ယခုနှစ်အတွက် အာမခံလျော်ကြေး အများဆုံးပေးရတဲ့ မုံရွာဈေးမီး

guestktyJune 12, 20101min390

စစ်ကို်င်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ချင်းတွင်း ရတနာဈေး (ဈေးသစ်) မီးလောင်မှုအတွက် အာမခံ လျော်ကြေး ကျပ် ၄၈.၉၅ သန်းခန့် ပေးဖို့ရှိတယ်လို့ မြန်မာ့ အာမခံလုပ်ငန်းက သိရပါတယ်။ “ဒီနှစ်အတွက် အများဆုံးနဲ့ ပထမဆုံး ပေးလျော်ရတဲ့ ဈေးမီးလောင်မှုပါ၊ မုံရွာဈေးသစ်ထဲက ဆိုင်ခန်း ၁၀ရ ခန်း မီးအာမခံ ထားတယ်၊ အာမခံမထားတဲ့ တန်ဖိုးက ကျပ် ၁၁၂ သန်းရှိတယ် ” လို့ မြန်မာ့ အာမခံလုပ်ငန်း၊ အထွေထွေ မန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက ပြောပါတယ်။ အာမခံထားတဲ့ ငွေပမာဏက ဆိုင်ခန်း တစ်ခန်းချင်း အတွက် အနည်းဆုံး ကျပ်သုံးသိန်းကနေ အများဆုံး ကျပ်သုံးသန်း အထိရှိပါတယ်။ အာမခံထားတဲ့ ဆိုင်ခန်း ၄၉ ခန်း မီးလောင်လို့ လုံးဝပျက်စီး ဆုံးရှုံးတယ်ဆိုရင် အာမခံလျော်ကြေး အပြည့်အဝရမှာ ဖြစ်ပါတယ်လို့ ဆိုကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။