မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတာ…

winterkoeApril 16, 20121min18414
အိုမင်းမစွမ်းပြီဖြစ်သော်လည်းအလူမီနီယမ်ဗူးခွံများကောက်၍ ပင်ပန်းဆင်းရဲကြီးစွာဖြင့် အသက်မွေးနေရသူ မြန်မာအဘွားအိုတဦး

၁။ စစ်အာဏာသိမ်းတာလား…

၂။ မဲခိုးမဲလိမ်တာလား…

၃။ ပြည်တွင်းဖြစ်ဆိုရင်ဘာမှမသုံးတဲ့ (သင်္ကြန်မှာတောင်ပါတိတ်တွေတပြောင်ပြောင်နဲ့) လက်နက်ကိုင်ပညာမဲ့လူတန်းစားက နိုင်ငံကိုအုပ်ချုပ်တာကိုပြောတာလား…

၄။ ဂါရဝေါစ နိဝါတောစ ဆိုပြီး လာဘ်ပေးလာဘ်ယူလုပ်တာလား…

၅။ မဟုတ်တာအကုန်လုပ်… ငွေရှိတဲ့၊ အာဏာရှိတဲ့လူတွေကို အမြဲတမ်းကာကွယ်ပေးပြီး ဆင်းရဲသားတွေကိုမတရားဖိနှိပ်တာလား…

၆။ သယံဇာတတွေရှိလျက်နဲ့ အကျင့်စာရိတ္တကသူခိုးစာရိတ္တဖြစ်နေပြီး ကိုယ့်အတွက်ခိုးနေကြလို့ လူတွေဆင်းရဲဒုက္ခပင်လယ်ဝေကြရတာလား…

၇။ လူသိန်းနဲ့ချီသေတာတောင်မကူညီတဲ့အပြင် သူများကူညီတာကိုပိတ်ပင်၊ သူများလှူတဲ့ပစ္စည်းကိုခိုးတဲ့ အစိုးရမျိုးကိုပြောတာလား…

၈။ ဆရာ၊ ဆရာမကိုရိုသေသလိုနဲ့ရှိခိုးပြီး အဲဒီဆရာ၊ဆရာမတွေအများစုကြီးခမျာ ကျူရှင်သင်၊ မုန့်ရောင်း၊ ပုဆိုး၊ထမီ လပေးရောင်း၊ ငတ်ပြတ်ဆင်းရဲပြီး၊ ပင်စင်ယူပြီးလို့ သားသမီး၊ ထောက်ပံ့မယ့်သူမရှိရင် သူတောင်းလုပ်၊ ဂုဏ်သိက္ခာမရှိပဲနေကြရတာကိုပြောတာလား…

၉။ မိဘကိုရိုသေတယ်ဆိုပြီး သက်ကြီးထောက်ပံ့ကြေးပေးဖို့မစီစဉ်ပဲ တတ်နိုင်တဲ့သားသမီးမရှိလို့ သက်ကြီးရွယ်အိုဖြစ်လာရင် လမ်းဘေးမှာသူတောင်းစားလုပ်ရတာကိုပြောတာလား…

၁၀။ အရေးပေါ်လူနာတင်ကားခေါ်လို့မရတာကိုပြောတာလား…

၁၁။ ဆေးရုံတွေမှာ ငွေမပေးရင်ဆေးမကုပေးပဲ ဒီအတိုင်းထားထားတာကိုပြောတာလား…

၁၂။ ရေခဲတိုက်တွေ၊ သင်္ချိုင်းတွေမှာ ငွေမပေးရင် ဘာကိုမှကောင်းကောင်းမလုပ်ပေးတာကိုပြောတာလား…

၁၃။ ငွေမပေးရင် တိုင်ချက်မဖွင့်ပေး၊ ငွေပေးမှ အမှုလက်ခံတာကိုပြောတာလား…

၁၄။ ထောင်လိုနေရာမျိုးတောင်ငွေပေးမှအနေချောင်တာကိုပြောတာလား…

၁၅။ ယဉ်ကျေးပါတယ်ဆိုပြီး လူလူချင်းမနာလိုမစိ္ဆယစိတ်တွေအပြည့်နဲ့ သူများတွေပျော်ရွှင်နေတာ၊ အဆင်ပြေနေတာကို မနာလိုမရှုစိမ့်ပဲ ကိုယ်ချင်းမစာမနာ ချိုးချိုးဖဲ့ဖဲ့နဲ့ ဝေဖန်လှောင်ပြောင်ကဲ့ရဲ့ရှုံ့ချတာကိုပြောတာလား…

၁၆။ ဘာလုပ်လုပ် ဘယ်သူ့မျက်နှာမှမထောက်ပဲ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားလုပ်တာကိုပြောတာလား…

၁၇။ ဗီဇာမပါရင်ခရီးထွက်လို့မရတာကိုပြောတာလား…

၁၈။ နိုင်ငံတကာမှာ နိုင်ငံခြားလဝကအရာရှိတွေက ပေးမဝင်ချင်လို့ နည်းမျိုးစုံနဲ့ညစ်တာကိုခံရတာ၊ နိုင်ငံခြားရဲတွေက နည်းမျိုးစုံနဲ့ငွေညှစ်တာကိုခံရတာကိုပြောတာလား…

၁၉။ ကိုယ့်နိုင်ငံသံရုံးက တခုခုအရေးကြုံလို့အကူအညီတောင်းရင် ဘာမှမကူညီတာ၊ ငွေပဲတွင်တွင်တောင်းပြီး (တခါတလေနိုင်ငံခြားသားဆီကငွေယူပြီး) မျက်နှာလွှဲခဲပစ်မိုက်မိုက်ရိုင်းရိုင်းဆက်ဆံတာခံရတာကိုပြောတာလား…

၂၀။ နိုင်ငံခြားသားတွေဆို အလေးအမြတ်ထားပြီး ကိုယ့်နိုင်ငံသားကိုစော်စော်ကားကားဆက်ဆံတာ၊ ခေါင်းပုံဖြတ်တာ၊ ပါးရိုက်တာ၊ သတ်ဖြတ်တာတွေအားလုံးကို ကြည်ဖြူလက်ခံတာကိုပြောတာလား…

၂၁။ နိုင်ငံထဲမှာမနေချင်လို့၊ မနေနိုင်ကြလို့ နိုင်ငံတကာထွက်ပြီး ကျွန်ခံ၊ ဒုက္ခသည်ခံ၊ဖာခံကြရတာ၊ ဘေးအိမ်နီးချင်းနိုင်ငံကဒုက္ခသည်တယောက်မှကိုယ့်နိုင်ငံထဲမှာမရှိပဲ၊ ကိုယ့်နိုင်ငံကဒုက္ခသည်တွေအပြည့် ဘေးအိမ်နီးချင်းနိုင်ငံမှာရောက်နေကြတာကိုပြောတာလား…

၂၂။ လက်နက်အားကိုးနဲ့ ရှိသမျှပြည်သူတွေကို အတိဒုက္ခရောက်အောင်အနိုင်ကျင့်နှိပ်စက် ဖိနှိပ်အုပ်ချုုပ်တာကိုပြောတာလား…

၂၃။ ယောက်ျားကြီးတန်မဲ့တွေ (တချို့ဆိုလက်နက်တောင်ကိုင်ထားသေး) မိန်းမတွေကို နှုတ်အား၊ ကိုယ်အား၊ အာဏာအား တွေသုံးပြီး စိတ်ပိုင်းရုပ်ပိုင်းအရနည်းမျိုးစုံနဲ့ပုတ်ခတ်စော်ကား၊ နှိပ်စက်ညှင်းပန်းတာတွေကိုပြောတာလား…

၂၄။ သေနတ်ကိုင်ပြီးကိုယ့်နိုင်ငံသားတွေကိုဒုက္ခပေးသလောက် နိုင်ငံခြားစစ်တပ်တွေကျရင် ဖင်ပိတ်အမြီးကုပ်နေရတာကိုပြောတာလား…

၂၅။ အာဆီယံနိုင်ငံတချို့နဲ့အနောက်နိုင်ငံတွေကို နည်းမျိုးစုံနဲ့ထွက်ပြီး နိုင်ငံသားရအောင်လုပ်ကြတာတွေကိုပြောတာလား…

၂၈။ ဝရမ်းမရှိပဲ လူတယောက်ကိုဖမ်းချင်တိုင်းဖမ်းလို့ရတာကိုပြောတာလား…

၂၆။ ကြီးနိုင်ငယ်ညှဉ်းဝါဒကို တရားဝင်ကျင့်သုံးတာကိုပြောတာလား…

၂၇။ အမိန့်ချခါနီး ပြန်ပြီးအမိန့်တောင်းနေရတဲ့ တရားသူကြီးတွေက ဝတ်ရုံနက်သောက်ပေါကြီးတွေဖြစ်နေတာကိုပြောတာလား…

၂၇။ ပြည်တွင်းမှာရော ပြည်ပမှာပါလုံခြုံမှုမရှိတာကိုပြောတာလား…

၂၈။ မိဘတွေကိုယ်တိုင်ကသားသမီးတွေကိုဖာဇာတ်သွင်းရတာကိုပြောတာလား…

၂၉။ ကျောင်းနေရမယ့်အရွယ်၊ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကို ကျောင်းမနေပဲ အလုပ်ကြမ်းတွေလုပ်စေတာ၊ စစ်တပ်ထဲဆွဲထည့်တာမျိုးတွေလား…

ထူးထူးခြားခြားဒီနှစ်သင်္ကြန်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုပြီးကိုယ့်လူမျိုးအချင်းချင်း စော်ကားနေလိုက်ကြတာတွေ၊ ရိုင်းရိုင်းစိုင်းစိုင်း အော်သံတွေကြားနေရလို့ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတာ ဘာကိုဆိုလိုတာလဲလို့ စဉ်းစားကြည့်တာပါ… ဘာလို့လဲဆိုတော့ တရားဝင်အတည်အကျမပြဋ္ဌာန်းရသေးဘူးလေ… အဲဒီတော့… အင်း.. သို့လော… သို့လောပေါ့…

14 comments

  • Gipsy

    April 16, 2012 at 4:09 pm

    ————– ဗုဒ္ဓဟော—————-
    သဒ္ဒါ – ကိုးကွယ်ယုံကြည်မှုရှိခြင်း၊
    သီလ – ကိုယ်၊ နှုတ်၊ စိတ်နှလုံး စောင့်ထိန်းခြင်း၊
    စာဂ – ပေးကန်းစွန့်ကြဲခြင်း၊
    သုတ – အကြားအမြင် ဗဟုသုတများခြင်း၊
    ပညာ – အမှန်ကိုသိခြင်း၊
    ဟီရိ – မကောင်းမှုပြုရမှာကို ရှက်ခြင်း၊
    ဩတ္တပ – မကောင်းမှုပြုရမှာကို ကြောက်ရွံ့ခြင်း …ပါတဲ့
    …………………….
    တရားတော် နဲ့ အညီ ထိမ်းသိမ်း နေထိုင်တတ်ရင်
    ဖြစ်ပျက်နေမှုတွေ နည်းပါးလာမှာပါ….။

  • AKKO

    April 16, 2012 at 6:33 pm

    မိမိအသိစိတ်ဓာတ်နဲ ့ပြုပြင်တာ အကောင်းဆုံးပါပဲ။ လူတိုင်းမှာတာဝန်ရှိတယ်။ လူတိုင်းတာဝန်သိရမယ်။ တစ်ဦးတစ်ယောက်ချင်း ကောင်းမှ အားလုံးကောင်းလာမှာ။

  • phopyi

    April 17, 2012 at 8:22 am

    Hi,

    က ျွန်တော် က MG ရဲ့ new user ဖြစ် ပါတယ်.. ခုု တလော online မှာ ဒီနှစ် သင်္ကြန် ရဲ့ Comments နဲ့ pictures တွေ အများကြီး တွေ့ မိတယ်. ကျွန်တော့စိတ်မှာ စိတ်ကောင်းတာနဲ့ စိတ်တိုုသလိုုဖြစ်မိတာတော့အမှန်ပါ.. တချို့တွေကပြောတယ် တခြားနိုုင်ငံတွေမှာလဲဒိလိုုတွေဝတ်စားဆင်ယင်ကြတာဘဲတဲ့.. ဒါပင်မဲ့ဒါဟာကျွန်တော်တိုု့နိုုင်ငံပါ.. ကိုုယဉ်ကျေးမှုနဲ့ကိုုရှိပြီးသာပါ.. တခြားနိုုင်ငံတွေနဲ့ ပညာရေး နှင့် မိမိအရေအချင်းကိုုသာပြိုင်ဆိုုင်ပို့ကြိုးစားစေချင်ပါတယ်.. နောက်တခုုက အခုုအချိန်က နိုုင်ငံတကာကကျွန်တော်တိုု့နိုုင်ငံကုိုအာရုုံဆိုုက်နေတဲ့အချိန်လိုု့ထင်ပါတယ်.. အခုုလိုုအချိန်မှာကျွန်တော်တိုု့ကပိုုသတိထားသင့်တယ်လိုုထင် လိုုပါ..ပျော်တာပျော်လိုုရပါတယ်.. ကိုုနဲ့လဲမဆိုုင်သလိုုနေလိုု့ရပါတယ်.. အခုုရက်ပိုုင်းလေပျော်ရပြီးမှတဘဝလုုံးစိတ်ဆင်းရဲစရာတွေမဖြစ်စေချင်လိုုပါ….

  • ဗိုက်ကလေး

    April 17, 2012 at 11:55 am

    ဒီအရွယ် ဘုရားသွားကျောင်းတက်လုပ်နေရမှာနော့..

  • aye.kk

    April 17, 2012 at 6:15 pm

    ခန္ဓာရှိတော့ဝဋ်ကြွေးရှိသည်။
    ခန္ဓာရရှိလာကြသူတိုင်းခန္ဓာဖြင့်ဝဋ်ကြွေးဆပ်ကြရပေသည်။
    အသက်ကြီးသူ၊အိုမင်းမစွမ်းရှိသူတို ့အပေါ်
    အမှီအခိုအတွယ်အတာအထောက်အပံ့မရှိသည်ဟု
    ထင်မြင်ယူဆရသူများအားတွေ ့မြင်ကြပါကလူသားအချင်းချင်း
    ယိုင်းပင်းကြခါကူညီစာနာထောက်ထားသင့်သဖြင့်
    အိုမင်းမစွမ်းလူအိုရုံသို ့နေထိုင်ပို ့ဆောင်နိုင်ရေးအတွက်ကူညီပို ့ဆောင်ပေးသင့်သည်။
    မိမိ၏အမြင်ယူဆလေးအားတင်ပြလိုက်ခြင်းဖြစ်ပါသည်။

    • winterkoe

      April 18, 2012 at 12:10 pm

      တကယ်လိုအပ်တာက မှန်ကန်ထိရောက်တဲ့လူအိုရုံတွေအပါအဝင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးစနစ်ပါ။

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 17, 2012 at 8:24 pm

    ရပ်ကြည့် အမြတ်မရှိ၊
    လေကန် ဝေဖန် သေဒဏ် မကျပါ ၊
    Post ပိုင်ရှင်အနေနဲ့ အဖွားအိုုကို စေတနာဖြင့် လူအိုရုံသို့ ရောက်ရှိစေရန်
    ကူညီသင့်ပါ၏ ။

  • winterkoe

    April 17, 2012 at 9:16 pm

    စာဖတ်သူမိတ်ဆွေများခင်ဗျာ…

    ကျနော့်ဆောင်းပါးကိုဖတ်ရှု၊ ဝေဖန်ကြတဲ့ စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရအရလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။ ပုဂ္ဂိုလ်ရေးထက် သဘောတရားရေးရာကိုဝေဖန်ကြတဲ့အတွက်လဲ လေးစားပါတယ်။ ယဉ်ကျေးမှုဆိုတာကိုဖွင့်ဆိုတဲ့ အနက်အဓိပ္ပာယ်ကွဲလွဲမှုတွေ ကျနော်တို့ကြားမှာရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ အကြမ်းဖျင်းအားဖြင့်..

    ၁။ တရားဥပဒေစိုးမိုးမှု
    ၂။ အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်နိုင်မှု
    ၃။ မှန်ကန်ထိရောက်တဲ့လူမှုဖူလုံရေးစနစ်ရှိမှု
    ၄။ မှန်ကန်ထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိမှု
    ၅။ မှန်ကန်ထိရောက်တဲ့သက်ကြီးရွယ်အိုစောင့်ရှောက်မှုစနစ်ရှိမှု
    ၆။ အဆင့်အတန်းရှိပြီးအလုပ်ဖြစ်တဲ့ ပညာရေးစနစ်ရှိမှု

    ..စတဲ့အချက်တွေနဲ့ယဉ်ကျေးမှုဆိုတာကိုတိုင်းတာပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေကို ဒုက္ခသည်တွေ၊ အောက်ခြေအလုပ်သမားတွေ မွေးထုတ်ပေးနေတဲ့၊ မိမိနိုင်ငံသားကိုခေါင်းပုံဖြတ်ပြီး စောင့်ရှောက်မှုမပေးတဲ့လူ့အဖွဲ့အစည်းတရပ်ကို ယဉ်ကျေးတယ်လို့ နိုင်ငံတကာမှာမသတ်မှတ်သလို၊ ကျနော်လဲမသတ်မှတ်ပါဘူး။ မြန်မာပြည်ရဲ့ Traditional Culture ဆိုတာက Civilize မဖြစ်တဲ့ယဉ်ကျေးမှုတခုပါ။ ကိုယ့်နိုင်ငံနဲ့နိုင်ငံသားတွေယဉ်ကျေးတယ် မယဉ်ကျေးဘူးဆိုတာကို တခြားနိုင်ငံတွေနဲ့နိုင်ငံသားတွေကပဲပြောနိုင်ပါတယ်။ ကိုယ်တွေပြောလို့မရပါဘူး။ အသေးစိတ်တော့ ချဲ့ပြီးဆွေးနွေးဖို့လိုအပ်မယ်မထင်လို့ အသေးစိတ်တော့မပြောလိုတော့ပါဘူး။ အရေးပါတာကိုအရာပေးပြီး အရေးမပါတာတွေကို ဘေးမှာထားတတ်ရင် ဒီနေ့မြန်မာ ဆိုတာ ကမာ္ဘမှာ ဒုက္ခသည်တွေ၊ အောက်ခြေအလုပ်သမားတွေ အဖြစ်နဲ့ International Unwanted Guests တွေဖြစ်နေမှာမဟုတ်ပါဘူး။ မယဉ်ကျေးလို့ ဒီဘဝရောက်တာပါ။

    အဝတ်အစားလုံခြုံတဲ့နေရာမှာတော့ အစ္စလာမ်မစ်တွေကအလုံခြုံဆုံးပါ။ ဒါပေမယ့် ဥပဒေစိုးမိုးမှုမရှိ၊ အကျင့်ပျက်ခြစားမှုတွေတင်းကြမ်းပြည့်နေတဲ့ အစ္စလာမ်မစ်နိုင်ငံတွေက လူတွေနေ့စဉ်နဲ့အမျှ ထွက်ပြေးနေကြပါတယ်။ ဩစတြေးလျကတော့ဒဏ်အခံရဆုံးပါ။ အဝတ်အစား၊ အရက်သောက်တာ၊ လိင်ကိစ္စတွေစတဲ့ တဦးချင်းတယောက်ချင်းရဲ့ကိစ္စတွေထက် Moral Declination (စိတ်ဓါတ်နိမ့်ကျသေးသိမ်ညံ့ဖျင်းမှုတွေ) နဲ့ Corruption (အကျင့်ပျက်ခြစားမှု) တွေက လူ့အဖွဲ့အစည်းကိုထိခိုက်ပျက်စီးစေပါတယ်။ ယဉ်ကျေးမှုရှိတယ်လို့ ကိုယ်ဘာသာကြွေးကြော်နေတဲ့ မြန်မာတွေကို မြန်မာတွေကသူတို့လောက်ယဉ်ကျေးမှုမမြင့်ဘူးလို့သတ်မှတ်ထားတဲ့ နိုင်ငံတွေက ဘယ်လိုဆက်ဆံကြပါသလဲဆိုတာ နိုင်ငံခြားထွက်ဖူးသူတိုင်းသိကြပါတယ်။ CPI Index မှာနှစ်စဉ် ၁၈ဝ ဝန်းကျင်ပြေးပြီး၊ အားကောင်းတဲ့အစိုးရမရှိတဲ့ဆိုမာလီယာ၊ စစ်ဒဏ်ခံနေရတဲ့အာဖဂန်နစ္စတန်နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနေတဲ့မြန်မာတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်းဆိုတာ အဲဒီနိုင်ငံတွေလောက်ပဲရှိပါတယ်။

    အထက်ဖေါ်ပြပါအချက်တွေမှာ အလွန်အားကောင်းတဲ့စင်္ကာပူဆိုတာ မြန်မာထက်အများကြီးယဉ်ကျေးလို့ အကျင့်ပျက်ခြစားမှုအလွန်နည်းပါးပြီး မြင့်မားတဲ့ အတိုင်းအတာတခုအထိ တရားဥပဒေစိုးမိုးတဲ့လူ့အဖွဲ့အစည်းတရပ်အဖြစ် နိုင်ငံတကာမှာ ဂုဏ်သိက္ခာရှိရှိနဲ့ရပ်တည်ပြီး မြန်မာအပါအဝင် ဝါးတားတားနိုင်ငံတွေကလူတွေအများစုကို လူပေါ်လူဇော်လုပ်ပြီး ခိုင်းစားနေတာပါ။ မြန်မာလိုနိုင်ငံတကာက ခေါင်းဆောင်တွေလာလာဆဲပေးနေရတဲ့ နိုင်ငံမဟုတ်ပါဘူး။ နောက်တခုက မြန်မာနိုင်ငံကို ဖျက်နေကြတဲ့လူတွေဟာ မြန်မာတွေပဲဖြစ်ပါတယ်။ ပညာရေးစနစ်ကနေစပြီး၊ စိတ်ဓါတ်၊ အကျင့်စာရိတ္တနဲ့ မရောင်ရာဆီလူးတဲ့ အဲဒီဘာမှန်းညာမှန်းမသိတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ အစဉ်အလာဆိုတဲ့ Delusion ကိုပါပြောင်းမှဒီနိုင်ငံယဉ်ကျေးလာမှာပါ။ နို့မို့ရင်တော့ အခုလိုပဲဒုက္ခတွေရောက်နေဦးမှာပါပဲ။
    စာဖတ်သူမိတ်ဆွေများ အနေနဲ့ ကျနော့်ရဲ့အခြားဆောင်းပါးတပုဒ်ဖြစ်တဲ့ ” ပျော်ရွှင်မှုနဲ့ ကင်းဝေးနေကြတဲ့မြန်မာလူငယ်တွေ..နှစ်သက်ရာဝတ်ပြီး ပျော်တတ်သလိုပျော်ပါစေ။ မြန်မာတွေ လူအချင်းချင်းလေးစားမှုရှိကြပါစေ။
    …” ဆိုတဲ့ဆောင်းပါးလေးကိုလဲဖတ်ကြည့်ကြပါဦး..

    ကျနော့်အနေနဲ့ကိုယ်ပိုင်အမြင်ကိုမျှဝေတာပါ။ မည်သူ့ကိုမှပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လိုခြင်းမရှိပါ။ ကျနော့် Facebook Account က https://www.facebook.com/dnlkane ပါ။ ကျနော်ရေးတဲ့ အခြားသောဆောင်းပါးများကိုလည်း ကျနော့်အကောင့်မှာသော်လည်းကောင်း၊ Freedom News Group မှာသော်လည်းကောင်း အလျဉ်းသင့်သလို ဖတ်ရှုနိုင်ပါတယ်။ FNG မှာ Daniel Kane or DK ကလောင်နာမည်များနဲ့ရှာဖွေနိုင်ပါတယ်။ မိတ်ဆွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်။
    Winterkoe

  • ဘိုချုပ် ဗောကြီး

    April 17, 2012 at 9:46 pm

    အားလုံးပဲ ကိုယ်.တိုင်းပြည်၊ ကိုယ်.ပြည်သူလူထု အတွက် စေတနာတွေနဲ. ဝိုင်းဝန်းဆွေးနွေး ငြင်းခုံနေကြလို. ပီတိဖြစ်မိပါတယ်။

    • ဗိုက်ကလေး

      April 18, 2012 at 10:28 am

      ဝုတ်ကဲ့ပါ ဘိုချုပ် ဘောရီး

  • ဒိတ်ဒိတ်ကြဲ

    April 17, 2012 at 10:46 pm

    အွန်
    ဗောဂျီး
    ဇောဖြီး
    မနေဟီး
    စကောစီး
    မောစကီး

  • kai

    April 18, 2012 at 4:50 am

    တလွဲတွေကို.. စနစ်တကျ.. (ဟန်ဆောင်)လုပ်တတ်တာကို ခေါ်ပါတယ်..။ :mrgreen:

  • alinsett

    April 18, 2012 at 10:18 am

    ကျွန်တော်လည်း.. သင်္ကြန်ဆိုရင် ရန်ကုန်မှာ.ကို မနေချင်ဘူး။ ဘယ်ကို ပြေးထွက်သွားရမှန်းမသိ..လို ့ အိမ်ထဲ..မှာပဲ….နေ..မိတယ် ။

Leave a Reply