(၁၂)ရာသီခွင် ဟာသ

zaylayJune 12, 20102min971

> (၁) Aries (မိဿရာသီဖွား — မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)
>
> မေမေ “Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ
> သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်”
>
> Aries “ဟုတ်ကဲ့ပါ မေမေ”
>
> ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး “မေမေ… မေမေ ဒီနေ့
> အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်”
>
> မေမေက စိတ်တိုပြီး “စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?”
>
> Aries “သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှ
> ဒါန်းစီးတာပါ”
>
> (Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)
>
>
> (၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)
>
> ဖရဲသီးရောင်းသူ “လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”
>
> ရေဆာနေတဲ့ Taurus ” အတော်ပဲ… ကျွန်တော့်ကို မချိုတာပေးပါ”
>
> (Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်
> ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)
>
>
> (၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)
>
> မေမေ “Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ”
>
> Gemini “အာ….. မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ”
>
> (Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ်
> ပြင်းထန်သူဖြစ်တယ်)
>
>
> (၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)
>
> Cancer “ဒီည သားမေမေနဲ့အိပ်မယ်”
>
> မေမေ “သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?”
>
> Cancer “အင်း”
>
> မေမေ “ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?”
>
> Cancer “ဖေဖေနဲ့ ပေးအိပ်လိုက်မယ်”
>
> (Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)
>
>
> (၅) Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ ဩဂုတ်၂၂ အတွင်းမွေးဖွားသူ)
>
> Leo “ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?”
>
> ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး
> ယူလိုက်တယ်။
>
> Leo “မေမေ.. မေမေ… တင်ပါးထဲမှာ အီးတွေနဲ့….”
>
> ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။
>
> (Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို
> သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)
>
>
> (၆) virgo (ကန်ရာသီဖွား– ဩဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)
>
> virgoက ကိုယ့်ချက်ကိုကြည့်ပြီး “ဒါဘာလဲ”လို့ ဖေဖေကို တအံ့တဩမေးတယ်။
>
> ဖေဖေက “ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက ခွါတာနဲ့
> ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့
> ချက်ဖြစ်လာခဲ့တယ်” လို့ အတိုချုံးရှင်းပြလိုက်တယ်။
>
> virgo “ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်”
>
> (virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)
>
>
> (၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)
>
> ဖေဖေ “Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက
> အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်”
>
> Libra “ဟုတ်ကဲ့ဖေဖေ… ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။
> ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်”
>
> (Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)
>
>
> (၈) Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
>
> Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့
> Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ
> ခြင်ထွက်မသွားဘူး။
>
> “ကောင်းပြီ…. မင်းမထွက်ရင် ငါထွက်တယ်ကွာ!”
>
> ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။
> ပြီးမှ အားရကျေနပ်ဟန်နဲ့—
>
> “ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး
> သတ်ပစ်မယ်”
>
> ( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဉာဏ် နည်းသူဖြစ်တယ်)
>
>
> (၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
>
> Sagittarius “ဖေဖေ… ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?”
>
> ဖေဖေ “သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့”
>
> Sagittarius တအောင့်လောက် စဉ်းစားပြီး…..
>
> “ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?”
>
> ဖေဖေ “…………”
>
> (Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)
>
>
> (၁ဝ) Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)
>
> တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့
> ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး “မိုးရွာပြီ…
> ပြေးပြေး.. ရှေ့ကိုပြေး!” လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့ “ရှေ့မှာ
> မိုးမရွာလို့လား?” တဲ့။
>
> (Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့
> ပျင်းရိသူဖြစ်တယ်)
>
>
> (၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)
>
> Aquarius “ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?”
>
> မေမေ “ကြက်မက ထွက်လာတာပေါ့”
>
> Aquarius “‘ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?”
>
> မေမေ “ကြက်ဥက ပေါက်လာတာပေါ့”
>
> Aquarius “ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?”
>
> (Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)
>
>
> (၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)
>
> ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။
>
> ဖေဖေ “ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်”
>
> Pisces “သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို
> ရောက်လာခဲ့တာပေါ့နော်”
>
> (Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို
> မခွဲခြားတတ်သူဖြစ်တယ်)
>
>
>
>
>
>
>
> —
> ————————————————————————————————————————————————————————–
>
>

One comment

  • Scott

    July 27, 2010 at 4:45 pm

    ှုI really like that jokes, publish more like that… well done…

Leave a Reply