သင်္ကြန်နှစ်ရက်ကြပ်ရခြင်းသည် NLD ပါတီနှင့်ပတ်သက်နေ

ကြောင်လေးApril 14, 20121min1057

ယခုရက်ပို်င်းအတွင်း မြန်မာနိုင်ငံသို့ရောက်ရှိလာသော နိုင်ငံခြားတိုင်းပြည်များမှ

ခေါင်းဆောင်များ သံတမံများသည် NLD  ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား  မဖြစ်မနေလာရောက်တွေ့ဆုံလျှက်ရှိကြသည်။ နတ်မျက်စေ့ပုလင်းကွဲကို အတင်းဖြဲကြည့်သည့်အတွက် ထိုကိစ္စအား သိရှိသွားသောတာဝတိ ံသာ၏ခေါင်းဆောင်

မစ္စတာ မာဃ သည်လည်း လူ့ပြည်ရောက်လျှင် NLD  ပါတီဥက္ကဌ နှင့် မဖြစ်မနေ တွေ့သင့်ကြောင်းစဉ်းစားမိရကား၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရက်ချိန်းမရမှာစိုးရိမ်သည့်အတွက် လူ့ပြည်တွင် (လူ့အသက်နှင့်) နှစ်ရက်နေမည်ဖြစ်ကြောင်း လူ့ပြည်သို့ မဆင်းမီ (နတ်သက်နှင့် ) ယနေ့မနက် စောစောကပြုလုပ်သော နတ်သဘင်အစည်းအဝေးတစ်ခုတွင်ထုတ်ဖော်ပြောကြားကြောင်း သတင်းရရှိပါသည်။

 

မြန်မာနိုင်ငံ ၏ မြန်နှုန်း ညံ့ အင်တာနက် ကွန်နက်ရှင်ကြောင့်  သတင်းနောက်ကျ ဖော်ပြသည့်အတွက်  အနူးအညွတ်တောင်းပန်အပ်ပါကြောင်း

ကြောင်လေး : တာဝတိ ံသာ ဂျာနယ်လစ်( TJ)

7 comments

  • ကိုရင်မောင်

    April 15, 2012 at 3:33 am

    ဟိုက်…ရွာထဲမှာနတ်သတင်းထောက်ရှိတာ
    ခုမှသိတယ်….

  • htoosan

    April 15, 2012 at 9:31 am

    သူကြီးရေ CJ တင်မက TJ ပါ ထုတ်ပေးရတော့မယ် .. 😀

  • က်ိုကိုအိုဗာ

    April 15, 2012 at 11:17 am

    အားပေးသွားတယ်

  • Kaung Thant

    April 15, 2012 at 1:20 pm

    ဟာဟုတ်တယ်ဗျ။ဖြစ်နိုင်တယ် နော်။

  • ချစ်ရင်ထူးနှစ်

    April 16, 2012 at 12:07 am

    အဲဒါဆိုရင် သကြားမင်း ကိုတစ်ခုလောက် မေးပေးပါလား ..
    နတ်ပြည်ကို လာရင် ဘယ်လမ်းက လာရမလဲ လို့
    နတ်သမီး မမြင်ဘူးလို့ပါ ..

  • Gipsy

    April 16, 2012 at 12:14 am

    အနော့် အတွက်လည်း နတ်သမီးလေး ခေါ်ခဲ့ပေးပါ…၊

Leave a Reply