အပျိုကြီးများအတွက် စိတ်ဝင်စားဖွယ် ကြေညာစာတမ်းကြီး (2010)

zaylayJune 12, 20101min553

၁. သတ်မှတ်ချက်(က)

အသက် ၂ရနှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ
အမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည်။(ရှိပါက ဆုပ်လည်း
ဆုပ်ပြရမည် ကိုင်လည်းကိုင်ပြရမည် .. အော် … လက်ပြောပါတယ်..) ယခင်က
experience ဟောင်းများကို ခံစားခွင့်ရမည်မဟုတ်ချေ။ လက်ရှိမျက်မှောက်
အခြေအနေကိုသာဆိုလို သည်။ သတ်မှတ်ချက်နှင့် အကျုံးမဝင် စေရန်အလို့ငှာ
လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစားထိုးခြင်း ပြုလုပ်ပါက
ပြင်းပြင်းထန်ထန်အရေးယူခြင်းခံရမည်ဖြစ်သည်။

၂. သတ်မှတ်ချက်(ခ)

လက်ရှိရည်းစားရှိသော်လည်း လစာကိုလည်းကောင်း ကုန်ဈေးနှုန်းကိုလည်းကောင်း
အမျိုးမျိုးအကြောင်းပြပြီး လက်ထပ်ရန်အချိန်ဆွဲနေသူများသည်လည်း
နောက်တိုးစာရင်းဖြင့်အကျုံးဝင်ကြောင်း ရှင်းလင်းစွာသိရှိစေရမည်။

တားမြစ်ချက်(က/၁)

အမျိုးသားများနှင့်ပါတ်သတ်ပြီး . ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသော
အပျိုကြီးများသည် အချင်းချင်းသော် လည်းကောင်း အုပ်ဖွဲ့ပြီးသော်လည်းကောင်း
ငယ်ရွယ်သူအမျိုးသမီး ငယ်လေးများကိုသော်လည်းကောင်း ယောက်ျားမကောင်းကြောင်း
ပြောကြားပါက အပြစ်ကြီးပါကချက်ခြင်း ကတုံးရိတ်ပြီး သီလရှင်ဝတ်ပေးခံရမည်
ဖြစ်သည်။(သို့မှသာ ယောက်ျားများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည်)

တားမြစ်ချက်(က/၂)

အချစ်ရေးနှင့်ပါတ်သတ်ပြီးအချစ်သည်မကောင်းကြောင်းအထက်ပါအတိုင်း
ကျူးလွန်ပါက မြို့လည်ခေါင် လူစည်ကားရာ(ရန်ကုန်မြို့ဖြစ်ပါက ဆူးလေအဝိုင်း၊
အခြားနယ်မြို့များဖြစ်ပါက မြို့နာရီစင်ရှေ့တွင်) ၁နာရီတိတိ
မချစ်ရင်မနေနိုင်တာကလွဲလို့ သီချင်းကို အော်ဆိုရမည်။(သို့မှသာ အပြစ်ကို
အကျိုးဆောင်ပြီးကျေစေနိုင်မည်ဖြစ်သည်)

တားမြစ်ချက်(က/၃)

အိမ်ထောင်ရေးနှင့်ပါတ်သတ်ပြီး အထက်ပါ အကျုံးဝင်သူအပျိုကြီးများသည်
အိမ်ထောင်ရေးမကောင်းကြောင်းကို (ဟုတ်သော်ရှိမဟုတ်သော်ရှိ) မကောင်းကြောင်း
ပြောကြားခဲ့သည်ဖြစ်သော် အိမ်ထောင်ရေးကောင်းကြောင်း
နှစ်သိမ့်ဆွေးနွေးပညာပေးသင်တန်းတွင် စာတွေ့လက်တွေ့ကို
ကာလအပိုင်းအခြားတခုအထိ သင်တန်းတက် ရောက်ရမည်။

မှတ်ချက်(၁) ။ ။ ကာလအပိုင်းအခြားဆိုသည်မှာ ကျူးလွန်သည့်အပြစ် အလေးအပေါ့
ရုပ်ရည်နှင့် အမူအကျင့် အပေါ် မူတည်ပြီး ကွဲပြားကြောင်း သိရှိစေရမည်။
တဆက်တည်းတွင် ထိုသင်တန်းအတွက် သင်တန်းနည်းပြဆရာများ အလိုရှိနေသည်ဖြစ်ရာ
ယောက်ျားတို့တတ်အပ်သောပညာများ ကျွမ်းကျင်သူ ယောက်ျားတိုင်း
အသက်အပိုင်းအခြား ကန့်သတ်မှုမရှိဘဲ
လာရောက်လျောက်ထားနိုင်သည်။(လူဦးရေကန့်သတ်မထားသော်လည်း ဦးရာလူနေရာကောင်း
ရမည်)

မှတ်ချက်(၂)။ ။အဆိုပါအပျိုကြီးများပြစ်မှုကျူးလွန်ရာတွင်
ပါးစပ်ဖြင့်မပြောသော်လည်း Online မှ chat ခြင်း Blog တွင်ရေးသားခြင်း
Mail ပို့ခြင်းစသည် media-based ပြစ်မှုများလည်း အကျုံးဝင်သည်။

Final တားမြစ်ချက်

ယောက်ျားများ၏အချစ်သည်မယုံကြည်ရသောကြောင့်
၎င်းတို့နှင့်အိမ်ထောင်မပြုသင့်ဟု ပြောဆိုခဲ့ပါမူ တားမြစ်ချက်
(၁။က/ခ/ဂ)တို့အားတပြိုင်နက်ကျူးလွန်သူဖြစ်သောကြောင့် အထက်ပါအပြစ် (၃)
ခုစလုံးအား တလှည့်စီကျခံရမည်ဖြစ်သည်။

နောက်ဆုံးပိတ်ကြေညာချက်

အကျုံးဝင်သူအားလုံးတို့သည် ပြစ်မှုမကျူးလွန်ရသေးလင့်ကစား
အချိန်မရွေးပြစ်မှုကျူးလွန်နိုင်သူများဟု သတ်မှတ် ပြီး အပြည်ပြည်ဆိုင်ရာ
လူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီးမှ
နေ့ညမပြတ်စောင့်ကြည့်ခြင်းခံရမည်။ အခါအခွင့်သင့်သော
လူသားမျိုးနွယ်စောင့်ရှောက်ရေး
ဆွေးနွေးပွဲများတွင် ဓါတ်ပုံနှင့်တကွ ရှုံ့ချခြင်းခံရမည်။

အပျိုကြီးများ ရှင်းလင်းစွာနားလည်သဘောပေါက်စေလိုသည်မှာ
မိမိတို့ညံ့ဖျင်းသောကြောင့်သာ ဘဝကြင်ဖော်ရှာမရသေးသည် ဖြစ်ကြောင်းပင်
ဖြစ်သည်။

(ကြေညာချက် ၄/၂၀၀၉မကြာမီ မျှော် … )

အပြည်ပြည်ဆိုင်ရာလူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီး
မြန်မာပြည်ရုံးခွဲ

P.S

မကြာခင် လူပျိုကြီးများ ဥပဒေကို ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

3 comments

  • HayMonChan

    October 24, 2010 at 3:20 pm

    ဟားဟား
    ထိတယ်တော့
    ကြောက်ဘူးကွ

  • kopauk mandalay

    October 24, 2010 at 4:50 pm

    အသက် ၂ရနှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူ
    အမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည်။
    ဒီကန့်သတ်ချက်က ခေတ်နောက်ကျသွားပါပြီ။
    16နှစ်ကျော်လို့ ရီးစားမရှိရင် အပျိုကြီးလို့ သတ်မှတ်ပါသတဲ့ နောက်ဆုံးကြေငြာချက်စာတမ်းမှာဖတ်လိုက်ရပါတယ်။

  • cruz

    October 24, 2010 at 8:01 pm

    ပြင်သင့်ပါတယ်ခင်ဗျာ ကိုပေါက်ပြောတာ ထောက်ခံပါတယ်

Leave a Reply