ဂျပန်မချောချောလေးလိုချင်တယ် (ဟာသလေးပါ အားလုံးကိုပျော်ရွှင်ချင်ပါတယ်)

guestktyJune 12, 20101min611

တစ်ခါက ကိုဝင်းမောင်၊ မမြင့်မြင့်ဆိုတဲ့ လင်မယားရှိတယ်။ ကလေးနှစ်ယောက်နဲ့ဆိုတော့
စုစုပေါင်းမိသားစုဝင် လေးယောက်ရှိတာပေါ့။ ကိုဝင်းမောင်ရဲ့ အကျင့်ကစကားကို
အမြဲ စစ နောက်နောက်ပြောတတ်တယ်။ ဒါကို မမြင့်မြင့်ကလည်း မကြိုက်ဘူး။
ဒါပေမယ့် ကိုဝင်းမောင်ကလည်း ဘယ်တော့မှ မပြင်ဘူး အမြဲ အစအနောက်သန်နေတယ်။
တစ်ရက်ကျတော့ မမြင့်မြင့်တို့ရုံးက အစီအစဉ်နဲ့ မမြင့်မြင့်ကို
ဂျပန်နိုင်ငံမှာ ပညာတော်သင်သွားဖို့ အကြောင်းရှိလာတော့ မိသားစုတွေ
ခဏခွဲဖို့ဖြစ်လာရော။ မမြင့်မြင့် ဂျပန်ကိုသွားတဲ့နေ့ကျတော့
ရုံးကလူကြီးတွေရော ယောက်ျားဖြစ်သူ ကိုဝင်းမောင် ပါ
လေဆိပ်ကိုလိုက်ပို့ကြတယ်။ လေယာဉ်တက်ခါနီးတော့ မမြင့်မြင့်က
စိတ်ထဲမကောင်းလှတဲ့ အသံလေးနဲ့ ကိုဝင်းမောင်ကို

“ယောက်ျားရေ ကျွန်မတော့ သွားတော့မယ် ဘာမှာဦးမလဲ” လို့မေးတော့။ ကိုဝင်းမောင်က “ဘာမှတော့
ထူးထူးထွေထွေ မမှာတော့ပါဘူးကွာ၊ မင်းပြန်လာရင်သာ ငါ့အတွက်
ဂျပန်မချောချောလေးတစ်ယောက်လောက် သယ်ခဲ့” လို့ သူ့အကျင့် အတိုင်း စစ
နောက်နောက်ပြန်ပြောလိုက်တယ်။

အစကတည်းကမှ မိသားစုနဲ့ခွဲရမှာမို့ စိတ်မကောင်းဖြစ်နေတဲ့ မမြင့်မြင့်က ယောက်ျားဖြစ်သူရဲ့ စနောက်တဲ့စကားကြောင့်
စိတ်တိုသွားပါတယ်။ ရုံးက လူကြီးတွေရှေ့မှာဆိုတော့ ပိုပြီး
ဒေါသဖြစ်ရတာပေါ့။

ဒီလိုနဲ့ ခြောက်လအကြာမှာ မမြင့်မြင့်တစ်ယောက် ဂျပန်ကနေပညာတော်သင်ပြီးလို့ ပြန်လာရောတဲ့။ ဒါကို ကိုဝင်းမောင်နဲ့အတူ
မမြင့်မြင့်တို့ရုံးက အရာရှိကြီးတွေလည်း လေဆိပ်မှာလာကြိုကြတာပေါ့။
လေယာဉ်ပေါ်ကဆင်းလာတော့ ယောက်ျားရော ကလေးတွေရော အထက်အရာရှိတွေနဲ့
အားလုံးကိုတွေ့ရတော့ မမြင့်မြင့် ကအရမ်းပျော်နေတာ။ နှုတ်ဆက်ကြ
စကားတွေပြောကြနဲ့ပေါ့။ အဲ့ဒီအချိန်မှာပဲ ကိုဝင်းမောင်က သူ့ အကျင့်အတိုင်း

“မိန်းမရေ ငါမှာလိုက်တဲ့ ဂျပန်မချောချောလေးရော မပါဘူးလား” ဆိုပြီး နောက်လိုက်တယ်။
အဲ့ဒီမေးခွန်းကို ပြန်ဖြေလိုက်တဲ့ မမြင့်မြင့်ရဲ့ အဖြေကြောင့် ကိုဝင်းမောင်
အပါအဝင် လာကြိုကြတဲ့ အဖွဲ့တွေအားလုံး မှင်တက်သွားကြရော။
မမြင့်မြင့်ကဘာပြန်ဖြေလိုက်သလဲ ဆိုတော့-

“ယောက်ျားရယ် စိတ်ချစမ်းပါ။ ယောက်ျားမှာတာကို ကျွန်မမမေ့ပါဘူး။ ဒါပေမယ့် ဂျပန်မချောချောလေးလား
ဂျပန်ထီးချောချောလေးလား ဆိုတာတော့ နောက်လေးလလောက်နေမှသိရမယ်။ ကျွန်မလည်း
တွေ့တွေ့သမျှ ဂျပန်တွေနဲ့တော့ ကြိုးစားလာခဲ့တာပဲ” တဲ့။

One comment

  • kokogyi

    August 20, 2010 at 9:03 am

    ဟားဟား ထိသွားလို့ နေမှာနော် ကို ဝင်းမောင် ဘာမှာ ကိုး ပြန်မပြောနိုင်တော့ဘူး

Leave a Reply