နှစ်သစ်အတွက် ဒါတွေ လုပ်ရင်ကောင်းမယ်နော်

အခု ကျွန်တော် ရေးချင်တဲ့ ပို့စ်လေးကတော့ အများသူငှာကို ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိပါကြောင်း ကြိုတင်ပြောကြားရင်း သင်္ကြန်နဲ့ ပက်သက်သော အတွေးများ ထပ်ကာထပ်ကာ ပေါ်လာသောကြောင့် ကောက်ခါငင်ကာ ရေးသားမိခြင်းဖြစ်ပါသည်။ (အောက်ပါရေးသားချက်များမှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုသော စာသားများ မဟုတ်သောကြောင့် ပြုပြင်ပြောင်းလဲစေလိုသော စိတ်ကူးသက်သက်သာ ဖြစ်ပါကြောင်း)

၁) လှည်းတန်းမှာ လမ်းဖြတ်ကူးသူတွေကို ဘာကြောင့် နှစ်ပေါင်းများစွာ ဖမ်း။

လမ်းဖြတ်ကူးသူတွေ အင်မတန်များပြားသော စည်းကမ်းမဲ့သောကြောင့် နှစ်စဉ် ယဉ်တိုက်မှု့များ ဖြစ်ပေါ်လေ့ရှိပါတယ်.. ယဉ်တိုက်မှု့ဖြစ်ပေါ်တိုင်းလည်း မျဉ်းကျားမှ မကူးခြင်း၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသောကြောင့် မော်တော်ယဉ်များမှ အရှိန်မထိမ်းသိမ်းနိုင်တော့ဘဲ တိုက်မိလေ့ ရှိ့သောကြောင့် ယဉ်မောင်းသူအတွက်ကော လမ်းဖြတ်ကူသူများ အတွက်ကော အင်မတန်မှ အန္တရာယ်များလှပါတယ်။ ယဉ်ထိန်းရုံးနှင့် အင်မတန်နီးကပ်နေခြင်း၊ နယ်မြေ(၃) ယဉ်ထိမ်းရုံးမှာလည်း အရေးပါသော အဓိကကျသော နယ်မြေတစ်ခုဖြစ်ခြင်း၊ အင်မတန်မှ အလုပ်များခြင်း၊ စသည့်အချက်များကြောင့် နေ့စဉ်နီးပါး စည်းကမ်းမဲ့ လမ်းဖြန်ကူးခြင်းကို ထမ်းသိမ်းနိုင်းခြင်း မရှိ့ပါ။ အချို့ရက်များတွင်တော့ စီမံချက်ပြုလုပ်ကာ ဖမ်းဆီးလေ့ရှိပါသည်။

သို့ဖြစ်ပါသောကြောင့် သတိထားမိသည်မှာ လှည်းတန်းတွင် ကျောင်းအတွက်၊ ဈေးဝယ်ထွက်ဖို့အတွက်၊ တစ်ခုခုစားသောက်ရန်အတွက်၊ လူသွားလူလာ အင်မတန် များပါတယ်… ဈေးများ၊ အရောင်းဆိုင်များလည်း ရှိသောကြောင့် အပြန်တွင် ပြည်လမ်းပေါ်မှ သွားရပြန်ရသော ခရီးသည်များမှ မျဉ်းကြားနှင့် အင်မတန်ဝေးနေပါတယ်… လေ့လာကြည့်တော့ မီးပွိုင့်၊ ကွေ့လမ်းယဉ်ကြော နှင့် နီးကပ်သောကြောင့် မီးပွိုင့်အနီးဖက်သို့ အင်မတန်နီးကပ်စွာ မျဉ်းကြားဆွဲလို့ မရ… လူအများမှာလည်း ဈေးဘက်မှ ပြည်လမ်းပေါ်သို့ အဖြတ်တွင် ယခုသုံးစွဲနေသော မျဉ်ကြားနှင့် အတော်အတန် ဝေးသောကြောင့် စည်းကမ်းမဲ့ ဖြတ်ကူးပါတော့တယ်.. ဒီမှာဘဲ စီမံချက်နှင့် တွေ့ကာ လိုရာခရီးကို အလျှင်အမြန်မရောက်တော့သည့်အပြင် ဗွီဒီယို ကြည့်၊ ဒါဏ်ငွေဆောင် ကြရပါတော့တယ်… စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို အခုလို အရေးယူဆောင်ရွက်သောကြောင့် ယဉ်အန္တရာယ်များ အတော်အတန် လျှော့ချနိုင်ပါတယ်…သို့ရာတွင် အမျိုးသမီးများ၊ အမျိုးသားများမှာ မမြင်၊မသိ လမ်းဖြတ်ကူးပြီးမှ အလယ်တုံးအရောက်တွင် ဖမ်းမည့် ရဲပြေးလာသည်ကို တွေ့ကာ နောက်သို့ ကြောက်အား၊ လှန့်အားနှင့် ပြန်ပြေးသောကြောင့် အန္တရာယ်ပိုဖြစ်နိုင်ပါတယ်… ထိုနေရာတွင် ကျွန်တော့အမြင်မှာ ကျွန်တော် မှတ်မှတ်ရရ နှစ်ကို အတော်ကြာညောင်းနေပါပြီ….

ထိုကဲ့သို့ အဘယ်ကြောင့် နှစ်များစွာ ဖမ်းဆီးနေရပါသနည်း.. မေးခွန်းတစ်ခု ထွက်လာပါတယ်။ အရေးယူသည့် ဒါဏ်ငွေမှာလည်း ၂ ထောင် ခန့် အရေးယူကြောင်း၊ စီမံချက် တစ်ရက်လျှင် အနိမ့်ဆုံး ( ၁ဝ ) ယောက်ခန့် ဖမ်းဆီးမိလေ့ ရှိပါတယ်.. သို့ဖြစ်သောကြောင့် ကောက်ခံရရှိငွေလည်း အတော်များနေပြီ ဖြစ်လောက်ပါတယ်… ပြောချင်သည်မှ ထိုလူများဖမ်းဆီးရမိသည့် ငွေများအား စုပေါင်းကာ ယခု မျဉ်းကြားရှိသည့် နေရာအထိ ခြံစည်းရိုး ထပ်မံ ချိတ်ဆက် တည်ဆောက်လိုက်ပါက မိမိတို့၏ အလှအပ ဂုဏ်သိက္ခာများကျဆင်းအောင် မည်သူမျှ ခြံစည်းရိုးကျော်ကာ ကူးမည်မဟုတ်ပါကြောင်း… သို့ဖြစ်ပါက လမ်းစည်းကမ်းများလည်း ချိုးဖောက်ရာ မကျမည့်အပြင်၊ လူအများလည်း အန္တရာယ်ကင်းရှင်း မည်ဖြစ်ပါတယ်… အနီးပတ်ဝန်းကျင်မှ လူအများလည်း စိတ်နှလုံး ရွှင်ပြုံးနိုင်မည် ဖြစ်ပါကြောင်း ( မူလ ခြံစည်းရိုးထက် မမြင့်လည်း တစ်ဝက်လောက်ကာ ပေးလိုက်ပါကလည်း အင်မတန် ဝမ်းသာမည်ဖြစ်ကြောင်း သဂျီးအား ထပ်ဆင့်တင်ပြပေးပါရန် း) )

 

၂။ မဏ္ဍာပ်ဆိုတာ ဘာလဲ။

အမြင်မတော်ခြင်း၊ အမြင်တော်ခြင်းမှာ ကျွန်တော့်အထင် ကြည့်ရူ့သူ၏ ခံယူချက် (ဝါ) ခံစားချက် နှင့်သာ ပက်သက်မည်ဟု ထင်ပါသည်။ မြန်မာ့ ယဉ်ကျေးမှု့ကို မြန်မာများသာလျှင် ထိမ်းသိမ်းရပါတော့မည်။ မြန့်မာ့သာသနာကိုလည်း မြန်မာများသာ ဆက်လက် ထိမ်းသိမ်းရပါတော့မည် တော့ ကျွန်တော် ပြောချင်ပါသည်။ အပေါ်ယံ အရေပြားကို ကြည့်ကာ ပြောယုံထက် အတွင်းစိတ် ကသာ အရေးကြီးပါမည်။ သင်္ကြန်ကာလအတွင်း သီးခြားလာရောက်လည်ပါတ်သော နိုင်ငံခြားသား ဧည့်သည်များလည်း ရှိ့ပါသည်။ ထိုပုဂ္ဂိုလ်များမှာ အနည်းနှင့်အများ မြန်မာ့သင်္ကြန်ကို လာရောက် လေ့လာ ကြည့်ရူ့ကြခြင်းဖြစ်ပါသည်။ တစ်ဦးသော နိုင်ငံခြားသားက ကျွန်တော့်အား မေးခွန်းများ မေးပါသည်။ မဏ္ဍာပ်ဆိုတာ ဘာလဲတဲ့။ ကျွန်တော်လည်း မဖြေတတ်ပါ။ ရွာသားများ ဖြေပေးကြပါကုန်။ သူကတော့ အခုခေတ် မဏ္ဍာပ်ကို ထိုသို့ ပြောသည် ‘ ညီငယ် မဏ္ဍာပ်ဆိုတာ ကလပ်ရယ်တစ်ခုရယ် ရေပက်တာရယ် ပေါင်းထားတာလားတဲ့ဗျာ… ဒါနဲ့ ကျွန်တော်လည်း သိသလောက်လေးပေါ့ဗျာ… ဟုတ်လောက်ဘူးဗျ ‘ကျွန်တော်သိသလောက်တော့ မဏ္ဍာပ်ဆိုတာ လူများ စုပေါင်းနိုင်ရန် ရပ်ကွက်တစ်ခု (သို့) လမ်းတစ်လမ်း ကိုယ်စားပြု လူအများ စုနိုင်အောင် စီစဉ်ထားသော နေရာဖြစ်ကြောင်း၊ ထိုနေရာတွင် အရင်ကတော့ (မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကျောက်ကျော စသည်များကို) စတုဒီသာ (အခမဲ့) ကြွေးမွေး အလှု လုပ်လေ့ ရှိကြောင်း’ စီကာပတ်ကုံး တတ်သလောက် မှတ်သလောက် အင်္ဂလိပ်လို ငပိသံဖြင့် ပြောပြရပါသည်။ မဏ္ဍာပ်ကြီးများတွင် သံချပ်သံများ၊ မြန်မာသံစဉ် တူးပို့တူးပို့ သီချင်းများသာအများဆုံး ကြားရကြောင်း၊ Club Remix များမဟုတ်ကြောင်း၊ ထိုနောက် တစ်ဦးနှင့် တစ်ဦး၊ ရပ်ကွက်တစ်ခုမှ တစ်ခု သို့ အပြန်အလှန်သွားရောက် ရေလောင်း၊ ရေပက် ရေကစားကြပါကြောင်း ရှင်းပြရပါတယ်… မဏ္ဍာပ်ပေါ်တက်မကြည့်သွားခြင်းက အင်မတန်မှ ဝမ်းသာရပါတယ်ဗျာ.. း)

ပြောချင်သည်မှာ ကျွန်တော်တို့ သင်္ကြန်ကို သရုပ်ပျက်မှု့များပါ လျှော့ပါးသွားအောင် မီဒီယာများမှ လိုက်လံ ကျပ်မတ်ပေးစေလိုပါကြောင်း၊ သတင်းမှတ်တမ်းကားများဖြင့် ထိရောက်စွာ လိုက်လံရိုက်ကူး တင်ပြသွားပါလျှင် ပထမတစ်နှစ်အင်မတန် အုတ်အော်သောင်းတင်း ဖြစ်ပါလိမ့်မည်။ နောက်တစ်နှစ်တွင် အင်မတန်မှ သရုပ်ပျက်သော မိန်ခလေးအများ လျော့နည်းသွားပါမည်။ မိမိတို့ ပတ်ဝန်းကျင်တွင် မျက်နှာပျက်မှာတော့ မြန်မာမိန်းခလေး အများ ကြောက်ကြပါတယ်.. ရှက်လည်း ရှက်တတ်ပါတယ်… ဒါမျိုး လိုက်လံ မှတ်တမ်းတင်၊ ဖော်ပြသွားမည် ဟုသာ ကြော်ငြာလိုက်လျှင် အလွန်တန့်သွားနိုင်ပါတယ်လို့ ထင်မြင်မိပါကြောင်း…

🙂 ကျွန်တော်တို့မှာလည်း သင်္ကြန်တိုင်း အမျိုးသားရေးစိတ်ဓါတ်ကို နိုးကြားစေပါတယ်။ ပုပ္ပလိက မီဒီယာများမှ တင်ပြသောကြောင့် သဂျီးနှင့်တကွ အားလုံး တီဗွီမှ တစ်ဆင့် အမျိုးသားရေးစိတ်ဓါတ်နိုးကြားကြစေရန် နောင်နှစ်ခါလည်း စီးလို့ ကြိုမယ် ဆိုရင်း ရွာသားများအား နှစ်သစ်ကို ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်သပါတယ်…

မှတ်ချက်။   ။ နောင်တွင် ထိုကဲ့သို့ စာများ ရေးသာရန် စဉ်းစားရပါတော့မည် ခင်ဗျား။