ကာဂျစ္စတန်နိုင်ငံ အော့ရှ်မြို့တွင် အဓိကရုန်းများ ထပ်မံဖြစ်ပွား

guestktyJune 12, 20101min480

ကာဂျစ္စတန်နိုင်ငံ တောင်ပိုင်းရှိ အော့ရှ်မြို့တွင် ယမန်နေ့က လူငယ်ရာပေါင်းများစွာသည် ယာယီအစိုးရအား ဆန့်ကျင် ဆန္ဒပြရာတွင် မြို့အတွင်းရှိ အဆောက်အဦများ၏ ပြတင်းများအား ထုခွဲခြင်း၊ ဈေးဆိုင်များအား လုယက်ခြင်း၊ ကားများအား မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများအား နှိမ်နင်းခဲ့သည်။ လူ ၃ ဦးသေဆုံး၍ ၄ဝ ကျော်ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ အော့ရှ်မြို့တွင် အရေးပေါ်အမိန့် ထုတ်ပြန်ထားခဲ့သည်။ လွန်ခဲ့သော မေလကလည်း ယာယီအစိုးရအား ထောက်ခံသူများနှင့် ဆန့်ကျင်သူများ ပဋိပက္ခ ဖြစ်ခဲ့ကြသည်။ (ဆင်ဟွာ)