ဂေးဇက်ကို လွမ်းနေခဲ့တဲ့ ကျွန်တော်

လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ကျွန်တော်ဟာ လုပ်ငန်းပြောင်းရွှေ့ခဲ့ရမှုတွေကြောင့် ကျွန်တော်ချစ်တဲ့ ဂေးဇက်နဲ့ ဝေးနေခဲ့ရပါတယ် အခုဆိုရင် ကျွန်တော်ဟာ မြန်မာပြည်ရဲ့ အစွန်အဖျားက နယ်မြို့လေးတစ်မြို့ အနီးမှာ ရောက်နေခဲ့ရပါတယ် မြို့ကလေးပေါ်မှာ မဟုတ်ပါဘူး မြို့ကလေးအနီးမှာပါ အဲဒီတော့ ကျွန်တော့်မှာ ဂေးဇက်နဲ့ ဝေးကွာနေခဲ့ရပြီပေါ့ ယုတ်စွအဆုံး တီဗွီတောင်မှ မကြည့်ရပါဘူးဗျာ

ရွေးကောက်ပွဲရဲ့ ရလဒ်ကို ဟိုလူ့မေး ဒီလူ့မေးနဲ့ ၃ ရက်လောက်နောက်ကျပြီးမှ သိခဲ့ရပါတယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်ပွဲကို အဝေးတစ်နေရာကနေပဲ ဝမ်းသာခဲ့ရပါတယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကျွန်တော်ထင်ထားတာထက် ပိုပြီးအောင်မြင်ခဲ့လို့ အံ့ဩ ဝမ်းသာ ဖြစ်မိရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် လက်ရှိလုပ်နေတဲ့ နေရာကို မရော်ခင် ယခင်အလုပ်မှာတုန်းက ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်လောက်ပဲ လိုတော့ချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လာရောက်မဲဆွယ်ခြင်းမျိုး မရှိခဲ့ပါဘူး ကြံ့ဖွံ့ကသာ လာရောက်မဲဆွယ်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ဒါ့ကြောင့် ဒီတစ်ကြိမ်လဲ ဒီနယ်မှတော့ ကြံ့ဖွံ့ပဲ ရတော့မယ်နဲ့ တူတယ် ထင်တယ်လို့ တွေးတောမိခဲ့ပါတယ် အခုလို အောင်မြင်မှု ကြီးမားခဲ့မှုကိုလဲ အခြားတစ်ဖက်အနေနဲ့ စိုးရိမ်စိတ် ဖြစ်ပေါ်ခဲ့ မိပါသေးတယ် တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ မြန်မာပြည်သူတွေ လက်ရှိမှာ အမြင်ကျယ်မှု နည်းပါးနေသေးချိန်မှတောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်အနေနဲ့ အောင်မြင်ခဲ့တယ်ဆိုရင် နောက်လာမယ့် ရွေးကောက်ပွဲမှာ အခြေအနေမဟန်မှန်း ရိပ်စားမိနေမှာပါ

အဲဒီအခါ စစ်တပ်ရဲ့ အာဏာသိမ်းမှုတွေ ထပ်မံပေါ်ပေါက်လာမှာကို စိုးရိမ်မိတာပါ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အစိုးရကို ခြေလှမ်းနောက်ပြန်မလှည့်စေဖို့ ထိန်းကျောင်းပေးဖို့ လိုအပ်ပါလိမ့်မယ် သူလုပ်သမျှ အရာအားလုံး သဘောမတူနိုင်ဘူး လက်မခံနိုင်ပါဘူးလို့ အမြဲတမ်း ငြင်းဆန်မနေပဲ ဖြစ်သင့်တဲ့အရာ မှန်ကန်တဲ့ အရာဆိုရင် ထောက်ခံပေးရပါမယ် ကောင်းရာမွန်ရာ လုပ်ရင် ချီးကျူးပေးရပါမယ် မတရားလုပ်တာမျိုးတွေ ရှိခဲ့ရင်တော့ ရှုံ့ချပေးရပါမယ် ကန့်ကွက်ပေးရပါမယ် လူသိရှင်ကြားဖြစ်အောင် ထုတ်ဖော် ပေးရပါမယ် ဝန်ကြီးဌာန တစ်ခုချင်းစီအလိုက် ချီးကျူးခြင်း ရှုံ့ချခြင်းတွေကို လုပ်ဆောင်သွားရပါမယ် ကောင်းတဲ့ဌာနကို ကောင်းသလို ဆက်ဆံပြီး ဆိုးတဲ့ ဌါနကို ဆိုးသလို ဆက်ဆံဖို့ လိုအပ်ပါလိမ့်မယ်

နောက်ပြီး အနောက်နိုင်ငံတွေအနေနဲ့ မြန်မာပြည်အပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင်တွေကို ဖြေလျှော့သင့်တာတွေ ဖြေလျှော့ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ၊ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ၊ ဆုံးဖြတ်တယ်ဆိုတဲ့ သတင်းတွေကို ခုတလော ကြားသိနေရပါတယ် ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်အရ အဲဒါဟာ မြန်မာပြည်အတွက် ကောင်တဲ့ လက္ခဏာပါပဲ ဆန်ရှင်တွေ ပြန်ဖွင့်ပေးလိုက်လို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာခဲ့ပြီဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာဖို့ရှိပါတယ် အလုပ်လက်မဲ့ဦးရေ လျှော့ပါးလာနိုင်ပါတယ် စီးပွားရေးအခြေအနေ တိုးတက်လာနိုင်ပါတယ် ကျန်းမာရေး ပညာရေး မြင့်မားလာပါလိမ့်မယ် အတွေး အခေါ်တွေ အဆင့်အတန်းတွေ အကုန်လုံးတိုးတက်ပြောင်းလဲလာဖို့ ရှိပါတယ် မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းမှန်ပေါ် စတင်ရောက်ရှီလာပြီလို့ ထင်မိပါတယ်

အဲဒီလို လမ်းကြောင်းမှန်ပေါ် ဦးတည်လာနေတဲ့ အချိန်မှာမှ တိုင်းရင်းသား စည်းလုံးညီညွတ်မှုတွေ ပြိုကွဲစေနိုင်မယ့်  အဘဖောရေးတဲ့ ပို့စ်ကို ဖတ်ရတဲ့အခါ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေမိပါတယ် စေတနာနဲ့ ပြောတယ်ပဲဆိုဆို ဉာဏ်အလင်း ဖွင့်ပေးတယ်ပဲပြောပြော အဲဒီလို သွေးကွဲစေနိုင်မယ့် အရေးအသားမျိုးကိုတော့ မရေးသားသင့်ဘူးလို့ ထင်ပါတယ်အဘဖောအနေနဲ့ သွေးကွဲစေလိုတဲ့  ရည်ရွယ်ချက်နဲ့ ရေးတာမျိုး ဖြစ်ကောင်းမှ ဖြစ်နိုင်တယ်ဆိုပေမယ့် အဲဒီလို အနေအထားမျိုးဆီ ဦးတည်သွားခဲ့ပါတယ် နဂိုကမှ တစ်ဦးနဲ့တစ်ဦး အထင်အမြင် လွှဲမှားမှုတွေ လံးဝကြီး ကင်းစင်ပပျောက်မှု ရှိမနေခင်အချိန်မှာ အဲဒီစာဟာ အတိုင်းအတာတစ်ခုအထိ ရောက်သွားနိုင်ပါတယ် အကယ်၍ ပြည်ထောင်စုကြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရင် နီးစပ်ရာနိုင်ငံတွေရဲ့  ဝါးမျိုသွားခြင်းတွေကို  ခံရကောင်းခံရနိုင်ပါတယ် နောက်ပြီး တောင်ကြီးတို့၊  မြစ်ကြီးနားတို့ ၊ ဘားအံတို့ကို သွားချင်ပြီဆို ဗီဇာလုပ်နေရပါဦးမယ် သူတို့တွေလဲ ထိုနည်းလည်းကောင်းပါပဲ ရန်ကုန်တို့ ၊ မန်းလေးတို့အတော့်ကို လာချင်ပြီဆို ခုလိုတွေ လွယ်လွယ်နဲ့ လာလို့ မရတော့ဘူးပေါ့ အတော့်ကိုမဖြစ်သင့်တဲ့ အခြေအနေပါ

လွှတ်တော်ထဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရောက်ရှိလာပြီး လွှတ်တော်အစည်းအဝေးတွေမှာ သူတင်ကိုယ်တင် အပြန်အလှန် ဆွေးနွေးကြတော့မယ့် အနေအထားတွေ ရောက်ရှိလာတော့မယ်လို့ ထင်ပါတယ် ကျွန်တော်လက်ရှိရောက်နေတဲ့နေရာက တီဗွီလိုင်းတောင် မရှိလေတော့ လွှတ်တော်အစည်းအဝေးတွေရဲ့ ပုံစံတွေကို ကြည့်ရဖို့တော့ ဝေးပြီပေါ့ဗျာ အမေစုရဲ့ လွှတ်တော်အတွင်း မေးမြန်းမဲ့ မေးခွန်းတွေ ၊ ပြင်ဆင်ဖို့ ကြိုးစားမယ့် ဥပဒေတွေ ၊ လူထုအခွင့်အရေးအတွက် တင်သွင်းလာမယ့် အဆိုပြုချက်တွေကို မျက်ဝါးထင်ထင် မမြင်နိုင်တော့ဘူးပေါ့ဗျာ

ဟိုးအရင်ကဆို အချိန်နည်းနည်းရလို့ ဂေးဇက်ထဲ ဝင်ကြည့်လိုက်ပြီ ဆိုရင်မသိရသေးတဲ့ သတင်းတွေလဲ သိရသလို၊ ထင်မြင် ယူဆချက်တွေလဲ သိရတယ် ဟာသလေးတွေလဲ ပါသလို အတည်အခန့်လေးတွေလဲ ပါတယ် လူ့စရိုက်သဘာဝ အမျိုးမျိုးရဲ့ ကိုယ်စီကိုယ်စီ စရိုက်လက္ခဏာလေးတွေလဲ သိရတယ် ဆောင်ရန် ရှောင်ရန်လေးတွေလဲ မှတ်သားရတယ် ခုများမှာတော့ ဂေးဇက်နဲ့ ဝေးပြီပေါ့ဗျာ အခုတောင် ကွှန်တော် မြို့ပေါ်ကိုရောက်တုန်းလေး အပြေးအလွှား သတင်းတွေ ဖတ်ကြီး အပြေးအလွှား ပို့စ်တင်နေမိတာပါ နောက်များလဲ မြို့ ပေါ်ကို ရောက်ဖြစ်ရင်တော့ ရွာထဲကို ဝင်လာခဲ့ပါဦးမယ် ဂေးဇက်ရဲ့ ရွာသူရွာသားများကို သတိရလျက်

အရှုံးတွေနဲ့ ကျွန်တော်

 

5 comments

  • aye.kk

    April 15, 2012 at 6:22 am

    အယူအဆလေးကသင့်မြတ်လွန်းပါတယ်။
    အားပေးသွားပါတယ်။

  • alinsett

    April 15, 2012 at 11:41 am

    ကျွန်တော်..လည်း…ခင်ဗျားကို လွမ်းနေမှာပါ…။

    စာတွေ..လည်း ဝင်ရေးပါဦးနော် ။ အချိန်ရရင် ..ရသလိုပေါ့ ။
    ခင်မင်စွာ…..

  • FattyCat

    April 15, 2012 at 4:03 pm

    ဘယ်ချိန်လာလာ… ဂေဇက်ကတော့ စောင့်နေပါတယ်…

  • ဆူး

    April 15, 2012 at 7:37 pm

    ဂေးဇက် မဟုတ်ဘူးနော်.. ဂေဇက်.. အယူအဆ လွဲ ကုန်မှာ ဆိုးလို့..

Leave a Reply