ဒုက္ခသည် အခွင့်အရေး (Protecting Refugees) စာအုပ်ထွက်မည်

guestktyJune 12, 20101min640

မြန်မာနိုင်ငံသားများ အနေနဲ့ “ဒုက္ခသည်” (Refugee) အဓိပ္ပါယ် နှင့် အခွင့်အရေးများ၊ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာ မင်းကြီးရုံး (UNHCR) နှင့် ကမ္ဘာနိုင်ငံများ၏ ဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်ပေးနေ မှုများ အပါအဝင် အခြား ဒုက္ခသည်ဆိုင်ရာ ကဗျာများ၊ အဆိုအမိန့်များ နှင့် အခြား စိတ်ဝင်စားဖွယ် အကြောင်း များကို ဘလော့ခ်ဂါ အလင်းဆက် က ဘာသာပြန် ရှာဖွေပြုစုထားခြင်း ဖြစ်သည်။ မြန်မာဒုက္ခသည်များ အစည်း အရုံး (ဘီအာအို) မှ မကြာခင် ထုတ်ဝေဖြန့်ချီမည်ဖြစ်သည်။
“ အခုလို ညီငယ်အလင်းဆက်ကနေပြီး ဒုက္ခသည်ဆိုတာ ဘယ်လိုအခွင့်အရေးတွေရှိတယ်၊ ဒုက္ခသည် အဖြစ် လျှောက်ထားသူ တွေကို တာဝန်ရှိသူတွေက ဘယ်လိုကူညီ ဆောင်ရွက်ပေးရမယ် ဆိုတာကို ရေးပြလိုက်တော့ မိမိတို့ရဲ့ အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ပြည့်ပြည့်ဝဝ သိရှိနိုင်ပါတယ်။ လေ့လာချင်သူတွေအနေနဲ့လည်း အ လွယ်တကူလေ့လာ ဖတ်ရှုလို့ရသွားပါတယ်။ ဒါကြောင့်ညီငယ်အလင်းဆက် ရေးလိုက်တဲ့စာအုပ်ဟာ တကယ့်ကို လိုအပ်နေတဲ့ စာအုပ်တစ်အုပ်ကို ရေးလိုက်တာဖြစ်တဲ့အတွက် ကွက်လပ်တစ်ခုကို ဖြည့်စွက်လိုက်ခြင်းပဲလို့ ကျေနပ်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ”