သီးလေးသီးဟာသများ

zaylayJune 12, 20101min520

သီးလေးသီး – ဟာသများ

နိုင်ငံတော်သံဃာနာယကဥက္ကဌထံသို့ မြဝတီရုပ်မြင်သံကြားမှ အခုလို
မေးမြန်းလျောက်ထားခဲ့ပါတယ်။

၁။ “ရေဒီယို”နဲ့”ရုပ်မြင်သံကြား” ဘာကွာခြား သလည်းလို့မေးတယ်။
ဘုန်းဘုန်း မိန့်ကြားတာကတော့ “ရေဒီယို”မှာက “အနှောင့်အယှက်ကို
အသံပဲကြားရတာ”။ အဲ ရုပ်မြင်သံကြား”မှာ ကျတော့ “အသံ”ရော
မမြင်ချင်တဲ့သူတို့ မျက်နှာတွေကိုပါ မြင်နေရတယ်လို့
မိန့်တော်မှုလိုက်ပါတယ်။

၂။ ဧရာဝတီတိုင်းတွင် “နာဂစ်”အပြီး
လယ်ယာများပြန်လည်စိုက်ပျိုးကြသည်။ ဤအချိန်တွင် လယ်ယာ စိုက်ပျိုး နေသော
လယ်သမားဆီသို့ “ဝန်ကြီး”ရောက်ရှိလာပြီး “မိန့်ခွန်း”ခြွေလေသည်။ အို
လယ်သမား အပေါင်းတို့သင်တို့ ဘာ မှမပူကြနဲ့တော့။ ကျွန်ုပ်တို့ရဲ့
ခြေထောက်တစ်ဖက်ဟာ “ဆိုရှယ်လစ်စနစ်” ပေါ်မှာ အခိုင်အမာရပ်နေပြီ။ နောက်ခြေ
တစ်ဖက်ဟာ “ဆိုရှယ်လစ်စနစ်”ပေါ်မှာ အခိုင်အမာရပ်နေပြီ။
နောက်ခြေတစ်ဖက်ကတော့”ကွန်မြူနစ်စနစ်”ဆီကိုလှမ်းထားပြီးလက်ထဲမှာလည်း”မှုဝါဒလမ်းစဉ်(၇)ရပ်ကို”လည်း
ကိုင်ထားတယ်။ ဤစကားကို ကြားရသောအခါ လယ်သမားပရိသတ်ထဲမှ အသံတစ်သံ
ပေါ်ထွက်လာခဲ့သည်။ “ဒီလိုခြေကားယား၊ လက်ကားယားအနေအထားနဲ့ ကျွန်တော်တို့
ဘယ်လောက် ကြာကြာ နေရဦးမှာလဲဟင်”။

၃။ ကျွန်တော်မြန်မာပြည်က အကြီးအကဲများကို လက်ဆောင်ပေးပို့
စတိုးဆိုင်သို့ရောက်လာခဲ့သည်။ ဈေးရောင်းသူကမေးပါတယ်။
ဘာအလိုရှိပါသလဲခင်ဗျာ။ ကျွန်တော်ကလူကြီးတွေကို လက်ဆောင်
တစ်ခုခုပေးချင်တယ်လို့ ပြောလိုက်တယ်။ ရောင်းသူကရပါတယ်။ ဒါကလျှပ်စစ်မီးပူ၊
ဒါကတော့ လျှပ်စစ်မီးဖို။ အဲဒါကတော့ လျှပ်စစ်ကော်ဖီဖျော်စက်ပါ။ ကျွန်တော်
လက်ဆောင်ပေးချင်တာက “လျှပ်စစ်ကုလားထိုင်” ခင်ဗျားတို့ဆီမှာမရောင်းဘူးလား။

စိန်သီး

သိသွားမှာစိုးလို့

မြန်မာနိုင်ငံ အကြီးအကဲဟာ ကျန်းမာရေး ရုတ်တရက် ချွတ်ယွင်းလာတာကြောင့်
စင်္ကာပူနိုင်ငံဆေးရုံသို့ အရေးပေါ် တက်ရောက် ခဲ့ပါတယ်။

စင်္ကာပူအထူးကု ။ လူကြီးမင်းရဲ့ ကျန်းမာရေး အခြေအနေအရ မည်သည့်
အရေးအရာကိုမှ မစဉ်းစားဘဲ တစ်လ လောက်အနားယူသင့်ပါတယ်။

အကြီးအကဲ ။ ဟာကျုပ်က အနားယူလို့ မဖြစ်သေးဘူး တစ်လမပြောနဲ့
တစ်ရက်တောင် နားဖို့ မလွယ်ဘူး။

စင်္ကာပူအထူးကု ။ အနားယူတယ်ဆိုတာ စိတ်ကျန်းမာရေးအတွက်ပါ။
အနားယူလိုက်ခြင်းအားဖြင့် ဦးနှောက်ပါ ကြည်လင်လန်းဆန်းသွားပါတယ်။
တစ်လဆိုတဲ့ အချိန်အတွင်းမှာ လူကြီးမင်း တစ်ယောက် အနားယူလိုက်လို့
လူကြီးမင်းတို့ရဲ့ နိုင်ငံစီမံကိန်းတွေ ပျက်မသွားပါဘူး။

အကြီးအကဲ ။ အဲဒါပေါ့ဗျ ခင်ဗျားပြောသလို ကျုပ်မရှိလည်း
ဆက်လုပ်လို့ရသားပဲဆိုတာကို အခြားအဖွဲ့ ဝင်တွေသိသွားမှာစိုးလို့ မနားတာဗျ
သိပလား။

သူ့ကြောင့်
မြန်မာနိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီးဟာ ရုတ်တရက် ကားအက်စီးဒင့် ဖြစ်ပြီး
အနိစ္စသဘောနဲ့ ကိစ္စချောကာ ငရဲပြည်သို့ရောက်လာ ခဲ့ပါတယ်။ ငရဲပြည်မှာ
အစိုးရဖါး ဂျာနယ်အယ်ဒီတာကြီးကို အမှတ်မထင် တွေ့လိုက်ရတော့ အံဩသင့်ပြီး

ဝန်ကြီး ။ ငါကတိုင်းပြည်မှာ မဟုတ်တာ မမှန်တာတွေကိုပြောလို့
ငရဲရောက်ရတာ မင်းကဘာလို့ ဒီငရဲကိုရောက်ရ တာလဲ။

အယ်ဒီတာ ။ အဲဒါဝန်ကြီးကြောင့်ပေါ့ဗျာ။

ဝန်ကြီး ။ ဘာဆိုင်လို့တုန်း။

အယ်ဒီတာ ။ ဆိုင်တာပေါ့ ဝန်ကြီးပြောသမျှတွေကို ကျွန်တော်တို့က
ပုံကြီးချဲ့ပြီးရေးပေးတယ်လေ။

မြန်မာနိုင်ငံရဲ ့ အကြီးအကဲဟာ ကျန်းမာရေး ရုတ်တရက်ချွတ်ယွင်းမူကြောင့်
စင်င်္ကာပူနိုင်ငံဆေးရုံသို ့ အရေးပေါ်တင်လိုုက်ရပါတယ်။
စင်င်္ကာပူနိုင်ငံအထူးကုဆရာဝန်ကြီးများက ဆေးဝါးကုသပေးရင်း သူတို ့
အသစ်တီထွင်ထားတဲ့ အသိဉာဏ်မဲ့မှုနှင့်ခေါင်းမာမှုများ ကို ပျောက်စေ တဲ့
ထိုးဆေးတမျိုးကို မြန်မာနိုင်ငံအကြီးအကဲ နဲ ့ စမ်းသပ်ဖို ့
ဆုံးဖြတ်လိုက်ပြီး အသိဉာဏ်မဲ့မှုနှင့် ခေါင်းမာမှုပျောက်ဆေး
ထိုးဆေးကိုမြန်မာ နိုင်ငံအကြီးအကဲကို ထိုးပေးလိုက်ပါတယ်။
ပါရဂူ(၁) ၉ဝ ရာခိုင်နူန်းတော့သေချာနေအောင် ကုပေးပြီးပြီ။
ပါရဂူ(၂) ၁ဝ ရာခိုင်နူန်းသေချာနေအောင်ဘယ်လိုကုရမလဲ။
ပါရဂူ(၁) သူရဲ ့ကုရိုးကုစဉ် အမူအရာတခုခုပြ မပြစောင့်ကြည့်သင့်တယ်။
သူအိပ်နေတုန်း မေတ္တာတရားသုတ်ခွေကိုဖွင့်ကြည့်လိုက်။ ဝုန်းကနဲထပြီး
သေနတ်ထဆွဲရင် ကျွန်တော်ရဲ ့ စမ်းသပ်ချက်က မအောင်မြင်ဘူးမှတ်။

တရိစာ္ဆန်မို ့လို

မြန်မာနိုင်ငံရေးနှင့် ပတ်သတ်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်
ကိုယ်စလှယ် မစ္စတာ ဂန်ဘာရီ အားသတင်းထောက်များကတွေ ့ဆုံမေးမြန်းခဲ့ပါတယ်။

သတင်းထောက်။ ။ ဂန်ဘာရီအနေနဲ ့ဒေါ်အောင်ဆန်းစုကြည်နဲ ့တွေ ့ဆုံဖို ့အတွက်
ဒေါ်အောင်ဆန်း စုကြည်အိမ်ရှေ ့မှာ ဟန်းစပီကာနဲ ့ အော်ဟစ်ခဲ ့တာဟာ
သံတမန်ရေးနဲ ့ မညီညွတ်ဘူးလို ့ပြောကြပါတယ်။

ဂန်ဘာရီအနေနဲ ့ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ ့မှာတော့ သွားအော်ဟစ်ခဲ ့ပြီး
ဘာကြောင့်
ဦးသန်းရွှေရဲ ့အိမ်ရှေ ့မှာတော့ သွားပြီး မအော်ဟစ်ခဲ့ရတာကိုသိပါရစေ။

ဂန်ဘာရီ။ ။ လူတွေကို အော်ဟစ်ပြောဆိုလို ့ရပေမယ့် တရိစာ္ဆန် တွေကြတော့
ကြိမ်တို ့မှရမှာ
မို ့လို ့ပါ။

ငါတို ့က ပိုတော်တယ်

အာစီယံ အစည်းအဝေးတွင် အာစီယံ ၁ဝ နိုင်ငံမှ ဝန်ကြီးချုပ်များက စွန်
့ပြစ်ပစ္စည်း ပြန်လည်
အသုံးချရေးအစည်းအဝေးတွင် စင်္ကာပူ ဝန်ကြီးချုပ်က

စင်္ကာပူ။ ။ ကျနော်တို ့ဟာ မည်သူမှ မတွေးခဲ့တဲ ့စွန်
့ပြစ်ပစ္စည်းတခုဖြစ်တဲ့ပီကေကနေ ကွန်ဒုံဖြစ်အောင် ဖန်တီးအသုံးချခဲ့ပါတယ်။

မြန်မာ ဝန်ကြီးချုပ်။ ။ အဲဒီကွန်ဒုံကိုရော ဘယ်လို ဆက်ပြီး
အသုံးချသေးလည်းခင်ဗျာ

စင်္ကာပူ။ ။ မရှိတော့ပါဘူး။ နောက်ဆုံးစွန် ့ပြစ်ပစ္စည်းဖြစ်သွားပါပြီ။

မြန်မာ။ ။ ဒါဆိုကျနော်တို ့မြန်မာက ခင်ဗျာတို ့နောက်ဆုံးစွန်
့ပြစ်ပစ္စည်း တွေကို ပြန်လည် အသုံးချလိုက်ပါပြီ။

စင်္ကာပူ။ ။ ဘယ်လို အသုံးချလိုက်ပါသလည်း။

မြန်မာ။ ။ နောက်ဆုံးစွန် ့ပြစ်ပစ္စည်းကွန်ဒုံတွေကို ပီကေအဖြစ်နဲ
့ပြန်လည်ထုပ်လုပ်နိုင်တာ မြန်မာပါ။

တစ်မှု ့တည်းနဲ ့ကြီးပါတယ်

နိုင်ငံကျော် လူရွှင်တော် ဇာဂနာအား အင်းစိန်ထောင်မှ ထောင်ဝင်းအတွင်းရှိ
တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်အကြည်ညို ပျက်စေမှု အပါအဝင်
အမှုပေါင်း ရမှုနဲ ့
တရားစွဲဆို ပါမယ်။ မောင်မင်းဘာပြောစရာ ရှိပါသလည်း။

ဇာဂနာ။ ။ မရှိပါဘူး။

တရားသူကြီး။ ။ ဒါဆိုရင် နောက်လာမယ့် အပတ်မှာ စွဲဆိုထားတဲ ့အမှု ရ မှုကို
စတင်စစ်ဆေးပါမယ်။

နောက်တပတ်ကြာသော ဇာဂနာအား တရားရုံးသို ့ရောက်ရှိခဲ့ပါသည်။

တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်က အကြည်ညိုပျက်စေမှု အပါအဝင်
အမှုပေါင်း ၁၄ မှုနဲ တရားစွဲဆို ပါမယ်မောင်မင်း ဘာပြောချင်ပါသလဲ။

ဇာဂနာ။ ။ အရင်အပတ်က ရမှုကနေ အခု ၁၄မှု ဘာဖြစ်လို ့ဖြစ်သွားရပါသလည်း။

တရားသူကြီး။ ။ ထပ်တိုးတဲ့မူအရ ……….အဲ မဟုတ်ပါဘူး။ နောက်တိုး
ပုဒ်မများအရ စွဲဆိုရခြင်းဖြစ်ပါတယ်။ ထုချေလွှာ တင်သွင်းနိုင်ပါတယ်။

ဇာဂနာ။ ။ လူကြီးတွေကိုပြောလိုက်ပါ။ အမှုတွေအများကြီး
စဉ်းစားစရာမလိုပါဘူး။ တစ်မှုတည်းနဲ ့ဘဲ သေဒဏ်ချမှတ်လို ့ရပါတယ်လို ့။

အဲ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံမှာရှိတဲ့ ထိုင်းပြည်သူ ပြည်သား တွေဟာ
ထိုင်းအစိုးရကို စီတန်းလှည့်လည်ပြီး ဆန္ဒပြကြပါ တယ်၊ အဲဒီလို
ဆန္ဒပြကြတဲ့နေရာမှာ ရှေ ့ဆုံးကနေပြီး တော့
ဘင်ခရာတီးဝိုင်းကတီးမှုတ်ပြီးတော့ ဆန္ဒပြကြပါတယ်။
လမ်းဆုံမီးပွိုင့်ရောက်တဲ့ အခါမှာ ယာဉ်ထိန်းရဲက နေထွက်လာပြီးတော့
ဆန္ဒပြသူများ အနှောင့်အယှက် မဖြစ် အောင် လို ့
မော်တော်ယာဉ်များကိုတားဆီးပေးပါတယ်။ အဲဒါကို မြင်တော့ ကျွန်တော် က
ယာဉ်ထိန်းရဲ အနားကို သွားပြီးတော့ ဆန္ဒပြတဲ့ ပြည်သူတွေကို အဟန် ့ အတား၊
အနှောက်အယှက် မပေးဘဲနဲ ့ အခုလို ကူညီတဲ့ ယာဉ်ထိန်းရဲကြီးရဲ ့
စိတ်ဓာတ်ကိုတော့ ချီးကျူးပါတယ်လို ့ ပြောလိုက်တော့ယာဉ်ထိန်းရဲ ကြီးက
ဆန္ဒပြတဲ့ အထဲမှာပါရင်တစ်နေ ့ ကို ဘတ် ၈၀ဝ ရမယ်ဆိုလို ့
ဝိုင်းပြီးဆန္ဒပြနေတာပါတဲ့။