မဟာ မြကျွန်းသာ private school အကြောင်း

guestktyJune 12, 20101min813

Private School တွေဖွင့်တော့ M.sc.MA ရထားတဲ့ မိန်းကလေး တော်တော်များများ ဝမ်းသာကြပါတယ်။

Private School တွေက M.Sc M.A ရထားတဲ့သူတွေကို ဆရာမအဖြစ် Study Guide အဖြစ် ခန့်မယ်လို့ seven days news ဂျာနယ်မှာ အတိအလင်း ပြောထားတာကို ဖတ်ခဲ့ရလို့ပါ။ အဲဒီထဲမှာ ကျွန်မလည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။ ကျွန်မက M.Sc ရထားတဲ့ သူကိုး။ မဟာ မြကျွန်းသာ (MMAC) ဆိုတဲ့ ကျောင်းက M.Sc M.Aတွေကို ဆရာမ အဖြစ် study guide အဖြစ် ခေါ်ပါတယ်။ ကျွန်မလည်း ဝင်လျှောက် ဖြစ်ပါတယ်။ ဆရာမ အဖြစ် အရွေး ခံရပါတယ်။ အရမ်း နာမည်ကြီး နေတဲ့ ကျောင်းမို့ အရမ်း အထင်ကြီးပြီး လျှောက်ခဲ့ တာပါ။ နေစရာ စားစရာ ပေးပြီး လစာကို ၄၅၀၀ဝ မှ ၈၀၀၀ဝ ထိ ပေးမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်မ တို့လို ပညာသာ တတ်ပြီး ကိုယ့်ဝမ်းစာကို ကိုယ့်ဘာသာ ရှာစား နေရတဲ့ မိန်းကလေးတွေ အတွက်တော့ မဟာ့ မဟာ အခွင့်အရေး ပါပဲ။ ဒါပေမယ့် ဒါတွေက အိမ်မက်ပဲ ဖြစ်ခဲ့တာ။ အလုပ် လျှောက်လွှာကို လက်ခံတဲ့ နေရာက ၆မိုင်ခွဲမှာ ရှိတဲ့ မူကြို တစ်ခု မှာပါ။ မူကြို ကလည်း စင်ကာပူ သင်ရိုးအတိုင်း သင်တဲ့ မူကြိုမို့ အထင်ကြီးစရာ အင်မတန် ကောင်းပါတယ်။ မူကြိုတောင် ဒီလောက် အဆင့်မြင့်ရင် private school က ပိုတောင် သားနား မယ်လို့ ထင်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မ အရွေးခံ ရပါတယ်။

အလုပ် အတွက် စာချုပ် ချုပ်ရမယ်လို့ ပြောပါတယ်။ တလကို ၄၅၀၀ဝ နဲ့ ၃ နှစ် စာချူပ် ရပါတယ်။ စာချူပ်ထဲမှာလဲကျောင်းသားတွေနဲ့ ပတ်သက်တဲ့ အချက်တွေသာပါပြီး သင်ကြားရေး တာဝန်ခံ ဆရာမ ဆိုတဲ့ ရာထူးနဲ့ ချူပ်တာပါ။ စာချူပ် ချူပ်ပြီးတာနဲ့ မြရိပ် မာလာဆိုတဲ့ အဆောင်ကို ခေါ်သွားပါတယ်။

အဲဒီမှာ စပြီးတွေ့တာ ပါပဲ။ ပေ ၁၀ဝ ပတ်လည်တောင် မရှိတဲ့ ခြံဝင်းထဲမှာ နှစ်ထပ်တိုက် ၂ လုံး ၊ ဂိုထောင် လိုလို အခန်း ၂ ခန်း၊ စာသင်ဆောင်၂ ခုနဲ့ ရေကန် ၁ ကန် တွေ့ရပါတယ်။ နှစ်ထပ်တိုက် ၂ လုံး ကတော့ ကျောင်းသူတွေ နေတဲ့ အဆောင်ပါ။ ဂိုထောင် လိုလို အခန်းကတော့ ဆရာမများ အတွက် ဖြစ်ပါတယ်။ ဂိုထောင် တခုမှာ ဆရာမ ၄ ယောက် နေရပါတယ်။ မိုးတွင်း ရောက်ရင် ခုတင် ခြေထောက်ထိ ရေမြုပ်တဲ့ အခန်းတွေပါ။ ကျွန်မ တွေ့ခဲ့ရတဲ့ ဖိနှိပ်မှုနဲ့ ချူပ်ချယ် ခံရမှု များကို အောက်မှာ ဆက်ရေး ထားပါတယ်။

* (၁) တိုးတက်နေတဲ့ ခေတ်ထဲမှာ သတင်းစာ မဖတ်ရဘူးတဲ့။
* (၂) ရေဒီယို နားမထောင် ရဘူးတဲ့။
* (၃) MP3 MP4 လက်ကိုင်ဖုန်း သုံးခွင့် မပြုဘူးတဲ့။
* (၄) မိမိ မိသားစု အသိုင်းအဝိုင်းက မိမိထံသို့ ဖုန်းဆက်ခွင့် မရှိပါတဲ့။ လာရောက် တွေ့ခွင့် မရှိပါတဲ့။
* (၅) သန့်ရှင်းရေးနဲ့ ပန်းပင် ရေလောင်းတာကို အလှည့်ကျ လုပ်ရပါတယ်။
* (၆) ညဘက် ရေတင်တာကို အလှည့်ကျ စောင့်ရ ပါတယ်။( ကျောင်းသူများရဲ့ ရေချိုးခန်းထဲကို ထည့်တာပါ)
* (၇) ကျောင်းသူများရဲ့ အခန်းကို room service ဝင်ပေးရပါတယ်။
* (၈) ဂိတ်ပေါက် စောင့်ရပါတယ်။
* (၉) ဆရာမများ တနေ့ကို ရေတခါပဲ ချိုးရမယ်လို့ စည်းကမ်း ထုတ်ထား ပါတယ်။ ရေချိူးရတဲ့ နေရာကို ပြောပြပါမယ်။

လူနှစ်ရပ် လောက်ရှိတဲ့ ရေကန်နဲ့ ခြံစည်းရိုး အုတ်နံရံကြား လူတကိုယ် ဝင်စာရှိတဲ့ နေရာမှာ ချိုးရတာပါ။ လူနှစ်ရပ် လောက်ရှိတဲ့ ရေကန်မှာ ရေက တစ်တောင် လောက်ပဲ ရှိတာကို ပုံးမှာ ကြိုးတပ်ပြီး ငင်ချိုး ရတာပါ။ မျက်နှာ သစ်ဖို့ ရေက အမှိုက်တွေနဲ့ သံချေး ရေပါ။ တစ်နှစ်ပတ်လုံး မိုးတွင်းက လွဲလို့ ကျန်တဲ့ အချိန်တွေမှာ ဒီလိုပဲ သုံးရပါတယ်။ ဒါဟာ လိမ်ညာမှု ပါပဲ။

ဒါဟာ အိမ်ဖော်တွေ လုပ်ရတဲ့ အလုပ်မျိူးတွေပါ။ ဆရာမ ဆိုတဲ့ နာမည်တပ်ပြီး အိမ်ဖော် လုပ်ခိုင်းတာပါ။ စာချုပ်မှာ မပါတဲ့ အချက်တွေကို အခိုင်း ခံရပေမယ့် စာချုပ် ဆိုတာကြီးကို ကြောက်လို့ မထွက်ရဲတဲ့ သူတွေ အများကြီးပါ။ မဟာ မြကျွန်းသာ ဆိုတဲ့ ဒီ private school က ပညာတတ် အမျိုးသမီးတွေကို ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး အကျဉ်းချ ကျွန်ပြုထားတာ ပြည်တွင်း လူကုန်ကူးမှု လို့တောင် ပြောလို့ ရပါတယ်။ တိုးတက် နေတဲ့ နည်းပညာ ခေတ်ကြီးထဲမှာ သတင်းစာ မဖတ်ရ ဆိုတာ တော်တော် ဆိုးဝါးတဲ့ အချက်ပါ။

စီးပွားရေး အရ ကြည့်ရင်လည်း ပိုက်ဆံ ရစရာရှိတဲ့ ကျောင်းသူတွေ ကိုတော ့ကောင်းကောင်း ထားပြီး ပိုက်ဆံ ပေးရမယ့် ဆရာမ( တနည်း ဝန်ထမ်း၊ အလုပ်သမား) ကိုတော့ ဖိနှိပ်ထားတာ အရင်းရှင် စနစ်ကို ကျင့်သုံး တာပါပဲ။

အရမ်းကောင်းပြီး အဆင့်မြင့် ပါတယ်လို့ နာမည်ကြီး နေတဲ့ မဟာ မြကျွန်းသာ private school ကိုတော့ ပညာတတ် မိန်းကလေးများ မလျှောက်မိ ပါစေနဲ့။

အမှားကြီး မှားမှာ စိုးရိမ်လို့ပါ။ နီးစပ်ရာ သူငယ်ချင်းများကို ပြောပြပြီး forward လုပ်ပေးကြပါလို့ အကူအညီ တောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။

3 comments

  • faizal

    June 13, 2010 at 6:45 am

    တကယ်ကိုပဲ ကိုယ်ကြုုံရတဲ့ မတရားမှုကိုရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ရဲတာ… appriciate လုပ်ပါတယ်ဆရာမ။
    ဒီကိစသာတကယ်အမှန်ဆိုရင်တော့ သူတို့တွေအတွက်ရှေ့ဆက်သတင်းကောင်းဖို့မရှိပါဘူး။
    ကျနော့်မှာmedia ကသူငယ်ချင်းတစ်ချို့ရှိပါတယ်။ဒီ သတင်းကိုသူတိုဆီ share ပေးပါ့မယ်
    post တင်ထားတဲ့သူကမူရင်းရေးတဲ့သူမဟုတ်ဘူးထင်တယ်။ကူညီနိုင်မယ်ဆိုရင် အဲဒီ mail ရဲ့ forward လေးကို
    ကျနော့ account ကိုပို့ပေးပါ။ secure ဖြစ်ဖို့တာဝန်ယူပါတယ်။

  • faizal

    June 13, 2010 at 6:45 am

    တကယ်ကိုပဲ ကိုယ်ကြုုံရတဲ့ မတရားမှုကိုရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ရဲတာ… appriciate လုပ်ပါတယ်ဆရာမ။
    ဒီကိစသာတကယ်အမှန်ဆိုရင်တော့ သူတို့တွေအတွက်ရှေ့ဆက်သတင်းကောင်းဖို့မရှိပါဘူး။
    ကျနော့်မှာmedia ကသူငယ်ချင်းတစ်ချို့ရှိပါတယ်။ဒီ သတင်းကိုသူတိုဆီ share ပေးပါ့မယ်
    post တင်ထားတဲ့သူကမူရင်းရေးတဲ့သူမဟုတ်ဘူးထင်တယ်။ကူညီနိုင်မယ်ဆိုရင် အဲဒီ mail ရဲ့ forward လေးကို
    ကျနော့ account ကိုပို့ပေးပါ။ secure ဖြစ်ဖို့တာဝန်ယူပါတယ်။

    naylin2010@gmail.com

  • M&E engineer

    February 10, 2011 at 12:35 pm

    All friends
    Please let me know ASAP if u have this original source
    I will paste on my Face Book’s wall
    I have numerous freind n some of them have over 4000 friends on FB
    It mean about 40,000 people within 10 min.
    Mine is sithunyo @ FB

Leave a Reply