iPad အသစ်ဝယ်မယ်ဆိုရင် ဒါတွေလိုတယ်။

Kaung Myat HtutApril 17, 201212min3813
iPad 3
iPad 3
iPad 3

ပထမဦးဆုံးလုပ်ရမှာက ကိုယ့်ကွန်ပျူတာမှာ iTunes မရှိသေးဘူးဆိုရင် install လုပ်ရမှာဖြစ်ပါတယ်။ ပြီးရင် iPad ကို http://gizmodo.com/5508769/how-to-set-up-your-ipad-the-right-way မှာဖော်ပြထားတဲ့အတိုင်း set up လုပ်ရမှာဖြစ်ပါတယ်။ iPhone တွေ၊ iPod Touch တွေရှိထားလို့ သူတို့အတွက် သုံးဖို့ PC မှာရှိပြီးသာားဆိုရင်တော့ iTunes ကိုထပ်ပြီး install လုပ်ဖို့မလိုတော့ပါဘူး။ ပြီးရင် Apple store ကနေဝယ်ပြီး၊ download လုပ်ပြီးဖြစ်တဲ့ app တွေကို iPad အသစ်ထဲကို sync လုပ်ဖို့လိုအပ်လာမှာပါ။ အရင်က iPhone တို့၊ iPod Touch တို့အတွက်တော့ app display တွေက အရွယ်သေးလည်းကိစ္စမရှိပါဘူး။ ဒါပေမယ့် iPad ကျတော့ display ကြီးလာတဲ့အတွက် display အရွယ်ကြီးကြီးနဲ့လိုက်မယ့် app အသစ်တွေလိုအပ်လာမှာပါ။

ကံကောင်းတဲ့အချက်တစ်ခုကတော့ iTunes က Universal app ဆိုတာတွေရှိပါတယ်။ ဆိုလိုချင်တာက iPhone အတွက်ထည့်ထားတဲ့ app ကို iPad ထဲကို sync လုပ်လိုက်ပြီးတဲ့နောက်မှာ iPad နဲ့သင့်တော်မယ့် app ဖြစ်အောင် universal app ကနေတဆင့် အလိုအလျောက် sync လုပ်ပေးတာပဲဖြစ်ပါတယ်။

အခုနောက်ဆုံးအသစ်ထွက်လာတဲ့ iPad မှာ iOS 5 ကို iCloud ဆိုတဲ့ online storage နဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။ သင့် iPad အထဲက Contact, email, calendar စတာတွေကို online storage မှာသိမ်းထားနိုင်ပါတယ်။ sync လည်းလုပ်နိုင်ပါတယ်။ သီချင်းတွေကိုနှစ်သက်ပြီး အားလုံးကိုသိမ်းထားဖို့အတွက် အခက်အခဲရှိတယ်ဆိုရင်တော့ iTunes Match ကို USD 25 နဲ့ဝယ်ယူအသုံးပြုနိုင်ပါတယ်။ iTunes Match ဆိုတာကတော့ အကြမ်းပြောရရင် Cloud နဲ့တွဲသုံးနိုင်တဲ့ iTunes ပုံစံမျိုးဖြစ်ပါတယ်။

iPad သုံးတဲ့လူတွေအားလုံးထဲမှာ သင့် iPad ကအကောင်းဆုံးဖြစ်နေစေချင်ရင်တော့ အောက်ဖော်ပြပါ app တွေကိုထည့်သွင်းထားရမှာဖြစ်ပါတယ်။

Netflix

Netflix
Netflix

Netflix streaming video ဖြစ်ပါတယ်။ အသုံးပြုချင်ရင်တော့ account တစ်ခုလိုအပ်ပါတယ်။ ဒီ software ကို http://itunes.apple.com/us/app/netflix/id363590051?mt=8 မှတဆင့် အခမဲ့ရနိုင်ပါတယ်။

Kindle

Amazon Kindle
Amazon Kindle

Apple ရဲ့ iBooks app ကလုံလောက်ပါတယ်။ ဒါပေမယ့် iPad, iPhone, laptop နဲ့ တကယ့် Kindle တွေမှာဖတ်နိုင်ဖို့အတွက်တော့ Kindle reader ကအကောင်းဆုံးဖြစ်ပါတယ်။ iPad ကို သယ်ဆောင်သွားနိုင်တဲ့ စာကြည့်တိုက်အသွင် ပြောင်းပေးမှာဖြစ်ပါတယ်။ ၎င်းကို http://itunes.apple.com/us/app/kindle-read-books-magazines/id302584613?mt=8 မှတဆင့် အခမဲ့ရနိုင်ပါတယ်။

Instapaper

 

Instapaper
Instapaper

Website တစ်ခုကိုဖတ်ပြီး သူ့အထဲကစာတွေ ကြိုက်လို့မှတ်ထားပြီး နောက်အားမှ ဆက်ဖတ် ချင်တယ်ဆိုရင် Instapaper ကိုအသုံးပြုနိုင်ပါတယ်။ ၎င်းဟာ iPad မှာ web content တွေကို cache အနေနဲ့မှတ်ထားပေးနိုင်တဲ့ app ဖြစ်ပါတယ်။ အခမဲ့တော့မရပါဘူး။ USD 5 နဲ့ http://itunes.apple.com/us/app/instapaper/id288545208?mt=8 မှာ ဝယ်ယူနိုင်ပါတယ်။

Epicurious

Epicurious
Epicurious

Epicurious ဆိုတာကတော့ ဟင်းချက်ဝါသနာပါသူ တွေအတွက် မရှိမဖြစ် app တစ်ခုဖြစ်ပါတယ်။ ဘယ်ဟင်းချက်ရာမှာ ဘယ်ဟာပါဝင်ရမယ် စသည့် recipe တွေကို ထည့်သွင်းထားတဲ့အပြင် ချက်ပြီးသား ဟင်းပုံတွေကိုပါ သွားရေယိုဖွယ် တင်ဆက်ထားပါတယ်။ http://itunes.apple.com/us/app/epicurious-recipes-shopping/id312101965?mt=8 မှတဆင့် အခမဲ့ရနိုင်ပါတယ်။

 Flipboard

Flipboard
Flipboard

Social media များ၊ RSS feeds များကိုစုစည်းတင်ပြပေးသော app တစ်ခုဖြစ်သည်။ Facebook နှင့် Twitter update များကိုလည်းပြပေးနိုင်သည့်အတွက် iPad အတွင်း မဂ္ဂဇင်းတစ်ခုအနေဖြင့် ဖတ်ရှုနိုင် မည်ဖြစ်သည်။ http://itunes.apple.com/us/app/flipboard/id358801284?mt=8 မှတဆင့် အခမဲ့ဖတ်ရှုနိုင်သည်။

Twitter
Twitter

Twitter ဆိုတာလူတိုင်းနီးပါးသိပြီးသားဖြစ်လို့ သိပ်များများပြောဖို့မလိုပါဘူး။ ဒါပေမယ့် Twitter account ရှိရဲ့သားနဲ့နောက်ဆုံးပေါ် iPad ပေါ်မှာမသုံးရဘူးဆိုရင်သိပ်မနိပ်ပါဘူး။ ဒါကြောင်း iPad မှာ Twitter သုံးချင်ရင် http://itunes.apple.com/us/app/twitter/id333903271?mt=8 မှတဆင့် အခမဲ့ရယူနိုင်ပါတယ်။

Words with Friends HD

Words with Friends
Words with Friends

Scrabble ကစားရတာကို ကြိုက်တယ်ဆိုရင် အပြင်မှာသူငယ်ချင်းများနဲ့ ကစားရသလို မိတ်ဆွေသူငယ်ချင်းများနဲ့ online မှတဆင့်ကစားနိုင်တဲ့ game app တစ်ခုဖြစ်ပါတယ်။ USD 1 တည်းဖြင့် http://itunes.apple.com/us/app/words-with-friends-hd/id364140796?mt=8 မှတဆင့်ရနိုင်ပါတယ်။

Elements

Elements

Elements

iPad ကိုအသုံးပြုပြီး စာစီစာရိုက်လုပ်ဖို့လိုအပ်လာတယ်ဆိုရင် စနစ်တကျနဲ့နဲ့ ကောင်းကောင်းမွန်မွန် လုပ်ပေးနိုင်ဖို့အတွက် text editor တစ်ခုဖြစ်တဲ့ element app ကိုအသုံးပြုနိုင်ပါတယ်။ အားသာချက်တစ်ခုကတော့ online storage ဖြစ်တဲ့ Dropbox folder မှာသွားသိမ်းထားနိုင်ပါတယ်။ ဒါကြောင့်ရိုက်ထားတဲ့စာတွေကို ဘယ်နေရာရောက်ရောက်ပြန်ကြည့်နိုင်ပါတယ်။ အခမဲ့တော့မရပါဘူး။ USD 5 လောက်ကျသင့်ပါတယ်။ ၎င်းကို http://itunes.apple.com/us/app/elements-dropbox-powered-text/id382752422?mt=8 မှတဆင့် ရယူနိုင်ပါတယ်။

Infinity Blade II

 

Infinity Blade
Infinity Blade

iOS game တွေအထဲမှာ တော်တော်ကစားလို့ကောင်းတဲ့ game ဖြစ်ပါတယ်။ ကောင်းမွန်လှတဲ့ 3D graphic နဲ့စိတ်ဝင်စားဖွယ် ဇာတ်လမ်းဆင်ထားတာကြောင့် ကြိုက်နှစ်သက်မှာပါ။ USD 7 ပေးရပြီး http://itunes.apple.com/us/app/infinity-blade-ii/id447689011?mt=8 မှတဆင့်ရယူနိုင်ပါတယ်။

Superbrothers: Sword and Sworcery

Superbrothers: Sword and Sworcery
Superbrothers: Sword and Sworcery

Infinity Blade II လောက်ဓါးခုတ်တာတွေ မပါပေမယ့် ဒီ game ကလည်းကောင်းမွန်ပါတယ်။ အသံပိုင်းဆိုင်ရာမှာ သိသိသာသာကောင်းမွန်တာကို ခံစားရပါတယ်။ လအရိပ်ကျနေတာတွေကို အပြင်မှာအတိုင်း သဘာဝကျကျဖြစ်နေတာကိုတွေ့ရပြီး၊ မြေခွေးတစ်ပိုင်း လူသားတစ်ပိုင်း werewolf တွေနဲ့တိုက်ခိုက်ရမှာဖြစ်ပါတယ်။ USD 5 လောက်ကျသင့်ပြီး http://itunes.apple.com/us/app/superbrothers-sword-sworcery/id424912055?mt=8 မှတဆင့် ရယူနိုင်ပါတယ်။

Marvel Comics

Marvel Comics
Marvel Comics

Marvel ကာတွန်းစာအုပ်တွေကြိုက်နှစ်သက်သူဆိုပါက ဒီ app ဟာရှိထားသင့်ပါတယ်။ Interface ဟာသုံးစွဲရလွယ်ကူပြီး ရုပ်ပုံတွေကလည်း အရောင်စိုပြေပါတယ်။ တစ်ပတ်နှစ်ခါလောက် အသစ်ထွက်နေတဲ့ ကာတွန်းစာအုပ်တွေကို မလွတ်တမ်းဖတ်ရှုနိုင်တော့မှာဖြစ်ပါတယ်။ ၎င်း app ကို http://itunes.apple.com/us/app/marvel-comics/id350027738?mt=8 မှတဆင့် အခမဲ့ရယူနိုင်ပါတယ်။

Wrap it up

iPad ဟာနည်းပညာပိုင်းအရ အထူးကောင်းမွန်စွာတီထွင်ထားတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒါပေမယ့်ဘယ်လိုပဲပြောပြော ဒါဟာဖန်ကိုသုံးထားတဲ့ ကွဲပျက်လွယ်တဲ့ပစ္စည်းဖြစ်ပါတယ်။ ဒီအတွက် ကောင်းမွန်တဲ့ အကာတစ်ခုလိုပါတယ်။ Apple ကထုတ်ထားတဲ့ Cover များကို http://www.apple.com/ipad/smart-cover/ မှတဆင့်ဖြစ်စေ၊ cover များကိုသာ သီးသန့်ထုတ်သော http://g-form.com/products/ မှတဆင့်ဖြစ်စေကြိုက်နှစ်သက်ရာကို ဝယ်ယူအသုံးပြုနိုင်ကြပါတယ်။ iPad 2 cover တွေကိုလည်းအသုံးပြုနိုင်ပေမယ့် iPad 3 အတွက်လည်း သီးသန့်အနေနဲ့ အသစ်တွေထွက်လာတော့မှာဖြစ်ပါတယ်။

Accessorize

iPad ဟာသူ့ဟာနဲ့သူကောင်းပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံမှုတော့မရှိသေးပါဘူး။ iPad peripheral တွေပါမှ ပြည့်စုံနိုင်ပါတယ်။

Apple Wireless Keyboard

Apple Wireless Keyboard
Apple Wireless Keyboard

iPad မှာပါပြီးဖြစ်တဲ့ on-screen keyboard ဟာအဆင်ပြေပါတယ်။ ဒါပေမယ့်အမြဲတမ်းတော့ မဟုတ်ပါဘူး။ ရေရှည်အတွက်ဆိုရင်တော့ keyboard တစ်ခုရှိတာက ပိုကောင်းပါတယ်။ လိုချင်ရင်တော့ http://store.apple.com/us/product/MC184 မှတဆင့် USD 70 နဲ့ဝယ်ယူနိုင်ပါတယ်။ AA battery ကိုအသုံးပြုရပါတယ်။

iPad camera connection kit

 

iPad Camera Connection Kit
iPad Camera Connection Kit

iPad မှာပါပြီးဖြစ်တဲ့ iPad camera connection kit ထက်ပိုကောင်းပြီး၊ USD, SD နဲ့ Micro SD Card သုံးမျိုးအသုံးပြုနိုင်တဲ့ 3-in-1 iPad Camera Connection Kit ရှိပါတယ်။ ဝယ်ယူအသုံးပြုလိုပါက M.I.C store http://store.micgadget.com/accessories/233-3-in-1-ipad-camera-connection-kit.html မှတဆင့် USD 30 ခန့်ဖြင့်ဝယ်ယူနိုင်ပါတယ်။

Twelve South iPad Compass Stand

iPad Stand 1
iPad Stand 1

 

iPad Stand 2
iPad Stand 2

iPad ရဲ့ case ကိုအသုံးပြုမယ်ဆိုရင် အနည်းငယ်သာထောင်ထားလို့ရပါတယ်။ ဒါထက်ပိုပြီး မြင့်မြင့်နဲ့ မတ်မတ်ထောင်ထားချင်ရင်တော့ Twelve South ကထုတ်လုပ်တဲ့ Compass Stand ကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုပါက http://twelvesouth.com/products/compass/ မှ USD 40 ဖြင့်ဝယ်ယူနိုင်ပါတယ်။

အခုဖော်ပြထားခဲ့တာတွေကတော့ အခြေခံလိုအပ်ချက်တွေဖြစ်ပါတယ်။ iPad ကိုကျွမ်းကျင်စွာသုံးနေသူတွေ အတွက်ဆိုရင်တော့   အောက်ပါအချက်တွေကို ဆက်ဖတ်သင့်ပါတယ်။

Soft Reset

တစ်ခါတစ်လေမှာ iOS အသုံးပြုနေရင်း app တစ်ခု hang သွားတာမျိုးဆိုရင် system တစ်ခုလုံးကို restart လုပ်ဖို့လိုအပ်လာမှာပါ။ အဲဒီအခါကျရင် ထိပ်နားလေးမှာရှိတဲ့ Power button နဲ့ အရှေ့ဘက် အောက်ခြေနားမှာရှိတဲ့ Home button ကိုတွဲနှိပ်ထားလိုက်ရင် အလိုအလျောက် restart ဖြစ်သွားမှာဖြစ်ပါတယ်။ app တစ်ခုကနေချက်ချင်းထွက်ချင်ရင်တော့ Home button ကိုနှိပ်လိုက်တာနဲ့ ထွက်သွားမှာဖြစ်ပါတယ်။

Cut, Copy, Paste for Expert

စာလုံးတစ်လုံးလောက်ကို copy ကူးရတာလွယ်ပါတယ်။ စာလုံးတစ်လုံးအပေါ်မှာ double tap လုပ်လိုက်တာနဲ့ ရပြီဖြစ်ပါတယ်။ ဒါပေမယ့် စာတစ်ပိုဒ်လုံးကူးဖို့အတွက်ဆိုရင်တော့ edit လုပ်လို့ရတဲ့ ဘယ်စာမှာမဆို tap လေးကြိမ်လုပ်လိုက်ပြီး စာပိုဒ်တစ်ခုလုံး ကူးနိုင်ပြီဖြစ်ပါတယ်။

Import your own (Free) book

Apple ရဲ့ iBooks app ဟာ iPad အပေါ်မှာ စာအုပ်တွေဖတ်ဖို့၊ ဝယ်ဖို့တွေမှာအသုံးပြုနိုင်ပါတယ်။ သူ့မှာလည်းအခမဲ့ပေးထားတဲ့ စာအုပ်တွေလည်းရှိပါတယ်။ iTunes နဲ့ iPod တွဲပြီးသီချင်းတွေကို download လုပ်ပြီးနားထောင်နိုင်သလို၊ iTunes နဲ့ iPad တွဲပြီးလည်း စာအုပ်တွေကို download လုပ်ပြီးဖတ်နိုင်ပါတယ်။ ဒါပေမယ့် Format တွေကတော့ limited ဖြစ်နေပါတယ်။

iPad မှာအခုအချိန်အထိတော ့ ePub (with or without DRM) ကိုသာအသုံးပြုပြီး ဖတ်နိုင်ပါတယ်။ လူသုံးများတဲ့ format တွေဖြစ်ကြတဲ့ PDF, LIT, Amazon format ဖြစ်တဲ့ MOBI, RTF, PDB နဲ့ TXT format တွေကိုမဖတ်နိုင်ပါဘူး။ ဒါကြောင့်ဒီလိုဖြစ်လာရင်တော့ Calibre ကိုအသုံးပြုဖို့ လိုအပ်ပါတယ်။ ၎င်းဟာဖတ်လို့မရဖြစ်နေတဲ့ file တွေကို ဖတ်လို့ရတဲ့ format ဖြစ်အောင် ပြောင်းပေးတဲ့ software ဖြစ်ပါတယ်။ http://calibre-ebook.com/ မှတဆင့်ရနိုင်ပါတယ်။ Project Gutenberg (http://www.gutenberg.org/browse/scores/top) မှာတော့ iPad 3 နဲ့ဖတ်လို့ရတဲ့ ePub format စာအုပ်ပေါင်း ၃၀၀၀ဝ ကျော်ရှိပါတယ်။

Easy Mute

စာသင်နေတုန်းဆရာမသိအောင် YouTube ကရုပ်ရှင်ခိုးကြည့်နေတုန်း အသံပိတ်ဖို့မေ့သွားလို့ အသံထမြည်ခဲ့ရင် ချက်ချင်းပိတ်ဖို့အခက်အခဲရှိမှာပါ။ အမြန်ဆုံးနည်းနဲ့ အသံကိုပိတ် (mute) လုပ်လို့ရတဲ့နည်းရှိပါတယ်။ Volume down button ကိုနှစ်စက္ကန့်လောက်ဖိထားလိုက်ရင် အသံပိတ်သွားမှာပါ။

Digital Photo Frame တွေဝယ်ရန်မလိုတော့ပါ။

iPad as Digital Photo Frame
iPad as Digital Photo Frame

iPad ဟာ Digital Photo Frame တွေထက်နှစ်ဆပိုကောင်းတာကို မေးစရာမလိုပဲနဲ့ သိသာပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာပဲ   မေးရမှာပါ။ iPad ကိုစဖွင့်လိုက်တဲ့အခါမှာ Slide to Unlock ဆိုတဲ့ slide ရဲ့ဘေးမှာ ပန်းပွင့်ပုံလေးတစ်ခုကိုတွေ့ရမှာပါ။ Click လုပ်လိုက်ပါ။ Slideshow တစ်ခုစ လာမှာဖြစ်ပါတယ်။ Settings အထဲကိုဝင်ပြီး အနှေး၊ အမြန်စတာတွေကို ချိန်နိုင်ပါတယ်။

Screenshot ကြီးကြီးမားမားရိုက်ယူခြင်း

iPhone ကိုအသုံးပြုပြီး ကိုယ်ဘာတွေသုံးနေသလဲဆိုတာ Screenshot ရယူတာကို လူတော်တော်များများက မသိကြပါဘူး။ iPad မှာလည်း screenshot ကို 768×1024 resolution ရအောင်ရိုက်ယူနိုင်ပါတယ်။ ထိပ်နားမှာရှိတဲ့ Power button နဲ့အောက်ခြေအလယ်နားမှာရှိတဲ့ Home button ကိုစက္ကန့်ဝက်လောက်တွဲနှိပ်ထားလိုက်ရင် screenshot ရယူနိုင်မှာဖြစ်ပါတယ်။

Super Fast Webpage Scrolling

စာတွေရေးထားတဲ့ blog တစ်ခုကိုဖတ်ရင်း အောက်ဆုံးကိုရောက်သွားချိန်မှာ အပေါ်ဆုံးကိုပြန်တက်ဖို့ တော်တော်သွားရပါလိမ့်မယ်။ screen ကို drag မလုပ်ချင်ဘူးဆိုရင် အပေါ်ဆုံးကိုချက်ချင်းပြန်ရောက်ဖို့နည်းက တစ်ခုပဲရှိပါတယ်။ Title bar ကို tap လုပ်လိုက်ပါ။ အပေါ်ဆုံးကို ချက်ချင်းပြန်ရောက်သွားပါလိမ့်မယ်။

Preview more on email

iPad မှာ email Preview ကြည့်တဲ့အခါမှာ နှစ်လိုင်းထက်ပိုကြည့်လို့ရတဲ့နည်းရှိပါတယ်။ iPhone မှာလည်းဒီလိုပဲဖြစ်ပါတယ်။ သူ့မှာတော့ screen သေးတဲ့အတွက် သိပ်အဆင်မပြေပါဘူး။ ဘာပဲပြောပြော တစ်ချို့ email တွေကို ဖွင့်မကြည့်ပဲ ချက်ချင်းမြန်မြန်ဖတ်နိုင်အောင် စီစဉ်ထားရင် အလုပ်လုပ်ရပိုအဆင်ပြေစေပါတယ်။

Settings >> Mail contacts and Calendars အထဲမှာ ရှိတဲ့ Preview အောက်မှာ 5 lines ကိုရွေးလိုက်ပါ။ ပြီးတော့ email app ကိုဖွင့်လိုက်တာနဲ့ ချက်ချင်း mail စစ်ပေးနိုင်အောင် စီစဉ်ထားဖို့အတွက် Manual ကိုပြောင်းထားသင့်ပါတယ်။ ဒါတွေဟာ အဆင်ပြေတယ်၊ ကောင်းတယ်ဆိုပေမယ့် battery စားနှုန်းကိုမြင့်တက်စေပါတယ်။

Downrez 1080p HD Videos

Downrez 1080p High Definition Videos
Downrez 1080p High Definition Videos

iPad မှာ 1080p ရုပ်ရှင်များကို မကြည့်နိုင်ပါဘူး။ ဒါကြောင့် iTunes ကိုအသုံးပြုပြီး၊ iPad အတွက်သင့်တော်မယ့် 720p ဖြစ်အောင်ပြောင်းလဲနိုင်ပါတယ်။ Handbrake (http://handbrake.fr/) application ကိုအသုံးပြုပြီး လိုသလိုပြောင်းလဲရယူနိုင်ပါတယ်။

Bottom tray

iPad Bottom Tray
iPad Bottom Tray

iPhone နဲ့ iPad တို့ရဲ့အောက်မှာ icon သို့မဟုတ် app လေးခုသာရှိကြောင်းတွေ့ရသည်။ icon များကိုယခင်အတိုင်း re-arrange လုပ်သည့်အတိုင်း drag လုပ်ပြီး အောက်ခြေသို့ဆွဲရွှေ့နိုင်သည်။ ထိုနည်းဖြင့် bottom tray တွင် app သို့မဟုတ် icon ခြောက်ခုထားနိုင်မည်ဖြစ်သည်။

ကဲ။ ဒါဆိုရင်တော့ အသစ်ဝယ်ထားတဲ့ iPad အသစ်စက်စက်ကို smart ကျကျသုံးနိုင်ပြီဖြစ်ပါတယ်။

စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine တို့တွင် ပင်တိုင်ရေးသားနေသော ဆောင်းပါးရှင်ဖြစ်သည်။

3 comments

  • သမိန်ဂီ့

    April 17, 2012 at 1:48 pm

    ကင်မလာ ကော်နက်ရှင် ကစ် စိတ်ဝင်စားတယ်ဗျို့ ….
    RAW file တွေ တိုက်ရိုက် ကိုင်ပြီး ပြင်တဲ့အခါ…
    RAW ၁ဖိုင် 25-30MB ရှိတာမို့ …
    Photoshop CS5 မှာ temporary file size က 700MB လောက်ထိ
    မန်မိုရီစားတာ သတိထားမိရဲ့ …

    Core i5 Graphics ကတ်ပါတဲ့စက် မန်မိုရီ ၄ဂစ်နဲ့တောင် ကြာလာရင်
    မမြန်နိုင်တော့တာ သတိထားမိရဲ့…
    ပါဖောမန့်တက်စ်လေး စမ်းချင်သား …
    (ကိုဖက်ကတ် ကို စ ချင်လို့ ..ဟီး…)

    ငါအပြားကြီး iPad ပေါ်မှာ ဒါ့ပုံပြန်တို့ retourch လုပ်တဲ့ အပ္ပလီ ကောင်းတာလေးများ
    တွေ့ရင် ညွှန်းပါဦးဗျို့..

    ခင်တဲ့
    ဂီ

  • FattyCat

    April 17, 2012 at 9:34 pm

    မဖြစ်နိုင်တာကို လုပ်ပြီ…
    Technically အရ Core 4 ခုရှိတဲ့ CPU ကိုသုံးပြီး Memory 4GB သုံးတာတောင် မမြန်နိုင်တာ
    iPad New မှာ မဖြစ်နိုင်ပါဘူး ဂီဂီရယ်…
    ကြိုပြီး အရှုံးပေးထားပါတယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • FattyCat

    April 19, 2012 at 11:57 am

    ကိုကောင်းမြတ်ထွဋ်ကျန်ခဲ့တာ တစ်ခုရှိသေးတယ်ဗျာ…
    iPad အသစ်ကို ဝယ်မယ်ဆိုရင် အဓိကလိုအပ်တာတစ်ခုက ပိုက်ဆံလိုပါ့မယ်ကွယ်…
    Apple ရဲ့ ပရိတ်သတ်ဖြစ်ပေမယ့် iPad ကို သိပ်ပြီးသဘောမတွေ့တာတော့အမှန်ပဲကွယ်…
    အိုင်ပေါ့အကြီးစားကြီးလို ခံစားရလို့

    ခင်တဲ့-
    ကြောင်ဝတုတ်

Leave a Reply