လျှို့ဝှက် သတင်းပေါက်ကြားမှု ကြောင့် သင်္ကြန်တွင်းလူငယ်များအရက်သေစာသောက်စားမှုများပြားလာ

ကြောင်လေးApril 15, 20121min1116

လျှို့ဝှက် သတင်းပေါက်ကြားမှု ကြောင့် သင်္ကြန်တွင်းလူငယ်များအရက်သေစာသောက်စားမှုများပြားလာ

 

လူ့ပြည်တွင် ခွေးသားများအား ဆတ်သားခြောက်အဖြစ်ပြုလုပ်ရောင်းချမှုများပြားနေသည့်အတွက် ခွေးများရှားပါးလာပြီး  တာဝတိ ံသာသို့ခွေးတင်ပို့မှုနည်းပါးလာကာ ခွေးသားရေ ထုတ်လုပ်မှုလျော့ကျလျှက်ရှိနေကြောင်းသိရှိရပါသည်။

ထို့ကြောင့်သိကြားမင်းကြီး လူ့ပြည်သို့ဆင်း၍လူဆိုးလူမိုက်များစာရင်းကိုရေးမှတ်ရန် ခွေးသားရေ အလုံအလောက်ပါရှိမသွား ကြောင်းလည်းလျှိ့ဝှက်သတင်းများထွက်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။

ထိုလျှို့ဝှက်သတင်းအား (မြန်မာနိုင်ငံ၏ထုံးစံအတိုင်း အထူးလျှို့ဝှက်သတင်းများကို အချို့ဌာနအရာရှိများမသိသော်လည်း ဒေါ်အာကျယ်ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ပဲပြုတ်သည်များသမဂ္ဂ  အဖွဲ့ဝင်များ၏သတင်းဖွမှုကြောင့် တတိုင်းပြည်လုံးသိရှိကြရသည့်နည်းတူ) ယနေ့လူငယ်များ သတင်းရရှိသွားပြီး လူ့ပြည်တွင် သိကြားမင်းကြီး ရှိနေသည့် အချိန်မှာပင် အရက်သေစာများကို ယောက်ျားလေးများပါမက  မိန်းကလေးများပါရဲရဲတင်းတင်းသောက်စားမူးယစ်လျှက် အတာသင်္ကြန်ပွဲအား ဆင်နွှဲလျှက်ရှိနေကြောင်း တာဝတိ ံသာ နတ်သားများကြားတွင် ပြောဆိုဝေဖန်မှုများ ရှိနေသည်ကိုကြားသိရပါသည်။

 

ကြောင်လေး : တာဝတိ ံသာ ဂျာနယ်လစ်(TJ)

6 comments

  • ဦးဦးပါလေရာ

    April 15, 2012 at 3:57 pm

    နောက်နှစ်မှာတော့ i pad 4 နဲ့မှတ်လိမ့်မယ်…
    လောလောဆယ်တော့ သူပါမဏ္ဍပ်ဘေးမှာခေါင်းစိုက်နေတာ ရေပက်ခံကားယောင်ဆောင်ထားတဲ့ နတ်ရထားပေါ် မနဲပြန်ဆွဲတင်နေရတယ်…။

  • FattyCat

    April 15, 2012 at 4:06 pm

    ကြည့်လဲလုပ်ဦး… ခွေးသားရေတွေရှားတယ်ဆိုပြီး တခြားအကောင်ပြောင်းသုံးမယ်ဆိုမှ ဂေဇက်ရွာထဲမှာ ကြောင်တွေအများကြီးပဲဆိုပြီး
    ကြောင်သားရေနဲ့ မှတ်မယ်ဆိုမှ မာလကဈာန်ကြွနေဦးမယ်…
    လစ်ပြီ…. ဝှီး…………………..

    • ကြောင်လေး

      April 16, 2012 at 7:29 am

      အဲ့သလိုပြောမယ်လို့ ထင်သား၊ ပြောတဲ့သူက ကြောင်မျိုးကြောင်နွယ်ထဲကဖြစ်နေပါရောလား။

  • ဆူး

    April 15, 2012 at 7:30 pm

    သိကြားမင်းတောင် ၂ကုဋေ နဲ့ ၅သန်း ရှိတဲ့ မဒမ်တွေ နဲ့ ကဲနေတာ ဆင်းပြီး မှတ်ဖို့ မပြောနဲ့ သူလူနဲ့ သူ အလှည့်ချဖို့တောင် အားမှ မဟုတ်ဘူး။

  • cobra

    April 15, 2012 at 8:26 pm

    အော်..
    သိကြားမင်းလည်းပျော်ချင်မှာပေါ့
    ပျော်ချင်လို့တောင်အကြောင်းပြပီးလူ့ပြည်ဆင်းလာတာလေ…။

  • Lwin Aung

    April 16, 2012 at 11:17 am

    Ohh, 25,000,000 I have to pray to go there.

Leave a Reply