နှစ်သစ်မှာ နှုတ်ဆက်ခဲပါတယ် ရွာသားတို့…

ေဇာ္ရီApril 17, 20121min30736

ဘယ်လိုပြောရမှန်းတောင် မသိတောပါဘူး စိတ်တော မကောင်းပါဘူး MG ရွာသားတစ်ယောက် အဖြစ် ရောက်ရှိလာပြီး မကြာခင်ပဲ ထွက်သွားရတောမယ်ဆိုတော… ကျတော့ကြောင့် ရွာသားတွေ အနှောက်အယှက်ဖြစ်ခဲတာတွေ အတွက် တောင်းပန်ခဲပါတယ်…

ဘာကြောင်း ဝင်လာခဲတယ်… ဘာအတွက်ကြောင်းထွက်သွားတောမလဲဆိုတာလဲ ပြောပြခဲရပါစေ…

ဒီလိုပါ အပြင်မှာ တခါမှ မမြင်ဖူးပေမယ့် ၂၀၀၄ လောက်ကတည်းက မောင်နမ အရင်းတွေပမာ ခင်လာခဲရသော သူငယ်ချင်းက အဘဖောရဲ့ နံပါတ် ၁၈ လင့်လေးကို ပေးပြီး ဝင်ရောက်ဆွေးနွေးဖို့ အကြံပြုတော အဘဖော တင်ထားတာရော အောက်က ပြန်ထားတာတွေပါ ဖတ်ကြည့်ပြီး အချင်းချင်းကြား နားလည်မူ့ တစ်ခု ရကောင်းပါတယ်လို့ ယူဆပြီးတော အဘဖောရဲ့ နံပါတ် ၁၈ အောက်မှာ စတင်ဝင်ရောက် ဆွေးနွေးခဲတာပါ…

အဘဖောကို တစ်ခုလောက် တောင်းဆိုပါရစေ… ဒီ MG ထဲမှာ ဒီလူမျိုးရေးအကြောင်းအရာတွေအား ထပ်ပြီး မဆွေးနွေးပါနဲ့တောလို့… ဘာလို့လဲ ဆိုတော သူတို့ကြားဖူး ဖတ်ဖူးတဲ့ သမိုင်းနဲ့ သူတို့ ပျော်မွေ့နေခြင်းအား မဖျက်စီးလိုတောလို့ပါ… အမှန်တရားအတွက် ပြောပေးခဲတာအတွက်တော ကျေးဇူးတင်ပါတယ်… သို့သော် အချိန်မတန်သေးပါဘူး… ပြီးတော အမှန်တရားဟာ ဘယ်တောမှ ပျောက်ကွယ်သွားရိုး မရှိတဲ့အတွက် အမှန်တရားကို လက်ကိုင်ထားတဲ့သူတွေအတွက် ပူပင်စရာ မရှိနိုင်ပါဘူး… ကမ္ဘာကြီး တည်နေသမျှ အမှန်တရားဟာလဲ မပျောက်ကွယ်နိုင်သလို… ဘယ်လောက် ကြာကြာ ကျွဲ ကို ဤ လို့ မပြောင်းလဲထားနိုင်ပါဘူး…

လက်ရှိ အခြေအနေမှာတော ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တနေ့မှာ ဖြေရှင်းကောင်း ဖြေရှင်းပါလိမ့်မယ်… ရိုးသားဖြောင့်မတ်ခဲသူ နိုင်ငံဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သလို သူကိုယ်တိုင်ကလဲ ရိုးသားမူ့ကို မြတ်နိုးပြီး တောင်းပန်ရန် ဝန်လေးတတ်သူ မဟုတ်ဘူးလို့ ယူဆမိလို့ပါ… သို့သော်လဲ ကျတော် ဒေါ်စု အတွက် စိုးရိမ်မိပါတယ်… အခု သူ့အား မိခင်ရင်းပမာ ချစ်ခင်လေးစားနေကြသော်လဲ ဟိုတုန်းက ဗိုလ်ချုပ်ရဲ့ ရိုးသား ဖြောင့်မတ်မူ့ကို ခုတုန်းလုပ်ပြီး နိုင်ငံကို အပိုင်စီးခဲကြသလို… တနေ့မှာ ဒေါ်စုအားလဲ လုပ်ကြံကြမှာကို စိုးရိမ်မိပါတယ်… မြန်မာ့ သမိုင်းကိုုနည်းနည်း မျှော်ကြည့်မယ်ဆိုရင် မြန်မာဘုရင် ခေတ်အဆက်ဆက်ကတည်းက ဘုရင်ကို သားက သတ်၊ သမက်က သတ်၊ ဘုရင်ကို မိန့်ဘုရားက သတ်နဲ့၊ ရှိနေခဲတာပါပဲ ဒီတော ကျတော် ဒေါ်စု အတွက် စိုးရိမ်မိတာဟာလဲ မဆန်းပြားလောက်ဘူးတော ထင်ပါတယ်…

ပြီးတော ဆွေးနွေးခဲဖူးတဲ့သူတွေထဲမှာ ကျတော် အလေးပြု ထိုက်တဲ့သူ ၂ ယောက်ကတော ကိုရာမည နှင့် ကိုရွာစားကျော်ပါပဲ… ကျတော် လူချင်းမသိ မမြင်ဖူးမတွေ့ဖူးခဲသော်လဲ ဒီနေရာကနေ အလေးပြုခဲပါတယ်…

နောက်ထပ် ကျတော် နှုတ်ဆက်ရမဲ့သူ နှစ်ယောက်ကတော ကိုစံလှ နှင့် မသဲနှင်း တို့ပါ…
ဦးစွာ ကိုစံလှအား နှုတ်ဆက်ပါရစေ… ကျတော့အား ဆွေးနွေးဘက် တစ်ယောက် အဖြစ် လက်ခံပေးခဲတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်… ကျတော် အကို့အား ကျတော့ အဖေ ဆုံးမလေ့ ရှိတဲ့ သူများစကား ကြောင့် ဝမ်းနည်း ဝမ်းသာမဖြစ်စေဖို့ ပြောပြခဲတာဟာ ငြိမ်းခြောက်ခဲရတာ မဟုတ်ပါဘူးဆိုတာလဲ ပြောခဲပါရစေ… အစတည်းက ကျတော်မှာခဲလိုက်ပါတယ်… ဒီစကားဟာ ကျတော့အား တကယ် ခင်မှ လက်ခံပါလို့… မခင်တဲ့သူ တစ်ယောက်အတွက် ဒီလိုစကားဟာ စော်ကားသလို ဖြစ်နေတတ်တာကြောင့်ပါ…

လူတိုင်းအတွက် သတိမူစရာ ကဗျာလေးတစ်ပုဒ် ပြောပြချင်ပါတယ်… ဒီကဗျာလေးဟာလဲပဲ ကျတော့ရဲ့ လက်စွဲဆိုရင် မမှားပါဘူး ဘာဖြစ်လို့ လက်စွဲကိုင်ထားလဲ ဆိုတော… သူများလဲ မထိခိုက်အောင်၊ ကိုယ်တိုင်လဲ ဆင်ခြင်နိုင်အောင်ပါ… ဒါ့အပြင် ကိုယ့်အပေါ် တစ်ဘက်သားရဲ့ သဘောထားကို သိသာနိုင်အောင်လဲ စမ်းသပ်နိုင်တဲ့ လူ့သဘာဝ နိယာမလေး တစ်ခုပါ… ကဗျာလေးက ဒီလိုပါ..

လူ၏အကြိုက် ဆယ်ခါလိုက်လဲ၊
မလိုက်တစ်ခါ ရှိခဲ့ပါမူ၊
ကြီးစွာရန်သူ စွဲမှတ်ယူသည်။

ဒီတော ကျတော် ပြောမှား ဆိုမှားရှိခဲတာ ရှိရင်လည်း ခွင့်လွတ်ပေးစေလိုပါကြောင်း ဒီကပဲ တောင်းပန်ခဲပါရစေ…

မသဲနှင်းရေ… ကျတော်ရေးတဲ့စာတွေ ဖတ်ပြီး အမျက်ဒေါသ ထွက်ခဲဖူးတာ ရှိရင် အဲဒါတွေ အတွက် ကျတော် တောင်းပန်ခဲပါတယ်… လူတိုင်းမှာ မတူခြားနားတဲ့ စွမ်းရည်တွေ ရှိနေတတ်ကြပါတယ်… အမဆီမှာ တွေ့မြင်ခဲရတဲ့ စွမ်းရည် တစ်ခုကို တကယ် အသုံးလိုအပ်တဲ့နေရာ တစ်ခုမှာ အသုံးပြုပါစေကြောင့် ဆန္ဒပြုခဲပါတယ်…

ကျတော့ရဲ့ MG ထဲ ခဏတာ ဆွေးနွေးပွဲထဲ ဝင်ရောက်ခဲစဉ် စကားပြောခဲဖူးကြသော မိတ်ဆွေများအား မှာစရာ တောင်းပန်စရာများအား ပြီးမြောက်ခဲပါပြီ…

ကျတော် ဘာကြောင့် ဒီဆွေးနွေးပွဲက ထွက်ခဲရလဲ ဆိုတာကိုလဲ ပြောခဲပါရစေ…
ကျတော်ဟာ သူငယ်ချင်း အရင်းတွေနဲ့ တချို့ ကိစ္စတွေမှာ ငြင်းလေ့ ရှိတတ်ပါသော်လဲ လူမျိုးရေးနှင့် သက်ဆိုင်လာလျှင် ငြင်းလိုစိတ် မရှိပါဘူး… ဆွေးနွေးလိုစိတ်ပဲ ရှိပါတယ်… မသဲနှင်း အားပြောခဲဖူးသလိုပါပဲ ငြင်းတာဟာ အနိုင်ရလိုလို့ ငြင်းတာပါ… ဆွေးနွေးတာဟာ အဖြေရှာတာပါ… လူမျိုးရေးဟာ ငြင်းစရာ မဟုတ်ပါဘူး… ဆွေးနွေးရမဲ့ ကိစ္စပါ…

တကယ်တော အခုအချိန်က အချိန်မှန် မဟုတ်သေးဘူးဆိုတာ နားလည်ပါသော်လဲ… အဘဖောရဲ့ post ကိုကြည့်ပြီး ဒီနေရာက နေရာမှန်များ ဖြစ်နေမလားဆိုတဲ့ အတွေးနဲ့ ကျတော် MG ရဲ့ လူမျိုးရေး ဆွေးနွေးပွဲ အောက်ထဲ ဝင်ရောက်ခဲတာပါ… စည်းဝိုင်းထဲကို ခြေတဘက်ပဲ ချရပါသေးတယ် နားလည်လိုက်ပါပြီ… ဒီနေရာဟာလဲ နေရာမှန် မဖြစ်နိုင်သေးပါဘူးဆိုတာ…

ကြိုက်နှစ်သက်လူ ဆင်ခြင် သုံးသတ်နိုင်စေဖို့ တိုင်းရင်းသား အရေးနှင့် သက်ဆိုင်ပြီး နောက်ဆုံး ပြောချင်တာက
၁) ကိုယ်သိထားတာသာ အမှန်ဆိုပြီး ဖင်ပိတ်ငြင်းခြင်း မပြုလုပ်ပါနှင့်။
၂) စာအုပ်ထဲမှာ ပါသည်ဆိုပြီး မှန်ကန်လှပြီးဟု မယူဆပါနှင့်။
၃) အသုံးပြုသော စကားလုံး တစ်လုံးစီ၏ အဆိုးမြင် အကောင်းမြင် နှစ်ဘက်လုံးကို ယှဉ်ဆပြီးမှ ထည့်သုံးပါ။
၄) ကိုယ့်ရဲ့ တင်ပြချက်အား တစ်ခြားသူမှ မတူကွဲပြားတဲ့ အမြင်ဖြင့် ပြောလာပါက သူ့ရဲ့ တင်ပြချက်အား သူ့နေရာတွင် ခံစားဖတ်ပေးပါ၊ ပြီးမှ ဘာကွဲပြားနေလဲ ဆွဲထုတ်ပါ၊ ကွဲပြားနေခြင်းရဲ့ အလယ်က ဖြစ်နိုင်ခြေ အကြောင်းအရာကို ဖေါ်ထုတ်ပြပြီး သူ့အား ပြန်လည် ဖြေဆိုပါ…

မေ့တောမလို့… တစ်ယောက် ကျန်သေးတယ်… ရွာသူကြီးတဲ့… ကျေးဇူးပါ ရွာသဂျီးရေ… ကျတော် ဆွေးနွေးခဲစည် ခဏတာမှာ ရွာသူကြီး စည်းမျဉ်းလေးတွေ ဖေါက်ဖျက်သလို ဖြစ်ခဲရင်လဲ ခွင့်လွတ်တော် မူ့ပါဖို့ တောင်းပန်ခဲပါတယ်…

MG မှာ ကလောင်ရှင်များနှင့် တကွာ စာဖတ် ပရိတ်သတ် အားလုံး ကိုယ်စိတ်နှလုံး ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးခဲပါတယ်…

ခင်မင်လေးစားလျှက်
ဇော်ရီ

36 comments

  • ဗိုက်ကလေး

    April 17, 2012 at 5:08 pm

    ခင်ဗျားဗျာ
    ဗိုက်ကလေးတို ့ ဖုတ်ကျော်တို ့ဆို ဘူဒိုဇာနဲ ့ ကလော်ထုတ်တာတောင် မထွက်ဘူးဗျ…
    ခင်ဗျားက ဘာလို ့ထွက်ရမှာလဲဗျာ..
    စိတ်မကောင်းလို်က်တာဗျာ..
    ရွာထဲရောက်မှတော့ မှားမှား မှန်မှန် ဖင်ပိတ်ပြီးသာငြင်း
    မငြင်းနိုင်ရင် သဂျီးဆီမှာ ပညာသင်

    • ဇော်ရီ

      April 18, 2012 at 3:05 pm

      ကျေးဇူးပါ ကိုဗိုက်ကလေးရေ… ငြင်းလို့ကောင်းတဲ့ အကြောင်းအရာတွေ ဘက်ကို ကူးလာဖြစ်ရင် ငြင်းကြတာပေါ့… သင်္ကြန်တွင်း အလုပ်တွေများပြီး ပင်ပန်းသွားလို့ အခုတော အနားယူလိုက်ပါအုံမယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 17, 2012 at 9:00 pm

    ခင်ဗျားတို့ဟာကလည်း ဝင်ဘာတယ်ထွက်ပါတယ်ဆိုတာကို
    ဇာတ်မင်းသားတွေ လို မျက်ရည်ကျပြကြတာက ဂွကျသဗျ
    မထူးပါဘူးအကြံပေးပါတယ် ဇာတ်မင်းသားလုပ်ဗျာ 😀
    ဒီလိုစကားမျိုးတွေပြောဘို့သိပ်တော့အလိုမရှိလှဘူး
    ကျုပ်ဆိုရင် ကျုပ်ကိုင်တိုင်ထွက်ဘို့ဆိုတာဝေလာဝေး
    အဲ့သည်သဂျီးက ကျုပ်ကိုမောင်းထုတ်မယ်ဆိုရင်တောင်
    သဂျီးတော့လား အခြားနည်မည်နဲ့ လာပြန်ဆဲဦးမှာ ဆဲဦးမှာ
    ပြောလို့သာပြောတာ ဒီရွာထဲ ကျုပ်မဆဲဘူးတဲ့လူ ခပ်ရှားရှား
    ဆဲတယ်ဆိုတာကတော့ဘယ်ယဉ်ကျေးမလဲဗျာ
    ကျုပ်ဒီလို မယဉ်ကျေးလို့ ကျန်တဲ့လူတွေ လူယဉ်ကျေးတွေဖြစ်သွားတဲ့
    သဘောလေးသူများနဲ့မတူအောင် မြင်အောင်ကြည့်ပြီး
    ကျုပ်ကိုကြံဖန်ပြီးကျေးဇူးရှင်ကြီးလို့ ခေါ်ကြဇမ်းဘာ
    ဒါ့ကြောင့်ခင်ဗျားလည်း ကိုယ့်ကိုသူတစ်ပါးပြဿနာရှာတယ်သဘောမထားဘဲနဲ့
    ပညာလာစမ်းတယ်ဆိုပြီး ပညာတွေပြပလိုက် ပြပလိုက်
    ( သူများတွေသတ်ကြဖြတ်ကြတဲ့ ဇာတ်လမ်းတွေကို ငါပြောတာဟုတ်တယ်
    မင်းပြောတာဟုတ်တယ်ဆိုပြီး ငြင်းနေကြတာ လက်သီးပွဲလေးတောင်မဖြစ်သေးဘူး
    မျက်ရည်တွေကျတယ်ဆိုတော့ )

    • ဇော်ရီ

      April 18, 2012 at 3:10 pm

      မင်းသား လုပ်လို့တော ဖြစ်မှာ မဟုတ်ပါဘူး ကိုအောင်ပုရေ… အရပ်ကပုပု၊ နဖူးကပြောင်ပြောင် နဲ့ လူပျက်တောင် ရနိုင်ခြေမရှိပါဘူး… ထွက်သွားမယ်ဆိုတာက လူမျိုးရေး ဆွေးနွေးခြင်းကနေပါ… စာဖတ် ပရိတ်သတ် အဖြစ်တော ရှိနေအုံမှာပါ… ဒီရွာထဲကို မဝင်လာခင်ကတည်းက ရွာပြင်ကနေပြီးလဲ ဗဟုသုတ ရစရာ စာတွေ အများကြီး ဖတ်ခဲဖူးပါတယ်… ပညာလဲရ ပျော်စရာလဲ ကောင်းတဲ့ ရွာကောင်း တစ်ရွာပါ…

  • San Hla Gyi

    April 17, 2012 at 10:12 pm

    ကဲ ကိုဇော်ရီရေ
    ခင်ဗျား ကျနော့်နာမည် ပြောလိုက်တာကြား လိုက်မိလို့ပါ။ ခင်ဗျား အဲဒီလို ပြောလို့ ကျနော်လည်း တော်တော်ကို စိတ်မကောင်းပါ။ ဒီရက်ပိုင်းအတွင်းလည်း အမှန်တော့ တော်တော်ကြီးကို စိတ်မကောင်း ဖြစ်နေတယ်ဗျ။ ထားလိုက်ပါ။လူကြမ်းကြီးပေမယ့် အသည်းတော့ နုတယ်ဗျာ့။
    ခင်ဗျား ဘာပဲဆုံးဖြတ်ဆုံးဖြတ် ခင်ဗျားဆုံးဖြတ်ချက် ကိုလေးစားပါတယ်။ အများကြီး ပြောချင်တယ်ဗျ။ ဒါပေမယ့် ကျနော်လည်း ဆို့နေလို့ သိပ်မပြောနိုင်ဘူး ဖြစ်နေတယ်။ ကျနော် ခင်ဗျား ဆောင်းပါးထဲက အကြောင်းတွေကို ဝါဿနာအရ ပြောချင်ပေမယ့် အခုတော့ မပြောတော့ဘူးဗျာ။
    ခင်ဗျားပြောတဲ့ နောက်တယောက်ကတော့ ကျနော်လည်း မသိဘူးဗျ။ သူလည်း ရယ်ရတာတော့ တော်တော်ဝါဿနာ ပါတဲ့မိန်းကလေး လို့ထင်တာပဲဗျာ။

    • ဇော်ရီ

      April 18, 2012 at 3:20 pm

      ဟုတ်ပါတယ် ကိုစံလှရေ ဘာပဲပြောပြော အကိုက MG ထဲမှာ စတင် နှုတ်ဆက်ခဲသူ တစ်ယောက်ပါ… ခင်မင်ရသူ တစ်ယောက် အဖြစ် အမြဲ တည်ရှိနေမှာပါ… ကျတော် အဲဒီအကြောင်းအရာတွေပိုင်းကို ဆွေးနွေးခြင်းက ရပ်ဖို့ ဆုံးဖြတ်လိုက်တာဟာလဲ အမြင်မတူတာတွေပြောရင်း၊ ခင်မင်မူ့တွေ ပျက်သွားမှာ စိုးတာလဲ ပါပါတယ်… ထို့အပြင် တခြား စာဖတ် ပရိတ်သတ်တွေကြားထဲမှာလဲ အယူအဆတွေ မကွဲစေချင်ပါဘူး… တကယ်တန်းတော လူတွေဟာ လူတွေပါပဲ အရောင်းအဆင်းမပါဘဲ ပေါင်းသင်း ဆက်ဆံရင် သိတ် ခင်မင်ရင်းနီးဖို့ ကောင်းပါတယ်… လူမျိုးရေး၊ ဘာသာရေး၊ စသည့် အရောင်ဆွေ ဆိုးလိုက်မိရင် လူတွေကြားထဲ ရန်သူတွေ ဖြစ်ကုန်ကြပါတယ်… ဒီလိုပါပဲ MG ထဲမှာလဲ အရောင်းအဆင်းတွေ မပါဘဲ အားလုံး ခင်မင်နေကြတဲ့ အရာကို ကျတော့ ဝင်ရောက်လာပြီး အရောင်ဆိုးခြင်း မလုပ်ချင်တာလဲ ပါပါတယ်… ထို့အသူ အဘဖောကိုလဲ အဲဒီအရောင်တွေ မဆိုးစေချင်တောတာကြောင့် အပေါ်မှာ အဘဖောအားလဲ မှာကြားခဲတာ ပါပါတယ်… အရာရာ အတွက် ကျေးဇူးတင်ပါတယ်… နောက်တော တခြားအကြောင်းအရာ အောက်မှာ ကျတော်တို့ အတူတူဆွေးနွေး၊ ငြင်းခုန်ကြတာပေါ့.. 🙂

  • အရှုံးတွေနဲ့ ကျွန်တော်

    April 17, 2012 at 10:37 pm

    ကိုဇော်ရီရေ
    ဒီလိုပါပဲ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အမြင်တွေမှာ သဘောထားကွဲလွဲမှုတွေဆိုတာ ရှိတတ်ကြတာပါပဲ
    ဒါနဲ့ပဲ ခင်ဗျားက ထွက်သွားတော့ မလို့လား
    နောက်ထပ် အခြား အခြားသော အကြောင်းအရာတွေကို ဆက်ပြီးတော့ မဆွေးနွေးချင်တော့ဘူးလား
    ပြန်လာခဲ့ဦးလို့ ဖိတ်ခေါ်ပါရစေ

    • ဇော်ရီ

      April 18, 2012 at 3:27 pm

      နာမည်က ခေါ်ရတော ခက်သားပါ… ကိုအရှုံးတွေနဲ့ ကျွန်တော်… အကို့နာမည်ကိုခေါ်ရင်း သံဝေဂရစရာပါပဲ.. 😀

      မြန်မာပြည်တွင်းက လူမျိုးရေးအကြောင်းအရာတွေက ခက်ခဲနက်နဲလွန်းပါတယ်… တကယ်တန်းတော ထွက်သွားသူဟာ အရုံးပါပဲ… ကျတော် လူမျိုးရေး ဆွေးနွေးခြင်းက ထွက်လိုက်ရတာက ဒီပွဲဟာ နှစ်ဦး နှစ်ဘက်လုံးကို အကောင်းဖြစ်စေနိုင်သလို နှစ်ဦး နှစ်ဘက်လုံးကိုလဲ အဆိုးဖြစ်စေနိုင်ပါတယ်… ပထမ ကွင်းထဲ ဝင်လိုက်တာက အကောင်းဖြစ်စေနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်ပါ… ထွက်သွားလိုက်တာက အကောင်းဖြစ်နိုင်ခြေ မရှိတော နှစ်ဦး နှစ်ဘက်လုံး ထိခိုက် မနစ်နာခင် ကျတော် ထွက်ဖို့ ဆုံးဖြတ်ခဲတာပါ…

      ဟုတ်ပါတယ် အခြားခြားသော တခြား အကြောင်းအရာတွေ အောက်မှာ ဝင်ရောက်ဆွေးနွေးဖို့ ကြိုးစားကြည့်ပါမယ်… ဖိတ်ခေါ်ခြင်းအတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်…

  • kai

    April 17, 2012 at 11:21 pm

    လူမျိုးရေးနဲ့ပါတ်သက်ပြီး.. ဒီလအယ်ဒီတာ့သင်ပုန်းထဲထည့်ရေးထားပါတယ်..
    ဒီလသတင်းစာက.. ဆိုင်ရာလူတွေလက်ထဲရောက်ပါမယ်..

    အလုပ်တခုက.. အရွေ့ ့ရှိမှ အလုပ်လို့ခေါ်တာတဲ့..
    အလုပ်ဖြစ်မယ်ထင်တာပဲ..

    ဆိုတော့..
    ကိုဇော်ရီ..တိုင်းရင်းသားဖက်ကရပ်ပြီး.. ဒီထဲဆွေးနွေးငြင်းခုန်ပေးထားတာတွေ.. အလုပ်ဖြစ်ပါလိမ့်မယ်..
    ငြင်းခုန်ခြင်းအနုပညာမြောက်ပါတယ်…။

    အားလုံးအနိုင်ရပါတယ်လို့နော…။ 🙂

    • ဇော်ရီ

      April 18, 2012 at 3:37 pm

      သဂျီးပြောတာ မှန်ပါတယ်… ဒီလ အယ်ဒီတာ့ သင်ပုန်းလဲ ဖတ်ခဲပြီးပါပြီ… ဆိုင်ရာ လူတွေ လက်ထဲရောက်မယ်ဆိုတာတော နားနည်းနည်း မရှင်းလှပါဘူ သဂျီးရေ…

      သဂျီး ယူဆချက်ကို လက်ခံပါတယ်… ကျတော် ဝင်ရောက် ဆွေးနွေးခဲတာဟာလဲ ရှေ့သို့ အရွေ့ရှိအောင် အတွေးနဲ့ပါ သို့သော်လဲ ရှေ့သို့ မရွေ့ဘဲ နောက်သို့ ရွေ့သွားမှာ စိုးမိတာကြောင့် လူမျိုးရေးကို MG ထဲမှာ ဆွေးနွေးခြင်း ဆက်မလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ…

      အခွင့်ကြုံရင်တော ငြင်းခုန်စရာ မလိုတဲ့ ရိုးရာ ယဉ်ကျေးမူ့ ဓလေ့ လေးတွေကို မြန်မာပြည်ဖွား တခြား တိုင်းရင်းသား ညီကိုတွေ သိရအောင် ကြိုးစားကြည့်ပါမယ်…

  • Swal Taw Ywet

    April 17, 2012 at 11:41 pm

    Dear Ko ဇော်ရီ,
    Sorry for your leaving from MG.
    But I agreed with you. You are right.
    Please go ahead and don’t waste your time.
    Let’s try our best for our mother land.>> Brighter your corner.
    I believed that you are NOT a useless guy for our country ( Union of Myanmar ).
    Wishing for you to be in good health and good environment.

    With respect,
    Swal Taw Ywet.

    • ဇော်ရီ

      April 18, 2012 at 4:00 pm

      Dear, Thank you for understanding and suggestion.

  • Khaing Khaing

    April 17, 2012 at 11:46 pm

    ကိုဇော်ရီရေ အခိုင်လည်းရွာထဲကထွက်ဖူးတယ် အခိုင်ကကိုဇော်ရီထက်ဆိုးတယ်ဗျ အခိုင့်ကို ရွာထဲကလူတော်တော်များများက မြင်ဖူးတယ် နာမည်ကလည်းအရင်းနဲ့ တစ်ခုခုဆို အားလုံးကသိတယ် ကိုဇော်ရီကိုရွာထဲကလူတွေကမမြင်ဖူးဘူးလို့ထင်တာပဲ သူများပြောရင် ကိုယ်ကလည်းပြန်သာခွပ်(အဲလေပြန် ပြော) ဒီရွာထဲမှာ ဘယ်သူမဆိုသဘောထားကွဲလွဲလို့ရတယ် အခိုင်ဆို သူငယ်ချင်းအရင်းတွေနဲ့ပေါ်တင်ကို သဘောထားကွဲလွဲတာ ရွာထဲမှာသာသဘောထားကွဲလွဲတာ အပြင်မှာတော့ ခေါ်ကြပြောကြ ပေါက်ကရနောက်ကျနဲ့ ပျော်စရာကောင်းပါတယ် ….. တစ်ကယ်စိတ်မကောင်းခံစားခဲ့ရမယ်ဆိုတာ နားလည် ပါတယ်တယ် ……. စိတ်ထဲမထားပါနဲ့ လူဆိုတာ ခဏတာတွေဆုံကြရတာပါ …. ကိုဇော်ရီ ရေးတဲ့ စာကို မရေးအောင် ဘယ်သူကမှတားမြစ်လု့ိမရဘူး သူကြီးကလွဲလို့ပေ့ါ …. မထွက်ပဲ ဆက်သာဆွေးနွေးပါ လောကမှာ အဖြူရှိသလို အမဲဆိုတာလည်းရှိတာပဲလေ … စိတ်ဓာတ်မကျပါနဲ့ ခဏတော့ စဉ်းစားလိုက်ပါ အေးဆေးဖြစ်သွားပါလိမ့်မယ် ……….

    • ဇော်ရီ

      April 18, 2012 at 4:11 pm

      အခုလို အားပေးတာအတွက် ကျေးဇူးတင်ပါတယ် မခိုင်ခိုင်… တိုင်းရင်းသား ညီကိုတွေကြားထဲ အမြင်လွဲ အထင်လွဲစရာ မဖြစ်နိုင်တဲ့ တခြား ကဏ္ဍတွေမှာ ငြင်းကြတာပေါ့…

  • etone

    April 18, 2012 at 11:51 am

    ကိုဇော်ရီရေ …ဆောရီးပါနော် ဒါပေမယ့် …. အားမနာတမ်းပြောရလျှင် စိတ်ဓါတ်ပျော့ညံ့လွန်းတယ် လို့ပြောချင်ပါတယ် … ကျွန်မတို့တွေ လူ့လောကမှာ အသက်ရှင်နေသမျှ ကာလပတ်လုံး အတိုက်ခံ ၊ စိတ်ညစ်စရာ ၊ အခက်ခဲတွေနဲ့ ကြုံရတတ်ပါတယ် ။ ဒါတွေကို စိတ်အားထက်သန်မှု ၊ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့သာ ကျော်လွန် ပြီးမြောက်နိုင်ပါတယ် … အခုလို ဘာမှမဟုတ်တဲ့ အသေးဖွဲ ကိစ္စအတွက် ဒီလောက် အလူးလဲ ခံနိုင်ရည်မရှိလျှင် … ဘဝနဲ့ရင်းပြီးကြီးမားတဲ့ အခက်ခဲတွေ အတားဆီးတွေတွေ့တဲ့အခါ ဘယ်လိုလုပ်မလဲ…. ။

    ရွာထဲက ထွက်တယ် မထွက်ဘူးဆိုတာကတော့ မိမိရဲ့ ဆန္ဒပေမယ့် …. သင့်ဧ။် မသင့်ဧ။်ဆိုတာကိုတော့ ပြန်တွေးကြည့်ပါဦးနော် …. ။ မတူတဲ့အတွေးရှိသူတစ်ယောက် ထွက်တော့မယ်ဆိုတော့ … ဒါရွာရဲ့ ဆုံးရှုံးမှုပါပဲ …. ။ ပြန်စဉ်းစားစေလိုပါတယ် ။
    ကျွန်မတို့ဆို ရွာထဲက ထွက်ဖို့တောင် အိပ်မက်ထဲမှာတောင် မတွေးခဲ့ဖူးဘူး … ။ 😀

    • Wow

      April 18, 2012 at 7:32 pm

      ကိုယ်ရေးချင်တာတွေရေးလိုက် … အမြင်မတော်တဲ့သူကို မခြေမငံပြောလိုက်။ ပြီးရင်ဘာမှ မသိသလို မျက်လုံးပေကလပ် ပေကလပ်နဲ့… 😀 ထွက်ဖို့နေနေသာသာ… သဂျီးက ထွက်ခိုင်းရင်တောင် ဗီဇာရအောင်ယူပြီး ချောင်းရိုက်ဦးမှာ။ 😀

      • Khaing Khaing

        April 18, 2012 at 9:19 pm

        ကိုဇော်ရီရေ ……… Wowရေးတာလေးဖတ်ပြီး အရမ်းရီချင်သွားလို့ မန့်လိုက်တာ မလား ကိုလားမသိတဲ့ Wow ရေ ရီရတယ် ဘာတဲ့ `ပြီးရင်ဘာမှ မသိသလို မျက်လုံးပေကလပ် ပေကလပ်နဲ့… :D´

        • ဇော်ရီ

          April 19, 2012 at 10:34 am

          ကျတော်လဲ ပေကလပ် လုပ်နည်းလေး ကျင့်ကြည့်လိုက်ပါမယ်… 🙂

      • ဇော်ရီ

        April 19, 2012 at 10:34 am

        အဲလိုလေး ရမလား ကြိုးစားကြည့်မယ်… မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်တတ်အောင် အိမ်မှာ မှန်ကြည့်ပြီးတော ကျင့်ရအုံမယ်… ကျေးဇူးပါ ကိုWowရေ…

      • etone

        April 19, 2012 at 7:43 pm

        ဂမ်ဘီယဓါတ်ပေါက် ဖန်လုံး ချာမဂျီး ဒေါ်ဝိုးတစ်ယောက် … ဘယ်အချိန်ကတည်းက အစာမကြေလည်း မသိဘူး … တွေ့ကရာပို့စ်ခြေထိုးခံဖို့စောင့်နေပါလား .. အားလားလား … ကြောက်လိုက်ဒါ … ရင်တွေပန်းတွေတောင် တုန်ဒယ် အဟီးဟီး 😆 ရူးကြောင်မူးကြောင်တွေလာမပြောနဲ့ …. အကျိုးကြောင်းဆီလျော်လျှင် တည့်တည့်ဗျင်းစမ်းပါ … ဒါမျိုးမှကြိုက်တာ ။

        ကိုယ်ရေးချင်တာရေးတယ်ဆိုတာ လွယ်တယ်မှတ်သလား ဟေ …. ဟား ဟား 😉
        လွယ်တင်ထင်လျှင် ငါရွာထဲလည်ပတ်တဲ့အချိန်လောက်မှီအောင် ဖင်မြဲအောင်နေကြည့် …. မတူတဲ့အတွေးနဲ့ လွတ်လပ်စွာရေးသားခွင့်ရထားတဲ့ ရွာထဲ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ရေးမှာပဲ … ။ နင်ကဘာမို့လို့ လာခွပ်ချင်နေရတာလဲ …

        မျက်လုံးပေကလပ်တင်မဟုတ်ဘူး.. နှုတ်ခမ်းပေကလပ်ပါလုပ်တာ နင်ဟဲ့… ငါမဟုတ်ဘူး … ။ အညှီလေးများပြလိုက်လျှင် အမြီးပါ နန့်တတ်တယ်မို့လား ။

        သတိ္တသိပ်ရှိပုံများချောင်းရိုက်ဖို့တောင်ကြိုးစားဦးမယ်ဆိုပဲ .. စောင့်နေလိုက် .. ဆယ်နှစ်ဆယ်နှစ် …. ဟား ဟား 😆

        ကိုဇော်ရီရော… သဂျီးရောကို အားနာပါရဲ့ …. ဒါပေမယ့် …
        – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ…. ဆိုတာကို သူကအရင်ချိုးဖောက်ရုံမက ၊ ရည်ရွယ်ချက်ရှိရှိ ထိုးနှပ်ဖို့စောင့်နေတာကြောင့် … ပြန်ရေးမိပါတယ် မှားတာရှိလျှင် ဝန္ဒာမိပါ…. 😛

    • ဇော်ရီ

      April 19, 2012 at 10:32 am

      မအိတုန် အခုလို ကျတော့ အပေါ် မိတ်ဆွေရင်း တစ်ယောက် ပမာ အားမနာတန်း ပြောပေးတာ အတွက် ကျေးဇူးပါ… သူများ ရေးထားတာလေး တစ်ခုလောက် ထပ်တင်ကြည့်လိုက်ပါမယ်… ပြီးတောမှ အခြေအနေ ထပ်ကြည့်တာပေါ့… ဟီး… ကျတော့ကို လူမုန်းများမှာတော မကြောက်ပါဘူး သို့သော်လဲ တခြားသူတွေ ကြားထဲမှာပါ အမြင် လွဲမှားသွားမှာ စိုးတာကြောင့်ပါ..

  • manawphyulay

    April 18, 2012 at 4:43 pm

    ဟောတော့ ဘာတွေဘယ်လိုဖြစ်ကုန်ပါလိမ့်… မဝင်တာ သိပ်မကြာလိုက်ဘူး။ လူမျိုးရေးလေးတွေနဲ့ အတိုက်အခံတွေဖြစ်ပြီး ထွက်တယ်ဆိုတာတော့ မကောင်းပါဘူး။ မတူတာတွေ စုနေကြတဲ့နေရာမှာ တူတာကို လိုက်ညှိနေမယ့်အစား မတူတာတွေ ဖလှယ်ကြတာ အကောင်းဆုံးပါပဲ။ လူတိုင်းမှာ အမြင်လေးတွေ ကိုယ်စီရှိကြမှာပါ။ ဆက်လက်ဆွေးနွေးတိုင်ပင်သင့်ပါတယ်လို့ မြင်မိတယ်။

    • ဇော်ရီ

      April 19, 2012 at 10:36 am

      နောက် ပို့စ် တစ်ခုလောက် တင်ကြည့်ပါမယ်… မောင်းမထုတ်ခင် သိပ်ခါ ရှိရှိ ထွသ်သွားမလားလို့ စဉ်းစားကြည့်တာပါ… အခုတော နောက် တစ်ခုလောက် တင်ပြီး မောင်းထုတ်တောမှပဲ ထွက်ပါတောမယ်… 😀

      • kai

        April 19, 2012 at 10:45 am

        ဒီရွာသက်တမ်းတလျှောက် မောင်းထုတ်ခံရတဲ့သူဆိုလို့.. တယောက်မှမရှိပါဘူး..
        လွတ်လပ်စွာကွဲလွဲရင်း.. ဟာမိုနီကျကျနေထိုင်နေကြသူတွေဖြစ်ပါကြောင်း..။ 😆

        ပေကလတ်ပေကလတ်မျက်လုံးဆိုတာ.. ရှရစ်ကားထဲက.. ကြောင်လေးကိုပြောတာထင်တယ်နော…

        • Wow

          April 21, 2012 at 6:42 pm

          အော်…ခက်တော့နေဘီ…
          ငါတော့လူကြီးတွေကို မခန့်လေးစားလုပ်မိတာတွေစုပြီး ဝတ်လည်ပြီထင်တယ်။
          အီတုံးရယ်… တော်ကြာ သူ့စောင်းတယ်ဖြစ်မှာစိုးလို့ သူ့ကောမက်အောက်တောင် မမန့်ရဲတော့ဘူး။
          ကိုယ့်ကိုကိုယ်ပြောတာပါကွယ် အဲဒီ ပေကလပ်၊ ပေကလပ်ကော၊ ဒဂျီး မောင်းထုတ်ရင် ချောင်းရိုက်မယ်ဆိုတာရော။ မန့်တာကိုပဲသေသေချာချာဖတ်ပါဦးကွယ်….
          ——————–
          😀 ထွက်ဖို့နေနေသာသာ… သဂျီးက ထွက်ခိုင်းရင်တောင် ဗီဇာရအောင်ယူပြီး ချောင်းရိုက်ဦးမှာ။ 😀
          ——————-
          အဲဒါကို အီတုံးကိုပြောဒါလို့ ဘယ်ဟာကိုကြည့်ပြီးထင်ရတာလဲ…. အီတုံးက ဗီဇာယူပြီး မှ လာလို့ရမဲ့နေရာမှာနေရင်တော့ Sorry!
          OK..whatever!
          Take it easy! You look too aggressive! tooooo serious!

          ကိုယ့် ဆော်လို့ ဆော်ထားမှန်းတောင် မသိဘူး။ ဒီနေ့မှ မျက်စိလည် လမ်းမှားပြီး လာကြည့်မိတာ… ငါ့ဘွ…

          တော်ပါဘီ နောက်ချို လူဂျီးဒွေကို မစော်ကားတော့ပါဘူး သဂျီးရဲ့ 😛

        • etone

          April 21, 2012 at 7:43 pm

          ိha ha….. don’t make me crazy, it’s so funny 😆
          All of the people from mandalay gazette can easily understand about your meaning at the very beginning to the very end . 😉

  • twotwo70

    April 18, 2012 at 7:14 pm

    ကိုဇော်ရီကိုလေးစားတယ်….ကိုယ်ကမှန်တယ်ဆိုရင်ထွက်စရာမလိုပါ
    မမှန်ဘူးလို့ထင်ရင်တော့တစ်မျိုးပေပါ့…

    • ဇော်ရီ

      April 19, 2012 at 10:37 am

      ကျေးဇူးပါ ကို၂၂၇၀..

  • သဲနှင်း အိမ်

    April 18, 2012 at 7:38 pm

    ကျမနာမည်ကို ထည့်ပြီး နှုတ်ဆက်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုဇော်ရီက ရွာကနေ ထွက်သွားပြီဆိုတော့ ခုဒီပြန်စာကို ဖတ်မိချင်မှ ဖတ်မိပါမယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကိုဇော်ရီ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

    • ဇော်ရီ

      April 19, 2012 at 10:40 am

      အီးမေးလ်တွေက ဝင်ဝင်လာတောလဲ မသဲနှင်း ပြန်စာကို ဖတ်ရပါတယ်… အဆင်ပြေစေကြောင်း ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်… ကျတော်က အသည်းကွဲလုနီးနီးဖြစ်နေတဲ့သူ တစ်ယောက်ပါ… ဖြစ်နိုင်မယ်ဆိုရင် အချစ်အကြောင်းလဲ မသဲနှင်းနဲ့ ဆွေးနွေး ငြင်းခုန်လိုပါတယ်… ယောက်ျားနဲ့ မိန်းကလေး အမြင်မတူတဲ့ အရာလေးတွေ ရှိမယ် ထင်ပါတယ်… အဲဒါလေးတွေ post တစ်ခုရေးပြီး ငြင်းကြပါစို…

  • Foreign Resident

    April 19, 2012 at 6:33 am

    ကိုဇော်ရီရေ

    ဒီဆိုဒ်ထဲက ထွက်သွားတော့မယ် ဆိုတဲ့အတွက် ဝမ်းနည်းမိပါတယ် ။
    မှန်တာပြောရရင် အခုရက်ပိုင်းအတွင်း ဒီဆိုဒ်ထဲကို ဝင်လာပြီး
    ရေးကြ မန့်ကြတဲ့ သူတွေထဲမှာ ( အသစ် ကိုပြောတာနော် )
    ကိုဇော်ရီ နှင့် ကို Citizen Kane ( Winter Koe ) တို့ရဲ့ အမြင်တွေဟာ
    ဆန်းသစ်တာ ၊ ဝမ်းစာပြည့်တာ ကိုတွေ့ရပါတယ် ။
    ( လုံးဝ မှန်တယ်လို့တော့ မပြောရဲပါ ။
    လူဆိုတာကတော့ အမှန် အမှား နဲနဲစီတော့ ရှိကြတာပဲလေ )

    တခုလေးပဲ မှာပါရစေ ။
    အရင်ကပြောခဲ့သလိုပဲ အဘက မွန်သွေး ပါးပါးလေးပဲ စပ်တာပါ ။
    အဘ Generally ကိုယ့်ဖာသာကိုယ် ဗမာ လို့ပဲ ယူဆလေ့ ရှိပါတယ် ။

    အဲဒီတော့ကာ
    နောက်ပိုင်း ကိုဇော်ရီရဲ့ တိုင်းရင်းသား ( ဆွေမျိုး ၊ အပေါင်းအသင်းတွေ ) နှင့်
    တွေ့တဲ့ ကြုံတဲ့ အခါ ( စကားစပ်မိတဲ့ အခါ မှပါ )
    အားနည်းတဲ့ တိုင်းရင်းသားတွေဖက်က ရပ်တည်ပြီး
    အားနည်းတဲ့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို လက်ခံတောင်းဆိုပေးခဲ့တဲ့
    ဗမာလူမျိုးတွေလည်း ( အဘ ကိုယ့်ဖာသာကိုယ် ရည်ညွှန်းတာပါ )
    ရှိခဲ့ပါတယ် ဆိုတာ ပြောပေးပါကွယ် ။

    ဒီလောက်ဆို ၊ အဘက အမြဲတမ်း ကျေးဇူးတင်နေမှာပါကွယ် ။

    By the way
    ” အမှန်တရားအတွက် ပြောပေးခဲ့တာအတွက်တော့ ကျေးဇူးတင်ပါတယ်…
    သို့သော် အချိန်မတန်သေးပါဘူး ”

    အချိန်က တန်ယုံတင်မကဘူး ။ နောက်တောင်ကျနေပါပြီ ။
    တိုင်းရင်းသားတွေနှင့် ဗမာတွေ စစ်ပွဲအတွင်းမှာ
    သောင်းသိန်း ချီပြီး သေဆုံးခဲ့ပြီးသွားပါပြီ ။
    ဒါတောင်မှ ၊ အချိန်က မတန်သေးဘူးလားကွယ် ။

    ကိုယ့်ဖာသာကိုယ် ပညာတတ် ၊ အမြင်ကျယ် ၊ တာဝန်သိတယ် လို့
    ခံယူထားရင်တော့ ။

    အိပ်နေရင်လည်း ( မတတ်သာဘူး ) လှုပ်နှိုး ၊ ရေပက်နှိုး ရမှာပဲ ။
    ဒါမှ တာဝန်ကျေတော့မပေါ့ ။

    အဘကတော့ လူကြိုက်များအောင် ဆိုပြီး ၊
    သိသိကြီးနှင့် တော့ ရှောင်မသွားနိုင်ပါဘူး ။

    • Foreign Resident

      April 19, 2012 at 6:34 am

      Sorry ” Daniel Kane ” ပါ ။

    • ဇော်ရီ

      April 19, 2012 at 11:01 am

      မင်္ဂလာပါ အဘဖောရေ… (FR ကနေ အဘဖော ဆိုတဲ့နာမည် ဘယ်လိုပြောင်းသွားလဲ မသိဘူး)

      ဟုတ်ပါတယ်… လူတိုင်းဟာ အမှားမကင်းနိုင်ကြပါဘူး… လောကမှာ သူ့အမှားကို ထောက်ပြသူကို ဒေါမာန် မထွက်ပဲ ဒေါ်လာပေးပြီး ကိုယ့်အမှားပြင်ခဲဖူးတဲ့သူလဲ ရှိဖူးသေးတာပါပဲ…

      အဘဖောရဲ့ တိုင်းရင်းသားတွေဘက်က အမြင်အတွက် ဗမာ တမျိုးသားလုံး ကိုယ်စား ဂုဏ်ယူပါသလို ကျတော့ ဖြတ်လျှောက်ခဲတဲ့ ဘဝ တစ်လျှောက်မှာ အများစုသော ဗမာ တွေက ကိုယ်ချင်းစာ တရားနှင့်အတူ ဝင်ရောက် ခံစား နာလည်ပေးတဲ့သူတွေ အများစု တွေ့ကြုံခဲဖူးပါတယ်… နားလည်မထောင် ဖြစ်လဲ မဖြစ်နိုင်ပါဘူးဆိုတာတွေလဲ ကြုံခဲဖူးပါတယ်… ဒါဟာ လူမျိုးနဲ့ မဆိုင် လူတိုင်း လူတိုင်း ကိုယ်တိုင် ခံယူချက်တွေနဲ့သာ ဆိုင်တယ်လို့ ခံယူထားပါတယ်…

      အဘဖောက နောက်တောင်ကျနေပြီဆိုလို့ ကျတော် သူများရေးထားတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို တင်ပေးပါမယ်… ငြင်းချက်လဲ ထုတ်နိုင်သလို ဝေဖန် အကြံလဲ ပြုနိုင်ပါတယ်… အပြုသဘောဆောင်တဲ့ ပြန်ကြားချက်တွေဆိုရင် စာရေးသူဆီရောက်အောင်လဲ ဆောင်ရွက်ပေးပါမယ်…

  • ရဲစည်

    April 21, 2012 at 2:08 pm

    Gtalk မှ ကူးယူတင်ပြသည်။

    ZY : I gotta go bye….
    Others: yes , take care bye….
    ZY : Ok , thz bye bye….
    Others: me too bye…
    Zy : Yes , bye
    Others: Bye 😛

    မပြီးတော့ဘူး….
    Chat ဆိုရင်တော့ ဟုတ်သေး။ ချက်ချင်းအကြောင်းပြန်လို့ရသေး ခုဟာက နှတ်ဆက်တာ အချိန်၁ပါတ်လောက်ကုန်တယ်
    မှတ်ချက် အနီများလိုနေပါသဖြင့်

  • စိတ်ပြေတဲ့ နေ့ပြန်ဝင်ခဲ့ပါဗျာ။တခါတလေ ဖြစ်တတ်ပါတယ်။
    ——————

    လက်ရှိ အခြေအနေမှာတော ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တနေ့မှာ ဖြေရှင်းကောင်း ဖြေရှင်းပါလိမ့်မယ်… ရိုးသားဖြောင့်မတ်ခဲသူ နိုင်ငံဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သလို သူကိုယ်တိုင်ကလဲ ရိုးသားမူ့ကို မြတ်နိုးပြီး တောင်းပန်ရန် ဝန်လေးတတ်သူ မဟုတ်ဘူးလို့ ယူဆမိလို့ပါ… သို့သော်လဲ ကျတော် ဒေါ်စု အတွက် စိုးရိမ်မိပါတယ်… အခု သူ့အား မိခင်ရင်းပမာ ချစ်ခင်လေးစားနေကြသော်လဲ ဟိုတုန်းက ဗိုလ်ချုပ်ရဲ့ ရိုးသား ဖြောင့်မတ်မူ့ကို ခုတုန်းလုပ်ပြီး နိုင်ငံကို အပိုင်စီးခဲကြသလို… တနေ့မှာ ဒေါ်စုအားလဲ လုပ်ကြံကြမှာကို စိုးရိမ်မိပါတယ်… မြန်မာ့ သမိုင်းကိုုနည်းနည်း မျှော်ကြည့်မယ်ဆိုရင် မြန်မာဘုရင် ခေတ်အဆက်ဆက်ကတည်းက ဘုရင်ကို သားက သတ်၊ သမက်က သတ်၊ ဘုရင်ကို မိန့်ဘုရားက သတ်နဲ့၊ ရှိနေခဲတာပါပဲ ဒီတော ကျတော် ဒေါ်စု အတွက် စိုးရိမ်မိတာဟာလဲ မဆန်းပြားလောက်ဘူးတော ထင်ပါတယ်…
    ———–
    ကိုဇော်ရီ စိုးရိမ်မှုကို လေးစားပါတယ်။

Leave a Reply