အမေရိကန် ပြည်နယ် ၁၆ ခုတွင် မူးယစ်ဆေးနှင့် ပတ်သက်သူ ၄၀ဝ ကျော်ဖမ်းဆီး

guestktyJune 12, 20101min490

အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့သည် မက္ကဆီကို မူးယစ်ဂိုဏ်းများကို ဦးတည်သော စုံစမ်းစစ်ဆေးမှုများကို ၂ နှစ်ကြာမျှ ပြုလုပ်ပြီးနောက် ပြည်နယ် ၁၆ခုတွင် လူပေါင်း ၄၀ဝကျော်အား ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုသည်။ စစ်ဆင်ရေး ကာလအတွင်း ကိုကင်း ၂.၂ တန်၊ မက်သန်ဖက်တမင်း တန်ဝက်၊ ဆေးခြောက် ၆၂ တန်နှင့် ဘိန်းဖြူ အများအပြား ဖမ်းဆီးရမိခဲ့သည်။ ဤဖမ်းဆီးမှုများကြောင့် မက္ကဆီကို မူးယစ်ဂိုဏ်းများအတွက် များစွာအထိနာ၍ ၎င်းတို့၏ ဖြန့်ဝေမှု လုပ်ငန်းတွင် ပြတ်တောက်မှုများ ဖြစ်ပေါ်မည် ဖြစ်သည်။ စုံစမ်းစစ်ဆေးမှုများသည် အမေရိကန် နိုင်ငံတလွှား တရားမဝင် မူးယစ်ဆေး ဖြန့်ဝေသည့် အခြေခံအဆောက်အဦများနှင့် အမေရိကားမှ မက္ကဆီကိုနိုင်ငံတွင်းသို့ လက်နက်နှင့် ငွေကြေးများ စီးဆင်းခြင်းကို အာရုံစိုက် ဆောင်ရွက်ခဲ့သည်။ ဖမ်းဆီးမှုများတွင် ငွေသားအဖြစ် ဒေါ်လာ ၁၅ဝ သန်းကို သိမ်းဆည်း နိုင်ခဲ့သည်။ မက္ကဆီကို မူးယစ်ဂိုဏ်းများသည် အမေရိကန်၏ ပြည်နယ်တိုင်းတွင် လှုပ်ရှားလျက်ရှိသည်။ (ဘီဘီစီ)