယ်တွေမှာလဲ အဲလို ကိစ္စတွေ အများကြီး ရှိနေမှာပါ… ဗမာတွေ ဆန့်ကျင်ပေးဖို့နေနေသာ သတင်းထဲတောင် ထည့်ရေးသားခြင်း မပြုကြပါဘူး… အကောင်းမြင် သဘောနဲ့ ကြည့်ရင်တော တချို့ သတင်းတွေ လက်လမ်း မမှီတာ ဖြစ်နိုင်ပါတယ်…

    ဆက်ပြောပါရစေ.. ဒီထဲမှာ ဆက်မီးမွေးတယ်တော မထင်ပါနဲ့ ဘင်္ဂလီတွေ ရိုဟင်ဂျာနာမည်တပ် တိုင်းရင်းသား တောင်းတဲ့ ကိစ္စ… ဘယ် သတင်းဌာနက အထူးတလေ့ ဖေါ်ပြပြီး ငြင်းချက် ထုတ်ခဲပါသလဲ မြန်မာ အကျိုးတော် bbc ကြီးကတောင် ဘင်္ဂလီတွေရဲ့ အကျိုးဆောင် လုပ်နေပါရောလား… အဲဒီအရေး သံရုံးရှေ့ ရခိုင်လူငယ် တစု ဆန္ဒဖေါ်ထုတ်ပွဲ လုပ်မဲ့ကိစ္စ ဘယ် သတင်းဌာနက အရေးတယူ ဖေါ်ပြခဲပါသလဲ… ဒါတွေ ဘာလို့ပြောလဲ ကျတော် အပြစ်တင်ချင်လို့ မဟုတ်ပါဘူး… ဒါတွေကို ပြင်သင့်တယ် ဆိုတာကို ထောက်ပြတာဖြစ်ပါတယ်…

    တိုင်းရင်းသား ဘာသာအရေး ကိစ္စကို သိပ်မဟုတ်လှဘူး ထင်တာ အကို့အနေနဲ့ အဲဒီ အပိုင်းတွေမှာ အထင်တွေပဲ ရှိနေခဲတာပါ… တခါတလေ ဒဏ်ရာတွေက သေးသေးလေး မြင်ရပေမယ့် တော်တော် ခံရခက်တဲ့ အနာတွေ ရှိတတ်ပါတယ်… အဲလိုပါပဲ ပြင်ပမှာ ဘာမှ မနာသလို မြင်ရပြီးတော အရိုးထဲ စွဲနေအောင် နာတဲ့ အနာမျိုးတွေလဲ ရှိတတ်ပါတယ်… ဒါကြောင့် အတော်များများသော ကိစ္စတွေကို အထင်တွေနဲ့ ဆုံးဖြတ်လို့ မရနိုင်ပါဘူးဆိုတာကို သတိပေးချင်ပါတယ်… ကော်ဖီ အရသာကို အနံ့လေးခံတာနဲ့ မသိနိုင်ပါဘူး… ဒီဆိုင်က ကော်ဖီက အရသာ တမျိုးဖြစ်ပေမယ့် တခြားဆိုင်က ကော်ဖီက မတူတတ်ဘူးဆိုတာလဲ သတိထားရမဲ့ အချက်ပါပဲ…

    ကျတော် အရင်လဲ ဒီထဲမှာပဲ ပြောခဲဖူးမယ် ထင်ပါတယ်… ဘယ် တိုင်းရင်းသားကမှ သူတို့ ဘာသာစကားကို ရုံးသုံးပြုပါလို့ မတောင်းဆိုကြပါဘူး… ကိုယ်ပိုင် လွတ်လပ်စွာ သင်ယူခွင့်ကိုပဲ ပြောနေကြတာပါ… ဒီကိစ္စက အရမ်းကျယ်ပြန်တဲ့ ကိစ္စမို့ ပြောနေလျှင်လဲ အငြင်းပွားဖွယ် ဖြစ်နေကြမယ် ထင်ပါတယ်… ဒီတော ဒီဘာသာစကား ကိစ္စကိုတော ဒီမှာပဲ ရပ်ထားလိုက်ချင်ပါတယ်…

    စာတော ပြီးအောင် မဖတ်ရသေးပါဘူး… အရမ်းရှည်နေတော စာဖတ်ပျင်းတဲ့ ကျတော်က ခွဲဖတ်ပါရစေ… ကိုယ်တိုင်ရေးရင်သာ ရှည်တတ်တာ… သူများ ရှည်ရင် သိပ်မဖတ်ချင်ဘူး… 😀

    စကားချုပ်အနေနဲ့ ဆင်ခြင်စရာ ကိစ္စလေး တချို့ တင်ပြခဲပါရစေ…

    အခုခေတ်ဟာ လက်ရှိ ပုံနိုပ်ထားတဲ့ သမိုင်းတွေဟာ မှန်ကန်ပါတယ်ဆိုတာ ခဲယဉ်းလှပါတယ်… ဒီသမိုင်းတွေကို ကြည့်ပြီး အချင်းချင်းငြင်းမနေချင်ပါဘူး… တချိန် အားလုံး စည်းလုံးညိညွတ်ကြပြီး အချင်းချင်းနားလည်မူ့ ရလာကြတဲ့အခါ သမိုင်းဆိုင်ရာတွေကို ပြန်လည် ညှီ့ယူလို့ ရပါတယ်… လက်ရှိ သမိုင်းတွေကို ချပြပြီး အငြင်းပွားနေကြတာဟာ အလကား အချိန်ကုန်ပါတယ်… ကိုယ်တိုင်လဲ သမိုင်း သုတေသီတွေ မဟုတ်ကြပါဘူး… သူများရေးတဲစာကို ဖတ်ပြီး ပြန်ငြင်းနေကြတဲ့အဆင့်ပါ ကွင်းဆင်းလေ့လာပြီး ငြင်းနေကြတာ မတွေ့ဖူးသလောက်ပါပဲ…

    ပြီးတော တချို့အချက်တွေကို ကော်ဖီ သောက်တာနဲ့ နိုင်းပြခဲသလို အထင်နဲ့ပြောပြီး စကားများမနေစေချင်ပါဘူး… အမှန်တရားဆိုတာ မပျောက်ကွယ်ဘူး တချိန်မှာ ပေါ်လာမြဲပါပဲ…

    ဒီတော ဘာတွေ ဆွေးနွေးကြမလဲလို့ မေးရင် ဒီနေ့က စပြီး ဘယ်လိုနေထိုင်ကြမလဲ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ ဆွေးနွေးကြပါ… သမိုင်းကိုဖတ်ပါ.. ငြင်းဖို့ မဟုတ်ပါဘူး သင်ခန်းစာ ယူဖို့ပါ… ဘဝင်မြင့်ဖို့ မဟုတ်ပါဘူး ကြိုးစားလိုစိတ်မွေးဖို့ပါ… နောင်တရဖို့ မဟုတ်ပါဘူး အမှန်လျှောက်လှမ်းဖို့ပါ…

    • သဲနှင်း အိမ်

      April 15, 2012 at 12:48 am

      ကိုဇော်ရီရေ…
      သမိုင်းတွေကို ကြည့်ပြီး အချင်းချင်း ငြင်းမနေချင်ပါဘူး အချိန်ကုန်တယ်လို့သာ ပြောတယ် အဲဒီစာပိုဒ်မတိုင်ခင်မှာ ကိုယ်လိုရာတွေ ဆွဲတွေးပြီး ငြင်းခုန်သွားတာတွေကလည်း အများသားပါလားနော်။ ပြီးတော့ ပုံနှိပ်မှတ်ကျောက်တင် ခံရဲတယ်ဆိုကတည်းက လူအများရှေ့ကို ချပြရဲတယ်ဆိုတာ လက်ခံရမှာဖြစ်ပါတယ်။ အဲဒီပုံနှိပ်တွေကိုမှ မှားနေတယ်လို့ဆိုရင် ကျမတို့က ဘယ်ဟာတွေက အမှန်လို့ လက်ခံရမယ်ဆိုတာ နည်းနည်းလောက် ရှင်းပြပါဦးရှင်။ ရှင်တို့ဘာသာ အိမ်တွင်းပုန်းကွယ်ရာမှာ အတင်းပြောသလို ပြောနေကြတဲ့ ပါးစပ်ရာဇဝင်တွေ၊ သမိုင်းကြို သမိုင်းကြားတွေကို အမှန်လို့ ယူဆရမှာလားရှင်။ ကျနော် ကိုယ်လည်း သမိုင်း သုတေသီမဟုတ်လို့ မဆွေးနွေးချင်ပါဘူးလို့တော့ ခေါင်းမရှောင်နဲ့ရှင်။ ပြောခဲ့တာတွေလည်း ကိုယ့်ဘာသာ သိမှာပါ။

      အဲလို ကိုယ်ပြောချင်တာတွေမှ ဖြစ်သင့်တယ် ဆိုပြီး အတင်းပြော၊ သူများပြောတာတွေကို ယုတိ္တမတန်ပါဆိုပြီး အတင်းပြော (ပြောသွားတဲ့အထဲမှာ ချက်ကျလက်ကျ အထောက်အထား တစ်ခုမှ မပါလို့ပါ) ဥပမာတွေလည်း သေချာမပေး… ရှာပြလို့ရှိရင် ရှာပြနိုင်ပါတယ် ဆိုတာတွေနဲ့ပဲ ပြောသွားတာချည်းပဲ။ ဒါတင်မက နောက်ဆုံးကျမှ သားသားလည်း ဘာမှ မသိလို့ ဘာမှကို ထပ်ပြီး မပြောချင်တော့ပါဘူး ဆိုတာကြီးက ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့သလိုမျိုးများလားရှင်။

      မျှမျှတတ ဝေဖန်ဆွေးနွေးသူ အားလုံးကို လေးစားလျက်ပါ။

      • ဇော်ရီ

        April 16, 2012 at 10:52 am

        မသဲနှင်းအိမ်ရေ… အမှန်အတိုင်း ဝန်ခံရရင် ကျတော့ရဲ့ ဆွေးနွေးဘက်မဖြစ်နိုင်ပါဘူး… ဆွေးနွေးတယ်ဆိုတာ ငြင်းခုန်တာ မဟုတ်ပါဘူး… ငြင်းခုန်တယ်ဆိုတာလဲ ဆွေးနွေးတာမဟုတ်ပါဘူး… ရှင်းရှင်းဆိုရရင်.. ဆွေးနွေးတာက အဖြေရှာတာပါ… ငြင်းခုန်တာက သူနိုင် ကိုယ်နိုင် အနိုင်လု့တာပါ… ငြင်းခုန်ဘက်တော ရနိုင်ပါလိမ့်မယ်.. ဒါပေမယ့် ကျတော် ဦးစွာပဲ အရုံးပေးထားလိုက်ပါတယ်… ကျတော်တို့ နှစ်ယောက် ဘယ်လိုပဲ ငြင်းခုန် မသဲနှင်းအိမ်က အနိုင်ရနိုင်မှာပါ…

        ဘာပဲဖြစ်ဖြစ် မသဲနှင်းအိမ် သိချင်တာလေးတော ဖြေပေးခဲပါမယ်…
        ၁) ပုံနှိပ်မှတ်ကျောက်တင် ခံရဲတယ်ဆိုကတည်းက လူအများရှေ့ကို ချပြရဲတယ်ဆိုတာ လက်ခံရမှာဖြစ်ပါတယ်။
        အဖြေ။ ။ ဘယ်တိုင်းရင်းသား သမိုင်းဆိုင်ရာ စာပီဆိုင်ရာ ကိစ္စကိုမှ ပုနိုပ်ထုတ်ဝေခွင့်မရှိခဲပါဘူး.. ကျတော်တို့ရဲ့ သခင်၊ အမတို့ရဲ့ ဖခင်တွေက ပိတ်ပင်ခဲထားပါတယ်… သို့သော် ကျတော် ဖတ်ဖူးခဲတဲ့ စာအုပ်တွေဟာ အင်္ဂလိပ်အုပ်စိုးစဉ်အခါက ထုတ်ဝေခဲတဲ့ ပုံနိုပ်စာအုပ်တွေပါ၊ မသဲနှင်းအိမ် အဆိုရှိသလို အိမ်တွင်းပုန်း အတင်းမတုတ်ရပါဘူး… အဲဒါတွေကိုတောင် ထပ်ပြီး ထုတ်ဝေခွင့် မရှိတောတာပါ… ဖြစ်နိုင်ရင် နည်းနည်း အပင်ပန်းခံနိုင်ရင် စာအုပ်အဟောင်းဆိုင်တွေမှာ တိုင်းရင်သား သမိုင်းဆိုင်ရာစာအုပ်တွေ အနည်းအကျဉ်း ရနိုင်ပါသေးတယ်… ဆန္ဒရှိတယ်ဆိုရင်တော ကြိုးစားကြည့်ပါ…

        ၁) အဲဒီပုံနှိပ်တွေကိုမှ မှားနေတယ်လို့ဆိုရင် ကျမတို့က ဘယ်ဟာတွေက အမှန်လို့ လက်ခံရမယ်ဆိုတာ နည်းနည်းလောက် ရှင်းပြပါဦးရှင်။
        ဖြေ။ ။ ကျတော်ဟာ ဗုဒ္ဓဘာသာဆိုတော ဗုဒ္ဓဘုရားဟော်ကြားတောမူခဲတဲ့ ကာလာမသုတ် အဆိုကိုညွန်းပါရစေ…
        အမက ဘယ်ဘာသာ ကိုးကွယ်လဲဆိုတာ ကျတော် မသိတဲ့အတွက် နည်းနည်းလေး အကျဉ်းချုပ်လေးဖြည့်စွပ်ပေးခဲပါမယ်..

        မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း မှန်သည်၊ မှားသည် ဟူ၍၎င်း မဆုံးဖြတ်သင့်ပေ၊ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း မှန်သည်၊ မှားသည် မဆုံးဖြတ်သင့်ပေ။

        ဒီအကြောင်းအရာနဲ့ ဆင်ခြင်ပြီးတော တိုင်းရင်းသားတွေ၏သခင်၊ အမတို့ရဲ့ ဖခင် ဦးနေဝင်း၊ စစ်အစိုးရ စသည်တို့ အုပ်ချုပ်စဉ်ကာလမှာ သူတို့က ရဲ့ အာဏာနဲ့ သမိုင်းမပြောနဲ့ ငရဲကျနိုင်တဲ့ ဘုန်းကြီးတောင် အသေသတ်တဲ့ အစိုးရလက်ထက်မှာ ထုတ်ဝေတဲ့စာတွေဖတ်ပြီး အပျော်ကြီး ရစ်မူးနေမယ်ဆိုရင်… ဘာဖြစ်နိုင်မလဲဆိုတာ ကိုယ်တိုင်ဆင်ခြင်စဉ်းစားကြည့်ပါတော…

        ၃) ကျနော် ကိုယ်လည်း သမိုင်း သုတေသီမဟုတ်လို့ မဆွေးနွေးချင်ပါဘူးလို့တော့ ခေါင်းမရှောင်နဲ့ရှင်။ ပြောခဲ့တာတွေလည်း ကိုယ့်ဘာသာ သိမှာပါ။
        ဖြေ။ ။ ကျတော်က ဘယ်တောမှ ခေါင်းရှောင်တတ်တဲ့သူ မဟုတ်ပါဘူး… ကျတော့ ညီကို မောင်နမ တစ်ဦးဦး အပြစ်လုပ်ခဲရင်တောင် သူ့အစား ကျတော်ဟာ အပြစ်ဝန်ခံဖို့၊ တောင်းပန်ဖို့ ဝန်မလေးတတ်ပါဘူး၊ ထို့အသူ ရခိုင်သား တစ်ယောက်ယောက် အမှားလုပ်ခဲလို့ ကိုယ့်ကိုပြောပြလာခဲရင်တောင် သူ့အစား ကျတော်ဟာ တောင်းပန်ဖို့ မတွန့်ဆုတ်ပါဘူး၊ သူဟာ ကျတော်နဲ့ အသိ ဖြစ်ချင်မှ ဖြစ်မယ် ဒါပေမယ့် သူဟာ ရခိုင် ကျတော်ဟာ ရခိုင် ဒါကြောင့် သူ့အတွက် ကျတော်နဲ့ သိတဲ့ ကျတော့ သူငယ်ချင်း ကို တောင်းပန်တာဟာ ကျတော် လုပ်ရမဲ့ အလုပ်လို့ ခံယူထားပါတယ်… ခေါင်းရှောင်တယ်ဆိုတာ လူမဆန်တဲ့သူတွေရဲ့ လုပ်ရပ်ပါ… တနည်းအားဖြင့် အရှက်မရှိတဲ့သူတွေရဲ့ လုပ်ရပ်ပါ…

        ကျတော့ အလုပ်ထဲမှာ ကျတော့ အထက်က လူပဲဖြစ်ဖြစ် အောက်က လူပဲ ဖြစ်ဖြစ် အမှားလုပ်ခဲတာ တွေရှိခဲဖူးပါတယ်.. အဲဒီအတွက် ကျတော့ သူဌေးနဲ့ တိုက်ရိုက်ပြောရတဲ့အခါမှ ဘယ်သူလုပ်တာ ဘယ်ဝါ လုပ်တာ သူများလက်ညိုးမထိုးတတ်ပါဘူး… ကျတောုပ်ထဲမှာ ကျတော့ အထက်က လူပဲဖြစ်ဖြစ် အောက်က လူပဲ ဖြစ်ဖြစ် အမှားလုပ်ခဲတာ တွေရှိခဲဖူးပါတယ်.. အဲဒီအတွက် ကျတော့ သူဌေးနဲ့ တိုက်ရိုက်ပြောရတဲ့အခါမှ ဘယ်သူလုပ်တာ ဘယ်ဝါ လုပ်တာ သူများလက်ညိုးမထိုးတတ်ပါဘူး… သူဌေးကို ကျတော် မှားခဲသလိုလိုပဲပြောပါတယ်… သူ အလုပ်ဖြုတ်မှာအတွက် မစိုးရိမ်ပါဘူး… ကျတော် သူဌေးအလုပ်ဟာ ကျတော့ အလုပ်ပါပဲ ကျတော် တာဝန်ကျရာမှာ အမြဲတန်း တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲပါတယ် ဒီအတွက်လဲ အလုပ်စလုပ်စဉ်ကနေ အခုထိ လေးနေရာမှာ လုပ်ခဲဖူးတာ ကျန်တဲ့ ၃ နေရာက ကျတော့ကို အမြဲတန်း ပြန်လာလုပ်ဖို့ ခေါ်နေကြတုန်းပါပဲ…

        ဒါကို ဆင်ခြင်ပြီး ကျတော်ဟာ ကြွားလုံးထုတ်တာလား၊ အမ သိချင်နေတဲ့ ခေါင်းရှောင်တတ်တဲ့သူလားဆိုတာကို အမ ဝေဖန်နိုင်ဖို့ ဘဝ ဖြစ်စဉ်လေးကို ပြောပြခဲတာပါ…

        ၄) နောက်ဆုံးကျမှ သားသားလည်း ဘာမှ မသိလို့ ဘာမှကို ထပ်ပြီး မပြောချင်တော့ပါဘူး ဆိုတာကြီးက ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့သလိုမျိုးများလားရှင်။
        ဖြေ။ ။ မသဲနှင်းအိမ် လူမှားနေတာနဲ့ တူပါတယ်၊ ကျတော့စာကို နောက်တစ်ခေါက် ထပ်ဖတ်စေချင်ပါတယ်… သို့သော် ဘာအစွဲမှ မထားဘဲ ဖတ်ပါ အဖြေရပါလိမ့်မယ်… အစွဲ (ဝါ) ဒေါသ တစ်ခုခုပါနေရင်တော အမှားတွေပဲ ထပ်ဖြစ်နေမှာပါ… အစွဲ (ဝါ) ဒေါသ တွေနဲ့ ဆွေးနွေးခန်းထဲ ဝင်နေမယ်ဆိုရင်တော ကျတော့ဆီက မသဲနှင်းအိမ် အတွက် နောက်ထပ် အဖြေတွေ ရှိမှာ မဟုတ်ပါဘူး။

        ကျတော့ အဖြေထဲက သခင်နဲ့ ဖခင်ဆိုတာကို မသဲနှင်းအိမ် စိတ်ဆိုးနေမှာ စိုလို့ တခါတည်း ရှင်းပြခဲပါမယ်… အုပ်ချုပ်သူတွေဟာ ဗမာ လူမျိုးတွေ ဖြစ်ပါတယ်… တိုင်းရင်းသားထဲက အုပ်ချုပ်မူ့ စနစ်ထဲမှာ ဘယ်သူမှ မပါရှိပါဘူး၊ တခြား ဌာနဆိုင်ရတွေမှာတော အကြီးဆုံးထိ ရှိကောင်း ရှိပါလိမ့်မယ်…

        ဒီတော မသဲနှင်းအိမ်ကလဲ ဗမာဆိုတော အုပ်ချုပ်သူတွေဟာ ဗမာတွေရဲ့ ဖခင်ပါပဲ… ငါတို့ တင်မြောက်ထားတာ မဟုတ်ဘူး ငါ့အဖေ မတော်ဘူးဆိုလို့မရပါဘူး။ မသဲနှင်းအိမ်ဟာ မမွေးခင် ငါ ဘယ်လို အဖေမျိုးမှာပဲ သမီးဖြစ်ချင်တယ် ရွှေးချယ်ခွင့်မရှိပါဘူး။ ဒီလိုပါပဲ အုပ်ချုပ်သူ ဗမာ တွေဟာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဒါဟာ မသဲနှင်းအိမ်ရဲ့ အဖေ တမျိုးပါပဲ၊ သူနဲ့ မတူတဲ့ တခြား လူမျိုးတွေဟာ သူတို့ရဲ့ ကျွန်တွေပါပဲ၊ ဒါကြောင့် အုပ်ချုပ်သူတွေဟာ ကျတော်တို့ရဲ့ သခင်ပါပဲ၊ ဒီလောက်ဆိုရင် ဒီစကားကို ကျေနပ်မယ်ထင်ပါတယ်… မကျေနပ်နိုင်ဘူးဆိုရင်တောလဲ တခြား post တစ်ခု အနေနဲ့ အကျယ်ချဲ့ ရှင်းပြပေးနိုင်ပါတယ်။ မသဲနှင်းအိမ် သဘောပါ…

        ခင်မင်လေးစားစွာဖြင့်
        ဇော်ရီ

        • သဲနှင်း အိမ်

          April 16, 2012 at 10:38 pm

          ကိုဇော်ရီရေ…

          ကျမရဲ့ မှတ်ချက်တွေကို ခုလို စိတ်ရှည်လက်ရှည် ပြန်လည်ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုဇော်ရီ ကျမထက်ပိုပြီး စိတ်ရှည်သည်းခံလို့ ပြန်ဖြေပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီတုန်းက ကျမဒေါ်သသံ နည်းနည်းပါသွားတာတော့ အမှန်ပါ။ ဘာကြောင့်လည်း ဆိုတော့ ကိုယ့်ယုံကြည်ချက်ကို အလောတကြီး ပြောချင်မိလို့ပါ။

          ကျမကလည်း ရှင့်ကို မငြင်းခုန်ချင်ပါဘူး။ ဆွေးနွေးချင်တာပါ။ ဒါပေမဲ့ ဆွေးနွေးတဲ့နေရာမှာ ထိုင်နေတဲ့ ရှုထောင့် မှန်နေဖို့ လိုပါတယ်။ ကျမက ကိုဇော်ရီကို ငြင်းခုန်သွားတာ မဟုတ်ပါဘူး။ ကိုဇော်ရီ “၁” လို့ မြင်တာကို ကျမက ဘာဖြစ်လို့ “င” လို့ မမြင်ရတာတုန်းလို့ ပြောရုံလေး သက်သက်ပါ။ အဲဒါကို ငြင်းခုန်တယ်လို့ သတ်မှတ်တာက ကိုဇော်ရီ့ အမြင်ပါ။ ကျမကလည်း အနိုင်ရချင်လို့ ရေးသွားတာ မဟုတ်ပါဘူး။

          ၁) ပုံနှိပ် မှတ်ကျောက်တင်တာနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ “နှုတ်တစ်ရာ စာတစ်လုံး” ဆိုတဲ့ စကားရှိပါတယ်။ ကျမက ဘာလို့ ပုံနှိပ်စာအုပ်တွေကို ယုံကြည်ရတာလဲဆိုတော့ ပညာရှင်တွေ အများကြီးကို ချပြလိုက်တဲ့ သဘောမို့လို့ပါ။ ကိုယ့်ဘာသာကိုယ် ရေးထားတယ်ဆိုရင်တော့ (မှန်ချင်လည်း မှန်ပါမယ် မသိနိုင်ဘူးပေါ့ရှင်) မှတ်ကျောက် အတင်မခံရသေးတော့ ဘယ်လို ယုံကြည်လို့ ရမှာလဲ။ စာအုပ်လိုက်ကြီး ရှေ့မှာ ရှိနေတော့ ပညာရှင်တွေက နှစ်ဘက်စလုံး သူ့ဘက် ကိုယ့်ဘက်က မှန်သည် မှားသည် ထောက်ပြ ဆွေးနွေးနိုင်ပါတယ်။ ဒီစာအုပ်က မှားတယ်။ ဒီစာအုပ်က မှန်တယ်ဆိုတာ ငြင်းခုန်ဖို့ စာအုပ်ရှိနေရပါမယ်။ ကိုဇော်ရီဖတ်ခဲ့ဖူးတယ် ဆိုတဲ့ စာအုပ်တွေကို ကျမ မဖတ်ဖူးလို့ မဝေဖန်နိုင်ပါဘူး၊ ဖြစ်နိုင်ရင် မျှဝေပေးပါလို့ တောင်းဆိုချင်ပါတယ်။ ထုတ်ဝေခွင့် မရဘူးလို့တော့ မပြောပါနဲ့ရှင်။ မီဒီယာ လွတ်လပ်ခွင့် အပြည့်အဝနီးပါး ရနေတဲ့ ဒီနေ့ အင်တာနက် ခေတ်ကြီးမှာ ပြည်တွင်းမှာ ထုတ်ဝေခွင့်မရတဲ့ စာအုပ်တွေအားလုံးနီးပါး (အထူးသဖြင့် နိုင်ငံရေး စာအုပ်တွေ) အများကြီး အလွယ်တကူ ရနိုင်ပါပြီ။ ကိုဇော်ရီ ဖတ်ဖူးတယ်ဆိုတဲ့ စာအုပ်တွေလည်း အဲဒီနေရာတွေမှာ ရှိနေသင့်တာပေါ့နော်။

          အဲလိုမျိုး မျှပေးနိုင်မယ်ဆိုရင် ကျေးဇူး အထူးတင်မှာပါ။ မွန်လူမျိုး ဆရာကြီး ဒေါက်တာနိုင်ပန်းလှရဲ့ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှာ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာသန်းထွန်း အမှာစကား ပြောခဲ့သလိုမျိုး… “ကျွန်တော်တို့အတွက် အားကိုးစရာ ‘ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း’ တစ်စောင် ထွက်ပေါ်လာပြီ” ဆိုတဲ့ စကားမျိုး ပြောပြီး ကျမအပါအဝင် စိတ်ဝင်စားသူတွေက လှိုက်လှဲဝမ်းသာ ကြိုဆိုကြမှာပါ။

          ၂) ကျမလည်း ဗုဒ္ဓဘာသာ ဝင်ပါ။ ကိုဇော်ရီပြောတဲ့ ကာလမသုတ်ကို သေချာလေး ပြန်ပြောချင်ပါတယ်။ အဲဒီအထဲမှာ အရေးအကြီးဆုံး စာကြောင်းကို ကိုဇော်ရီ ပြောမသွားခဲ့ပါဘူး။ အဲဒါက… “သင်တို့ ကိုယ်တိုင်ပင် သိသော အခါမှသာ…” ဆိုတဲ့ နေရာဖြစ်ပါတယ်။ “When you know by yourself…” လို့ ဆရာဇော် ဦးဇောတိက က ဘာသာပြန်ပါတယ်။ ကိုယ်တိုင် သိဖို့၊ ယုံကြည်ဖို့ လိုပါတယ်။ အခု ကျမတို့တွေဆွေးနွေး ငြင်းခုန်နေတာတွေ အားလုံးဟာ ကျမတို့ ရှင်တို့ဖတ်ဖူးသမျှ စာအုပ်တွေထဲက အကြောင်းအရာတွေ၊ ဒါမှမဟုတ် မိဘ၊ ဘိုးဘွားတွေ ပြန်ပြောပြတာတွေကို အခြေခံထားတာတွေချည်းပါပဲ။ ကိုလိုနီခေတ်မှာ ကျမလည်း မရှိသလို ကိုဇော်ရီလည်း ရှိမနေခဲ့ပါဘူး။ ဒါကြောင့် ကျမမှားနိုင်သလို ရှင်လည်း မှားနိုင်ပါတယ်။ ကျမလည်း မှိုင်းမိတဲ့ စာတွေ ဖတ်နိုင်သလို ရှင်လည်း မှိုင်းမိတဲ့ စာအုပ်တွေ ဖတ်နိုင်တာပါပဲ။ တခုတော့ရှိပါတယ်။ အခြားသောရှုထောင့်ကို မြင်အောင်ကြည့်ပေးဖို့ပါ။ ကို့ဇော်ရီပြောတဲ့ စာအုပ်တွေကို မျှပေးနိုင်ရင် အားလုံးက ဖတ်ကြည့်ကြဖို့ ဝန်မလေးပါဘူး။

          ၃) ကျမကတော့ ရှင်းပါတယ်။ သိသိ မသိသိ ဝင်ဆွေးနွေးမှာပါပဲ။ စာဖတ်တာကြိုက်သလို ဆွေးနွေးငြင်းခုန်တာလည်း ကြိုက်ပါတယ်။ မှားရင်လည်း ထောက်ပြကြပါ။ (အထောက်အထားတော့ ပါပါစေ) ကိုဇော်ရီကလည်း ကျမက ထောက်ပြရင်ပဲ ဖြစ်စေ တခြားတစ်ယောက်ယောက်က ထောက်ပြရင်ပဲ ဖြစ်စေ စိတ်ဆိုးဖို့ထက် အခြားဘက် အရင်မြင်ကြည့်ဖို့ ပြောချင်ပါတယ်။

          ၄) ကိုဇော်ရီရေ… ရှင်တော့ မှိုင်းမိနေပြီလား မသိဘူး။ အမြင်လေး နည်းနည်း ပြောင်းကြည့်ပါဦးရှင်။ ဘယ့်နှယ်ကြောင့် အုပ်ချုပ်သူတွေကို သခင် (ဝါ) ဖခင်လို့ မြင်နေရတာတုန်း။ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” ဆိုတာ ဟိုဆောင်းပါးရှင် သစ္စကကြီးပြောသလို မှိုင်းမိတဲ့ အတွေးအခေါ်တွေလေ။ တကယ်က “အစိုးရဆိုတာ တိုင်းပြည်ရဲ့ အစေခံ။ ပြည်သူကို အစီရင် ခံရတယ်” အဲဒါမှ ဒီမိုကရေစီ အစစ်ရှင့်။ ဒါပေမယ့် အများစု ကြည်ညိုရင်တော့လည်း ချစ်စနိုးနဲ့ အမေပဲ ခေါ်ခေါ် အဖေပဲ ခေါ်ခေါ်ပေါ့ရှင်။ (ဥပမာ အမေစုလို့ ကျမတို့ ခေါ်သလိုပေါ့) ပြီးတော့ မြန်မာစကားမှာ မိဘ ပြည်သူပဲ ရှိတယ်။ မိဘ ဗိုလ်ချုပ်ကြီး မရှိဘူး။ ဒါကြောင့် ရှင့်ကိုကျမ အကြံပေးချင်တာက ဖတ်ဖူးတယ်ဆိုတဲ့ စာအုပ်တွေကိုပဲ အကြိမ်ကြိမ်ဖတ်ပြီး ရေတွင်းထဲက ဖားသူငယ်လို လုပ်မနေပါနဲ့ ဆိုတာပါ။

          လေးစားပွင့်လင်းစွာဖြင့်
          သဲနှင်းအိမ်

    • San Hla Gyi

      April 15, 2012 at 1:03 am

      ကိုဇော်ရီရေ ဟုတ်ပါပြီ။ အထင်နဲ့တော့ မရမ်းစေလိုပါဘူးလို့ဆိုလာလို့ ကျနော်ကတော့ ကျနော်ယုံကြည်ချက်အတိုင်း ရေးခဲ့တာပါပဲ။ မရမ်းခဲ့ဘူးလို့တော့ ယုံကြည်ပါတယ်။ ကျနော်စာတွေ ကြည့်ရင်လည်း တွေ့မယ်ထင်ပါတယ်။ ဟင့်အင်း ကျနော်ကတော့ ဗမာတွေပဲ တိုက်ခဲ့တဲ့ လွတ်လပ်ရေးလို့လည်း တခါမှမပြောခဲ့ဘူးပါ။ခင်ဗျား အထင်လွဲနေသလားပဲ။ အခုကိစ္စက ဦးဆောင်မှုကိစ္စကို မငြင်းတော့ပါ။
      တိုင်းရင်းသားတွေက ဦးဆောင်တယ်ဆိုရင်လည်း မငြင်းတော့ပါ။ ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟာက ကျနော်တင်ပြချင်သော အကြောင်းမှာ အဓိက မဟုတ်သည့်အပြင် ဝါဒပြိုင်ပွဲကြီး ဖြစ်လာလျှင် ပရိဗိုဇ် တက္ကတွန်း တွေရောက်လာမှာ စိုးလို့ပါ။(သူတို့က တရားဆွေးနွေးဖို့ထက် ဝါဒရေးရာမှာ နိုင်တာကို ပိုသဘောကျတတ်လို့ပါ။ ဟဲ ဟဲ ခင်ဗျားပျော်အောင်နောက်တာပါ။)
      ခင်ဗျားပြောတဲ့ ဆရာတော် ဦးဥတ္တမအကြောင်းကတော့ ဟုတ်ပါသည်။ စစ်တွေသား ရခိုင်ဇာတိဖြစ်ပါသည်။ စိတ်ဓတ်ရေးရာ motivation စလုပ်ခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ ကျနော်တောင် ရေးမလို့စဉ်းစားခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ ဒါပေမယ့် ကျနော်အမြင်ကတော့ သူတယောက်တည်းကြောင့် လွတ်လပ်ရေးရခဲ့တာလား ဆိုတော့လည်း မဟုတ်ပါ။ ထားတော့ ဒါလည်း ဗမာတွေကို မစွပ်စွဲပါနဲ့ ကျနော်ရေးခဲ့သော အဓိကအကြောင်းအရာမှာပါသွားပါပြီ။
      ဗမာတွေ ဆန့်ကျင်တာ အုပ်ချုပ်မှုစနစ်တခုတည်းကိုပါ။ ဟုတ်ပါတယ်ဗျ။ ဒါကလည်း အခုဖြစ်နေတာတွေ အားလုံးရဲ့အဓိက အကြောင်းပဲကိုး။ ခင်ဗျားပြောတဲ့ ရခိုင်ရွှေဂက်စ်ကိစ္စ ဘာညာအားလုံးဟာ ဒီမှာမြစ်ဖျားခံတာပဲကိုး။ ကျန်ကိစ္စတွေလည်း ထိုနည်းလည်းကောင်းပေါ့။ ကျနော်ကလည်း ကိုယ့်ကိုကိုယ့် သမိုင်းသုတေသီလို့ မဆိုသလို ခေတ်ပြိုင်မှတ်တမ်းတွေ ကြည့်ပြီးမှ တတ်နိုင်သမျှ ရေးခဲ့တာပါ။ကျနော်ကို ခင်တဲ့ပရိတ်သတ်တွေက တခါတလေ ဒီလိုပြောပြီး မြှောက်ပေး အဲလေ အားပေးကြတာပါ။

      ခင်ဗျား ဘာပြောချင်တာလဲ ဆိုတာကတော့ အောက်ပိုင်းစာတွေမှာ ကျနော်လည်း နားမလည်တော့ပါ။ မပြောသေးတာလား တော့လဲမသိပါ။ နောက်တော့ ပြောတာပေါ့ဗျာ။

      • ဇော်ရီ

        April 16, 2012 at 11:25 am

        မင်္ဂလာပါ ကိုစံလှရေ… ကျတော့ရဲ့ ခါးသတ်သတ်အရသာ နဲ့ တွေ့ထိမိတယ် ထင်ပါတယ်… တခါတရံမှာ ခါးတွေအရသာတွေဟာ အချိုအဖြစ် ဖန်တီးပြီး စားလို့ရတတ်ပါတယ်… ကော်ဖီကို နို့ဆီတွေ သကြားတွေ များများသုံးလိုက်ရင် ကော်ဖီဆိုတာ ချိုတဲ့ဟာမျိုလဲ ဖြစ်သွားတတ်ပါတယ်…

        အကိုက ကျတော့ရဲ့ ဆွေးနွေးဘက်ပါ… ဒါအပြင် GM ထဲမှာ ကျတော့အားလဲ ပထမဆုံး ဖိတ်ခေါ်တဲ့သူ တစ်ယောက်ဆိုလဲ မမှားပါဘူး… အမြင်တွေ ဘယ်လိုကွဲကွဲ ကျတော်တို့ဟာ အမြဲတန်း ညီနှောင်တွေ ဖြစ်ကြမှာပါ… ဒေါသမပါ အစွဲမပါဘဲ အဖြစ်အပျက်ကို ချပြပြီး၊ ကိုယ်မရှင်းတာကို သူ့ကိုမေး သူမရှင်းတာ ကိုယ့်ကိုမေး မသေချာတာ ဘေးဖယ်ထားပြီး ဆွေးနွေးလိုက်ရင် အဖြေဆိုတာ ဘယ်ပြေးလွတ်ပါ့မလဲ…

        ၁) ဟင့်အင်း ကျနော်ကတော့ ဗမာတွေပဲ တိုက်ခဲ့တဲ့ လွတ်လပ်ရေးလို့လည်း တခါမှမပြောခဲ့ဘူးပါ။ခင်ဗျား အထင်လွဲနေသလားပဲ။ အခုကိစ္စက ဦးဆောင်မှုကိစ္စကို မငြင်းတော့ပါ။ တိုင်းရင်းသားတွေက ဦးဆောင်တယ်ဆိုရင်လည်း မငြင်းတော့ပါ။
        ဖြေ။ ။ ကျတော် ပြန်ခဲတာက ဦးဆောင်မှု ကိစ္စကိုပဲ ဖြေပေးခဲတာပါ… မငြင်းတောဘူးဆိုတာက ဗမာ တွေပဲ ဦးဆောင်ခဲတာမဟုတ်ပါဘူးလို့ ကျတော ပြန်ခဲတာကို သဘော တူတယ်ဆိုရင်ပဲ ဒီကိစ္စက ဒီမှာတင် အဆုံးသတ်လိုက်ပါတယ်။ ပြန်ဖြေးပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်။ အပေါ်မှာ မသဲနှင်းအိမ်ကို ပြန်ခဲသလို ကျတော်ဟာ ငြင်းရတာကို ဝါသနာ မပါပါဘူး… GM ထဲကိုဝင်ခဲတာ အချိန်ကုန်ခံ ငြင်းချင်လို့ မဟုတ်ခဲပါဘူး။ ဆွေးနွေးခြင်းနဲ့ နားလည်မူ့ တစ်ခု ရှိနိုင်ကောင်းလောက်တယ် ထင်တဲ့ အယူအဆ တစ်ခုနဲ့ ဝင်ခဲတာပါ… ဒီနေရာက ဆွေးနွေးလို့ရတဲ့နေရာ မဟုတ် ငြင်းနေကြရုံ သတ်သတ်ဆိုရင် ကျတောဟာ ဒီနေရာမှာ ရှိနေတောမှာ မဟုတ်ပါဘူး။

        ၂) ဒါပေမယ့် ကျနော်အမြင်ကတော့ သူတယောက်တည်းကြောင့် လွတ်လပ်ရေးရခဲ့တာလား ဆိုတော့လည်း မဟုတ်ပါ။
        ဖြေ။ ။ ဟုတ်ပါတယ် ကျတော်ကလဲ ဆရာတော် ဦးဥတ္တမတစ်ယောက်တည်းကြောင်း လွတ်လပ်ရေးရခဲပါတယ်လို့ မပြောခဲပါဘူး… ဒါပေမယ့် လွတ်လပ်ရေးကို ယူတတ်တောင် ဗမာ တပြည်လုံးကို သင်ပေးခဲသူဟာ သူတစ်ယောက်တည်းဆိုတာတော လက်ခံနိုင်ကောင်းမယ် ထင်ပါတယ်… ကျတော်နဲ့ တတိုင်းပြည်လုံး၏ ဖခင် ဗိုလ်ချုပ် တစ်ယောက်တည်းကြောင်းလဲ လွတ်လပ်ရေးမခရဲဘူးဆိုတာ သိနားလည်မယ်ထင်ပါတယ်။ ဒေါ်စုလဲ အမြဲတန်းပြောတတ်ပါတယ်… သူဟာ တန်ခိုးရှင်မဟုတ်ပါဘူး သူ့နောက်က ပြည်သူတွေကြောင်းသာ သူ့မှာ စွမ်းအင် ရှိနေတာပါ ဆိုတာကို…

        ၃) ဗမာတွေ ဆန့်ကျင်တာ အုပ်ချုပ်မှုစနစ်တခုတည်းကိုပါ။ ဟုတ်ပါတယ်ဗျ။ ဒါကလည်း အခုဖြစ်နေတာတွေ အားလုံးရဲ့အဓိက အကြောင်းပဲကိုး။
        ဖြေ။ ။ ဟုတ်ပါတယ် ဗမာတွေ ဆန့်ကျင်တာ အုပ်ချုပ်မှုစနစ် တစ်ခုတည်းကိုပါ၊ တိုင်းရင်းသားတွေက လောဘကြီးပါတယ်…အုပ်ချုပ်မူ့ စနစ်တင်မက သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမူ့ သမိုင်းဆိုင်ရာတွေကို လွတ်လပ်စွာ ရပ်တည်ခွင့်ပြုရေးလဲ ပါပါတယ်… ဒါဟာ တိုင်းရင်းသားနဲ့ ဗမာ တွေအကြား အစိုးရ အပေါ် ကွာခြားတဲ့ တောင်းဆိုချက်တွေပါ…

        ဒါကတော အဆစ်အနေနဲ့ ကျတော့ရဲ့ GM မှာ ပထမဆုံးသော ဆွေးနွေးဘက်ဖြစ်တာရေ ကျတော် ခင်မင်ရတာတွေကြောင်း ပြောခဲတာပါ… ကျတော်သာ အကို့ကို မခင်ဘူးဆိုရင် ဒီစကားပြောမှာ မဟုတ်ပါဘူး၊ ဒီစကားကို လက်ခံတဲ့အခါမှာလဲ ဪ ငါ့ကို ခင်လို့ ပြောတာပါလားဆိုတဲ့ အသိနဲ့ လက်ခံစေလိုပါတယ် မဟုတ်ရင်တော ဒီစကားကို ကျတော် ပြောခဲတယ်လို့ မယူဆပါနဲ့…

        ကျတော် ခင်မင်လို့ သတိပေးချင်တဲ့ အချက်က ငယ်ငယ်တည်းက ကျတော့ အဖေ ဆုံးမ နေကျ စကားဆိုလဲ မမှားပါဘူး… သူများစကားကြောင့် ဝမ်းနည်း ဝမ်းသာ ဒေါသ မန်မာန မဖြစ်ပါစေနှင့်တဲ့…. စကား တစ်ခွန်းက လူတစ်ယောက်ကို သေစေနိုင်တဲ့ လက်နက်ထဲမှာလဲ ပါပါတယ်… သူများ စကားကြောင့် အဲဒီ ခံစားချက်တွေ ကိုယ်က ခံစားနေရရင် သူများ တံတွေးစက်ထဲ ပက်လက် မျောရပါလိမ့်မယ်တဲ့…

        ခင်မင်လေးစားလျှက်
        ဇော်ရီ

        • San Hla Gyi

          April 16, 2012 at 6:35 pm

          နေအုံး နေအုံး ကိုဇော်ရီရေ ခင်ဗျားကလည်း အများသားပါလား။
          နံပါတ် ၁ အချက်အတွက် ချက်ချင်းကြီး ကျေဇူးမတင်လိုက်ပါနဲ့အုံး။ ကျနော်ချက်ချင်းကြီး သဘောတူခဲ့တာက ဒီအကြောင်းကို အကျယ်အကျယ် မငြင်းချင်လို့ ဆရာတော်ကြီးကို အားနာလို့ ကျေးဇူးတင်ခဲ့တာပါ။ အမှန် ရာနှုန်းပြည့် တော့သဘောမတူပါဘူး။ ဒီကိစ္စဟာ အခုတလော ရခိုင်ဘက်က ထုတ်တဲ့စာတွေမှာ တော်တော်ပါလာပါတယ်။ အခုတော့ မပြောလို့ မဖြစ်တော့ဘူး။ ဆရာတော်ဟာ တော်လှန်ရေးအတွက် စိတ်ဓတ်ခွန်အား ပေးခဲ့တယ်။ဒါပေမယ့် ဒါက တယောက်တည်း လုပ်လို့ရတာ မဟုတ်ဘူး။ တကယ်တတ်ကြွကြွ လုပ်ခဲ့တာက ဗမာ အမျိုးသားတွေဗျ။ ထားပါ။ ပြီးတော့ တကယ်တမ်း ခင်ဗျားလို စကားကပ်ရရင် တကယ်တမ်းကျတော့ သူဦးဆောင်တာလည်း မဟုတ်ဘူး။
          အင်္ဂလိပ်တွေ မြန်မာပြည် အောက်ပိုင်းကို သိမ်းပြီးကတည်းက ဗမာတွေက လက်နက်ကိုင် တော်လှန်ရေး လုပ်ခဲ့တာဗျ။ နောက်ပြီး တနိုင်ငံလုံး ပါသွားတော့လည်း လက်နက်ကိုင် တော်လှန်ရေးမှာ ဦးဆောင်သူက ဗမာတွေပဲ။ ၉ဝရာနှုန်းပဲ။တိုင်းရင်းသား တွေဘက်က ၅ရာခိုင်နှုန်းပဲ ရှိမယ်။မငြင်းနဲ့ဗျို့။ဒီတချက် သိပ်သေချာတယ်။နာမည်တွေ စီပြောရင်ကို ဆောင်းပါးတပုဒ်ဖြစ်မယ်။အနီးစပ်ဆုံးပြောရင် ဗိုလ်ချုပ်အဘိုး ဗိုလ်မင်းရောင်ဗျို့။ အဲဒီတုန်းက ဆရာတော်ကြီး မပေါ်သေးဘူး။ သူ့အသက ်တော်တော်ငယ်ဦးမယ်။ဒါပြီးပြီ။
          ဟုတ်ပါတယ် ဆရာရဲ့။ ဗိုလ်ချုပ်တယောက်တည်း ကြောင့်လို့လဲ မပြောပါဘူး။ဒါပေမယ့် သူက တကယ့် ဗိသုကာကြီးဗျ။တပ်မတော်ဖွဲ့တာကော လက်နက်ရှာတာရော တကယ်တိုက်တာရော နောက်ဆုံး အပြီးသတ် ဆွေးနွေးတဲ့ နေရာမှာလည်း သူပဲဗျ။ သူက အဓိက မင်းသားဗျ။ဒါပြီးပြီ။
          နောက်ပြီး တိုင်းရင်းသား ဘာသာစကားတွေ ဘာတွေ။ထားတော့ဗျာ။ ဒါပေမယ့် ကျနော်အမြင်က အဓိက ပြဿနာရှင်းရင် ကျန်တာတွေ အားလုံးရှင်းပြီလို့ ပြောတာဗျာ။ကဲ ဒါလဲပြီးပြီ။
          ခင်ဗျား နောက်ဆုံး ပြောတာတော့ မရှင်းဘူးဗျ။ ခြိမ်းခြောက်တာလား လို့တောင်ထင်တယ်။ ဒါတော့ မကောင်းဘူးဗျို့။သူများတောင် နာမည်တပ်ပြီး စွပ်စွဲသေးရင် ကိုယ့်ကိုဝေဖန်ရင်လည်း ဝေဖန်ခံနိုင် ရမှာပေါ့။
          နောက်ပြီး ကိုဇော်ရီရေ။ ခဏတော့ စောင့်ပါအုံးဗျာ။ ကျနော် ဒီကိစ္စကို အခုတကယ်ကို မဆွေးနွေး ချင်သေးဘူး။ ကြောက်လို့တော့ မဟုတ်ဘူး အချိန်ကုန်တယ်။ ကျနော် အခုလုပ်ချင်တာက ဗုဒ္ဓဖြစ်တော်စဉ်တခု ရေးချင်တာဗျ။ ခင်ဗျား တကယ်လို့ သိပ်ပြောချင်ရင် နောက်တလလောက် ဖြစ်ဖြစ်ကြာရင် ခင်ဗျားပြောချင်တာ တွေအားလုံး ဆောင်းပါးတပုဒ်ရေးပြီး တင်လိုက်။ ကျနော်ကူဆွေးနွေးမယ်။ ကဲကျေနပ်ပြီလား။ ကျနော် ဘုရားရှင် အကြောင်းရေးချင်လို့ပါ။ Request ပါ။

  • သဲနှင်း အိမ်

    April 15, 2012 at 11:23 am

    ကိုစံလှကြီးရေ…
    သစ္စက ပရိဗိုဇ်ကြီး အကြောင်းဖတ်ရတာ ကျေးဇူးပါ။ ညက ကျမ ဖတ်ပြီး ရယ်လိုက်ရတာရှင်။ ခုလည်း တစ်ခေါက် ပြန်လာဖတ်ပြီး ရယ်နေရတုန်းပါပဲ… ခစ်… ခစ်… ခစ်… ဟဲ ဟဲ ဟဲ… 😛

    • San Hla Gyi

      April 15, 2012 at 4:11 pm

      မသဲနှင်းအိမ်ရေ
      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမှန်လည်း ကျနော်ဒီဥပမာကို ပေးတာက အကြောင်းအရာတူတယ်လို့ ထင်တဲ့အတွက် ထိရောက်စေချင်တာရယ် နောက်ပြီးစာဖတ်ပရိတ်သတ် များကိုရယ်စေချင်တာလည်းပါတယ်။ ဘာလို့လဲဆိုတော့ ပထမပို့စ်တခုမှာတုန်းက တယောက်တခွန်းဖြစ်ပြီး ညှင်းနေတာတွေကို လျှော့စေချင်လို့ပါ။ မသဲနှင်းအိမ် ရယ်ရတယ်ဆိုလို့ ဆောင်းပါးမှာတုန်းက လေးသွားမှာစိုးလို့ ထားခဲ့တာလေးတွေကို ဆက်ပြောကြည့်မယ်။(ကွင်းထဲမှာပြောတာတွေက ဟာသနှောထားတာပါ။)
      တကယ်လည်း သစ္စကပရဗိုဇ်ကြီးဟာ ဝေသာလီပြည်မှာ သူ့ခေတ်အခါက ပညာရှင် ပဂေးကြီးတယောက်ပါ။ ဝေသာလီပြည်မှ သစ္စကပရိဗိုဇ် ဆရာကြီးပေါ့ဗျာ။ ဝေသာလီပြည်ကလည်း သူ့ခေတ်က တခုတည်းသော ဒီမိုကရေစီ နိုင်ငံကြီးပဲ။တကယ်ပြောတာပါ။ ဘာလို့လဲဆိုတော့ ဝေသာလီမင်းတွေဟာ တယောက်တည်းဆုံးဖြတ်လို့ မရပဲ ဂဏလွှတ်တော်ကြီးမှာ ညှိနှိုင်းတိုင်ပင်ပြီးမှ ဆုံးဖြတ်လို့ ရပါတယ်။ အလှည့်ကျစနစ်နဲ့လည်း အုပ်ချုပ်ရပါတယ်။ဒါကြောင့် အရမ်းလည်း ချမ်းသာပါတယ်။ (အော်ဇီတို့ ဘာတို့လိုပေါ့ဗျာ။)
      အဲဒါက ဗုဒ္ဓစာပေတွေမှာပါသလို အခုခေတ်ပညာရှင်တွေ တူးဖော်တော့လည်း ဒီအတိုင်းအထောက်အထား တွေတွေ့တယ်လို့ပါတယ်။ဒီမိုကရေစီ နိုင်ငံကြီးကိုး။ သစ္စကပရဗိုဇ်ကြီး ရဲ့မိဘတွေကလည်း ၂ယောက်စလုံးက သူတို့ခေတ်က အယူဝါဒငါးရာစီကို ပိုင်နိုင်တဲ့ ပညာရှင်တွေဗျ။နီတိကျမ်းတို့ ယုတ္တိဗေဒတို့ ဘာတို့ပေါ့။သူတို့က ပညာရှင်တွေပီပီ ပညာနဲ့ပက်သက်ရင် ပြိုင်ချင်လွန်းလို့ လှည့်ပတ်ရှာပြီးပြိုင်တာ အားလုံးကိုနိုင်တယ်ဆိုပဲ။
      သူတို့ ၂ ယောက်ကျတော့ ဝေသာလီပြည်မှာ တွေ့ကြပြီး ပြိုင်တော့ ၂ယောကစလုံး ပညာတူနေတော့ အကွက်မြင်တဲ့ ဝေသာလီမင်းတွေက ပေးစားပြီး သူတို့နိုင်ငံမှာ နေစေတယ်။ သီးသန့်အခွင့်အရေးတွေလည်းပေးတယ်။ဒါကြောင့် ဒီမိုကရေစီ နိုင်ငံတွေဟာ အဲဒီခေတ်ကတည်းက အမြင်ကျယ်တယ်။(အခုခေတ် citizenship တို့ဘာတို့ ပညာတော်သူတွေကို အလွယ်တကူပေးသလိုပေါ့။ အော်ဇီတို့ ဘာတို့လိုပေါ့ဗျာ။)
      ဒါကြောင့် သစ္စက ပရိဗိုဇ်ကြီးဟာ မိဘတွေကလည်း အစွမ်းကုန်သင် သူကိုယ်တိုင်လည်း self-study လုပ်တယ်ဗျ။ဒါကြောင့် အဲဒီဒီမိုကရေစီ ဝေသာလီပြည်ကြီးမှာ အရမ်းတော်တဲ့လူကြီး ဖြစ်လာတယ်။အရမ်းတော်လာတော့ မာနလည်းကြီးတယ်။ကျနော် ဗုဒ္ဓခေတ်စာထဲမှာ ဖတ်ဖူးတာက တခါတခါ ငါနဲ့ပြိုင်ရင် လူမပြောနဲ့ သစ်ပင်တောင်မခံနိုင်ဘူးလို့ တောင်ကြုံးဝါးဆိုပဲ။
      (သူ့ခေတ်က အိမ်နီးချင်း နို်င်ငံတွေက ပညာရှင်တွေကိုတော့ စာရင်းထဲတောင် မထည့်ဘူး။ကောသလတိုင်းတို့ ဘာတို့ပေါ့။အဲဒီက လူတွေလာရင်လည်း ဟာ မင်းတို့ ကောသလမင်းတို့ ဘာတို့က အာဏာရှင်တွေကွ။မင်းတို့ ပညာရေးတွေကလည်း မဆလပညာရေး အဲလေ မှိုင်းတိုက်ထားတဲ့ ကောသလပညာရေးကွ။သွားစမ်းပါ မင်းတို့ဘွဲ့တွေ မြောင်းထဲ ဘာညာပေါ့။ဒါကြောင့် ငါ့လိုဒီမိုကရေစီ ဝေသာလီပြည်ကြီးမှာ လေ့လာပါလို့ပြောတာ ဘာညာပေါ့။ခမျာများမှာ ခံကြရတာပေါ့။သူကလည်း ဒီမိုကရေစီ ဝေသာလီပြည်က သစ္စကပရိဗိုဇ်ဆရာကြီး ဝါ ဆရာကြီးသစ္စကကိုးဗျ။ ဟဲဟဲ ဟဲဟဲ-သစ္စကဆရာကြီး သူ့အကြောင်းပြောနေသဖြင့် သဘောကျပြီးရယ်သံ။)
      ဘုရားရှင်နဲ့တွေ့မှ အကျွတ်တရား ရသွားတယ်။ကံကောင်းတာပေါ့ဗျာ။ သူ့ထက် ကံဆိုးတာက အရှင်ဒေဝဒတ်ပါ။ ဘုရားရှင်က သံဃာကို သင်းခွဲတဲ့ကံက အဝီစိငရဲကို ရောက်မယ်လို့ ပြောတော်မူတာကို သူ့ကိုလှန့်တယ်ထင်ပြီး လုပ်တာမှာ မြေမျိုတော့တာပဲ။ ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ ဗိမ္မိသာရရုပ်ရှင်(ရုပ်ရှင်မင်းသားကြီးအေဝမ်းဦးတင်မောင်+ဒေါ်ကြည်ကြည်ဌေး) မှာသေသေချာချာ ရိုက်ပြတယ်။ ရှင်ဒေဝဒတ်အဖြစ် သရုပ်ဆောင်တဲ့(ရုပ်ရှင်သရုပ်ဆောင် ကိုစောဦး) နောက်ဆုံးအခန်းမှာ ရှင်ဒေဝဒတ်ကြီး နေရာက ဇေတဝန်ကျောင်းတော်ကို ကြည့်ရင်း ဗုဒ္ဓလို့အော်ပြီး မြေမျိုသွားတာကို ခုထိမှတ်မိတုန်းပဲ။ သံဃာကို သင်းခွဲတဲ့ကံပေါ့ မသဲနှင်းအိမ်ရယ်။

      • သဲနှင်း အိမ်

        April 15, 2012 at 6:56 pm

        ကိုစံလှကြီးရေ…

        ဖတ်ပြီး ရယ်လိုက်ရတာ အူတောင်လှိမ့်နေရပါတယ်ရှင်။

        အကိုပြောတဲ့ ဒီမိုကရေစီ ဝေသာလီပြည်က အဲဒီ သစ္စကပရိဗိုဇ်ကြီးအကြောင်းက တစ်ပုဒ် သပ်သပ်ကို ဖြစ်သင့်တာပါ။ ဒါမှမဟုတ်လည်း မြေမျိုသွားတဲ့ ဒေဝဒတ်အကြောင်းပေါ့… ဟဲ ဟဲ ဟဲ… (သစ္စကပရိဗိုဇ်ကြီး၏ ရယ်သံကို တုပခြင်း ဖြစ်ပါသည်။)

  • aungnng87

    April 15, 2012 at 1:05 pm

    ကိုစံလှကြီးရေ… အားပေးပါတယ်နော်။ ကိုစံလှကြီးရဲ့အလောင်းဘုရားကြောင်းတွေရေးထဲက ကောမန့်တွေပေးချင်နေတာ..။ မြန်မာဖောင့်ပျောက်နေလို့ ဒီနေ့မှရလို့ အခုမှဘဲကောမန့်ပေးရတော့တယ်။ မြန်မာနဲ့ရခိုင်ကြောင်းလည်းသိချင်သေးတယ်။ မြန်မာနိုင်ငံသားတ
    ယောက်အနေနဲ့ ကိုယ်နိုင်ငံရဲ့သမိုင်းကိုသေသေချာချာသိသင့်ပါတယ်။ဘယ်သူမှားသည်ဖြစ်စေ၊ဘယ်သူမှန်သည်ဖြစ်စေ အဲဒါ
    တွေဟာ ကိုယ်မဟုတ်ခဲ့ဘူး။ ကိုယ်တွေက အဲဒီဖြစ်ခဲ့တဲ့အပေါ်မှာ သင်ခန်းစာယူပြီး လက်ရှိမှာကောင်းကောင်းမွန်မွန် ဆက်ဆံနေထိုင်သွားရမှာပါ။

    • San Hla Gyi

      April 15, 2012 at 2:36 pm

      ကို Aungnng ရေ
      အားပေးတဲ့အတွက် ကျေဇူးတင်ပါတယ်။ ခင်ဗျား ပြောတဲ့အကြောင်းလည်း အခွင့်သင့်တဲ့အခါ ရေးဖို့စဉ်းစားပါမယ့်။ လောလောဆယ်တော့ မရေးနိုင်သေးပါဘူး။ ကျနော်လည်း အမှန်တော့ ရခိုင်တိုင်းရင်းသား တွေကိုလည်းကျနော့်အမျိုးတွေ လို့တကယ်ကို ခံစားပေးနိုင်ပါတယ်။ သမိုင်းအရ လည်းမှန်တယ်လို့ထင်တယ်။ ရခိုင်တိုင်းရင်းသား တချို့ကတော့ မကြိုက်ပါဘူး။ ဘာကြောင့်မှန်းတော့ မသိပါဘူး။မင်းနဲ့ငါနဲ့ အမျိုးအရင်းဆိုတာ အလွန်ကိုနွေးထွေးပါတယ်။
      နောက်ပြီးတော့ ကျနော်ပြောသလို ကျနော်က အမျိုးတွေဆီက ချေးထားတဲ့ အကြွေးတွေလည်း မကျေသေးဘူးပါဘူး။ရခိုင်ဘက်က အမျိုးတွေလည်း ပါတယ်ဗျာ။သူတို့ ငါးလုပ်ငန်းတွေကောင်းနေတုန်းက သူများတွေကို အားကျလို့ ဒီမိုကရေစီနိုင်ငံကြီး သွားလေ့လာမယ်ပြောလို့ အမျိုးတွေကလည်း ထုတ်ချေးခဲ့တယ်ခင်ဗျ။ အဲဒီတော့ ခဏတော့နေပါအုံးဗျာ ဟဲ ဟဲ။
      ပြီးတော့ သမိုင်းကအမှန် အတိုင်းပြောရရင် အလွန်ထိရှလွယ်သလို လေးတော့လေးပါတယ်။ ၂ ဘက်အမြင်တွေလည်းရှိတယ်။ဦးအောင်ဇေယျ အကြောင်းပြောမိတာက ယိုးဒယားဘက်က ပြောတာတွေ အတော်တော်များများ လွတ်နေလို့ ကိုယ့်ဘိုးဘွားတွေဘက်ကနေ ရပ်ပြီးပြောပေးတဲ့ သဘောပါ။မျှတတော့ မျှတရမှာပေါ့။ ဒါပေမယ့် ကိုယ့်အမျိုးတွေရဲ့ ကိစ္စတွေကျတော့ မတူဘူးဗျို့။ တခါတည်း ဆက်နေတဲ့ကိစ္စပြောလိုက်တာနဲ့ ပြဿနာတတ်နိုင်တယ်ဗျ။ ရေးတော့ ရေးပါမယ်။နောက်ပေါ့။

  • သဲနှင်း အိမ်

    April 15, 2012 at 8:20 pm

    ကိုစံလှကြီးရေ….

    ဟိုဘက်က သစ္စက ပရိဗိုဇ်ကြီးရဲ့ ပို့စ်တွေမှာ ကော်မန့် ပေးမရဘူး။ အက်ဒမင်တွေ ဘာများ လုပ်ထားတယ် မသိဘူး။ ကျမလည်း ရိုင်းရိုင်းစိုင်းစိုင်း တစ်ခါမှ သွားမပြောဖူးပါဘူး။ ဘယ်လိုလုပ်ရမလဲ။ ကယ်ကြပါဦး အရပ်ကတို့ရေ…

    • San Hla Gyi

      April 15, 2012 at 8:56 pm

      မသဲနှင်းအိမ်ရေ
      ဘယ်လိုများ ဖြစ်ရပြန်တာလဲ။ ညီမ ကွန်ပျူတာ အခက်အခဲ များတခုခုဖြစ်နေလို့လား။ Admin တွေကတော့ မလုပ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် လူဝါဒရှိသူတွေ ဆိုတာ သေသေချာချာ ပြောဘူးသလိုပဲ။ဒါကြောင့် အကိုဒီမှာဝင်ရေးတာပါ။ အကို့ထက် စိတ်ဓတ်မြင့်သူတွေပါ။ ညီမပြောတဲ့ ပရိဗိုဇ်ကြီး လုပ် မလုပ် ဆိုတာတော့ အကိုမသိပါဘူး။ အကို သူ့ပို့စ်တွေကို သေသေချာချာ မဖတ်လို့ပါ။ မသိတော့ မစွပ်စွဲနိုင်ဘူးပေါ့။ တခုခုတော့ အကြောင်းရှိနေပြီ ထင်တယ်။ ပရိဗိုဇ် တက္ကတွန်းများဟာ တခါတရံတော့လည်း အောက်လမ်းပညာတွေ တတ်တတ်တယ်။
      အကိုက အကိုပိုစ့်ကလေးကို အမျိုးတွေကို ဖတ်စေချင်လိုက်တာ။ ရန်ဖြစ်တာတွေ လျှော့စေချင်လို့ပါ။ လူတတ်ကြီး လုပ်ချင်လို့မဟုတ်ပါဘူး။ ရန်ဖြစ်စေနိုင်တဲ့ ပို့စ်ကိုတောင် အချင်းချင်း ဆွေးနွေးစေချင်လို့ တော်တော်ကြာကြာ Home Page မှာ တင်ပေးခဲ့သေးတာပဲ။ ဒီပို့စ်ကလေးက အမျိုးတွေတည့်အောင် ပြောတာပါ။
      ညီမရေ တချက်လောက် technical ပြဿနာ ရှိမရှိ စစ်ကြည့်ပါအုံး။ မရလဲ Admin တွေကို စာရေးပြီး အကူအညီတောင်းကြည့်ပါအုံး။ ကိုဘုန်းကျော်ကြီးရေ သိ မသိမသေချာပေမယ့် ကျနော်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်ဆိုရင် တောင်းပန်ခဲ့တယ်ဗျာ။ဒါပေမယ့် ကျနော် ခင်ဗျားကို တမင်စကားလုံးတွေနဲ့ မတိုက်ခိုက်ခဲ့ဘူးလို့ ထင်တယ်။ခင်ဗျားလည်း ခွင့်လွှတ်မှာပါ။

    • kai

      April 17, 2012 at 4:17 am

      ကောမန့်တွေမှာ.. လင့်ခ်တွေထားရင်.. spam ထဲဝင်တတ်တယ်လို့.. သတိထားပါ..
      ဒါက.. အော်တိုမစ်တစ်.. စက်ကလုပ်နေတာဗျ..
      တခါတလေကျ.. ကျုပ်ကမြင်ရင်..spam မဟုတ်ကြောင်း.. ပြန်လုပ်ပြီး.. ပြန်တင်ပေးတယ်..။

      • San Hla Gyi

        April 17, 2012 at 7:01 pm

        မင်္ဂလာပါ သူကြီးမင်းရေ။
        အခုမှပဲ ပေါ်လာတော့တယ်။ ဆောရီးပါ သူကြီးရယ်။ သူကြီး ကျနော့်ကွန်မန့် အောက်မှာ ရေးထားတာတွေ့လို့ ကျနော်ကပြန်လိုက်ပါတယ်။ ကာယကံရှင်ကိုယ်တိုင် တွေ့တော့လည်း သူပြောချင်တာ လာပြောမှာပေါ့ဗျာ။ သူကတော့ မိန်းကလေးဆိုတော့ သူပြောချင်ရာ ပြောတာပေါ့။ခွင့်လွှတ်လိုက်ပါ။နောက်ပြီး ကျနော်လည်း သူ့ကိုသူထင်သလို မဟုတ်နိုင်တဲ့ အကြောင်း ရှင်းပြခဲ့ပါတယ်။ သူကြီးလည်း မြင်မယ်ထင်တယ်။
        နောက်ပြီး သူဘာကွန်မန့်တွေ သွားပေးတယ် ဆိုတာမှ ကျနော်မသိတာဗျာ။ မိန်းကလေး ဆိုတော့လည်း ဘာရယ်မဟုတ် ရယ်ချင်လို့ဖြစ်မှာပါ။ စိတ်မဆိုးပါနဲ့။ သူကြီးအသံက စိတ်ဆိုးသံများ ဖြစ်နေသလား ဆိုပြီးကျနော်က ကြံဖန်စိတ်ပူလို့ပါ။
        ခွှင့်လွှတ်လိုက်ပါ။မသဲနှင်းအိမ်ရေ ဘုန်းကြီးအမှု ရွာပတ်ပြီဗျ။

        • kai

          April 17, 2012 at 11:39 pm

          မင်္ဂလာနှစ်သစ်ပါဗျာ..
          အင်း..ကျုပ်က.. ဒေါ်ဒေါ်မမသဲနှင်းကိုပြန်တာပါ..
          ကော်မန့်ဖွဲ့စည်းပုံအရ.. အဲလိုပဲ.. ပြန်စာတွေက.. အောက်ကိုအစဉ်အတိုင်းဆင်းသွားပါတယ်..။

          အဲ..
          ကျုပ်လေသံစိတ်ဆိုးနေပုံပေါက်သွားရင်.. ခွင့်လွှတ်ပါ..
          စိတ်မဆိုးတတ်ပါဘူး..
          ဆဲရင်တောင်.. စိတ်မဆိုးပါဘူး.. 😆

          တကယ်တော့ ဒီထဲရေးနေတဲ့..ကျုပ်အပါအဝင်.. တချို့ရွာသူားတွေက.. ကိုယ်ပိုင်အကျင့်လေးတွေရှိပါတယ်..။
          အဲဒါလေးတွေ နည်းနည်းကြာလာရင်မြင်တတ်လာမှာပါ..
          တော်တော်များများက..ရေးကြ..ဆွေးနွေးကြရင်.. သိပ် Seriousမဟုတ်.. ပေါ့ပေါ့ပါးပါး.. သဘောထားတတ်ကြတယ်လို့.. ထင်တာပါပဲ..

          အဲဒါလေးပြောထားချင်ပါတယ်နော..

        • San Hla Gyi

          April 18, 2012 at 7:03 pm

          အင်း သူကြီးရေ
          မင်္ဂလာ နှစ်သစ်ပါ။ သူကြီးမင်းက ဒေါ်ဒေါ်မမသဲနှင်းကို ပြန်တာသိပါတယ်။ ဒါပေမယ့် သူကလည်း ကျနော်စာတွေ ဖတ်ပြီရယ်ရတယ်ဆိုလို့ ကျနော်ကလည်း ကျနော့် ပရိတ်သတ်တယောက် မို့ပြောရာပြေကြောင်း ပြောပေးတာပါ။ ကျနော့်ကို မြှောက်ပေး အဲလေ အားပေးလို့ပါ။
          အမယ်လေး ပြောစရာတောင် မလိုပါဘူး။ အပြစ်လို့ မယူဆလို့ ခွှင့်လွှတ်စရာတောင် မလိုပါဘူး။ခွှင့်လွှတ်ဖို့ ဆိုတာတယောက်နဲ့တယောက် အပြစ်လုပ်တယ်လိုှ့ ထင်တယ်လူတွေ အတွက်ပါ။ကျနော်လည်း စိတ်မဆိုးပါဘူး။ဒါပေမယ့် ကျနော်ကို မှားတဲ့စကား တခုခုပြောတယ် ထင်ရင်တော့ ငြိမ်နေရင် အလိုတူအလိုပါ ဖြစ်မှာမို့ ပြန်တော့ ရှင်းပြတတ်ပါတယ်။သုံးတဲ့ စကားလုံးလေးတွေကတော့ ပထမပြောသူ ရဲ့အနိမ့်အမြင့် အတိုင်းပေါ့။
          ဟုတ်ပါပြီဗျာ။ကျနော်အကျင့် မရှိသေးတာဖြစ်မှာပါ။ “အဲဒါလေး ပြောထားချင်ပါတယ်နော”လို့ ဆိုတဲ့အတွက် ကျေးဇူးပါ။ ဆွေးနွေးတယ်ဆိုပေမယ့် ပထမဆွေးနွေးသူရဲ့ လေသံအသုံးအနှုန်း တွေအတိုင်း Reaction တော့ပြန်လာတတ်ပါတယ်။ ဒါကြောင့် ရေးတာမကြာသေးသူ တယောက်အတွက် တတ်နိုင်သမျှ အပြုသဘောဆောင် တဲ့ဆွေးနွေးမှုတိုင်းကို ကြိုဆိုပါတယ်။ဒါပေမယ့် မျှတော့မျှတရမှာပေါ့။

  • Lwin Aung

    April 16, 2012 at 11:41 am

    I praise you for your good good researched letter.

  • chityimhtoo

    April 16, 2012 at 12:13 pm

    ကောင်းတယ် ကို san hla gyi ဒီရွာထဲမှာက သင်္ဘောကပ္ပတိန်ဆိုတာနဲ့ မျက်နှာလိုက်တဲ့လူကများတော့သိပ်တောင်မမန့်ရဲဘူး။ကောင်းသဟ…သိပ်သိပ်ကောင်း

  • koaung

    April 16, 2012 at 12:34 pm

    အရေးအသားတွေကောင်းပါတယ်ဗျာ ဗဟုသုတတွေအတွက်ကျေးဇူးပါ အခုတလောခေတ်သစ်ဦးဖိုးကြွား အဲလေ ဦးဖိုးကြားတွေ လဖုဂျိ
    သူဌေးတွေ ထင်တာရေးတွေဖတ်ပြီး အစာမကြေတာကြာပေါ့ :mrgreen:

  • aungmyintmyat

    April 16, 2012 at 12:46 pm

    ဖတ်ရင်းနဲ့တောင် တော်တော်လေး လေးစားသွားပြီဗျာ။
    ထားလိုက်ပါ ဗမာတွေ၊ ရခိုင်တွေ အဲဒါတွေက တပ်ပြီး ရောင်းတဲ့ အအေးဆိုင်က ဖျော်ရည်လိုပဲ အမျိုးစုံ ရှိတာလေ။ တကယ်က လူ ဆိုတာကို သိဖို့ပဲနော်။ ကျွန်တော့်မန့်ကို လည်း မငြင်းကြပါနဲ့နော်။ တောင်းပန်ပါတယ်။ ဒီမန့်က ကိုစံလှ အရေးအသားကို ပဲ မန့်ချင်လို့။ ကျန်တာ ဘာမှ မပါပါဘူးနော်။ ကိုစံလှကြီးရေ ကျွန်တော်ကိုလည်း စာရေးနည်း သင်ပေးပါဦးနော်။(ဟဲဟဲရေ နည်းနည်းတော့ ပြောလိုက်ဦးမယ်နော် ဗမာတွေကို မကျေနပ်ရင် ဗမာစာကို မသုံးနဲ့နော်။ ဟုတ်တယ်လေ ဘာလို့သုံးမှာလဲနော့ အဲဒီလောက်မြင်ပြင်းကပ်စရာ ကောင်းတာကို မဟုတ်ဘူးလား ဟဲဟဲ။ ကိုယ့်ဘာသာ စကားပဲ ကိုသုံးနော်။ ဒါမှ ခင်ဗျား ဘာသာစကားကို ကျွန်တော်တို့ သိလည်းမသိ စိတ်လည်းမညစ်ရတာပေါ့နော်။)
    မမြင်ရတာ ကိလေသာ သူ့ဟာသူ ငြိမ်း၏။…………………………..အောင်မြင့်မြတ်

  • Gipsy

    April 16, 2012 at 12:52 pm

    တခုခု စဉ်းစားမိတယ် .. အဘ ..အဘ.. အဘ…ဆိုတာ
    မှုူးကြီး ၊ မှုးလတ် တွေကိုခေါ်တဲ့ နံမည်ပဲ…
    ဟိုက်….
    အဲ့သလိုဆိုရင်…
    ဟုတ်များဟုတ်နေမလား….။

    • San Hla Gyi

      April 16, 2012 at 6:31 pm

      ကဲ ကိုရွှေဗမာ အမျိုးအားပေးသူ အပေါင်တို့ရေ။
      အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်။ကျနော် ၂ ဘက်စလုံး ဘက်ကရပ်ပြီး ရေးခဲ့ပါတယ်။ ခင်ဗျားတို့လည်း စာတွေမှာ မြင်မှာပါ။ ဒါပေမယ့် ကျနော်က အမျိုးတွေအကြောင်းတော့ သိတယ်။ တော်တော် ခေါင်းမာတယ်ဗျ။ တော်ကြပါတော့ ဆိုကာမှ ကဲချင်တာက ရှိသေးတယ်။အဲဒီတော့ ကျနော်လည်း ပေါ့ပေါ့ပါးပါး လေးရေးချင်လို့ တော်တော်တန်တန် ကိစ္စတွေကိုလည်း ခင်ဗျားတို့ ကူပေး ဖြေပေးပါ။
      ကျနော်ပြောသလို ၂ဘက်စလုံးက အမျိုးတွေဆိုတော့ သိပ်တော့ စွပ်ပြီးမဆဲကြပါနဲ့။ ဟင်း ဒီအမျိုးတွေတော့ ခက်နေပြီ။သစ္စကပရဗိုဇ်ကြီးလို တော်တော်ခေါင်းမာတဲ့အမျိုးတွေဗျ။ အခု ကျနော် တကယ်ပြောချင်တာက ဒီမိုကရေစီ ဝေသာလီပြည်က ပညာရှိ သစ္စကပရဗိုဇ်ကြီး အကြောင်းဗျ။(ဟဲဟဲ ဟဲဟဲ-သစ္စကပရဗိုဇ်ကြီး သူ့အကြောင်း ပြောမည်ဆိုလို့ သဘောကျပြီးရယ်သံ)
      ပြောရရင် ဒီပရဗိုဇ် ကြီးကအမျိုးတွေကို ရန်တိုက်ပေးခဲ့တာဗျ။

  • NAJA

    April 16, 2012 at 5:20 pm

    မင်္ဂလာနှစ်သစ်ပါ.. ကိုစံလှကြီး..
    ပထမဆုံးပြောလိုတာက ကိုစံလှကြီးကိုကျွန်တော်လေးစားပါတယ် သမိုင်းနဲ့ပတ်သက်တဲ့ပို့စ်တွေတက်လာကတည်းက.. စောင့်ဖတ်နေတာပါ.. နောက်ထပ်ထပ်မရေးမှာတောင်စိုးရိမ်ခဲ့ပါတယ်… သာမန်လူတွေအတွက်နေ့စဉ်ဘဝမှာ သမိုင်းကိုသီးသန့်လေ့လာနေခွင့်မရတဲ့အချိန်မှာ ဒီဂေဇက်လောက်ပဲ လက်ကိုင်ထားတဲ့ ကျွန်တော်တို့လိုလူတွေ သမိုင်းကြိုက်တဲ့လူတွေအတွက် အတော်ကို အဆင်ပြေစေပါတယ်… ဒီဂေဇက်မှာ ဖတ်ခဲ့တာနဲနဲတော့ကြာခဲ့ပါပြီ သမိုင်းသုတေသီပဲဆိုဆို သမိုင်းရေးဆရာပဲဆိုဆို ကိုစံလှကြီးတစ်ယောက်ပဲမြင်ရပါသေးတယ်… အဲဒိအတွက် အရေးအသားတွေအဆက်မပြတ်သွားစေချင်ပါဘူး…
    ဆိုလိုချင်တာက ရောက်တာမကြာသေးတဲ့/ ဝင်ရေးတာမကြာသေးတဲ့… သမိုင်းကိုအချက်အလားစုံစုံလင်လင်ကိုးကားရေးနိုင်တဲ့ကိုစံလှကြီး ဂေဇတ်မှာ ဝင်ရေးတာမကြာသေးခင်မှာ မနေပျော်တဲ့အရပ်လိုဖြစ်သွားမှာ နေ့စဉ်ဂေဇတ်ကို အစဉ်တစိုက်ဖတ်တဲ့ စာဖတ်သူတစ်ယောက်အနေနဲ့ အင်မတန်စိုးရိမ်မိပါတယ်…

    တဖက်ကလဲ အဘဖောလို့ဆိုတဲ့ Foreign Resident ဟာလဲကျွန်တော် လေးစားရတဲံ ဂေဇတ်က စာရေးသူတစ်ယောက်ပါ… သူ့ပို့စ်အဟောင်းတွေကိုလဲ ပြန်ဖတ်ကြည့်ဖို့ကျွန်တော်တိုက်တွင်းပါရစေ… သူ့ ဘက်ကရှေ ့နေလိုက်တာမဟုတ်ရပါ… ဆိုလိုချင်တာက
    ကျွန်တော်လေးစားတဲ့ ဗဟုသုတအစုံ တွေး/ရေးပေးတဲ့ Foreign Resident နဲ့ ကိုစံလှကြီးတို ့ နှစ်ယောက် မတူတဲ့အမြင်နဲ့ မြင်မိရာကနေ တစ်ယောက်ယောက် မရေးတော့ပဲနေတော့မယ့်အဖြစ်ကို ကျွန်တော်မဖြစ်စေလိုလို့ပါ…

    ကျန်တဲ့လူတွေ ဘယ်လိုပဲ ဘေးက personal တွေထိခိုက်ပြောပါစေ
    ကျွန်တော်လေးစားတဲ့ ပညာရှင်တွေလို သတ်မှတ်ထားတဲ့ ကိုစံလှကြီးနဲ့ အဘဖော တို့နှစ်ယောက်ကိုတော့ အချက်အလက်အပေါ်မှာသာ ကွဲလွဲပြီး လူမှုရေးမှာ မကွဲလွဲစေဖို့ပါ…
    ဘာလို့အခုလိုမဆီမဆိုင်ဝင်ပြောရတာလဲဆိုတော့…
    ဘေးကနေ ဝင်ပြီး personal ဝင်ဝင်ပြီး တိုက်ခိုက်နေတတ်တဲ့ လူတွေကို ကျွန်တော်
    လူငယ်စကားနဲ့ပြောရရင် တော်တော်ကြီးကို “ချဉ်”မိပါတယ်…
    ကိုယ်ကျတော့ တစ်လုံးတစ်လေတောင် အကျိုးပြုတဲ့စာ မရေးဖူးပဲ တိုက်ခိုက်စရာကြုံလာမှ ဝိုင်းတိုက်ခိုက်ကြတာတော့ တော်တော်မကောင်းတဲ့အနေအထားတွေထင်လို့ပါ..
    ဒီထဲမှာ ကိုစံလှကြီးမပါဘူးလို့တော့ ယုံကြည်ပါတယ်…
    လေးစားလျှက်ပါ ကိုစံလှကြီး
    ဆက်လက်ပြီး သမိုင်းတွေ တူးဖော်ဝေငှနိုင်ပါစေ…
    ကျွန်တော်အမြဲအားပေးနေမယ့်အကြောင်း……

  • San Hla Gyi

    April 16, 2012 at 6:50 pm

    ပြောရရင် ဒီပရဗိုဇ် ကြီးကအမျိုးတွေကို ရန်တိုက်ပေးခဲ့တာဗျ။
    အင်း အခုလိုအားပေးတဲ့ အတွက်ကျေးှဇူးတင်ပါတယ်။ အမှန်တော့ ကျနော်အဲဒီလို သဘောထား မရှိပါဘူး။တကယ်ပါ။ကျနော်ကို ခေါင်းတပ်ပြီး ဆဲစာပို့ရင်တောင် ကျနော်ဂရုမစိုက်ပါဘူး။ဒါပေမယ့် ဒီပို့စ်က တကယ်တော့ တိုင်းရင်းသားတွေကြားမှာ ပြဿနာအများကြီး ဖန်တီးခဲ့လို့ ဝင်ရှင်းရတာပါ။
    ဟုတ်ပါပြီ။ ခင်ဗျားကို လေးစားလို့ ကျနော်နောက်ထပ် ကျနော့်ဘက်က လုံးဝစပြီး မတိုက်ခိုက်တော့ပါဘူ။ကျနော်ကို ခေါင်းတပ်ပြီး ပြဿနာမရှာရင်ပေါ့ဗျာ။ ကျနော် ကိုဘုန်းကျော်ပို့စ်မှာ ဝင်ထောက်တာက မနေနိုင်လို့ပါ။ ဒါလည်း ကျနော်သူ့ကို နာမည်တပ်ပြီး မတိုက်ခိုက်ခဲ့ဘူးထင်တယ်။
    ဒါဆို ခင်ဗျားကို ကျနော် request တခုလုပ်ရအုံးမယ်။ကျုပ်အမျိုးတွေက သိပ်ပြီးခေါင်းမာတယ်ဗျ။ ကျနော်က နယ်ကအမျိုးတွေရော ဗမာအမျိုးတွေရော တော်ကြပါတော့ ဆိုတာကို တချို့ကရောင့်တတ်ချင်တာကရှိသေး။ မေးခွန်းတွေမေးတာကရှိသေး။ဖြေတော့ဖြေနိုင်တယ်။ ဒါပေမယ့် ကျုပ်ပါးစပ် ကျုပ်သိတယ်ဗျို့။ပြောရင်းနဲ့ လွန်သွားမှာဆိုးလို့ပါ။ဟင်း ဒီအမျိုးတွေနဲ့တော့ ခက်ပြီ။သူတို့ကို ကူပြီးဖြောင်းဖြပေးပါအုံး။တကယ်ပြောတာပါ။
    နောက်လဲ အားပေးပေါ့ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 17, 2012 at 10:01 am

    သိပ်ကောင်းတာဘဲ
    သမိုင်းဆရာတွေ သမိုင်းကြောင်းရေးရာကနေ
    အတင်းတုတ်တဲ့လိုင်းဖက်ပြောင်းလာဘီ
    ဘဲရီးဂွတ် ဘဲရီးဂတ် ဆက်တုတ်ဂျ 😀 😀 😀

    • San Hla Gyi

      April 17, 2012 at 7:18 pm

      နေအုံး နေအုံး ကိုမိုက်ကယ်ဂျော်နီအောင်ဘုရေ။
      အရင်ကွန်မန့် တွေတုန်းက ခင်ဗျားဆဲဆိုနေတာတွေ့လို့ ကျနော်ဘာမှ ပြန်မဖြေလိုက်ပေမယ့် အခုတော့ ကျနော်ပြန်ဖြေလိုက်မယ်။ခင်ဗျားကတော့ ဒဲ့ပြောမှသဘောပေါက်နိုင်လို့ ဒဲ့ပဲပြောမယ်။ အတင်းတုတ်တယ်လို့ မပြောနဲ့ကိုယ့်လူရေ။ ခင်ဗျားအမြဲတမ်း ပုလင်းတူဘူးဆို့ ချီးကျူးနေတဲ့ ခင်ဗျားဆရာကြီးက ကျုပ်ကို နာမည်တပ်ပြီး စကားလုံးမျိုးစုံနဲ့ ကိုတိုက်ခိုက်တာလေ။ ဒါကြောင့် မတရားမှုကို ငြိမ်နေရင် အလိုတူအလိုပါ ဖြစ်မှာမို့ တုန့်ပြန်လိုက်ရတာဗျာ။အမှန်တော့ ကျနော်ကို ဆဲရုံဆိုရင်တောင် ဘာမှပြန်မဖြေရှင်းဘူး ကိုယ့်လူရေ။
      နောက်ပြီး သူက ကျနော်မဖတ်မှာစိုးလို့ တမင်ကိုလာဖတ်ခိုင်းပြီး တိုက်ခိုက်တယ်လေ။ဒါကြောင့်ပါ။ ကိုအောင်ဘုရေ နည်းနည်းလေး ၂ ဘက်မျှကြည့်ပါ ဆရာရဲ့။နောက်ပြီး ကိုယ့်ကိုဝေဖန်တာ ဒေါသထွက်ရင် သူများကိုလည်း စပြီးနာမည်တပ်ပြီး မတိုက်ခိုက်နဲ့ပေါ့ ကိုယ့်ဆရာရဲ့။ခင်ဗျားတို့ ကလည်း တော်တော်ကို မမျှတပါလားဗျ။

  • Swal Taw Ywet

    April 18, 2012 at 12:01 am

    Dear brother,
    ဒါပေမယ့် ဒီပို့စ်က တကယ်တော့ တိုင်းရင်းသားတွေကြားမှာ ပြဿနာအများကြီး ဖန်တီးခဲ့လို့ ဝင်ရှင်းရတာပါ။???????
    Is it sure ?
    I don’t think so.
    In my point of view,
    Author FR tried to show the root causes of the problems of national unity and
    over 50 years long civil war.
    Our country need a nation wide discussion for Peace.
    He high lighted only one topic for that issue.
    He tried his best and he did nothing wrong. ( May be he needed more detail. )

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

    • San Hla Gyi

      April 18, 2012 at 7:15 pm

      အင်းခင်ဗျားက အဲဒီလိုမထင်ပေမယ့် ကျနော်က အဲဒီလိုထင်လို့ ပြန်ရှင်းပါတယ်။အယူအဆတွေ လဲလွဲနေတယ် ထင်လို့ပါ။ကျနော်ကွန်မန့်တွေမှာလည်း ရှင်းပြထားတယ်။ ခင်ဗျားနဲ့ကျနော် ကတော့ မတူတဲ့အမြင် ရှိမှာပေါ့ဗျာ။ လူချင်းမှ မတူတာကိုး။
      ဒါပေမယ့် ကျနော်စိတ်ထင် အခုရက်ပိုင်းဖြစ်တဲ့ ကိစ္စတွေက တိုင်းရင်းသားတွေက ဗမာတွေကို ပြောချင်သလောက်ပြော(ဟုတ်တာရော မဟုတ်တာရော) တရားတယ်ဆိုပြီး ဖြစ်နေပါတယ်။ဒါတော့ လက်မခံနိုင်ပါဘူး။ကျုပ်အမျိုးတွေ အကြောင်းကျုပ်သိတယ်။ ကိုယ်လုပ်တာဆို မပြောပဲနဲ့သူများကို စွပ်စွဲဖို့ အလွန်ဝါဿနာပါသူတွေဗျ။
      ခင်ဗျား mother land ကိုချစ်တယ်ဆိုလို့ ဝမ်းသာတယ်ဗျာ။ သွေးချင်းတူသွားပြီ။ ကျနော်ကလည်း ညအိပ်ရင်းတောင် ချစ် ချစ် ချစ် ဆိုပြီးယောင်တတ်တယ်ဗျ။

  • သဲနှင်း အိမ်

    April 18, 2012 at 9:10 pm

    ကျေးဇူးတင်ပါတယ် ဒဂျီးရေ…။ အပေါ်မှာ ပေးမရလို့ ဒီအောက်မှာပဲ လေးစားစွာ မန့်လိုက်ပါတယ်။ Comment ပေးလေ့မရှိတော့ Link ပါရင် Spam ထဲ ရောက်သွားတာ မသိလို့ပါ။ စကားမစပ် ဒဂျီးတို့မှာ ကိုယ်ပိုင်အကျင့်တွေရှိသလို ကျမရဲ့ ညဉ်ဆိုးလေးတွေကိုလည်း သည်းခံပေးကြပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်မှန်းမသိ၊ ငယ်ငယ်တည်းက အငြင်းအခုန်သန်နေတာ ခက်တယ်။ ကျမက ဂေဇက်ကို ၂၀၁၁ လောက်ကတည်းက စဖတ်ခဲ့တာပါ။ ဘဖောရဲ့ ပို့စ်တွေလည်း ဖတ်ဖူးပါတယ်။ (စာရေးဟန်တော့ သိပ်မကြိုက်ပါ)

    ဂေဇက်ထဲ ဖတ်မိတာတွေထဲက သိပ်မဝေးတဲ့ မှတ်မှတ်ရရတစ်ခုတော့ ပြောချင်ပါတယ်။ မစန္ဒီဆိုတဲ့ ပထမဆုံး ပို့စ်တင်တဲ့ ကောင်မလေးတစ်ယောက် ထင်တာပါပဲ။ “တို့မြေ တို့ရေ တို့မန်းလေးနှင့် တို့ ယုတ်ယုတ်များ” ဆိုတဲ့ ပို့စ်လို့ ထင်ပါတယ်။ အဲဒီပို့စ်မှာ ကလောင်သစ် စာရေးဆရာမလေးခမျာ မြန်မာပြည်ဖွား ကပြား အဘအား တောင်းပန်ပါတယ်လို့တောင် ရေးရပါတယ်။ အဲဒါကို အဘဖောခဗျာ စိတ်သဘောထား ပြည့်ဝစွာနဲ့ “ဖက်ပြိုင်ပြောရတာ စိတ်လေတယ်… သနားတယ်… ကမ္မသကာ…” စတဲ့ စတဲ့ ခနဲ့တဲ့တဲ့ သရော်တော်တော် စကားလုံးတွေနဲ့ ရေးခဲ့ပါတယ်။ ဒဂျီးတို့လည်း ဖွခဲ့တယ်လို့ ထင်ပါတယ်။ ဒါတင်မက ဘဖောရဲ့ စဉ်းစားစေချင်ပါတယ် (၁၈) ပို့စ်ထဲက ကော်မန့်မှာလည်း ထပ်တစ်ခါ အစဖော် Link တင်ပေးပါသေးတယ်။ မိန်းကလေး တစ်ယောက်ကို အဲလို ဝိုင်းပြီးရေးတာမျိုးက ဒဂျီးတို့ပြောတဲ့ Serious မထားတဲ့ ပေါ့ပေါ့ပါးပါး ဆွေးနွေးမှုလားရှင်။ ဂေဇက်က သခင် စာနယ်ဇင်းသမားတွေရဲ့ မူဝါဒလားရှင်။ ဒါမှမဟုတ် ဘဖောကြီး ယောင်နေကျဂါထာဖြစ်တဲ့ ပညာတတ် လူယဉ်ကျေးတွေရဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်၊ ဆွေးနွေး ငြင်းခုန်မှုတွေလား ဆိုတာ သိချင်ပါတယ်။

    အဲဒီမစန္ဒီကို ကျမလည်း မသိပါဘူး။ ကိုစံလှကြီးကိုလည်း ကျမ မသိပါဘူး။ ဒါပေမဲ့ မစန္ဒီလိုမျိုး ဖြစ်မှာ စိုးတာကြောင့် ကမန်းကတန်း Register လုပ်ပြီး ဝင်ရေးဝင်ပြောမိရခြင်းပါ။ ဒါပေမယ့် များများစားစား မပြောဖြစ်ခဲ့ပါဘူး။ ကိုစံလှကြီးက တောက်မည့်မီးခဲဆိုလေတော့ ကျမထက်တောင် ပိုပြီး ပြင်းထန်တိကျ ပြတ်သားတဲ့ စကားလုံးတွေနဲ့ ပြောသွားလေတော့ ကျမလည်း ပြောဖို့ မရှိတော့အောင် ဖြစ်ခဲ့ပါတယ်။ သူက မဖွခင်ကတည်းက ပွနေတော့ ခက်တယ်။ ဒါကြောင့် ဝင်ရယ်နေမိတာပါ။ သဘောလည်း အင်မတန်ကျပါတယ်။ Bravo ကိုစံလှကြီးရေ… ပြီးတော့ ကိုစံလှကြီး ပြောသွားတဲ့အထဲမှာ မရိုင်းသော်လည်း ထိရောက်တဲ့စကားလုံးတွေ ပါပေမယ့် အထက်က မစန္ဒီကို ပြောသွားသလိုမျိုး ချိုးချိုးဖဲ့ဖဲ့ စကားလုံးတွေ မပါဘူးလို့ ထင်ပါတယ်။ ကျမကတော့ ခံစားချက်နောက် လိုက်မိတော့ ပါချင်ပါမိပါလိမ့်မယ်။ အဲဒါပါပဲ။ ဂေဇက်နဲ့ ကျမပက်သက်ခဲ့သမျှက ဒါလေးပါပဲ။ ဒဂျီးလည်း နားလည်မယ်လို့ ထင်ပါတယ်။ ကျမက ဂေဇက်ကို အမြဲစောင့်ဖတ်နေတဲ့ စာဖတ်ပရိသတ်တစ်ဦးပါ။ ခုတော့ ဝေဖန်ရေးနဲ့ လေကန်ရေးပါ ဝင်လုပ်မိနေပါပြီ။ (စိတ်ထဲ မမျှတဘူး ထင်မိတဲ့အခါပေါ့ရှင်)

    လေးစားပွင့်လင်းစွာဖြင့်

  • windtalker

    April 19, 2012 at 10:38 am

    ကိုစံလှကြီးရေ
    ရွာထဲကို မဝင်ဖြစ်တာကြာပါပြီ ။ သည်နေ ့မနက်မှ အသိမိတ်ဆွေ ရွာသူတစ်ယောက် က ဖုန်းဆက်လာပြီး ၊ “ကိုစံလှကြီး” ပို ့စ် အရမ်းကောင်းကြောင်း ပြောလာလို ့၊ အင်တာနက်ကဖေး ကို အပြေးလေးလာပြီး ဖတ်ကြည့်လိုက်မှ ၊ ဟက်ထိသွားရတယ်ဗျာ ။ ကျုပ် က ဘာဘာညာညာသိတဲ့ကောင်မဟုတ်တော့အခါကြ ၊ ကွန်မင့်တွေ ဘာတွေ သိပ်မပေးတတ်ဘူးဗျာ ။ ဒါပေသည့် “ကိုစံလှကြီး” ရဲ ့အခုပို ့စ် ကို ဖတ်အပြီးမှာတော့ ကျေနပ်အားရ ဖြစ်မိတာ တစ်ကယ်ပါဘဲဗျာ။ ဘာလို ့လဲဆိုတော့ ရွာထဲကို နောက်ဆုံးဝင်ဖတ်ဖြစ်တဲ့ စာအပြီးမှာ ၊ အဖေဗမာ အမေမွန် က မွေးဖွားလာတဲ့ ကျုပ်မှာ ၊ ကျုပ်တို ့လူမျိုးတွေကို စော်ကားခံရတယ် ၊ ခုတုံးလုပ်ခံရတယ် လို ့ စိတ်ခုလွန်းကြီး ခဲ့လို ့ပါဘဲ ။
    ဆိုတော့က…
    မြှောက်တယ်လို ့ဘဲထင်ထင် အားပေးတယ်လိုဘဲ ထင်ထင် ၊ ကိုစံလှကြီး ရဲ ့အရေးအသားများကို စောင့်မျှော်နေမယ့်အကြောင်း ကွန်မင့်ပေးခဲ့ပါတယ် ခင်ဗျား ။
    ကိုစံလှကြီး ကို အမြဲအားပေးမည့်သူ
    မောင်ပေ
    (မှတ်ချက်… သည်ပို ့စ်မှာ ရွာသူရွာသားကြီးတွေ ပျောက်နေတာ ကို အီးတစ်တယ်ဗျာ )

  • San Hla Gyi

    April 19, 2012 at 7:14 pm

    ကို Windtalker ရေ
    အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ကျနော်ဒီပို့ှစ်ကို တကယ်ခံစားချက်နဲ့ ရေးခဲ့တယ်ဗျာ။ တကယ်ပါ။ ကျနော် တိုင်းရင်းသားတွေကိုလည်း အမျိုးတွေလို့ ခံစားပေးနိုင်ပါတယ်။ တကယ်ပါ။ခွဲထွက်မှာကိုတော့ လုံးဝသဘောမတူပါ။ (တကိုယ်ကောင်း ဆန်တယ်ပဲပြောပြော)
    နောက်ပြီး ကျနော်အနှစ်ချုပ်ပြောရရင် တော်ပြီ အတိတ်ကဟာတွေ မေ့လိုက်တော့။ရှေ့သို့ ဘယ်လိုချီတတ်မလဲ ပဲစဉ်းစား။နောက်ပြီး တိုင်းရင်းသားသမိုင်းတွေမှာ လည်းအမှားတွေပါတယ်။ (ကိုယ်လုပ်တာကို ဖျောက်ထားခြင်း)
    နောက်ပြီး တဘက်ဆောင်းပါးရှင်ဟာ သူ့ဆောင်းပါးမှာ personal တိုက်ခိုက်တာ မပါဘူးဆိုပေမယ့် သူ့ဆောင်းပါးက အဲဒီထက်ဆိုးတဲ့ ဗမာအမျိုးသားအားလုံးကို စော်ကားတဲ့ အသုံးအနှုန်းတွေပါတာ မေ့နေပုံရတယ်။ နောက်ပြီး သူတခါတုန်းက ဒီလိုပဲအသစ်ရေးခါစ အမျိုးသမီးလေးတဦးကို ဒီလိုပဲ ပြင်းထန်စွာ ဝေဖန်လို့ အဲဒီကလောင်သစ် ကလေးခမျာ တခါတည်းတောင် ပျောက်သွားသလိုပဲ။ ကျနော်ကတော့ မလုပ်သင့်ဘူးလို့ အဲဒီကတည်းက ထင်တယ်။(အပြုသဘော ထောက်ပြရမဲ့အစား)
    ကျန်လူတွေ ပျောက်နေတာကတော့ ကိုယ့်အကြောင်းနဲ့ကိုယ် ဖြစ်မှာပေါ့ဗျာ။ ကြုံလို့ ပြောရအုံးမယ်။ ဒေါက်တာသန်းထွန်းက “သမိုင်းသင်တာ မအအောင်လို့” ပြောခဲ့တယ်မဟုတ်လား။ဒါနဲ့ သူ့တပည့်တွေက “ဒါဖြင့်သမိုင်းသင်ပြီး အသွားတဲ့လူတွေကကောလို့” မေးတော့ သူက”သမိုင်းသင်ပြီး သတ္တိမရှိရင်လည်း အသွားတတ်တယ်လို့” ဖြေတယ်တဲ့။
    စာကိုအပျော်တမ်း ရေးသူတယောက်အတွက် ကတော့ကိုယ့်စာဖတ်ချင်သူ တဦးပဲရှိတယ် ဆိုရင်တောင် အဲဒီအတွက်တော့ ရေးသင့်တာပေါ့။နောက်လဲမြှောက်ပေး အဲလေ အားပေးပေါ့ဗျာ။ မှားတာတွေ့လည်း သတိပေးပေါ့ဗျာ။ အမျိုးတွေပဲဟာ။ကျေးဇူးတင်တယ်ဗျို့။

  • သဲနှင်း အိမ်

    April 25, 2012 at 7:38 pm

    ဆောင်းပါးအသစ် မရေးတော့ဘူးလား ကိုစံလှရေ…။ စောင့်ဖတ်နေတယ်နော်။

    လေးစားစွာဖြင့်

    • San Hla Gyi

      April 25, 2012 at 8:54 pm

      မသဲနှင်းအိမ်ရေ
      အခုလို အမြဲတမ်း လာမြှောက်ပေး အဲလေ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်ရေးဖို့ စိတ်ကူးထားတာတော့ ရှိပါတယ်။ အခုတလော ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေနဲ့ အလုပ်ရှုပ်နေတာရယ် နောက်ပြီးတော့ ရေးရင်လည်း principal တခုကိုကိုင်ပြီး သေချာမှ ရေးချင်လို့ပါ။ ဒီလိုပဲ ဖတ်ချင်တယ်လို့ ပြောသွားတဲ့ မိတ်ဆွေများ အတွက်လည်း ကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးချင်လို့ပါ။ ရေးတာသိပ်မကောင်းပေမဲ့ ကိုယ်ကတော့ အတတ်နိုင်ဆုံး ကောင်းအောင် ရေးချင်လို့ပါ။
      ကျေးဇူးတင်ပါတယ်။ နောက်လဲ အားပေးပါအုံး။

Leave a Reply