အဆင့် ၄ နေရာ ပြန်တက်လာနိုင်ခဲ့တဲ့ မကွေးအက်ဖ်စီ

khinmintatthuJune 12, 20101min490

ဇွန်လ ၁၂ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော မကွေးအက်ဖ်စီ အသင်းနှင့် မနောမြေအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ကြပြီး မကွေးအက်ဖ်စီအသင်းက မနောမြေ အသင်းကို ၅-၃ ဂိုးဖြင့်  အနိုင်ရရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဇယား အဆင့် (၄)နေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပါပြီ။

ကစားခဲ့သောပွဲစဉ်တွင်  မကွေးအက်ဖ်စီအသင်းက မနောမြေအသင်းကို နောက်ကျချေပဂိုးများဖြင့် သွင်းယူပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲစတာနဲ့ နှစ်သင်းစလုံး အကြိတ်အနယ် ကစားခဲ့ကြပြီး အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး မိနစ် ၃ဝ ကျော်လောက်မှာ မနောမြေအသင်းမှ ကျော်ဇေယျာဝင်းက မကွေးအက်ဖ်စီအသင်းဘက်သို့ အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက် မကွေးအက်စ်စီအသင်းသည် မိမိတို့ရှုံးထားတဲ့ အရှုံးဂိုးကို ပြန်လည်ချေပနိုင်ရန်အတွက် မနားတမ်းတိုက်စစ်ဆင်ခဲ့ရာ သိပ်မကြာခင်မှာပဲ မကွေးအက်ဖ်စီအသင်းအတွက် ချေပဂိုးကို ဟိန်းဇာအောင်က သွင်းယူပေးနိုင် ခဲ့သည်။ ဆက်လက်ယှဉ်ပြိုင်ကစားပြီး ပထမပိုင်းပြီးလုပြီးခင်မှာပဲ ခြေစွမ်းပြကစားနေတဲ့ စိုးကိုကိုထွန်းက ဒုတိယအနိုင်ဂိုးကို မနေမြေအက်ဖ်စီအသင်းအတွက် အနိုင်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်။ ပထမပိုင်းအပြီးမှာတော့ မနောမြေအသင်းက မကွေးအက်ဖ်စီ အသင်းကို ၂-၁ ဂိုးဖြင့် ဦးဆောင်ကစားထားနိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်အစမှာတော့ မကွေးအက်ဖ်စီအသင်းမှာ မိမိတို့ရှုံးကြွေးရှုံးဂိုးကို ပြန်လည်ချေပနိုင်ရန်အတွက် အသင်းတမ်ပိုမြှင့်ပြီး တစ်သင်းလုံးတိုက်စစ်ဆင်ကစားစေခဲ့ရာ ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာ စိုးမင်းနိုင်က ချေပဂိုးကို လည်းကောင်း၊ ၄၈ မိနစ်တွင် ချာကွာဇူက ပထမ ဦးဆောင်ဂိုးကို လည်းကောင်း ဆက်တိုက် သွင်းယူသွားသည်။ မကွေးအက်ဖ်စီ အသင်းသည် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆက်တိုက်ဆိုသလို မနောမြေအသင်းဘက်သို့ ထိုးဖောက် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ပွဲကို စိုးမိုးထားနိုင်ခဲ့သည်။ ဆက်လက်ယှဉ်ပြိုင်ကစားလာခဲ့ပြီး မကွေးအက်ဖ်စီအသင်းအတွက် ဒုတိယချေပဂိုးသွင်းပေးထားနိုင်ခဲ့တဲ့ စိုးမင်းနိုင်ကပဲ ၇၄ မိနစ်နဲ့ ၈၂ မိနစ်တို့တွင် အနိုင်သေချာစေမယ့်ဂိုးများသွင်းယူပေးနိုင်ခဲ့ပြီး ဟက်ထရစ်ရယူနိုင်ခဲ့သည်။  ယင်းပွဲတွင် မနောမြေ အသင်းသည် ခြေစွမ်းပိုင်း အရ မနိမ့်ပါး ခဲ့သော်လည်း အတွေ့အကြုံ ပိုင်းတွင် အသင်းကြီး မကွေးကို မယှဉ်နိုင်ခဲ့ သဖြင့် ယင်းသို့ ဂိုးများ ဆက်တိုက် ပြန်ပေး ခဲ့ရခြင်း ဖြစ်သည်။ ပွဲချိန် မိနစ် ၉ဝ ပြည့်ရန် ၂ မိနစ် အလိုတွင် မကွေး ကစားသမား ကျော်ကျော်မျိုးက ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိ သဖြင့် မနောမြေတို့ တစ်ဂိုး ထပ်ရခဲ့သည်။ မကွေးအက်ဖ်စီအသင်းသည် မနောမြေအသင်းကို အနိုင်ရလိုက်သဖြင့် ရန်ကုန်ယူနိုက်တက်အသင်းကို ကျော်ဖြတ်ကာ အဆင့် ၄ နေရာသို့ ပြန်လည်တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။