2012 ရဲ့ အကောင်းဆုံး Android Tablet များ

Kaung Myat HtutApril 19, 20127min39019

အရင်လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်က Tablet ဆိုရင် iPad လောက်သာရှိခဲ့ရာကနေ အခုဆိုရင် Android Tablet တွေမှိုလိုပေါက်အောင် များပြားလာပါတယ်။ အရည်အသွေးတွေ လည်း ပိုမိုကောင်းမွန်လာပါတယ်။ CPU အနေနဲ့ပြောရရင် quad core တင်သာမကဘဲ 5 core အထိပါရလာပြီဖြစ်သည်။ Graphic အနေနဲ့လည်း 1900×1200 resolution ကို 1080p နဲ့ ကြည့်နိုင်ပြီဖြစ်လို့ မျက်စိထဲမှာအရောင်တွေ စိုပြေနေတာတွေ့ရပါလိမ့်မယ်။

Best Overall
Asus Transformer Infinity Pad
Specs
•    Tegra 3 @ 1.3Ghz
•    12 core Tegra 3 GPU
•    Quad Core ARM A9 @1.3Ghz
•    10.1″ screen w/ Gorilla Glass1920x1200
•    224.17 Pixels per Inch
•    8.3mm thin!
•    Super IPS + display panel
•    USB, HDMI, Headphone Jack, SD, MicroSD Reader
•    Rear 8MP with LED flash, front facing @ 1.2MP
•    Android 4.0 out of the box
•    GPS
•    Q2 2012 release date
•    16/32/64GB with MicroSD, SDHC/XC in keyboard dock
•    10 hours on tablet, up to 20 hours with keyboard dock
•    586 grams
•    1GB of RAM

Asus Transformer Infinity 1
Asus Transformer Infinity 1

စစချင်းတွေ့လိုက်ကတည်းက Resolution ကောင်းမွန်မှုကိုသတိထားမိပါတယ်။ သူ့အရင်ကထွက်ခဲ့တဲ့ series တွေလိုပဲ dock ကို အသုံးပြုနိုင်ပါတယ်။ UK မှာတော့ 3G ရော၊ WiFi version နှစ်ခုစလုံးရပြီဖြစ်ပါတယ်။ CPU အမျိုးအစားတွေတော့ မတူပါဘူး။ 3G version မှာ dual-core ကိုအသုံးပြုထားပြီး၊ WiFi မှာတော့ quad-core ကိုအသုံးပြုထားပါတယ်။ ဈေးနှုန်းကို တိတိကျကျမသိရသေးပေမယ့် £500 ခန့်ရှိတဲ့ Prime ထက်တော့ ဈေးလျော့မှာမဟုတ်ပါဘူး။ Prime ကိုသင်္ကြန်မတိုင်ခင် ရန်ကုန်၊ ၃၆လမ်းက Technoland မှာ US$600 ကျော်နဲ့တွေ့လိုက်ရပါတယ်။ (ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်။)

Asus Transformer Infinity 2
Asus Transformer Infinity 2

ဒီဇိုင်းအပိုင်းနဲ့ပြောရရင် အခုထွက်မယ့် Infinity ဟာအရင်ထွက်ပြီးဖြစ်တဲ့ Prime ရဲ့ပုံစံနဲ့ ထူးထူးခြားခြားကွာခြားမှုရှိမှာမဟုတ်ပါဘူး။ Prime လိုပဲ သတ္တုအမာစား သုံးထားတာကြောင့် လက်နဲ့ဖိမိတာ၊ ထိုးမိတာကို စိတ်ပူစရာမလိုပါဘူး။ Keyboard dock ဟာလည်းသတ္တုအမာစား ကိုပဲသုံးထားတာကြောင့် ခေါက်ထားရင်သတ္တုအခွံရှိတဲ့ laptop အငယ်ပုံစံမျိုးရှိပါတယ်။ အကာအကွယ်တစ်ခုလိုမျိုးလည်းဖြစ်နေပါတယ်။
Keyboard dock အပိုင်းအနေနဲ့ပြောင်းလဲမှုမရှိတာကိုတွေ့ရပါတယ်။ Prime မှာကတည်းက စာရိုက်ရအဆင်ပြေတာကြောင့်အခုထွက်တဲ့ Infinity နဲ့လည်း အဆင်ပြေပြေသုံးနိုင်မှာဖြစ်ပါတယ်။ Prime ရဲ့ casing ဒီဇိုင်းဟာ GPS နဲ့ WiFi တွေအတွက် အခက်အခဲရှိစေခဲ့ပါတယ်။ ဒါပေမယ့် Infinity မှာတော့ ဖြေရှင်းထားတာကိုတွေ့ရပါတယ်။ Prime မှာအခက်အခဲရှိတယ်လို့ဆိုပေမယ့် သုံးစွဲသူတွေအနေနဲ့တော့ မသိသာပါဘူး။

၁ဝ လက်မအရွယ်ရှိတဲ့ Prime မှာ 1280×800 pixel ရပါတယ်။ တောက်ပပြီး ကြည့်ရအဆင်ပြေပါတယ်။ Infinity မှာတော့ အရွယ်ချင်းတူပေမယ့် 1920×1200 pixel ရှိလို့ပိုရပါတယ်။ ဒါကြောင့် HD အရည်အသွေးပိုရပါတယ်။ YouTube ကိုတက်ပြီး high definition ရုပ်ရှင်များကိုရှာဖွေကြည့်ရှုနိုင်ပါတယ်။ IPS+ နည်းပညာကို အသုံးပြုထားတဲ့ အတွက် နေရောင်ခြည်အလင်းရောင်အောက် မှာလည်း ကောင်းကောင်းမွန်မွန်ကြည့်နိုင်တာကို တွေ့ရပါတယ်။ အခုလို update လုပ်ထားတဲ့ Display ကစိတ်ကျေနပ်စရာဖြစ်ပါတယ်။
အခုနောက်ဆုံးအသစ်ထွက်လာတဲ့ Android version ကို Ice Cream Sandwich လို့ခေါ်ပါတယ်။ Prime မှာတော့ Honeycomb ကိုသုံးထားပေမယ့် Ice Cream Sandwich ဖြစ်အောင် upgrade လုပ်နိုင်ပါတယ်။

Asus Transformer Infinity 3
Asus Transformer Infinity 3

အခုအသစ်ထွက်လာမယ့် Infinity မှာ 4G ရယ်၊ 3G ရယ်၊ WiFi ဆိုပြီး ၃မျိုးရှိပါတယ်။ 4G network ဟာအင်္ဂလန်မှာတောင်မရသေးတဲ့အတွက် ကျန်တဲ့နှစ်ခုအပေါ်မှာပဲ လေ့လာနိုင်ပါတယ်။ 3G network ကို SIM card ကနေတဆင့်သုံးမယ်လို့ရည်ရွယ်ရင်တော့ 3G ကအဆင်ပြေပြီး၊ အိမ်တွင်း၊ ရုံးတွင်းမှာပဲ WiFi network ကတဆင့်သုံးချင်ရင်တော့ WiFi ကအဆင်ပြေပါတယ်။

Prime အတွက် WiFi မှာ Nvidia Tegra 3 quad-core chip ကိုအသုံးပြုထားပြီး၊ 3G မှာ dual-core Snapdragon chip ကိုအသုံးပြုထားပါတယ်။ Asus ကိုဘာကြောင့်ဒီလိုမတူတဲ့ CPU ကိုသုံးထားသလဲဆိုတာ မေးပေမယ့်မပြောပြခဲ့ပါဘူး။

ဒီကိစ္စအတွက်စိတ်ထဲမှာတစ်မျိုးဖြစ်နေတာကြောင့် သူ့အရှေ့က version ဖြစ်တဲ့ Asus Pad 300 ကိုလေ့လာကြည့်ပါတယ်။ WiFi ရော၊ 3G မှာပါ qual-core chip တွေသုံးထားတာတွေ့ရပါတယ်။ ဈေးပေါတဲ့ model မှာတောင်နှစ်ခုစလုံးအတူတူသုံးထားပြီးတော့မှ သူ့ထက်ပိုမြင့်တဲ့ Prime မှာဘာကြောင့် သုံးထားတဲ့ CPU မတူတာလဲဆိုတာ ရှင်းမပြပါဘူး။

Quad-core ကိုအသုံးပြုနေချိန်မှာ app တစ်ခုနဲ့တစ်ခုအပြောင်းမှာဖြစ်စေ၊ app တစ်ခုအသစ်ဖွင့်တာဖြစ်စေ၊ ပိတ်တာဖြစ်စေ lag မဖြစ်တာကိုတွေ့ရပါတယ်။ အနှစ်ချုပ်ပြောရရင် GPS function ပိုကောင်းအောင်ပြင်ဆင်ထားပြီး၊ Android version အသစ်ကိုသုံးထားပြီး၊ အရည်အသွေးပိုမြင့်တဲ့ screen resolution ရတဲ့ Asus Transformer Pad Infinity မှာလက်ရှိအချိန်မှာတော့ အကောင်းဆုံး Tablet အနေနဲ့ရပ်တည်နေနိုင်ပါတယ်။

Battery ပိုင်းအနေနဲ့ပြောရရင် Keyboard dock နဲ့တွဲသုံးတဲ့အခါမှာ နာရီ ၂ဝ လောက်ကြာကြာခံနိုင်တာကိုတွေ့ရပါတယ်။ Keyboard dock မှာလည်း USB port နဲ့ SD Card reader ပါတဲ့အတွက်ကြောင့် extend လုပ်သုံးနိုင်တဲ့ utility တွေများပြားတာကိုတွေ့ရပါတယ်။

Best Power / Business User
Lenovo K2 / K2010

Lenovo K2 / K2010
Lenovo K2 / K2010

Lenovo ကထုတ်လုပ်တဲ့ ThinkPad laptop တွေဟာ အရည်အသွေးကောင်းမွန်တဲ့အပြင် ကျောင်းသားတွေ၊ စီးပွားရေးသမားတွေအကြားမှာ အများဆုံးသုံးစွဲကြပါတယ်။ ဒါကြောင့်၎င်းတို့ ထုတ်လုပ်တဲ့ Android tablet ဖြစ်တဲ့ K2 / K2010 ဟာလည်းအရည်အသွေးပိုင်းဆိုင်ရာမှာ သံသယဖြစ်ဖွယ်မရှိပါဘူး။ CPU အနေနဲ့မြန်နှုန်းမြင့်တဲ့ Tegra 3 Quad (5 core) SoC ကို 1.7GHz ရှိပါတယ်။  Andriod tablet တွေအားလုံးအထဲမှာ 2GB RAM ကို ပထမဆုံးသုံးထားတဲ့ tablet ဖြစ်ပါတယ်။ 5 core အနက်မှ ပဉ္စမမြောက် core က web page ကြည့်နေချိန်၊ RSS တင်ချိန်၊ email ပို့ချိန်စသည်တွေမှာ အဆင်ပြေအောင် အလိုအလျောက် Power သုံးစွဲမှုကိုလည်း ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ပါတယ်။ သူ့အရင်ထွက်ခဲ့တဲ့ Tegra 2 ထက် Power စီမံမှုပိုကောင်းတာကိုတွေ့ရပါတယ်။

Tablet ကိုအသေးစိတ်လေ့လာကြည့်တဲ့အခါမှာ 10.1 လက်မ အကျယ်ရှိတဲ့ screen မှာ 1920×1200 resolution ရတာကိုတွေ့ရပါတယ်။ Tablet တစ်ခုလုံးဟာလဲ 11cm သာထူပေမယ့် USB port အပြည့်ပါပြီး၊ SD card လည်းသုံးနိုင်တာကိုတွေ့ရပါတယ်။ SD card reader ဟာ SD, SDHC card တွေအပြင်မှာ SDXC card တွေကိုပါဖတ်နိုင်တာကိုတွေ့ရပါတယ်။ SDXC card ဆိုတာ 128GB, 256GB အထိကြီးမားသော data storage ကိုဈေးသက်သက်သာသာဖြင့် ဝယ်နိုင်တော့မည်ဖြစ်သည်။ Transformer, Transformer Prime စသည်များကဲ့သို့ပင် Keyboard dock ဖြင့်တွဲဖက်အသုံးပြုနိုင်သည်။ ၎င်းနှင့်တွဲသုံးပါကနာရီပေါင်း ၂ဝ ခန့်သုံးနိုင်သည့်အတွက် အထူးပင်ကောင်းမွန်လှသည်။

Best Value
ASUS MeMo 370T

Specs
•    $249 – an amazing price for a quad core device
•    Bluetooth 3.0, WiFi a/b/g/n
•    Tegra 3 Quad (5 core) SoC clocked at 1.3Ghz
•    12 core Tegra 3 GPU
•    7″ screen
•    1200×800 IPS display with 178 degrees of view-ability
•    215.63 pixel per inch display
•    USB, Mini USB, HDMI, Headphone Jack, SD, microSDHC
•    8MP rear camera with LED flash and a 2MP front
•    Android 4.0 ICS out of the box
•    GPS
•    Q2 2012 release date
•    16/32/64GB
•    10 Hours of battery life
•    1GB of RAM

Asus Memo Front View
Asus Memo Front View

NVidia နဲ့ ASUS တို့ရဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ MeMo 370t ဟာဈေးအသက်သာဆုံးနဲ့ အရည်အသွေးအကောင်းဆုံး ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ တောက်ပတဲ့ display, 8MP ကင်မရာ၊ အလွန်မြန်တဲ့ စွမ်းဆောင်မှုတို့နဲ့ screen အရွယ် ရလက်မရှိပါတယ်။ ASUS ဟာ Transformer ထုတ်တုန်းက ဝယ်လိုအားထက်ပိုများတဲ့ ရောင်းလိုအားနဲ့ ထုတ်ခဲ့တဲ့အတွက် ရခဲ့တဲ့သင်ခန်းစာကို ယူပြီး ဈေးနှုန်းပြင်ဆင်မှုများနဲ့ ဝယ်ယူသူ customer များကိုကျေနပ်မှုရစေခဲ့ပါတယ်။ Android 4.0 Ice Cream Sandwich ကိုအသုံးပြုထားတဲ့ ဒီ tablet ဟာ screen resolution 1200×800 ရှိပါတယ်။ ASUS နဲ့ Nvidia တို့ဟာအရင်ကထက်ပူးပေါင်းဆောင်ရွက်မှုများရှိတာကို တွေ့ရပါတယ်။

Asus Memo Back View
Asus Memo Back View

Coolest
Samsung Galaxy Tab 7.7

Specs
•    3G, 4G LTE, WiFi 802.11b/g/n, Bluetooth 2.1+EDR
•    Mali 400 MP GPU
•    Dual Core ARM9 @ 1.4Ghz
•    7.7″ Super AMOLED Plus display
•    1280×800
•    196.03 pixels per inch
•    7.89mm thin
•    Super AMOLED Plus
•    Mini USB, Headphone Jack, HDMI, microSD
•    3MP rear with LED flash, 2MP front,
•    Android 4.0
•    GPS
•    Already released in Asia
•    8/16/32/64GB
•    5100mAh, 10 hours
•    335 grams, nice and light, under a pound
•    1GB of RAM

Samsung Galaxy Tab 7.7 Front View
Samsung Galaxy Tab 7.7 Front View

ဒီ tablet ဟာအခုအချိန်လောက်မှာထွက်ပြီးဖြစ်နေတာကြောင့် Android 4.0 Ice Cream Sandwich ကိုမသုံးထားတာကိုတွေ့ရပါတယ်။ Tegra 3 Quad core processor ကိုအသုံးမပြုထားတဲ့ tablet လည်းဖြစ်ပါတယ်။ ဒါပေမယ့် Super AMOLED Plus display ကိုအသုံးပြုထားတဲ့ ပထမဦးဆုံးနဲ့ လက်ရှိအချိန်မှာ တစ်ခုတည်းသော tablet ဖြစ်ပါတယ်။

Samsung Galaxy Tab 7.7 Side View
Samsung Galaxy Tab 7.7 Side View

7.89mm အထူရှိပြီး၊ 7လက်မအရွက်ရှိတဲ့ screen မှာ 1280×800 AMOLED display ကိုအသုံးပြုထားပါတယ်။ Tablet တွေအထဲမှာ အလေးချိန်အပေါ့ဆုံး tablet လို့ဆိုနိုင်ရလောက်အောင်ပေါ့ပါတယ်။

၁ဝနာရီကြာ ရုပ်ရှင်ကြည့်နိုင်တာကြောင့် လေယာဉ်ပေါ်မှာအချိန်အကြာကြီးခရီးသွားနေသူတွေ အတွက်လည်းသင့်တော်ပါတယ်။ နောက်လာမယ့် model တွေမှာ Android 4.0 Ice Cream Sandwich ကိုအသုံးပြုလိမ့်မယ်လို့မျှော်လင့်ရပါတယ်။

တွဲဖက်ဖော်ပြထားတဲ့ ဇယားကိုကြည့်မယ်ဆိုရင် LG, Toshiba, Samsung တို့ရဲ့ အခြား product တွေကိုပါမြင်တွေ့နိုင်ပါတယ်။ Screen resolution, Battery, RAM စတာတွေကို နှိုင်းယှဉ်နိုင်ပါတယ်။ NVidia တို့ကလည်း Tegra 4 အတွက်အလုပ်လုပ်နေပြီဖြစ်ကြောင်းကိုလည်း   တွေ့ရပါတယ်။

အခုဖော်ပြထားတဲ့ဈေးနှုန်းတွေကြောင့် အခက်အခဲရှိနေသူတွေအတွက်လည်း သတင်းကောင်းပါးလိုက်ပါရစေ။ Google ရဲ့ Open source ဖြစ်တဲ့ Android 4.0 Ice Cream Sandwich ကိုဆက်လက်ပြီးတိုးတက်အောင်လေ့လာမှုတွေပြုနေကြပြီး များမကြာခင်အချိန်မှာ USD 100 တန် tablet များထွက်လာတော့မှာဖြစ်ပါတယ်။

Tablets Comparison Chart
Android Tablets Comparison Chart

စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine များတွင် ပင်တိုင်ရေးသားနေသော ဆောင်းပါးရှင်ဖြစ်သည်။

19 comments

  • ဗိုက်ကလေး

    April 19, 2012 at 6:27 pm

    ကောင်းမကောင်းတော့ မသိဘူး
    ဖတ်ရင်းသရေတောင်ကျတယ်ဗျာ..

    ဒါပေမဲ့.
    ဈးနှုန်းတွေက သကြားမင်းဖင်တက်စောင့်နေတာမို ့..တော်တေးဘီ.အဟွတ်..အဟွတ်..

  • koaung

    April 19, 2012 at 7:07 pm

    အိုင်းပက်အိုင်းပက် ဆိုလို့တနေ့ကအိုင်းပက်၂ဈေးချလို့ အင်တာနက်လိုင်း ၂နှစ်စာချုက်ရင် ဈေးပိုချပေးတာ ဒေါ်လှ၂၀ဝနဲ့ရလိုက်တယ်
    သုံးကြည့်ဒေါ့လဲမဆိုးပါဘူး စကိုင်းပီလဲလိုင်းကောင်းသလို တီဗီယူပလေရာလဲပြတ်သားစွာမြင်ရတယ် မြန်မာဖွန့်ကိုဒေါ့ဝယ်သုံးရတယ်
    ၁ဒေါ်လှမပြည့်ပါဘူး လူသုံးမများလို့လားမသိ ရုက်ရှင်ကြည့်တာလဲပြတ်ပြတ်သားသားပါပဲ အဆင်မပြေတာတခုကမန်းတလေးဂဇတ်ကို
    မြန်မာလိုမမြင်ရတာဘဲဗျာ တတ်ကျွမ်းအသုံးပြူသူများ ဂိုဒ်ပေးကြပါဦးဗျာ မြန်မာဖွန့်ဘယ်လို နဲ့ဘယ်မှာဒေါင်းလို့ရပါသလဲဗျာ လေးစား
    လျှက်

    • Ever Golli

      April 19, 2012 at 7:49 pm

      Bro koaung ရေ..
      iMyanmar Pad ဆိုတဲ့ free application လေးရှိတယ်ဗျ..Browser application လေးပါပဲ..
      Uni ကော ZawGyi ကော support ပေးတယ်..အနော့..iPad2 မှာလဲ..
      အဲသာလေးသွင်းထားတာ.အဆင်ကိုပြေလို့..တခုပဲရှိတယ်..စာတော့..ရိုက်လို့မရဘူး..
      စာဖတ်ယုံပဲ..တခုရှိတာက.အနော်က.. sg apple store က.ဆွဲချတာဗျ..အကိုတို့ဆီမှာ..
      တင်ထားမထား.တော့.မသိဘူး..
      Regards,
      PoeHarpp 😉

  • koaung

    April 19, 2012 at 8:11 pm

    ရဝူးဗျာ ဒီမှာကစက်ကိုအိုးပင်းထဲက ခရက်ဒစ်ကာဒ်ကိုမှတ်ပုံတင်ပီးမှ ပေးဒေါင်းတာဗျ ကိုယ့်ညီပေးတဲ့လင့်ကိုဝင်ဒေါင်းတာ ပေးမဒေါင်းဘူး
    (စိတ်ပုက်တယ်) ဒါကြောင့်သူကြီးကပန်းသီးမစားတာကိုး ကျေးဇူးပါဗျာ မသုံးတတ်သေးတာလဲပါမယ် ဈေးနဲနဲပေါလို့သာသုံးကြည့်တာ
    သုံးလို့တော့အကောင်းသားဗျာ :mrgreen:

  • ရွာစားကျော်

    April 20, 2012 at 7:12 am

    ရှလွတ်..ရွှတ် (သရေကျတဲ့ အသံ)
    စောင့်လက်စနဲ့ ၁၀ဝ တန် ထွက်အောင် စောင့်လိုက်အုံးမယ်ဗျိုး
    ကျေးဇူး ကိုကောင်းမြတ်ထွဋ်ရေ

  • FattyCat

    April 20, 2012 at 9:42 am

    $100 ဝန်းကျင်လောက်နဲ့ Tablet သုံးလို့ရနေပါပြီ… အောက်ကလင့်ကိုကြည့်ပါ-

    http://www.chinatabletspcs.com/Onda

    အဲဒီ Tablet လေးတွေကို T-Land ဆိုတဲ့ ကွန်ပျူတာဆိုင်မှာ ရန်ကုန်ရော၊ မန္တလေးမှာပါဝယ်လို့ရနေပြီလို့ သိရတယ်…

    Touch ရော၊ အမြင်လေးပါ မဆိုးပါဘူး… သူ့ဈေးနဲ့သူတန်တယ်လို့ပြောလို့ရတဲ့အနေအထားပါ…
    Android သုံးတာပဲဗျာ… Branded ဖြစ်စရာမလိုပါဘူး…ဟီးဟီး (ရန်စခြင်း)

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ALITTLE

      April 20, 2012 at 1:49 pm

      အဲ.ဒါဟာက ဘယ်လမ်းမှာလဲဗျ လိပ်စာလေး ငါးစာလေးပေးပါအုံး

    • Kaung Myat Htut

      April 20, 2012 at 9:08 pm

      Tablet ချင်းတူပေမယ့် အသံထွက်ပုံချင်း၊ စွမ်းဆောင်ရည်ချင်းကွာတယ်ဗျ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Huawei product တွေက တော်တော်စွမ်းလာတယ်ဆိုပဲ။

  • ahnyartamar

    April 20, 2012 at 10:03 am

    i hate modern technology.

  • သမိန်ဂီ့

    April 20, 2012 at 10:49 am

    တဖဲ့ကိုက်ထားတဲ့ သစ်သီး တလုံးကို ၅၀ဝ နဲ့ ရောင်းတယ်…တဲ့ ..အမေ….
    အဲ့ … သူနဲ့ ယှဉ်ရွေးစရာက ၁၀၀ဝ တန်ကနေ ၁၀ဝတန်ကြားရှိတဲ့ ….အခြား အသီး အမျိုးမျိုး…ရှိသတဲ့ဗျာ..

    အမေ…
    ကျုပ်ဖတ်ဖူးတဲ့ ဘစ်ဇနက် စွက်ဒဂျီမှာ ၃မျိုးပဲ ရှိသတဲ့ …
    ၁ခုက များများထုတ် ပေါပေါရောင်းတဲ့ …ကိုစ့်လီဒါရှစ်ပ်တဲ့…
    နောက်၁ခုက မတူထူးခြားမှု ဖြစ်တဲ့ ဒစ်ဖရန့်ရှီအေးရှင်း တဲ့…
    အဲ့၂ခုလုံး မရှိရင်တော့ ..မတူကွဲပြားတာ ထုတ်ပြီး အများနဲ့ မတူကွဲပြားသူတွေကိုရောင်းတဲ့ နစ်ချ် ပလေယာ ဆိုပဲ…

    ဒါတွေကို တြိဂံ တခုလိုတွေးရင်တော့ အစွန်း ၃ခုပေါ့ အမေ…
    ဒီ ၃ခုလုံး ကင်းရင်… (ဝါ) ပြိုင်ဘက်တွေက အစွန်းတွေ ကို စားသွားရင်တော့ ….. အင်း….
    stuck in the middle with no clear strategy တဲ့…

    ပေါ့ချင်တာလား .. မြန်ချင်တာလား …ဘက္ကထွီ အစားခံတာလား …
    ပါဝါဖူးလ်ဖြစ်တာလား ..မန်မိုရီများတာလား.. အရွယ်အစား ငယ်တာလား..
    အလုပ်ဖြစ်တာလား … ကွန်ပက်တစ်ဘစ်လတီလား …. ပီစီကို အစားထိုးနိုင်တာလား …
    …လား … လား…. …လား …
    သူမကို ချစ်မိရင်တော့ အမေရယ် .. ဒါတွေ ကျနော့်မှာ ရွေးခွင့်မရှိဘူးရယ်..

    သည်တော့ ဆုံးဖြတ်မိတယ်…အမေ …
    ကျုပ်တော့ .. မုန့်ဟင်းခါး ကိုအကြော်စုံ ထည့်ပြီး …
    ရော့ … ဒါအကောင်းဆုံးပဲ …ဒါပဲရှိတယ် ..ဒါပဲ စား ဆိုတဲ့ ဈေးသည်မျိုးဆီက
    ဘယ်တော့မှ ..ဈေးမဝယ်ဘူး အမေ…..
    မုန့်ဟင်းခါး က ဘရိတ်ဖတ်စ် အတွက် တခုတည်းသော အဖြေမဟုတ်တာကို ကျနော် တွေးမိသေးတယ်အမေ…
    ဟုတ် … ကျနော့်မှာ ရွေးစရာ ရခိုင်မုန့်တီ ဒါမှမဟုတ် အသုတ်စုံ ရှိသေးရဲ့မဟုတ်လားဗျာ…

    (ခြွင်းချက်။ အလကားရရင်တော့ သုံးပါတယ်… တခြမ်းပဲ့ ပစ္စည်းသုံးတာပဲဟာ … အကုန်ကျခံစရာ မလိုဘာဘူး …)
    အာဟိ…. ရန်စသွားပါသည်…

    • Kaung Myat Htut

      April 20, 2012 at 9:24 pm

      ကိုသမိန်က marketing strategy ဆိုတော့ ကျွန်တော်သိတာ တစ်ခုကိုပြန်ဝေမျှချင်ပါတယ်။
      ဟိုအရင်ခေတ်တစ်ခုမှာတော့ ကုန်တိုက်ထဲက ပစ္စည်းတွေ မရောင်းရလေကောင်းလေတဲ့။ ဒါမှ တက်ဈေးနဲ့မိပြီး အမြတ်များများရလေဆိုပဲ။ ဒါကြောင့်ကုန်တိုက်မှာ အလုပ်လုပ်တဲ့ အရောင်းစာရေးမများ တယ်ဆက်ဆံရေးညံ့ဆိုပဲ။ ပြောပါဦး။ ဒါဆို ဘယ် marketing strategy နဲ့ကိုက်ညီလဲ?

  • ကြောင်ကြီး

    April 20, 2012 at 11:15 am

    ဆမ်ဆောင်ဂလက်ဆီက မိုဘိုင်းလ်ဆားဗစ်ပါရနေပြီပြောတယ်။ ရလက်မလောက်ဆို သယ်သွားလို့ အဆင်ပြေဒယ်…။ ဖုံးလည်းပြော၊ အခြားအပလီကေးရှင်းတွေလည်းသုံး နိပ်ဟ…. အရင်လို မိုဘိုင်းလ်ဖုံး၊ အမ်ပီသရီးပလေရာ၊ ကွန်ပြူတာ၊ အီးဘွတ်ရီဒါ ဗျောက်သောက် ရှုပ်ရှပ်ခက်နေစရာ မလိုတော့ဘူး..။ ဒါနဲ့ သဂျီးက ဒီနှစ်နယူးရီးယားကြရင် တက်ဘက်ကွန်ပြူတာဆယ်လုံး ရွားသူားတွေအတွက် ကံစမ်းမဲဖောက်ပေးဂျင်ဒယ်တဲ့.. အဲဒါ အိုင်ပက်ဒ်ကြိုက်သလား ဂူဂယ်လ်အန်ဒရွိုက်ဗားရှင်း တက်ဘလက်ကြိုက်သလား မြန်မြန်ပြောဂျပါ…။တော်ကြာနေ ဘာမှမရလိုက် ဖြစ်သွားမှာစိုးလို့… သူ့စိတ်က အပြောင်းအလဲ မြန်ပါဘိနဲ့… 🙄

      • kai

        April 20, 2012 at 11:59 am

        ကျုပ်လည်း.. ရုံးကကွန်ပြုတာထဲ.. တာမင်နယ်နဲ့ဝင်နေကျမို့.. ဝင်းဒိုးစ်ကို စောင့်နေတာဗျာ..
        တက်ဘလက်က.. ဝယ်သာထားသာ.. ပလုံဆိုတဲ့အတိုင်းပဲ..
        ဘာမှမကလိဖြစ်ဖူး…။

  • FattyCat

    April 20, 2012 at 12:04 pm

    မကလိဖြစ်ရင်လဲ မြန်မာပြည်သာပို့လိုက်ပါဗျာ…
    ကိုယ်တိုင် သေချာကလိပြီး သဂျီးဆီကို မချွင်းမချန်အကြောင်းပြန်ပေးပါ့မယ်…
    သဂျီး တက်ဘလက်မှာ ဝက်အူသေးသေးလေး ဘယ်နှလုံးပါတယ်ကအစပေါ့…

  • sugar sugar

    April 20, 2012 at 3:20 pm

    ကို ဗိုက်ကလေး ပြောသလိုပါပဲဗျာ၊android ကိုတော့ကြိုက်တယ် ဗျ

  • ရောင်နီ ဦး

    May 9, 2012 at 11:30 am

    ဖြစ်နိုင်ရင်အားလုံးကိုဝယ်လိုက်ချင်တယ်။။။မဖြစ်နိုင်တာကတော့။။။။။။။။။။။။။။။။။။
    ငွေငွေငွေ။။။။။။။။။။။ငွေဆိုတာဂုဏ်ကိုခေါ်တယ်။။။။။။။။။။။။။။။

  • ရောင်နီ ဦး

    May 9, 2012 at 11:31 am

    ဖြစ်နိုင်ရင်အားလုံးကိုဝယ်လိုက်ချင်တယ်။။။မဖြစ်နိုင်တာကတော့။။။။။။။။။။။။။။။။။။
    ငွေငွေငွေ။။။။။။။။။။။ငွေဆိုတာဂုဏ်ကိုခေါ်တယ်

Leave a Reply