Gmail ကို Browser မှာ Default Mail Client အဖြစ်အသုံးပြခြင်း

Kaung Myat HtutApril 15, 20121min1241
Gmail as default mail client
Gmail as default mail client

Browser အထဲက webpage တစ်ခုမှာ email ပို့ဖို့အတွက် link ကိုနှိပ်လိုက်တဲ့အချိန်မှာ Outlook လိုမျိုး mail client ဖြစ်စေ၊ mail.app ဖြစ်စေ တက်လာမှာဖြစ်ပါတယ်။ အများအားဖြင့် outlook ပဲတက်လာပြီး စိတ်အနှောင့်အယှက်ဖြစ်နေမှာပါ။ Firefox ကိုအသုံးပြုနေသူများအတွက် Firefox version 3 စတင်ကတည်းကပင်ရနေပြီဖြစ်ပါတယ်။

ပြောင်းချင်ရင်တော့ Firefox Preferences တွေရှိတဲ့ Tools >> Options >> Application ကိုသွားပါ။ Search အထဲမှာ mailto လို့ရိုက်ပါ။ ပြီးရင် Action အောက်မှာ Use Gmail လို့ရွေးလိုက်တာနဲ့ နောင်အကြိမ်တွေမှာ email link တွေပို့မယ်ဆိုရင် အလွယ်တကူရနိုင်ပြီဖြစ်ပါတယ်။ Gmail အထဲကိုတစ်ခါတည်းတန်းရောက်သွားမှာတော့ မဟုတ်ပါဘူး။ Gmail page ပေါ်လာပြီး User name နဲ့ Password ရိုက်ထည့်ရမှာဖြစ်ပါတယ်။ မှန်လို့ဝင်သွားရင်တော့ email ပို့ဖို့အဆင်သင့်ဖြစ်နေတဲ့ page ကိုတွေ့ရမှာဖြစ်ပါတယ်။

စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine တို့တွင် ပင်တိုင်ရေးသားနေသော ဆောင်းပါးရှင်ဖြစ်သည်။

One comment

  • htoosan

    April 16, 2012 at 6:59 am

    ွှ့ကျေးဇူးပါ ။ မလုပ်တတ်တဲ့ ကျွန်တော်တို့ အတွက် အလွန် အသုံးဝင်ပါသည်။

Leave a Reply