Windows 8 က iPad ကိုခြိမ်းခြောက်နိုင်သော အချက် ၆ ခု

Kaung Myat HtutApril 17, 20122min1816

Windows 8 က iPad ကိုခြိမ်းခြောက်နိုင်သော အချက် ၆ ခု

၁။ Windows 8 သည် customize လုပ်လို့ပိုရသည်။

Windows 8 1
Windows 8 is more customizable.

၂။ Website တစ်ခုကို စက္ကန့်ပိုင်းအတွင်း upload လုပ်နိုင်သလို ကြည့်နေကျမဟုတ်သော website များကိုလည်းအချိန်တိုအတွင်း ဖွင့်နိုင်သည်။ Internet Explorer 10 သည်အမြန်ဆုံး Internet browser အဖြစ်ရပ်တည်လာမည်ဖြစ်သည်။

Windows 8 2
Internet Explorer 10 is the fastest Internet Browser.

၃။ Windows 8 တွင်ပါဝင်လာသော Device function ကြောင့် file ပေါင်းများစွာကို ဖွင့်နိုင်ရုံမျှမက ပစ္စည်းပေါင်းများစွာကိုလည်း တွဲဖက်တပ်ဆင်အသုံးပြုနိုင်သည်။ Android နှင့် apple တို့ပြိုင်နေသော ပြိုင်ပွဲအတွင်းသို့ Microsoft ကလည်း Windows 8 အားကိုးဖြင့် ဝင်ရောက်လာနိုင်ပြီဖြစ်သည်။

Windows 8 3
Windows 8 can hold more devices.

၄။ Windows 8 မှာ multi tasking အဖြစ် app နှစ်ခုတစ်ပြိုင်နက်တည်း run နေတာကို မြင်နိုင်ပါတယ်။

Windows 8 4
Windows 8 has Snap Multitasking.

၅။ Windows 8 မှာ Key အရွယ်တွေကို ပြန်ပြင်နိုင်ပါတယ်။ ဆိုလိုချင်တာက လက်အရွယ်အစားကြီးသူတွေအတွက် touch screen ကိုသုံးတဲ့အခါမှာဖြစ်နေတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ပါတယ်။

Windows 8 5
Windows 8 has resizable keys.

၆။ Windows 8 မှာ Windows store, email, web စတာတွေကို မိမိကြိုက်နှစ်သက်သလို ရှာဖွေနိုင်မည့် search facility ပါဝင်ပါတယ်။

Windows 8 6
Windows 8 has more options for searching.

အထက်ဖော်ပြခဲ့တာတွေ မှန်၊ မမှန်ဆိုတာ Windows 8 ထွက်လာတဲ့အချိန်အထိ ရင်ခုန်စွာ စောင့်မျှော်ကြပါစို့။

စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine တို့တွင် ပင်တိုင်ရေးသားနေသော ဆောင်းပါးရှင်ဖြစ်သည်။

6 comments

  • သမိန်ဂီ့

    April 17, 2012 at 1:39 pm

    ဘယ်တော့လဲ မေးနေကြသူတွေရှိလာနိုင်တဲ့အတွက် …

    http://myanmargazette.net/94550/computers-technology

    အရင်ကရေးဖူးတာလေး နဲ့ အားဖြည့်လိုက်ပါတယ်ဗျာ…

    ခင်တဲ့
    ဂီ

  • ဗိုက်ကလေး

    April 17, 2012 at 2:20 pm

    ကဲ..ကဲ..
    ရွာထဲက ဘိုးကြီး ဘွားကြီးတွေ..ပီစီအစုတ်နဲ ့ ကျေနပ်မနေကြနဲ ့.
    ဝင်းဒိုးအိတ်ထ် လာတော့မယ်…အားလုံး လယ်ဒီလုပ်ထားကြ..
    လယ်ဒီ..ဝမ်း..ထူး..တရီး..အမှီလိုက်ကြမယ်..ဒါဗျဲ

  • Ever Golli

    April 18, 2012 at 9:39 pm

    ့hi Bro တို့ရေ..
    New member လေးပါခင်ည..ရုပ်လဲချော.သဘောလဲကောင်း.တယ်ပြောကြဒယ်.လူပျိုကလဲ.လူပျို 😉
    နည်းနည်းလွဲနေတာလေး..ပြောပြချင်လို့ပါ..Window8 က OS လို့အတိုခေါ်ခေါ်နေကြတဲ့
    Operating System ဗျ.. iPad က Tablet Device..ကျနော်..အမြင်ပြောရရင်..အဲ့နှစ်ခုက..
    အပျော့ထည်..အမာထည်ဗျ..ဘယ်လိုမှ..Compare လုပ်လို့မရဘူး..OS ချင်းယှဉ်ပြောတာဆိုရင်..
    Window8 vs iOS5(mobile) ဒါမှမဟုတ် Window8 vs OS X တခုခု(PC) ဖြစ်သင့်တယ်ထင်ပါတယ်.
    ဒါမှမဟုတ်Tablet ချင်းယှဉ်ပြောချင်တာဆိုရင်ဖင့်.Window8 သုံးမဲ့ Tablet vs iPad ဖြစ်သင့်ကြောင်းပါ.
    သူများတွေ.အလွယ်ပြောပြောနေကြသလို…Android vs iPhone ဘယ်သူကောင်းလဲဟ..
    ဆိုတာလိုမျိုး.အမှတ်မှားကုန်မှာ..ဆိုးလို့ပါ..အပေါ်မှာ..အနော်.ပြောခဲ့သလိုပဲ.. Android က OS .. iPhone က Device ပါခင်ည..ဖြစ်ချင်းဖြစ်.. Android vs iOS ဖြစ်သင့်ကြောင်းပါ….
    ဒတ်ဂလောက်..ဒတ်ဂလောက်.. 😉

  • သမိန်ဂီ့

    April 19, 2012 at 10:02 am

    ပန်းသီး မြင် မနေနိုင် တာက တကြောင်း..(ချဉ်လို့ အာ…ဟိ..)
    စာရေးသူက ရွေးထားတာလေး မြင်မိလို့ ..ထပ်ရေးချင်တာတကြောင်း နဲ့..
    ထပ်မံအားဖြည့်ပါတယ်ဗျာ..

    tablet PC နဲ့ tablet device ကြားက definition လေးကွာခြားပုံအကြောင်းရယ်ပါ
    iPAD ဟာ tablet device သက်သက်ဖြစ်ရဲ့..
    (ဆိုလိုသည်မှာ) PC နဲ့ smartphone ကြားက ပေါင်းကူး ပစ္စည်း လို့ပဲ မှတ်တယ်ဗျ…
    သွားလေသူကြီးကလည်း ဒီလိုပဲ define လုပ်သွားခဲ့တာပါ…
    သည်၆လအတွင်း ပိုပြီး အလုပ်လုပ်နိုင်လာပေမယ့် (Apps ပိုပေါလာပေမယ့်)
    ပီစီ အပေါ် အတိုင်းအတာ တခုထိ မှီခိုနေရဆဲ ဆိုတာလေးပါ..

    tablet PC ဆိုတာကတော့ အမှန်တကယ် PC အစားထိုး ပစ္စည်း ဖြစ်ရမယ် လို့
    ဆိုတဲ့ ..သတ်မှတ်ကန့်သတ်ချက်ရှိပါတယ်.. (laptop killer, desktop killer) ပေါ့..
    Windows 8 tablet ဟာ ဒီလိုပစ္စည်းမျိုး လို့ ဆိုချင်ပါတယ်…

    Entertainment သက်သက်လား Business/ Productivity လား .. trend တွေ
    ခုထက်ပို ကွဲဖို့ ရှိလေတော့ … တက်ဘလွတ် ဝယ်မယ့် ကိုကိုမမများ
    ခွဲသိအောင် ထပ်မံအားဖြည့်လိုက်ရပါတယ်…

    လူချင်းတွေ့မှ စကားတွေ အများကြီးပြောချင်သေးရဲ့ ကိုယ့်ဆြာရေ….

    ခင်တဲ့
    ဂီ

  • FattyCat

    April 19, 2012 at 11:49 am

    အဲဒီကိစ္စမှာ ဒီလိုမြင်တယ်နော်…

    iPad လို (သို့တည်းမဟုတ်) iPad ထက်ကောင်းတဲ့ Hardware ကို Apple မဟုတ်တဲ့တခြား Company တွေအနေနဲ့ တီထွင်တိုင်ပါတယ်…
    တီလဲတီထွင်ခဲ့ပြီးပါပြီ… iPad ထက်မြန်တဲ့ Processor တွေသုံးတဲ့၊ ပိုများတဲ့ Memory တွေ Storage တွေပါတဲ့ Tablet တွေပေ့ါ…
    အခု အရေးအကြီးဆုံးအချက်က OS ဖြစ်နေတာပါ…
    iOS ကိုမီဖို့၊ iOS ထက်ပိုငြိမ်တဲ့၊ iOS ထက်ပို Performance ကောင်းတဲ့၊ iOS ထက်ပို Application ပေါတဲ့ OS တစ်ခု လိုအပ်နေပါတယ်…
    အဲဒီတော့ Desktop OS မှာ တစ်ကောင်ထဲပြေးထားတဲ့ ပြိုင်မြင်းကို အားကိုးကြတာတော့ မစမ်းပါဘူးနော်…
    ပြန်ပြီးတော့ Microsoft ရဲ့ Mobile OS အကြောင်းစဉ်းစားကြည့်ရင်… iOS ထက် သမိုင်းကြောင်းစောပေမယ့် အခုအချိန်မှာ နောက်ကျသွားပြီလို့တော့ ပြောချင်သားပေါ့နော်… (ဂီဂီကို စတာ)၊ Apple က Macbook Air (Ultrabook) ထုတ်တော့ လိုက်ထုတ်လိုက်ရတာအမောဆိုတာမျိုးလို…
    Microsoft လဲ iOS တို့ Android တို့ကို ပြိုင်ဖို့ Mobile OS ထဲကို ဝင်လာတဲ့ ပထမခြေလှမ်းပါ…
    PC အားလုံးရဲ့ ၈၀% အသုံးခံထားရတဲ့ Microsoft ကိုလဲ လျော့တွက်လို့တော့မရပေဘူးပေါ့…
    စမ်းသပ်သူတွေကတော့ မျှော်မှန်းသလောက် စိတ်တိုင်းမကျဘူးဆိုတဲ့ Windows 8 ကို စမ်းကို မသုံးရသေးတာမို့ ဝေဖန်ခြင်းမပြုနိုင်တာခွင့်လွှတ်ပါဗျာ…

    မိန်းမစက်ကို Windows 8 တင်ပြီးမှ နင်တို့နဲ့တွေ့မယ်…ဟီးဟီး

    ခင်တဲ့-
    ကြောင်ဝတုတ်

Leave a Reply