ဂျပန်နိုင်ငံ၏ ဂြိုဟ်သိမ် လေ့လာရေး အာကာသယာဉ် မြေပြင်သို့ ပြန်လည် ဆင်းသက်မည်

guestktyJune 12, 20101min610

လွန်ခဲ့သော ရ နှစ်ခန့်က အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်အကြား ရွေ့လျားနေသော ဂြိုဟ်သိမ်တစ်ခုကို အနီးကပ် လေ့လာ၍ ၎င်းဂြိုဟ်သိမ်မှ မြေနမူနာယူရန် ဂျပန်နိုင်ငံက လွှတ်တင်ခဲ့သော ဟာယာဘူဆာ အမည်ရှိ အာကာသယာဉ်သည် ယခုအခါ ကမာ္ဘ လေထုအတွင်းသို့ ပြန်လည် ဝင်ရောက်လာပြီဖြစ်၍ တနင်္ဂနွေနေ့ညတွင် ဩစတြေးလျနိုင်ငံ တောင်ပိုင်း တောအုပ်အတွင်းသို့ ကျရောက်လာမည် ဖြစ်သည်။ ယင်းသို့ ကျဆင်းလာ ချိန်တွင် ထိပ်ဖူးနှင့် ကိုယ်ထည်ကွဲကွာ၍ မီးလောင်ကျွမ်းမည် ဖြစ်သည်။ ထိုကဲ့သို့ ဂြိုဟ်သိမ်တစ်ခုနှင့် ထိတွေ့၍ မြေနမူနာယူနိုင်သော အာကာသ စူးစမ်းလေ့လာမှုတွင် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ (ဆင်ဟွာ)