အသုံးမပြုတော့တဲ့ Smartphone များကို ဘာလုပ်လို့ရပါသလဲ?

Kaung Myat HtutApril 18, 20122min29415
Unused Smartphone Cover
Unused Smartphone Cover

ကျွန်တော့်မှာ smartphone အဟောင်းတစ်လုံးရှိပါတယ်။ ပြန်ရောင်းဖို့ကြိုးစားကြည့်တဲ့အခါမှာ ဈေးကောင်းမရတာကြောင့်ရယ်၊ အကြာကြီးကိုင်လာရတဲ့အပေါ် သံယောဇဉ်ရှိတာရယ်ကြောင့် သိမ်းထားဖြစ်ပါတယ်။ သိမ်းထားပြန်တော့လည်း အပို လိုဖြစ်နေတာကြောင့် ဘာပြန်လုပ်လို့ရမလဲ ဆိုတာလေ့လာကြည့်တဲ့အခါမှာ အောက်ပါအတိုင်း အများကြီးလုပ်နိုင်တာကိုတွေ့ရပါတယ်။

1.    Media Remote Control
Smartphone ဟာ ကွန်ပျူတာအပါအဝင် အချို့သော ပစ္စည်းများအတွက် remote control အနေဖြင့် သီချင်းများ၊ ရုပ်ရှင်များကြည့်ရန် အသုံးပြုနိုင်သော ပစ္စည်းတစ်မျိုးဖြစ်သည်။ အားသာချက်တစ်ခုကတော့ ပါတီပွဲတစ်ခုမှာ ဖွင့်ထားတဲ့သီချင်းကို သင်ဖြစ်စေ၊ သင့်မိတ်ဆွေဖြစ်စေက smartphone ကို remote control ကဲ့သို့အသုံးပြုနိုင်သည်ကိုတွေ့ရသည်။ အကယ်၍သင့်ဖုန်းတွင် Infrared (IR) ပါလျှင် အင်တာနက်မှ Download လုပ်နိုင်သော အချို့ app များဖြင့် ရုပ်မြင်သံကြားစက်များ၊ Home theater များကိုပင် ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ကောင်းမွန်တဲ့ Universal Remote တစ်ခုဝယ်လျှင် ဒီထက်များစွာကုန်ကျမှုရှိနိုင်သည်။ iPhone အတွက် remote app များကို http://lifehacker.com/5709968/the-best-remote-apps-for-your-iphone တွင်ရနိုင်ပြီး၊ Android အတွက် remote များကိုတော့ http://lifehacker.com/5709967/the-best-remote-apps-for-your-android တွင်ရနိုင်မည်ဖြစ်ပါတယ်။

Smartphone as Remote control
Smartphone as Remote control

2.    Smartphone as Dedicated device
Smartphone ဟာသီချင်းဖွင့်လို့ရတာဖြစ်တဲ့အတွက် ကားထဲမှာ ကက်ဆက်အနေနဲ့အသုံးပြုနိုင်ပါတယ်။ Smartphone ကိုတိုက်ရိုက် ချိတ်ဆက်နိုင်တဲ့ စပီကာများရှိသလို၊ USB ကြိုးမှတဆင့် ကက်ဆက်ကို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ မီးဖိုချောင်မှာ ဟင်းချက်ရင်လည်း အသုံးပြုနိုင်ပါတယ်။ ဥပမာ ဟင်းချက်တဲ့ app တစ်ခုလောက်ထည့်ပြီး  app ထဲကအတိုင်း အဆင့်ဆင့်လိုက်လုပ်ပြီး ချက်ပြုတ်နိုင်ပါတယ်။ အနည်းဆုံးတော့ အင်တာနက် connection ရယူပြီး online မှာရှိနေတဲ့ ဟင်းချက်နည်းရေးထားတဲ့ website များမှတဆင့် ရှာဖွေ ချက်ပြုတ်နိုင်ပါတယ်။ ဒီလိုမျိုးသုံးတဲ့အခါမှာလည်း ညစ်ပတ်မှာမပူရပါဘူး။ ဘာလို့လဲဆိုတော့ ညစ်ပေသွားသည့်တိုင်အောင် ဒီဖုန်းဟာ သင်အမြဲသုံးမယ့်ဖုန်း မဟုတ်တော့ပါဘူး။
Smartphone ကိုအိပ်ယာဘေးမှာထားပြီး alarm အဖြစ်နဲ့လည်းအသုံးပြုနိုင်ပါတယ်။ သင်အမြဲသုံးတဲ့ Smartphone ကို alarm အဖြစ်နဲ့သုံးမယ်ဆိုရင် ခက်ခဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ sms ဖြစ်စေ၊ email ဖြစ်စေ၊ RSS Feed ဖြစ်စေ data တစ်ခုခုဝင်လာတာနဲ့ notification လုပ်တဲ့အနေနဲ့ အသံထွက်ပါမယ်။ Vibrate ဖြစ်ပါမယ်။ မီးလင်းပါမယ်။ Silent လုပ်ထားမိရင်လည်း alarm အနေနဲ့ နှိုးဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အခုလိုသုံးဖို့က အကောင်းဆုံးဖြစ်ပါတယ်။

3.    Smartphone as Portable Gaming Device
Smartphone အပေါ်မှာ ကစားနိုင်တဲ့ game တွေဘယ်လိုပဲထွက်လာပါစေ၊ တစ်ချို့ကတော့ အရင်က Game အဟောင်းလေးတွေ ကိုပဲ နှစ်သက်စွာကစားချင်ကြပါတယ်။ Keyboard ပါတွဲပါတဲ့ android phone တွေဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ ဖုန်းက touchpad နဲ့ကစားရတာ အဆင်မပြေရင် iControlPad (http://www.icontrolpad.com/) နဲ့တွဲဖက်ကစားနိုင်ပါတယ်။ Game အရမ်းကစားမယ့်သူ (သို့မဟုတ်) ကလေးငယ်တွေအတွက်ဆိုရင်တော့ အသင့်တော်ဆုံးဖြစ်ပါတယ်။

Smartphone as Game Console
Smartphone as Game Console

 4. Smartphone as VoIP Phone

Skype
Skype

ဖုန်းထဲမှာ SIM card မရှိတော့တာနဲ့ ဖုန်းပြောလို့မရဘူးဆိုတာ မဟုတ်ပါဘူး။ WiFi ရမယ်ဆိုရင် Skype မှတဆင့် VoIP (Voice Over Internet Protocol) ပြောလို့ရပါတယ်။ Skype ရဲ့ service plan တွေဝယ်သုံးမယ်ဆိုရင် လိုင်းဖုန်းတွေ၊ mobile ဖုန်းတွေ အပါအဝင်၊ နိုင်ငံခြားခေါ်ဆိုမှုတွေကိုပါ ဈေးပေါပေါနဲ့ပြောလို့ရနေပြီဖြစ်ပါတယ်။ Skype တင်မကပါဘူး။ Google Voice ကိုပါ တွဲဖက်အသုံးပြုနိုင် မှာဖြစ်ပါတယ်။

စာရေးသူဟာ PC World Myanmar နှင့် Auto Mobile PC Guide Magazine တို့မှာ ပင်တိုင်ရေးသားနေတဲ့ ဆောင်းပါးရှင်တစ်ဦးဖြစ်ပါသည်။

15 comments

  • FattyCat

    April 18, 2012 at 12:54 pm

    အကုန်လုံးကောင်းနေတဲ့ Smart Phone လေး မော်ဒယ်အောက်သွားလို့ မသုံးချင်ဘူးဆိုရင်
    နယ်စည်းမခြား အရက်သမားများသမဂ္ဂကို လှူဒန်းနိုင်ပါတယ်…
    iPhone အဟောင်းလေးပဲဖြစ်ဖြစ်၊ Android အစုတ်ကလေးပဲဖြစ်ဖြစ်ပါ…
    သုံးလို့ရသလောက်တော့ ပြုပြင်ပြီးသုံးချင်ပါသေးတယ်…
    တန်ဖိုးနည်းဖုန်းတွေပေါ်လာပြီဆိုတော့ မော်ဒယ်အဟောင်းလေးတွေလဲ ကျွန်တော်တို့အတွက် အသုံးတည့်ပါတယ်ခင်ဗျာ…

    ကြောင်ဝတုတ်
    အထွေထွေအတွင်းရေးမှူး
    နယ်စည်းမခြားအရက်သမားများသမဂ္ဂ

  • သမိန်ဂီ့

    April 18, 2012 at 1:03 pm

    ဒုတ်နဲ့ တော့ ခ ပါဘီ …
    သများဖုန်းကလေး မော်ဒယ်အောက်လာလို့ လက်ယားနေပါတယ်ဆိုမှ …
    မြှောက်ပေးနေသလိုပါပဲ…

    ရောဂါနဲ့ ဆြာဝန် ကိုယ့်ဂျင်းကိုယ့်ဂျင်းပဲ ဆိုပီး မဖျားတဲ့ ဆြာဝန်မရှိသလို
    မာကတ္တာအချင်းချင်း ဆိုပီး ဦးနှောက်မဆေးဘဲ ချန်သွားတာလည်း မရှိလို့…
    ကန်ပန်းတွေ လျောက်ကြည့်ရင်း …ဖုန်းအသစ် ရောဂါထ နေပါတယ်ဆိုမှ ကွယ်….

    အင်း … ပြတင်းပေါက် အမှတ်-၈ ကို ပန်းသီးကိုင်စောင့်ရင် ကောင်းမလားပဲ..

    အာဟိ ဒုက္ခ

  • Kaung Myat Htut

    April 18, 2012 at 1:11 pm

    ဆရာတို့နှစ်ယောက်ပြောမှပဲ သတိရတော့တယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက London မှာ ဖုန်းအဟောင်းတွေလိုက်အလှူခံကြတယ်။ ပြင်ပေးတဲ့လူတွေက ကျောင်းသား Volunteer တွေ။ လက်တည့်စမ်းကြတာ။ ပြင်လို့ကောင်းသွားရင် အဟောင်းဈေးနဲ့ ပြန်ရောင်းတယ်။ ရတဲ့ပိုက်ဆံတွေကို မိဘမဲ့ကလေးတို့ ဘာညာမှာ ပြန်လှူကြတယ်။ စိတ်ဝင်စားရင်လုပ်ကြရအောင်။
    Independent Free-Drinkers Society ဖွဲ့မယ်ဆိုလည်း လက်တို့လိုက်ပါ။ 😀

  • သမိန်ဂီ့

    April 18, 2012 at 1:16 pm

    Green ဖြစ်တယ်ဗျို့ ….Recycle လည်းဖြစ်လို့ စိတ်ဝင်စားပါ၏ ။
    လုံဒုံ ကလိုတော့ ပြန်မရောင်းလိုဘူးဗျ…
    ကျုပ်တို့ဆီမှာက technological divide ရှိနေသေးတော့..
    အလှူခံ- ပြန်ပြင် ပြီးရင် ကျောင်းတွေ လူမှုရေးအဖွဲ့အစည်းတွေ
    (တကယ် သင်ပေး ပညာဖြန့်ဝေပေးနိုင်မယ့်နေရာတွေကို)
    ပြန်လှူချင်တယ်ဗျာ….ဂယ်ပါ…

    ခင်တဲ့
    နှူးဘာဂိုဏ်းချုပ်
    ဇိမ်ဖုံးဂျီးပေါက်စ
    နယ်စည်းမခြား အရက်သမား သမဂ္ဂ အဝေးရောက်ကိုယ်စားလှယ်
    ရွာ့ စီအမ်အို
    ဂီ

    • Kaung Myat Htut

      April 18, 2012 at 4:00 pm

      အရင်တုန်းကတော့ ကျွန်တော် MyanmarING အဖွဲ့အနေနဲ့ computer အဟောင်းတွေကို ဒီလိုလုပ်ပေးခဲ့ဖူးတယ်။ အလှူခံပြီး ဗက ကျောင်းတွေပြန်လှူခဲ့တယ်။ အလှူခံတာလဲကိုယ်ပဲ (ကားဆီဖိုးစိုက်)၊ မတတ်တခေါက်နဲ့ပြင်တာလည်းကိုယ်ပဲ၊ ပြန်သွားလှူဖို့ကျောင်းရှာတာလဲကိုယ်၊ သွားပို့တာလည်းကိုယ်ဆိုတော့ လုံးပါးပါးသွားတယ်။ ဝင်ကူတဲ့မိတ်ဆွေ ၄ ယောက်လောက်တော့ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီလိုဟာမျိုးကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင်တယ်။

  • FattyCat

    April 18, 2012 at 2:09 pm

    ကိုကောင်းမြတ်ထွဋ်ရေ-
    နယ်စည်းမခြားအရက်သမားများသမဂ္ဂအနေနဲ့ ဖွဲ့စည်းထားပြီး လွှတ်တော်အစည်းအဝေးတစ်ခါနှင့် ရံဖန်ရံခါ တွေ့ဆုံမှုများပြုလုပ်နေတာ အချိန်တစ်ခုရောက်ရှိနေပါပြီ…
    အဖွဲ့ပါဝင်ချင်တယ်ဆိုရင်ဖြင့် အချိန်မရွေးတံခါးဖွင့်ထားပါတယ်…

    နောက်ပိုင်းမှာ ကျွန်တော်တို့ သမဂ္ဂမှာပါဝင်နေကြတဲ့သူတွေအနေနဲ့ မိမိတို့ တပ်ကျွမ်းတဲ့ဘာသာရပ်ကို လူငယ်များအား သင်ကြားပေးတဲ့အလုပ်တွေကိုလဲ ဆက်လက်လုပ်နိုင်အောင် ကြိုးစားပါ့မယ်…
    အထူးသဖြင့် Apple iPhone နဲ့ ပတ်သက်တဲ့ Jailbreak လုပ်တာ Unlock လုပ်တာမျိုး Network ပိုင်းဆိုင်ရာများကို ကျွန်တော်သင်ကြားပေးပြီးတော့…
    မာကက်တင်းနဲ့ ပတ်သက်တာကို ဂီဂီက တာဝန်ယူနိုင်မယ်လို့ ထင်ပါတယ်…
    အဲဒီလိုပဲ တခြားသောပညာရှင်များကလဲ ထိုနည်းလည်းကောင်းပါဝင်လာမှာပါ…
    အရက်ချည်းစုသောက်မနေပဲ တိုင်းပြည်ကောင်းကျိုးလေးများ ဆောင်ရွက်ဖို့လဲ ဆန္ဒရှိနေပါကြောင်း…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • Kaung Myat Htut

    April 18, 2012 at 3:52 pm

    eCommerce, eBusiness, eGovernment ပိုင်းဆိုင်ရာဆိုရင်တော့ ကျွန်တော်ကူညီပေးနိုင်ပါတယ်။ Marketing ဘာသာရပ်သိပ်မကျွမ်းပေမယ့် eMarketing ပိုင်းတော့ နည်းနည်းရပါတယ်။ ဒါပေမယ့် ကျွန်တော်က ရန်ကုန်မှာဗျ။ ပုဂ္ဂိုလ်တို့က ရွှေမန်းသားတွေလားဗျ။

  • FattyCat

    April 18, 2012 at 4:28 pm

    ရန်ကုန်မှာတဲ့လား ကိုကောင်းမြတ်ထွဋ်ရယ်….
    အင်း…ကျွန်တော်တို့ (၂)ယောက်က တစ်ယောက်က ဂျပန်က
    တစ်ယောက် ရန်ကုန်ကပါပဲ…
    တွေ့ဆုံပွဲကို စိတ်ဝင်စားတယ်ဆိုရင်ဖြင့် မေလတစ်ရက်နေ့ အလှူမှာ ကျွန်တော်တို့တတွေအားလုံးဆုံမှာပါ…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • သမိန်ဂီ့

    April 19, 2012 at 6:42 am

    http://myanmargazette.net/107492/health-fitness

    ဟောသည်မှာပါ ဆြာကောင်းရေ …
    ရွာတော်ရှင် ဂတ်တူဆို ..အဲ့လေ… ဖွားဆူး နဲ့ ..မာမားတို့
    ဦးစီးတာပါဗျာ…
    😀
    ဆုံချင်ပါရဲ့….

    ခင်တဲ့
    ဂီ

  • ကြောင်ကြီး

    April 19, 2012 at 7:51 am

    ကျုပ်လည်း ခင်းဗျားတို့နဲ့ပေါင်းပြီး ယူဂျီသင်တန်းပေးဂျင်ဒယ်ဗျို့…။ အဖွဲ့ဖွဲ့ဖြစ်ရင် လက်တို့လိုက်ပါ။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2012 at 12:48 pm

    ခင်ဗျားတို့ပြောတာတွေအားလုံးမှန်တော့
    ဘာမှပြောစရာမကျန်တော့ပါဘူး
    ဒါ့ကြောင့် သဂျီးကောက်ရိုးဘဲ မီးသွားရှို့တော့မယ်

    • ဗိုက်ကလေး

      April 19, 2012 at 12:58 pm

      ဟဲ့.ဟဲ့..
      နေဦး..မရှို ့နဲ ့ဦး
      ကောက်ရိုးပုံအနောက်မှာ အူးကြောင်ဂျီး ဂွမ်းပုံကို ..ဂွမ်း..ဂွမ်း…ပုံကို…လက်သဲညှပ်ပေးနေတယ်

  • sugar sugar

    April 19, 2012 at 1:03 pm

    ကိုကောင်းမြတ် ပြောတာလေးတွေ စိတ်ဝင်စားတယ် ခင်ဗျ ၊ ပညာရ လို့ကျေးဇူးပါ ခင်ဗျာ ၊ကျွန်တော်ကတော့မန္တလေးကပါ၊ အဖွဲ့ဖွဲ့ဖြစ်ရင် လက်တို့လိုက်ပါ ဗျာ

  • Kaung Myat Htut

    April 19, 2012 at 6:07 pm

    အဖွဲ့ဆိုတာ ကျွန်တော်ကတော့ MyanmarING (Myanmar Internet & Networking Group) ဆိုပြီးလုပ်နေတာကြာပြီ။ စိတ်ဝင်စားရင် http://www.myanmaring.asia မှာဝင်ကြည့်နိုင်ပါတယ်။ တစ်လက်စတည်း စာတမ်းရေးတာတွေ ဝါသနာပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ mother unit ဖြစ်တဲ့ APNG (Asia-Pacific Networking Group) ရဲ့ Camp အကြောင်းကိုလည်း http://www.apngcamp.asia မှာဝင်ကြည့်နိုင်ပါတယ်။

Leave a Reply