ရှင်ဘုရင့်ပုဆိုး တိမ်မီးခိုး

DEPARKO DEPARKOApril 17, 20121min1247

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငါသာလျှင်အတတ်ဆုံး ငါသာလျှင်အတော်ဆုံး ဆိုတဲ့သူတွေကြောင့်
ငါလုပ်သမျှမှန်တယ် ဆိုပြီး ထင်ရာမြင်ရာဆိုင်းတတ်တဲ့သူတွေကြောင့် အမြင်မတော်တာတွေကြားရ သိရ တွေ့ရတာ နှစ်ပေါင်းရာချီခဲ့ပါပြီ ။ ရှင်ဘုရင်ခေတ်ကထဲက ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ညစ်တီး ကပ်ဖဲ့မှုတွေဟာ သမိုင်းမှာလည်း အရုပ်ဆိုးအကျည်းတန်ခဲ့ရဘူးပါတယ်။
ကျွန်တော်ရေးပြခဲ့ဘူးတဲ့ ကားအဟောင်းအပ် အသစ်တစ်စီးတင်သွင်းခွင့်ပေးတဲ့ ရွှေဉာဏ်တော်စူးရောက်ပုံလို အခုလာပြန်ပြီ အမျိုးသမီးသီးသန့်ယာဉ်တဲ့၊ ၁၉၈ဝပြည့်လွန်ခေတ်တုံးက နံပါတ် ၉ ဘတ်စ်ကာတွေကို သံဇကာခြားပြီး အမျိုးသား အမျိုးသမီးခွဲခြားခဲ့ဘူးပါတယ်။ ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူး။ သီချင်းထဲမှာစပ်ဆိုခဲ့ရတဲ့အထိ လူအမြင်မသင့်တော် မြန်မာလူမျိုးတွေရဲ့သိက္ခာ ရစရာမရှိအောင် ဆိုးဝါးလှတဲ့ သရုပ်ဖေါ်ချက်ဖြစ်တဲ့ သံဇကာခြားကားတွေပျောက်သွားခဲ့ရလို့ ကျေးဇူးတင်ခဲ့ရပါတယ်။ အခု သမိုင်းတကျော့ပြန်လာ ပါပြီ ။ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ ဖခင်အိုကြီးကို အဖေါ်ပြုပြီး ဘုရား ကျောင်းကန် ပင်စင်ထုတ် အစရှိတဲ့မသွားမဖြစ်သွားရမည့်ဆန့်ကျင်ဘက်လိင် မောင်နဲ့နှမ သားနဲ့အမိ တူမနဲ့ဦးလေး တူနဲ့ကြီးတော် အမျိုးသမီးသီးသန့်ယာဉ်တွေကိုကြည့်ရင်း တမျိုးခံစားရမှာအမှန်ပါဘဲ၊ မြန်မာပြည်ကို အလည်အပါတ်လာကြတဲ့ နိုင်ငံခြားသားစုံတွဲတွေ ဇနီးမောင်နှံတွေ မြန်မာလူမျိုးယောက်ကျားတွေဟာ တဏှာရူးတွေ လောလောလတ်လတ်ဂျပန်မလေးကို အဓမ္မကျင့်လူသတ်ထားလဲရှိတော့၊ မြန်မာတွေဟာ လိင်ကိစ္စမှာ ထိန်းမနိုင်သိမ်းမရမို့လို့ အခုလို အမျိုးသမီးသီးသန့်ယာဉ်တောင်ထားရတယ်လို့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ ထင်သွားရင်နိုင်ငံနဲ့ လူမျိုးမရှက်ရပါလား။ ဝီစီသံတစ်ညံညံနဲ့ဆိုတော်သေး ကားပေါ်မှာ ကားကြပ်တာကိုအခွင့်ကောင်းယူ အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်တဲ့အမျိုးသားတွေကြောင့်ဆိုရင် အဓိက ကားမကြပ်အောင် ၅မိနစ်ခြားတစ်စီးဂိတ်ကနေ လူမစောင့် မှတ်တိုင်မှာ နောက်ကားမထောက်အောင် ကားသမားတွေကိုပညာပေး ကားတွေကို အချိန်မှန်ထွက်အောင် စည်းကမ်းစနစ်တကျနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာလို ခရီးသည် စံပြုစနစ်နဲ့ ပြေးဆွဲလိုက်ရင် ချောင်နေတဲ့ကားပေါ်မှာတော့ ဘယ်ကောင်မှ နောက်ကနေလိုက်မထောက်နိုင်ပါဘူး။
အဓိက ကားကြပ်တော့ ထိမိ ပွတ်မိ ကားသမားတွေကလူကိုပိုရအောင် ကားကိုတမင်နှဲ့ သွင်း အတင်းတွန်းထည့် မလှုပ်သာ မရှပ်သာနဲ့ ထိမိပွတ်မိတော့ ဘယ်ယောက်ကျားမဆို လိင်သာယာမှုဖြစ်မှာဘဲ တမင်လုပ်တာမဟုတ်ပင်မဲ့ ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ဘူးပါတယ် လှည့်မရ ပြုမရနဲ့ မျက်စောင်းထိုး ကျိန်ဆဲခံရသေး ဘယ်ယောံကျားလေးမှ ဒီလိုအဖြစ်မျိုးကြုံတွေ့ချင်ဘူးမှာမဟုတ်ပါဘူး ဒါကို ရွှေဉာဏ်တော် စူးရောက် အမျိုးသမီးသီးသန့်ယာဉ်ထွင်သူတွေကိုပြောလိုက်ချင်ရဲ့
ကားတွေကိုမကြပ်အောင် ချောင်ချိချိစီးနိုင်အောင်သာစီမံပါ ထောက်လှမ်းရေးဆိုတဲ့သူတွေ ပပျောက်သွားပါလိမ့်မယ် လူကြားလို့မှမကောင်း လူမြင်လို့မှမသင့်တော် ရှင်ဘုရင်ပုဆိုး တိမ်မီးခိုးလို ကိုယ့်ကိုကိုယ်ဖေါ်မသူတော်လို မြန်မာလူမျိုးတွေသိက္ခာကျစေမဲ့ အမျိုးသမီးသီးသန့်ယာဉ်ကြီးကိုတော့ စဉ်းစားပေးကြပါဦးလို့
ဒီပါကို

7 comments

  • အရှုံးတွေနဲ့ ကျွန်တော်

    April 17, 2012 at 10:58 pm

    ဟုတ်ပါတယ် အဲဒီပြဿနာရဲ့ အဓိက ဇစ်မြစ်က ကားတွေမှာ လူကျပ်ခြင်းကြောင့်ပါပဲ
    အဲဒီအချက်ကို ဖြေရှင်းနိုင်ရင် အားလုံးအဆင်ပြေသွားမှာပါ

  • the best

    April 18, 2012 at 8:12 am

    ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငါသာလျှင်အတတ်ဆုံး ငါသာလျှင်အတော်ဆုံး
    ဆိုတဲ့သူတွေဟာ
    No Intel Inside
    ဆိုတဲ့သူတွေပါဘဲ၊

  • phone_kyaw

    April 18, 2012 at 11:15 am

    Sexaul Harrsessment လို ့ခေါ်တယ်။ ဒီအထဲမှာ ပါးစပ်းနဲ ့ရိတာအပြင် ဟိုအချောင်းနဲ့ထောက်တာလည်း ပါတယ်။ ဒါက တရားဥပဒေနဲ ့မညီဘူး။ ဖမ်းလို ့ရတယ်။ ဒီလိုဥပဒေမြန်မာပြည်မှာ မရှိဘူးလား။ ရှိရင်အမျိူးသမီးတွေအတွက် ပညာပေးရေးလုပ်ငန်းတွေလုပ်သင့်ပါကြောင်း။

  • ဗိုက်ကလေး

    April 18, 2012 at 11:23 am

    အမသီးသန် ့ယာဉ်က..
    သဂျီးပြောတာတော့ ကောက်ရိုးမီးပဲတဲ့
    မကြာခင် ပျောက်သွားလိမ့်မယ်တဲ့
    ခုတောင် ပျောက်နေပြီထင်တာပဲ..လဂါးပါ..ဂျာ..မယောင်ရာ ဆီလူးနေကြတာ..
    အဆင့်မြင့်မြင့် လိုင်းကားလန်းလန်းလေးတွေ များများပြေးဆွဲပေးမယ်ဆို အဆင်ပြေပါတယ်
    မြန်မာနိုင်ငံ ခရီးသွားလူဦးရေကလဲ ရုံးတက်၊ရုံးဆင်းချိန်လောက်ပဲ နဲနဲများတာပါ..
    နေ ့ခင်းဘက် ပလိန်းကြီးတွေ မောင်းနေကြတာပါ..
    အေဘေးတွေ..
    ငါသမဒ ဖြစ်မှ လိုင်းကားကို ရထားတွဲလို တန်းစီပြီး လွှတ်ပေးပြဦးမယ် 😆

    • နေဝန်းနီ

      April 18, 2012 at 1:33 pm

      အေး ကပေါက်ဖော် 2015 ကျရင်နင့်ကိုမဲပေးမယ် စောင့်နေ လိုင်းကားကို ရထားတွဲလိုမလွှတ်ရင်တော့ အသိပဲ….။ 😛

  • မွန်မွန်

    April 18, 2012 at 2:37 pm

    ဘတ်စ်ကားအကြောင်းပြောရင်တော့ တစ်ထောင့်တစ်ည ပုံပြင်လိုပဲ…
    တစ်ခြားတွေမပြောသေးပါဘူး…
    တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ရန်ကင်းကိုဆွဲနေတဲ့ ၁၀ရ ကားတွေကို မနက် ၈ နာရီခွဲလောက် ကျောင်းရှေ့မှတ်တိုင်ကနေ တစ်ရက်လောက် လာစောင့်ကြည့်ပါလို့…
    ကားတွေက ရှေ့တစ်ဘီးလောက်ကို လွတ်မောင်းနေတာ.. တစ်ခါသားဆို ဖင်တောင်ထောင်သွားတယ်…

    အင်းယားမြိုင်တို့ သံလွင်လမ်းတို့ဘက်ကို သွားမယ့် နေ့စားအလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေဆို ဒီကားတွေကို အသက်နဲ့ရင်းပြီးတော့ကို စီးနေရတာ..

    ပြီးတော့ လှည်းတန်းနဲ့မြေနီကုန်းကို သွားရင် ၅ဝ ပဲပေးရတဲ့ကားဆိုတာ မွန်မွန်သိသလောက်ဆို ၄၈ မီနီဘတ်စ်ပဲရှိတယ်ထင်တယ်။ ၅ဝ တန်ပေးရင်တောင် ၁၀ဝ ဆိုပြီး ထပ်တောင်းသေးတာ။

    တစ်ချို့ကားတွေဆိုရင် လှည်းတန်းပွိုင့်ကို မမိ မိအောင်တောင် စောင့်ပြီး မောင်းကြသေးတယ်။ ဒီမှာက အချိန်နောက်ကျတော့မယ်။ ကားက မောင်းရင်လွတ်တယ်။ အဲဒါကိုမမောင်းဘူး။

    ကားတွေအကြောင်းပြောရင် အကုသိုလ်ကို များပါတယ်။

  • DEPARKO DEPARKO

    April 20, 2012 at 7:10 pm

    မကြာခင် အဲဒီအခြေအနေဆိုးတွေကလွတ်တော့မယ်ထင်ပါတယ်

Leave a Reply