တောင်ကိုးရီးယား ရော့ကတ် လွှတ်တင်မှု မအောင်မြင်

guestktyJune 12, 20101min500

တောင်ကိုရီးယားနိုင်ငံသည် ပြည်တွင်းတွင် တည်ဆောက်သော နာရိုတစ်အမည်ရှိ ဒုံးပျံကို ဂျိုလာပြည်နယ်ရှိ အာကာသ ဒုံးပျံပစ်စင်မှ ယမန်နေ့ညနေ ၅ နာရီခန့်တွင် လွှတ်တင်ခဲ့ရာ လွှတ်တင်ပြီး ၁၃ရ စက္ကန့်အကြာတွင် အဆက်အသွယ် ပြတ်တောက်ခဲ့၍ မကြာမီ အတောအတွင်းတွင် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။ အဆိုပါ ဒုံးကျည်သည် ၁၄ဝ တန်လေး၍ ရုရှား ကျွမ်းကျင်သူများ၏ အကူအညီဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် ဒေါ်လာ ၄၀၄.၅ သန်း အကုန်အကျ ခံခဲ့သည်။