About Blog

wailynnooJune 12, 20101min682

What is a blog?
blog ဆိုတာ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေကို public ကိုချပြနိုင်တဲ့ presonal  profile တစ်ခုပါဘဲ။ အဲဒီအပြင် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရဲ့ ဂျာနယ် တစ်ခုအဖြစ်လည်း အသုံးချနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းမှာ ဘာတွေဝန်ဆောင်မှုပေးကြောင်းကို ကိုယ့် blog ကနေတဆင့် လူအများကိုသိရှိစေနိုင်ပါတယ်။  ပညာရှင်တစ်ယောက် အတွက်သူ့ရဲ့ ဖော်ထုတ်တွေရှိမှုကို လူအများကိုချပြဆွေးနွေး နိုင်ပါတယ်။ ယနေ့ခောတ်မှာတော့ စီးပွားရေးလုပ်ငန်းတိုင်း အတွက် blog တစ်ခုဟာမဖြစ်မနေလိုအပ်လာပါပြီ။ မြန်မာနိုင်ငံမှာ ကိုယ့်လုပ်ငန်းအတွက် လက်နက်အဖြစ် အသုံးပြုထားတဲ့ blog တစ်ခုကျွန်တော်တွေ့ဖူးပါတယ်။ www.crown-education.com ဆိုတဲ့ blog လေးပါ။ သူ့ blog ကိုကျွန်တော် ကြော်ငြာပေးတာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြတာပါ။ တခြားဟာတွေ သိရင်လည်း share ပေးနိုင်ပါတယ်။

Type of blogger
Personal
ဒီ blogger အမျိုးအစားကတော့ ကိုယ့်ရဲ့နေ့စဉ် ကြုံတွေ့ခံစားမှုတွေ၊ ကိုယ်ချစ်တဲ့ကိုယ့် အိမ်မွေးတိရိစာ္ဆန်လေးတွေ အကြောင်းဖြစ်နိုင်သလို ကိုယ့်သားသမီးတွေအကြောင်း၊ ကိုယ့်စိတ်ဝင်စားတဲ့ အားကစားအကြောင်း၊ နည်းပညာ၊ သတင်း စတဲ့ကိုယ်သိထားတဲ့ အကြောင်းတွေကို ကိုယ့်ပတ်ဝန်းကျင်ကို ချပြနိုင်ပါတယ်။

Business
ကိုယ့်လုပ်ငန်းအကြောင်း ကိုလူအများပိုမို သိရှိနိုင်ဖို့အတွက် blog ကို လက်နက်တစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။ ကိုယ်ရဲ့ထုတ်ကုန်အသစ်တွေကို ကြော်ငြာနိုင်သလို ထုတ်ကုန်သစ်နဲ့ပတ်သတ်တဲ့  ကိုယ့်ရဲ့ ဖောက်သည်တွေ ဘက်ကလည်း comment ကနေ သူတို့လိုအပ်ချက်တွေကို တင်ပြနိုင်တဲ့အတွက် လုပ်ငန်းကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Professional
ဒီ blogger တွေကတော့ company တွေ website တွေအတွက် အခကြေးငွေယူပြီးတော့ blog တွေရေးပေးရတာပါ။ weblogsinc.com ဆိုတဲ့ ဆိုဒ်ဟာ professional blogger တွေငှားရမ်းပြီးတော့ ရေးသားနေတဲ့ဆိုဒ်ဖြစ်ပါတယ်။ ဒါဟာ blogger အဖြစ်ငွေရှာနည်း တစ်မျိုးပါဘဲ။ သင်စိတ်ဝင်စားရင်  http://problogger.net မှာလေ့လာနိုင်ပါတယ်။

blog တစ်ခုကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ရေးသားနိုင်တဲ့နည်းတွေကတော့
1. wordpress.com ကိုသုံးခြင်းနဲ့
2.multiply.com ကိုသုံးခြင်းတို့ ဖြစ်ပါတယ်။