တောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်းတွင် တည်ဆောက်သော နာရိုတစ်အမည်ရှိ ဒုံးပျံကို ဂျိုလာပြည်နယ်ရှိ အာကာသ ဒုံးပျံပစ်စင်မှ ယမန်နေ့ညနေ ၅ နာရီခန့်တွင် လွှတ်တင်ခဲ့ရာ လွှတ်တင်ပြီး ၁၃၇ စက္ကန့်အကြာတွင် အဆက်အသွယ် ပြတ်တောက်ခဲ့၍ မကြာမီ အတောအတွင်းတွင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။ အဆိုပါ ဒုံးကျည်သည် ၁၄၀ တန်လေး၍ ရုရှား ကျွမ်းကျင်သူများ၏ အကူအညီဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် ဒေါ်လာ ၄၀၄.၅ သန်း အကုန်အကျ ခံခဲ့သည်။

About guestkty

Thu Ya has written 55 post in this Website..