မျက်ကန်းများ (၂)

nigimi77April 18, 20121min62055

 

 

 

 

ကံကောင်း ထောက်မစွာ ကျွန်တော် မသေခဲ့သဖြင့် သည် စာ ကို ယခု ရေးနိုင်သည် ။

ရန်ကုန်မှ လာသည့် ကျွန်တော်၏ ဝန်ထမ်းများလည်း ထိုအချိန်က ဘာမှ မတတ်နိုင်ခဲ့ပါ ။

ကျွန်တော်အား ဝိုင်းဝန်းရိုက်နှက်နေသည်ကို အံကြိတ်ပြီး ရပ်ကြည့်နေခဲ့ရသည် ။

ဒီဒေသရဲ  ့ ဓလေ့ ဆိုတာကြီးကို သိရှိထားသော  အဖွဲ  ့ဝင် တစ်ယောက်က  မည်သူကိုမှ ဝင် မကူညီရန် တားခဲ့သည် ။

ထိုသူကို ကျွန်တော် ကျေးဇူးတင်သည် ။ ကျွန်တော့်ကို ဝိုင်းရိုက်လို ့ သေရင် ကျွန်တော် တယောက်ထဲ သေမည် ဖြစ်သည်။

ကျွန်တော့်ကို ဝင်ကူညီလျင်  ထိုသူအားလုံး သေမည် ဖြစ်သည် ။ ဗမာများအား ရခိုင်များ၏ မုန်းတီးမှု ခေါင်းစဉ်အား အသုံးချပြီး

ဘာသာရေးကို ခုတုံးလုပ်ပြီး လူမျိုးရေး အဓိကရုန်း ကို  သေချာပေါက် ဖန်တီးလာကြတော့မည် ။ နှစ်ဆန်း ၁ ရက် နေ ့၏ လူသတ်ပွဲမှ အစပြုပြီး

ဗမာ မုန်းတီးရေး ၊ တိုင်းရင်းသား ရပိုင်ခွင့်များကို အသံကျယ်ကျယ် အော်ဟစ်လာကြတော့မည် ။

ကျွန်တော်တို ့ အားလုံး ကံကောင်းခဲ့ပါသည် ။

အဆိုပါ ဖြစ်ပေါ်လာနိုင်သည့် ကိစ္စမှ လက်မတင် လွတ်မြောက်ခဲ့ပြီ ။

ထပ်ပြောပါမည် ။

ကျွန်တော့် အဖေသည် ရခိုင် လူမျိုးဖြစ်သည် ။ ကျွန်တော့် အမေသည် တရုပ် လူမျိုးဖြစ်သည် ။

ကျွန်တော် ငယ်စဉ်က မှတ်ပုံတင်တွင် ဗမာ ဟု ဖော်ပြခဲ့သည် ။ ကျွန်တော် ကိုရီးယား နိုင်ငံမှ  ပြန်ရောက်လာပြီး

မှတ်ပုံတင် လဲလှယ်သော အခါ  ရခိုင် ဟု မိမိ ဆန္ဒ အလျောက် ပြောင်းလဲ ခဲ့သည် ။

ကျွန်တော်၏ မိဘ ၂ ပါးသည်  ဘယ်သော အခါကမှ လူမျိုးရေး ခွဲခြားမှု အတွေးအခေါ်အား မသွပ်သွင်းခဲ့ပါ ။

ဘယ်သော အခါမှ ကျွန်တော့်မှာ  လူမျိုးရေးခွဲခြားမှု အတွေးအခေါ် မရှိခဲ့ပါ ။

ပြည်ထောင်စု စိတ်ဓါတ်နှင့် အတူ မြန်မာနိုင်ငံသား လူတစ်ယောက် ဖြစ်သည် ဟုသာ ယနေ ့အချိန်အထိ အသက်ရှင်ခဲ့သည်။

ရန်ကုန်တွင် နေစဉ် ဘယ်သော အခါမှ ဗမာ လူမျိုးတို ့သော်၎င်း ၊ အခြား လူမျိုးများမှသော် ၎င်း ၊ ကိုယ်ထိ လက်ရောက် စော်ကားခံရခြင်း

မရှိခဲ့ပါ ။  ရခိုင်ပြည်နယ်  ရောက်မှ ရခိုင်သွေးပါသည့် ကျွန်တော်သည် ရခိုင်လူမျိုးတို ့၏ ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားမှုကို ခံခဲ့ရပြီ ။

ကျွန်တော် စိတ်မကောင်းပါ ။  ဘာသာရေး ခုတုံးလုပ်ထားသည့် ရိုက်နှက်မှု၏ သားကောင် ဖြစ်ခဲ့ရပြီ ။

သူတို ့သည် ကုသိုလ်ယူရန် ဆိုသည့် ခေါင်းစဉ်ဖြင့် ဘုရားသို ့ လာရောက်ကြပြီး အကုသိုလ် အလုပ်ကို ဘုရားရှေ  ့မှာ  ပေါ်ပေါ်ထင်ထင် လုပ်ခဲ့ကြသည်။

ကျွန်တော် အရိုက်ခံချင်လို ့ ဖြတ်ခဲ့ခြင်း မဟုတ်ပါ ။ မသိခဲ့ပါ ။ မသိလို ့ လုပ်မိခြင်းဟာ အပြစ် မရှိပါ ။  ဒီဒေသမှာ ဒီလို ကိစ္စမျိုး ရှိတယ် ဆိုရင် ဒီလိုမျိုး မဖြစ်အောင်

တားဆီးရမည် ။ တရားဝင် ကြေညာရမည် ။  ဒီ ဒေသမှာ ဧည့်သည်တွေ များသည်ထက်များလာသည် ။ နိုင်ငံခြားသားတွေလည်း များလာပြီ ။

မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးမှ လာရောက်လုပ်ကိုင်ကြသော လူများလည်း ရှိသည် ။  ဧည့်သည် ဘုရားဖူးများလည်း လာကြသည် ။

ဒါဆိုလျင် မသိလို ့ ဖြတ်မိရင်  မိန်းမ ဆိုရင် ကော ရိုက်မှလား ဆိုတော့ သေချာပေါက်ကို  ရိုက်မည် ဟုဆိုသည် ။

ဒါဆိုလျင်  အခြားသော ဒေသမှ ရဟန်း တစ်ပါးမှ ဒီ အရပ်ဒေသသို ့ လာရောက် ဘုရားဖူးရင်း ကျွန်တော်ကဲ့သို ့ လူတန်းကို ဖြတ်မိလျင်သော်……

သေချာပေါက်ကို ရိုက်ပါမည်…..။  သင်းပိုင် နှင့်  လွတ်အောင်သာ ပြေးရပါတော့မည်…..။

အော်……

 

နှစ်ဆန်း တစ်ရက်နေ ့တဲ့……..

ဘုရား ရေသပါ္ပယ်ဖို ့ လာကြတယ်တဲ့…..

ကုသိုလ်ရေးတဲ့…….

ဘာသာရေးတဲ့…….

ရိုးရာ ဓလေ့တဲ့…..

 

ကျွန်တော် ဘာမှ မသိလိုတော့ပါ ….ဘာမှ မသိချင်တော့ပါ……။

အဆိုပါပြင်းထန်ဆိုးဝါးလွန်းသော ကိစ္စများသည်  လူကြီးများ၏ ဦးဆောင်မှုဖြင့် လူငယ်တွေက သွေးကြွစွာ ရိုက်နှက်ကြသည် ။

ကျွန်တော် နောက်ထပ်လည်း  ကိုသစ်မင်းတို ့  ပြောဆိုလာခဲ့သော အကြောင်းအရာများကို လည်း မဖတ်ချင်တော့ပါ ။

ဒီနိုင်ငံသည် ပြောလေကဲလေ…မန်းလေပြဲလေ…ဖြစ်လာနေသည် ။

ဦးဖော ရေးသည့်  တိုင်းရင်းသား အရေး ဆိုသည်များ ၊ နစ်နာမှု ဆိုသည်များအားလည်း  ဒီထက် ပိုပြီး မမြင်ချင်တော့ပါ ။

ရခိုင် နှင့် တရုပ်စပ်သည့် ကပြား ကျွန်တော် သည်  သူတို ့တတွေ  ဗမာပြည်ဟု သုံးနှုံးသည့်  နယ်မြေတွင် နွေးထွေး အန္တရာယ်

ကင်းစွာ နေထိုင်ခဲ့သည် ။

ရွာထဲတွင်  ရွာ အရက်ဆိုင်များရှိသည် ။  သဘာဝ ဓါတ်ငွေ  ့ ပရောဂျက်နှင့် လာရောက် လုပ်ကိုင်နေသည့် အနယ်နယ် အရပ်ရပ်မှ သူများ၏

ပင်ပန်းမှုအား အပန်းဖြေစရာ နေရာဖြစ်သည်။

ည ၉ နာရီလောက် ဆိုလျင်  ဒေသခံ များသည်  ဒုတ် ၊ ဒါး ၊ သံပိုက် အစရှိသည်တို ့အား ကိုင်ဆောင်ကာ ရွာအလယ် အရက်ဆိုင်များ ရှိရာသို ့

ချီတက်လာပြီး  …..” ဗမာကောင် ဆို အကုန်ရိုက်”….ဟု ဆိုကြသည် ။

ဒီဒေသတွင် လုပ်ကိုင်နေသော ပရောဂျက်ကြောင့် ဒီ ဒေသခံတွေ အတွက် ကောင်းတာတွေရှိနိုင်သလို ဆိုးတာတွေလည်း ရှိနိုင်သည် ။

ကျွန်တော် ပြောဆိုနိုင်သော အပိုင်းမဟုတ်တာကြောင့် ဒီနေရာမှာ မပြောလိုပါ ။  သေချာတာကတော့ ဒီလိုလာပြီး အလုပ်လုပ်နေကြတဲ့

လူတွေကြောင့် ဒေသခံတွေ အလွန် စီးပွားဖြစ်ကြသည် ။  ဒီဒေသမှာ  ဖာတန်း မရှိပါ ။ အားလုံးသော ဝန်ထမ်းများသည် ပင်ပင်ပန်းပန်း လုပ်ကိုင်ကြသည် ။

အလုပ်ပြီးချိန်တွင် ကျွန်တော်တို ့အားလုံး အတွက် အပန်းဖြေစရာသည် အလွန် သစ္စာရှိသော အရက်သာလျင်ဖြစ်သည်။

အားလုံးသော သူတွေသည်   မိဘ ဇနီး သားသမီး ချစ်ခင်ရသူများ အားလုံးနှင့် ခွဲခွာပြီး ဒီမှာ အလုပ်လာလုပ်နေကြခြင်းဖြစ်သည် ။

ဘယ် လူမျိုးကိုမှ စော်ကားလိုစိတ် မရှိပါ ။ ဘယ်ရိုးရာ ဓလေ့ကိုမှ  မထေမဲ့မြင် မပြုကြပါ ။ ကိုယ့် အလုပ်ကိုယ်လုပ်ကြပြီး  အရက် နှင့် စိတ်ဖြေကြရသည် ။

ဒီ နိုင်ငံသည် ကျွန်တော်တို ့အားလုံး အတူတကွ ပိုင်ဆိုင်သော နိုင်ငံဖြစ်သည် ။

 

သို ့သော်……….

ဒီနိုင်ငံ၏  ဒေသတခုတွင်  ခံစားနေရသော စိုးရွံ  ့မှု အတိုင်း အတာသည်  တဖြည်းဖြည်းကြီးမားလာသည် ။

ညဖက် Camp ထဲမှ  အပြင်ထွက်သော် စိုးရိမ်စိတ် စတင် ဝင်ရောက်စေသည် ။

ကျွန်တော့် နားထဲတွင်  စဉ်ဆက်မပြတ် ကြားယောင်လာသော စကားမှာ…… ” ဗမာဆို အကုန် ရိုက်” …..ဆိုသည်ပင် ။

ဗမာ ဟုတ်မဟုတ် မည်သူက လည်ပင်းတွင် စာချိတ်ပြီး သွားလာခြင်း ရှိပါမည်လော ။

ကျွန်တော်တို ့သည် ကျွန်တော်တို ့ နိုင်ငံ အတွင်း နေထိုင် လုပ်ကိုင်ရင်းပင် စိုးရွံ  ့စိတ်ပေါင်းများစွာ၏ ဖိစီးမှုနှင့် အတူ

လူမျိုးရေး ခွဲခြားမှု၏ သားကောင် အဖြစ်ခံရတော့မည်လော ။

ကျွန်တော် သေရမည်ကို မကြောက်ပါ ။ သို ့သော်  လူမျိုးရေး ၊ ဘာသာရေး၏ ခုတုံး သားကောင်တော့ အဖြစ်မခံနိုင်ပါ ။

ကျွန်တော် အပါအဝင် အခြားသော လူများသည်လည်း စိုးရိမ်ကြောင့်ကြ နေကြသည် ။

ကျွန်တော်တို ့ကို မည်သူက ကာကွယ် ပေးနိုင်မည်လဲ ။

ကျွန်တော်တို ့ ကိုယ့်အသက် အန္တရာယ် အတွက် မိမိဘာသာ ကာကွယ်ရမည်လား ။

တခုပဲ တွေးမိတာ ရှိသည် ။  သူတို ့တွေ ပြောတဲ့ ဗမာပြည် ဆိုတဲ့ နေရာဟာ ကျွန်တော့် အတွက် အလွန်ကို နွေးထွေးစေသည် ။

အလွန်ကို အန္တရာယ် ကင်းသည် ။  လူ ့အခွင့်အရေးတခုနှင့် အတူ ကျိုးကြောင်း ဖြေရှင်းခွင့် ရှိသော လူအဖွဲ  ့အစည်း စုဝေး နေထိုင်ရာ

အရပ် ဖြစ်သည် ။   အာဖဂန်နစ်စတန် ကဲ့သို ့သော နိုင်ငံမျိုးတွင် နေထိုင်ကြသော  အမေရိကန် နိုင်ငံသားများ၏ စိုးရိမ်ကြောင့်ကြမှုသည်

ကျွန်တော့်အား ရိုက်ခတ်စေသည် ။  ကျွန်တော်လည်း ပိုင်ဆိုင်သော ကျွန်တော်တို ့၏ နိုင်ငံတွင်  အဆိုပါ အမေရိကန် နိုင်ငံသားများ စိုးရွံ  ့သလို

ဖြစ်လာနေသည် ။  ကျွန်တော်သည် မြန်မာ နိုင်ငံသား ဖြစ်သည်။  ရခိုင်၊ တရုပ်စပ်ဖြစ်သည် ။  ကျွန်တော့် နိုင်ငံတွင် ကျွန်တော် ကြောက်ရွံ  ့နေလာမိသည် ။

အာဖဂန်နစ်စတန် နှင့်လည်း မနှိုင်းလိုပါ ။ အမေရိကန် နိုင်ငံသားလည်း မဖြစ်ချင်ပါ ။  မြန်မာ နိုင်ငံသား စစ်စစ်သည်  မြန်မာနိုင်ငံ အတွင်း လူ လူချင်း လူမျိုးရေး

ဘာသာရေး ခွဲခြားမှုများ ကင်းဝေးစေရန် ရည်ရွယ်ပြီးရေးသည် ။

အဆိုပါ ကိစ္စများ တတ်နိုင်သလောက် လျော့ပါးခဲ့မည် ဆိုလျင်  ကျွန်တော် ခွေးလို နွားလို အရိုက်ခံခဲ့ရသည်ကို  ကျေနပ်နေပါမည် ။

 

ခင်တဲ့

နိဂိမိ

55 comments

  • nigimi77

    April 18, 2012 at 4:15 pm

    အားလုံးသော ဂေဇာတ် မိတ်ဆွေများ ခင်များ ။

    ကျွန်တော် ဒေါင်ဒေါင်မြည် ကျမ်းမာပါတယ် ။

    အနည်းငယ်တော့ မူးနောက်နောက် ဖြစ်နေပါသေးတယ် ။

    မိမိ ပါတ်ဝန်းကျင်မှာ လည်း လက်လှမ်းမှီ သလောက် ဘာသာရေးကို

    ခုတုံး မလုပ်ဖို ့ လူမျိုးရေးကို ခုတုံး မလုပ်ဖို ့ လက်ဆင့် ကမ်းပေးကြပါ ။

    • ရွာစားကျော်

      April 18, 2012 at 7:37 pm

      ကို nigimi77 ရေ
      ဒေါင်ဒေါင်မြည်ကျန်းမာတယ်ကြားလို့ ဝမ်းသာပါတယ်ဗျာ။ ခေါင်းကိုထိထားတယ်ဆို မပေါ့စေချင်ပါဘူး။ medical checkup သေချာလုပ်ပါအုံး။
      ယတြာလေး ဘာလေး ကြိုလုပ်ဖို့လည်းပြောအုံးမယ်.. အသက်အန္တာရာယ် စိုးရိမ်စရာဖြစ်တာ တပတ်အတွင်းလောက်မှာ နှစ်ကြိမ်ရှိပြီဆိုတော့လေ..(ငလျင်ကိစ္စဖြစ်တုံးက ဆူနာမီကြောက်ခဲ့ရသေးတယ်လေ)
      လူမျိုးရေးအရှုပ်အရှင်းတွေထိ မဖြစ်ခဲ့တာ အဆိုးထဲက အကောင်းလို့တွက်ရမှာပေါ့ဗျာ..
      ဪ.. awareness awareness..
      ကျန်းမာရေးဂရုစိုက်ဗျို့
      ခင်တဲ့
      ရွာစားကျော်

  • ဗိုက်ကလေး

    April 18, 2012 at 4:17 pm

    ဘာဒီမိုကရေစီလိုချင်ကြတာတုန်း မသိပါဘူး..
    အဲလောက် အသိဉာဏ်ခေါင်းပါးနေကြတာ ရေလည်အံ့ဩမိတယ်

  • pooch

    April 18, 2012 at 4:28 pm

    ” ဗမာဆို အကုန် ရိုက်” ဆိုတဲ့ စကားကို ကြားရတာ စိတ်ထဲမကောင်းလှပါဘူး ရှင်။
    အဲ့ဒီလို အတွေးတွေ ရှိနေတာ တိုင်းပြည်အတွက် အလွန်အန္တရယ်များလှပါတယ်။ စိုးရိမ်ရေမှတ်ပါ။

    သူကြီးပြောသလို Anti Discrimination ( လူမျိုးဘာသာခွဲခြားမှု နှိပ်ကွပ်ရေးဥပဒေ)ပြဌာန်းပြီး သတ်သတ်မှတ်မှတ်လေး ဆောင်ရွက်ဖို့တော့ လိုနေပါပြီ။

  • aungmyintmyat

    April 18, 2012 at 5:32 pm

    ဘာတဲ့ ဗမာ ဆိုအကုန် ရိုက်တဲ့ ဟုတ်လား။
    ဦးဖာကြီး ခင်ဗျားကို သတိရလိုက်တာဗျာ။ ခင်ဗျား ပြောနေကျ ရိုင်းစိုင်းတဲ့ ဗမာတွေဆီလာပြီး ပညာလာသင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ မေးကြည့်ပါဗျာ။ ဗမာတွေက တိုင်းရင်းသားတွေနဲ့ လူငယ်ချင်း ရန်ဖြစ်ကြရင် ရခိုင်ဆို အကုန်သတ်၊ ရှမ်းဆို အကုန်သတ်၊ တိုင်းရင်းသားဆို အကုန်သတ်လို့ ဗမာပါးစပ် (ခင်ဗျား သုံးတဲ့ အဲဒီအရိုင်းအစိုင်းကောင်တွေ ပါးစပ်)က ထွက်ဖူးလားဆိုတာ။ ဘယ်သူတွေမှ လျှောက်မမေးနဲ့ အဲဒီ ရန်ဖြစ်ခဲ့ပါတယ်ဆိုတဲ့ တိုင်းရင်းသားကိုသာ သွားမေးဗျာ။ တကယ် တကယ် ရင်နာတယ်။ ဦးဖာရေ ခင်ဗျားပြောတဲ့ ရိုးသားတဲ့ တိုင်းရင်းသားတွေပါးစပ်က လူမျိုးတုံး သတ်ဖြတ်ချင်တဲ့ စကားလုံးတွေ ထွက်လာတာက ခင်ဗျားတို့သတ်မှတ်တဲ့ ယဉ်ကျေးမှု့လား။ ဟူး..ရင်နာတယ်။ ပြောပြန်ရင်လည်း အောင်မြင့်မြတ်လွန်ရာကျမယ်။ တကယ်ပါဗျာ ဘယ်သူကိုမှ အပြစ်မတင်ပါဘူး။ ကိုယ့်မြန်မာ ဘုရင်တွေကိုပဲ စိတ်နာတယ်။ ဘယ့်နှယ် အဲဒီ အရိုင်းအစိုင်းကောင်တွေ နဲ့မှ ပြည်ထောင်စု ညီနောင်ဖွဲ့ ရတယ်လို။ ကိုယ့်ကိုယ်ကိုပဲ ရှက်မိပါတယ်………….အောင်မြင့်မြတ်

    • nigimi77

      April 18, 2012 at 5:47 pm

      ကိုအောင်မြင့်မြတ်

      အသုံးအနှုုံး ဆင်ခြင်ပါကွယ် ။

      ကိုယ် အရိုက်အနှက် ခံလိုက်ရပြီး ပေးချင်တဲ့ Message က ဒါမဟုတ်ပါဘူး ။

    • Foreign Resident

      April 18, 2012 at 9:34 pm

      ကို aung myint myat ရေ
      ဘာအတွက်ကြောင့် ရိုင်းစိုင်းတဲ့ စကားလုံးကို သုံးရပါသလဲကွယ် ။
      ကိုရင်က အသားကျနေလို့ ရိုင်းစိုင်းတဲ့ စကားလုံးကို သုံးနေတာဖြစ်ပေမယ့် ။
      အဲလို ရိုင်းစိုင်းတဲ့ စကားလုံးကို သုံးခြင်းဟာ
      ဒီဆိုက်ရဲ့ အဆင့်အတန်းကိုု နိမ့်ကျစေပါတယ်ကွယ် ။
      အဲလိုစကားလုံးကို သုံးတာကို ဒီဆိုက်က ခွင့်မပြုပါဘူးကွယ် ။

      နောက်ဆုံး အကြိမ်ဖြစ်ပါစေကွယ် ။ နော် ။
      နောက်တစ်ကြိမ်ဆိုရင်တော့ ကိုရင့် Comment ကို ဖျက်ခိုင်းလိုက်ရပါလိမ့်မယ် ။
      ပညာတတ် လူအများ ဝိုင်းကြည့်နေပါတယ်ကွယ် ။
      အရှက်ရှိမယ်ဆိုရင် ရှက်စရာ ကောင်းလှပါတယ်ကွယ် ။
      တော်တော့နော် ။

    • winterkoe

      April 19, 2012 at 9:37 am

      ဘိုးတော်မင်းဆိုတဲ့ဘုရင် မတရားမှုတွေလာတွေလုပ်ခဲ့လဲဆိုတာ သမိုင်းကိုလေ့လာပါဦးလား။ ဘယ်သူကဘယ်သူ့မြေကိုကျူးကျော်သတ်ဖြတ်ခဲ့တာလည်းလို့။

      • မိုက်ကယ်ဂျော်နီအောင်ပု

        April 19, 2012 at 12:34 pm

        ဒီလိုသွားပါတယ်လူကြီးမင်းခင်ဗျ
        ဘိုးတော်မင်းလက်ထက်မှာ ခင်ဗျားရော ကျုပ်ရော ဘယ်ဘဝရောက်နေတယ်မသိဘူး
        ထင်ပါတယ် ( အထင်ပါ )
        အဲ့သည် ကျုပ်တို့ဘယ်ဘဝမှာမှန်းမသိတုန်းက သူတို့ဖာသာ သူတို့
        သတ်ကြဖြတ်ကြတာကို ဘေးချိတ်ပြီး
        အဲ့သည် ဒေသရဲ့ သမိုင်းကြောင်းလေးကို တစ်ဆိတ်လောက်

    • zaw than kyaw

      April 19, 2012 at 3:27 pm

      အောင်မြင့်မြတ် ရေ မင်းကတော နာမည်သာ မြင့်မြတ်တာ စိတ်ဓတ်ကတော မမြင့်ပါဘူး၊တိုင်းရင်သားလူမျိုးတွေနဲ ့ဗမာလူမျိုးတွေ နဲ ့ဘာပြသာနာတွေ ရှိ လဲ၊ အဲဒီ ဒေသတွေ မှာဘာပြသနာတွေရှိလဲ ဆိုဒါ မင်းဘာမှမသိဘဲ နဲ ့ လူ မျိုး တမျိုး လုံးကို စော်ကားတယ် ၊ မင်းတော် တော် မိုက် ရိုင်း ပါလား၊တကယ်ဆို မင်းပြောသလို ငါ တို ့ က ပိုပြီးတော့ တောင်မင်း တို ့နဲ ့ အတူ တူ မနေ ချင်ဘူး၊ ငါ တို ့ က အရင် သမိုင်းအဆက် ဆက် ကို ယ် ့ ထီး ကိုယ် ့ နန်း နဲ. နေ လာ ခဲ ့ကြ တာ မင်းသဘောပေါက်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 18, 2012 at 6:27 pm

    ဒီကိစ္စက တစ်ကယ်ဖြစ်ခဲ့မယ်ဆိုရင် 😀
    ကျုပ်အမြင်ကို နုနုလေးပြောကြည့်မယ်ဗျာ
    မျက်ကန်းများ( ၁ ) မှာ ပါတဲ့လိပ်စာကို သက်ဆိုင်တဲ့ပြည်နယ်တိုင်းဒေသမြို့ရွာအမည်အပြည့်စုံကို
    ဓာတ်ပုံနှင့်တစ်ပါးတည်းဒွန်းတွဲဖေါ်ပြသင့်တယ် ( လူတန်းကြီးကိုပါ )
    ဒါက အကြမ်းဖျင်းပြောတာပါ
    အထူးဆိုလိုခြင်တာက ကိုယ်ကိုယ်တိုင်ခံခဲ့ရတဲ့အကြောင်းမှာ ဒီလိုအကောင်းမြင်သဘောလေးတွေ
    ထားပြီးလက်တွေ့ကျတဲ့ ဖြေရှင်းမှု့တွေလုပ်ဘို့ ခေါင်းထဲထားနိုင်တဲ့ သဘောလေးကိုတော့
    အလွန်ချီးကြူးထောပနာပြုလိုက်ပါကြောင်းနှင့်
    ထိုအရပ်ထိုဇာတ်နှင့်ပတ်သက်သော ဇာတ်တော်များကို သိရှိမှတ်သားဘူးသူများမှ
    အနှီးဇာတ်ကြောင်းများကို ပြောပြကြစေလိုပါကြောင်း

  • nigimi77

    April 18, 2012 at 7:03 pm

    @ကိုရင်ပု

    လိပ်စာ ကတော့

    ရခိုင် ပြည်နယ် ၊ ရမ်းဗြဲကျွန်း ၊ ကျောက်ဖြူမြို ့နယ် ၊ ဂုန်းချွိန် ကျေးရွာ ၊ ကန် ့ကော်တော ဘုရား အနီးမှာပါ ။

    ဓါတ်ပုံက ကိုယ်တိုင် မရိုက်နိုင်ခဲ့ပါဘူး ။ ရိုက်ချိန်မရလောက်အောင် အရိုက်ခံခဲ့ရတယ်လို ့ပဲ ဆိုပါစို ့။

    Camp ထဲက ရိုက်ထားမိတဲ့ လူ ရှိမရှိ မေးကြည့်ပြီးရင် ဓါတ်ပုံ တင်ပေးပါမယ် ။

  • alinsett

    April 18, 2012 at 7:07 pm

    ဒါပေါ့ ..ဘာသာရေး.ကိုတော့ ခုတုံး မလုပ်သင့်ပါဘူး။

    အရေးကောင်းတဲ ့.နိဂိမိရေ.. ပို့စ်လေးကို ဖတ်ရလို ့ကျေးဇူးပါ။

  • ဦးဦးပါလေရာ

    April 18, 2012 at 8:16 pm

    ” ဗမာကောင် ဆို အကုန်ရိုက်” ……
    ….ဆိုတာမျိုးကို နေရာတော်တော်များများမှာ တဆင့်စကားနဲ့ ကြားဘူးပါတယ်။
    ကိုယ့်နားနဲ့တိုက်ရိုက်အားဖြင့်တော့ နေရာတခုမှာ ကရင်လူငယ်တချို့ ညာသံပေးတာကြားဘူးပါတယ်။ တစ်ခါထဲပါ။

    ဒီမှာပြောချင်တာကဗျာ…..
    အဲဒါ ရခိုင်လူမျိုးက/ ကချင်လူမျိုးက / ကရင်လူမျိုးက / မွန်လူမျိုးက/ ရှမ်းလူမျိုးက ပြောတဲ့စကားတော့ မဟုတ်ပါဘူး…။
    လူမျိုးရေးအစွန်းရောက်တဲ့ ဝါဒ/စိတ်ထားရှိသူတွေက မြှောက်ပေး လှုံ့ဆော် လို့ဖြစ်ရတာပါ။
    အဲဒီနေရာမှာတော့ ရိုက်မယ်ဆိုတဲ့သူတွေ (အများအားဖြင့်လူငယ်တွေ) ရော အရိုက်ခံရမယ့်လူတွေပါ ဓါးစာခံတွေပါ။
    ဘာကြောင့် ဆိုတာတွေကို နောက်ပြန်လှည့် တရားခံရှာမနေချင်တော့ပါဘူး…။
    အရေးကြီးတာက ရှေ့မှာ၊ နောင်မှာ ၊ အနာဂတ်မှာ ကျုပ်တို့မျိုးဆက်တွေကို ဒီခါးသက်မှု့တွေ မပေးခဲ့ကြဘို့ပါပဲ။
    အေးပေါ့ဗျာ.. သွေးခွဲတဲ့သူတွေကလဲ ခွဲချင်ခွဲပစေပေါ့…
    ကျုပ်ကတော့ သွေးစည်းအောင် ကြိုးစားမယ့်ဘက်က..
    ကျုပ်လိုလူမျိုး အလုံအလောက်ရှိတယ်လို့ ကျုပ်ယုံတယ်။
    အချင်းချင်း နားလည်ဘို့ကြိုးစားကြမယ်..။
    အချင်းချင်း ခွင့်လွှတ်ဘို့ကြိုးစားကြမယ်….။
    ဒီပိုစ့်တင်သူကို နမူနာကြည့်ဗျာ.. (သူ့ကိုဖါးဘို့လုံးဝအစီအစဉ်မရှိ)
    သူ့အရို်က်ခံရတဲ့ဒါဏ်ရာကိုရင်းပြီး ကျုပ်တို့နိုင်ငံရဲ့ ဒါဏ်ရာကို ကုဘို့ ကြိုးစားတဲ့ပိုစ့်ကိုတင်တယ်…

  • ကိုရင်မောင်

    April 18, 2012 at 8:38 pm

    ( နိဂိမိရေ .. ထိခိုက်ဒဏ်ရာမများဘူးကြားလို့ဝမ်းသာပါတယ် )….
    လူတန်းကိုမဖြတ်စေချင်ရင်တရွာနဲ့တရွာခြား လူဖြတ်လို့ရအောင်
    လုပ်ပေးထားသင့်တယ်….မဖြတ်မိအောင်ဘေးမှအစောင့်လိုက်ပေးသင့်တယ်
    ဒီလိုအတွေးအခေါ်ခေါင်းပါးလို့လူဘယ်နှစ်ယောက်လောက်
    အသက်ဆုံးရှုံးရပြီးပြီလဲ…..
    နိဂိမိပြောသလို နှစ်ဆန်းတရက်နေ့ကုသိုလ်ကောင်းမှု့ပြုတဲ့အချိန်
    အကုသိုလ်ဖြစ်စရာ လုံးဝမဖြစ်အောင်လုပ်ထားသင့်ပါတယ်…
    ” ဗမာကောင် ဆို အကုန်ရိုက်” ဆိုတဲ့ ရခိုင်လူမျိုးတွေပြောတဲ့စကားကို ကန့်ကွက်သလို
    “မြွေနဲ့ရခိုင် အတူတွေ့ယင် ရခိုင်ကိုအရင်သတ် “ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့ပြောတတ်တဲ့စကားကိုလဲ
    ကန့်ကွက်ပါတယ် …
    ရှေ့ခေတ်အဆက်ဆက်က အကျိုးမရှိတဲ့အယူအစွဲတွေကိုပြင်သင့်ပြီလို့ပြောချင်ပါတော့တယ်…..
    ခုလိုအသက်နှင့်ရင်းခဲ့ရတဲ့အဖြစ်အပျက်ကိုဆိုက်ပေါ်တင်ပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ် ဒီအဖြစ်အပျက်မျိုး နောင်မဖြစ်ရလေအောင် စာနယ်ဇင်းတွေ အင်တာနက်ဆိုက်တွေ
    ကနေ အရေးတယူ ဖေါ်ပြပေးသင့်ပါတယ် ….

  • aye.kk

    April 18, 2012 at 8:59 pm

    ခင်တဲ့နိဂိမိရေ..
    ခုလိုကြားရတာစိတ်မချမ်းသာတဲ့အပြင်နားမသက်သာဖြစ်မိရပါတယ်ဗျာ။
    အဲဒီဂုန်းချွိန်ကျေးရွာကိုပြောချင်မိပါရဲ ့..
    ထောင်လွှားမာန..
    လွှဲမှားတဲ့အယူဝါဒတွေနဲ ့..
    အစွန်းရောက်နေတာတွေ..
    တည့်မတ်ပြင်ကြလို ့..
    ဒို ့ပြည်ထောင်စုတွင်းမှာ..
    မှီတင်းနေထိုင်ကြတဲ့..
    ညီနောင်ဘွားတွေအချင်းချင်းအတူတူ၊စိတ်ဝမ်းတွေမကွဲပြားဘဲ…
    နိုင်ငံတော်သစ်ကြီးဆီသို ့ချီတက်ရာမှာမနှောင့်မနှေးရလေအောင်..
    ဝိုင်းဝန်းကာကြိုးပန်းဆောင်ရွက်ကြပြီးတူညီစိတ်ထားနဲ ့..
    လျှောက်လှမ်းကြရမဲ့အချိန်အခါကောင်းမှာဒီလိုမျိုးတွေထပ်မဖြစ်ရလေအောင်..
    တောင်းဆိုပါရစေလို ့ပြောလိုက်ပါရစေဗျာ။။

  • Khaing Khaing

    April 18, 2012 at 9:43 pm

    အို ဒါမျိုးတွေကျတော့မဆွေးနွေးတတ်တော့ဘူး ……. အပြင်မှာသာ ကိုယ့်ကိုဒါမျိုးလာလုပ်ကြည့် မီးပွင့်သွား မယ် ….. စာကို Gazetteမှာတင်မှာမဟုတ်ဘူး နေပြည်တော်ထိကိုတင်ပလိုက်မယ် ………..

    • ကိုရင်မောင်

      April 18, 2012 at 11:09 pm

      မခိုင်ရေ….
      တင်တာကနောက် သေမှာကအရင်…

    • nigimi77

      April 19, 2012 at 12:57 am

      မခိုင်ခိုင်

      ကျွန်တော့်ကို ဒီလို ဝိုင်းရိုက်တဲ့ ကိစ္စမှာ အားလုံးသော ရခိုင်လူမျိုးများဟာ

      တူညီတဲ့ အတွေးအခေါ်မျိုး မတွေးခဲ့ပါဘူး ။

      မတူညီတဲ့ မှတ်ချက်တွေကို ပြောခဲ့ကြသလို မတူညီတဲ့ ခံစားချက်တွေကိုလည်း ဖော်ပြခဲ့ကြပါတယ် ။

      သေချာတာတခုကို သိလိုက်မိတာက တချို ့တချို ့သော သူတွေရဲ ့ အတွေးအခေါ်ချို ့တဲ့မှုဟာ

      လူမျိုးစု တစ်ခုလုံး အပေါ်ကို အခြားလူမျိုးစုတွေက လွဲမှား တဲ့ အမြင်မျိုး မြင်လာနိုင်တယ် ဆိုတာပါ ။

      ရင်ထဲက အမှန်တရားကို ထုတ်ပြောပါရစေ ။

      ကျွန်တော့်ကို ဝိုင်းဝန်းရိုက်နှက်ကြသူတွေကို ဒေါသ မဖြစ်ခဲ့ပါဘူး ။

      ကျွန်တော်တို ့ နိုင်ငံ အတွက် မြင့်မားတဲ့ လူ ့ကျင့်ဝတ် နဲ ့ အတူ ဘယ်လို ပြုပြင်ပြောင်းလည်းခြင်းရဲ ့

      အဓိက နည်းလမ်း ဆိုတာကို ပဲ ဩဇာသီး ဦးခေါင်းရဲ ့ အောက်က ဖူးရောင်နေတဲ့ မျက်နှာတခုနဲ ့

      ကျွန်တော်က ပိုသထက်ပိုပြီး ခံယူချက် ပြင်းထန်လာခဲ့ပါတယ် ။

      • Khaing Khaing

        April 19, 2012 at 2:55 pm

        `လူမျိုးစု တစ်ခုလုံး အပေါ်ကို အခြားလူမျိုးစုတွေက လွဲမှား တဲ့ အမြင်မျိုး မြင်လာနိုင်တယ် ဆိုတာပါ ။´ မှန်ပါတယ် ကိုနီဂီမိရေ ……. လူတွေကရခိုင်ဆိုမုန်းကြတယ် (အမှားပါရင်ခွင့်လွှတ် နော်) စကားပုံတွေတောင်ရှိခဲ့တာမှတ်လား ……… တိုင်းရင်းသားလူမျိုးကွဲတွေဖြစ်တာလဲ မိမိသန္ဒေတည် ပေါက်ဖွားလာတဲ့နေရာဒေသကြောင့်သာ ကွဲပြားသွားကြတာပါ …….. ဘာပဲဖြစ်ဖြစ်အားလုံးဟာ လူတွေပါပဲ အသား အရောင်လူမျိုးတွေဘယ်လောက်ကွဲပါစေ လူဆိုတာလူပါပဲ ဆိုတဲ့အသိကလေးထည့်လိုက်ရင် အားလုံးအေးချမ်းသွားပါလိမ့်မယ် …….

  • ငပွကြီး

    April 18, 2012 at 10:38 pm

    ဘာပဲပြောပြော ခင်ဗျားအခုလိုဖြစ်တာ စိတ်မကောင်းသလို ဒီပိုစ့်ကြောင့်လဲ ဆောင်ရန် ရှောင်ရန်လေးတွေ ဗဟုသုတ ရပါတယ် ကျေးဇူးပါ….ဦးခေါင်းဆိုတော့ နဲနဲဂရုတော့စိုက်ပေးပါ..

  • Oo Oo

    April 18, 2012 at 11:32 pm

    ကိုနိဂီမီ ရေ..
    တော်တော်ဆိုးရွားတဲ့အဖြစ်အပျက်ပါလားနော်…ဘုရားရှင်ဟောကြားဆုံးမခဲ့တဲ့ ကံ ကံ၏အကျိုးတရားတွေကို မယုံကြည်ကြပဲနဲ့များ
    ဘာအတွက်ကြောင့်ဘုရားပွဲလုပ်ပြီး ဘာအယူတွေနဲ့ ဘာဘာသာကို ယုံကြည်ကိုးကွယ်တဲ့ ဘာရွာသားတွေ ပါလိမ့် ထူးဆန်းပါဘိ..
    ဒီလိုအဓိပါယ်မဲ့ပြီး ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့ အယူမှားတွေကို ရပ်ရွာဓလေ့အဖြစ် အခုချိန်အထိ ကျင့်သုံးနေသေးတဲ့ ကျေးရွာတွေ
    မြန်မာပြည်ကြီးထဲမှာ ဘယ်လောက်များရှိနေသေးလည်းဆိုတာ စဉ်းစားစရာပါပဲ..(အထူးသဖြင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့
    ဝေးလံသီခေါင်တဲ့ရွာတွေမှာ အခုထိကျင့်သုံးနေတဲ့.. ကျနော်တို့မသိသေးတဲ့ ..ဆိုးရွားတဲ့အယူမှားရွာဓလေ့တွေ အများကြီးရှိနေနိုင်ပါသေးတယ်)
    အခုအဖြစ်အပျက်တွေရဲ့အပေါ်မှာ ကျနော့်အမြင်ကိုပြောရရင်
    ဂလိုဘယ်ခေတ်ကြီးကို တော်တော်မျက်ခြေပြတ် ကျန်ရစ်ခဲ့တဲ့ လူသားတွေ အဖြစ်မြင်မိတယ်..
    ဒေသခံခေတ်ပညာတတ်တွေအနေနဲ့ ဒီလိုကိစ္စတွေကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ပါဘူး..မိမိလူမျိုးနဲ့မိမိဒေသကိုတကယ်ချစ်ရင်..နည်းလမ်းရှာပြီးပညာပေး ပြုပြင် တော်လှန်သင့်တယ်လို့ထင်ပါတယ်။
    (လောကမှာ..
    ဉာဏ်ပညာမဲ့သူတို့သည် ဆင်ခြင်တုံ တရားလည်းကင်းမဲ့ကြသည်ဖြစ်၍ မိုက်မဲမှုကိုပြုတတ်ကြကုန်၏..)

  • kai

    April 19, 2012 at 2:47 am

    တရုတ်ဆိုအကုန်သတ်..။ ကုလားဆိုအကုန်ရိုက်..
    ဒါတွေလည်းရှိခဲ့ဖူးတယ်..။
    ထပ်ရှိဖို့လည်း မီးထိုးနေတာမျိုးတွေ.. ကြားနေရတယ်..

    တဆင့်ချင်းပြင်ယူရမှာပါ..
    ပဖမဆုံးကတော့.. ဥပဒေထုတ်ရပါလိမ့်မယ်..
    နောက်တော့..
    ဥပဒေစိုးမိုးအောင် လုပ်ရပါလိမ့်မယ်..

    အပြန်အလှန်နားလည်ခွင့်လွတ်ကြအောင် …တောင်းပန်ကြေအေး လုပ်ကြရပါလိမ့်မယ်..

    ခရီးရှည်ကြီးကို.. ပထမဆုံးခြေတလှမ်းနဲ့.. စကြတာပေါ့..
    =

    “A journey of a thousand miles must begin with a single step.”

    Lao Tzu ( 600 BC-531 BC)

  • Foreign Resident

    April 19, 2012 at 5:58 am

    ထိတ်လန့်ရပါတယ် ။ စိတ်မကောင်းပါဘူး ကို နိဂိမိ ရေ ။

    ” ဒေသခံ များသည် ဒုတ် ၊ ဒါး ၊ သံပိုက် အစရှိသည်တို ့အား ကိုင်ဆောင်ကာ
    ချီတက်လာပြီး …..” ဗမာကောင် ဆို အကုန်ရိုက်”….ဟု ဆိုကြသည် ”

    တိုင်းရင်းသား ရခိုင် လူမျိုး တချို့ တွေရဲ့
    ( တော်တော်လေးများတဲ့ တချို့ လို့တော့ အဘ ထင်တာပဲ )
    ရင်ထဲက ခံစားမှုတွေ အတွေးတွေ ကို
    လျှပ်စီးလက်သလို ရိပ်ကနဲ မြင်လိုက်ရသလို ပါပဲ ။
    ( ရိပ်ကနဲ မြင်ရတာဆိုပေမယ့် ၊ လျှပ်စီးလိုပဲ အားပြင်းလိမ့်မယ်နော် )

    တချို့သော ( ယခုမှဝင်လာတဲ့ ၊ အဘရဲ့ သဘောထားအမှန်ကို မသိသေးတဲ့ )
    စာဖတ်သူကွေက ထင်နေကြသလို

    စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး )
    —http://myanmargazette.net/113840/creative-writing/my-thinking-different—
    စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ )
    —http://myanmargazette.net/114777/creative-writing/my-thinking-different—

    အဘ ရဲ့ Post နှစ်ခု ဟာ လူမျိုးရေး ကွဲပြားအောင် ရေးနေတာမဟုတ်ပဲ ။
    ကွဲပြားနေပြီးသား ( ကွဲပြားနေပြီးသား ) လူမျိုးရေး ပြဿနာတွေ ကို
    ( လုပ်သွားတဲ့သူက မေ့နိုင်ပေမယ့် ၊ ခံရတဲ့သူက လွယ်လွယ်နှင့် မမေ့နိုင်တဲ့ )
    ဘယ်လိုဖြေရှင်းသင့်တယ် ဆိုတာ လမ်းစ ချပေးခဲ့တာပါ ။
    ( လိုရင်းကတော့ သဘောထားကြီးကြီးထားပြီး တောင်းပန် လိုက်ပါ )

    အခု ဒီအဖြစ်အပျက်ကလည်း ကွဲပြားနေပြီးသား ဆိုတဲ့ အမြင်ကို
    ထောက်ခံနေသလိုပဲ ။

    ထုံးစံအတိုင်း အဘ တွေးတာမြင်တာတွေက
    နဲနဲ ပွင့်လင်းနေ ၊ နဲနဲရှေ့ရောက်နေတဲ့ အတွက် ၊
    တချို့ စာဖတ်သူတွေက လိုက်မမှီတာတွေတော့ ရှိတာပေါ့လေ ။

    အဲဒီ အဘရဲ့ Post နှစ်ခုလုံးကို တွဲပြီး စိတ်အေးအေးထားပြီး ။
    နောက်တစ်ခေါက်လောက် ထပ်ဖတ်ကြည့်ပါဦး ရွာသူားတို့ရဲ့ ။
    နှစ်ထပ်ရှိမှ မှတ်မိမှာလေ ။ ဟီဟိ ။

    • မဟာ ထမိန်ကြီးဝါဒ

      April 19, 2012 at 2:58 pm

      ကိုကိုရယ်…အခုတော့ ဒီလိုတွေပြောနေပြီလား

  • သမိန်ဂီ့

    April 19, 2012 at 7:31 am

    ၇ရကြီးရေ ….
    ဒါမျိုး ကြုံတာ …စိတ်မကောင်းဘူးဗျို့ …

    အယူသီးတာတွေ အမြင်ကျဉ်းတာတွေ
    ပယ်နိုင်ကြပါစေဗျာ…

    ခင်တဲ့
    ဂီ

  • အမေရိကန်ငတုံး

    April 19, 2012 at 8:48 am

    အယူသီးပီး အတွေးအခေါ်ခေါင်းပါးလိုက်တဲ့လူတွေဗျာ။
    အကိုခေါင်းထိထားတယ်ဆိုတော့သိပ်တော့မပေါ့စေချင်ဖူး
    ဆေးခန်းလေးဘာလေးပြကြည့်ပါဦး။

  • ကြောင်ကြီး

    April 19, 2012 at 9:18 am

    ဒီလိုမှန်းသိ လူအုပ်ထဲ ငါရှိနေလိုက်ပါဒယ်…။ ရကြောင်ခိုင် 😎

    • Foreign Resident

      April 19, 2012 at 10:37 am

      ဦးကြောင်ရဲ့
      တားမလို့လား ၊ ဒါမှမဟုတ် ၊
      ဝိုင်းရိုက်တဲ့ထဲ ဝင်ပါမလို့လား ၊
      ရှင်းအောင်ပြောလေ ။

      • ဗိုက်ကလေး

        April 19, 2012 at 10:52 am

        ရှိယုံပဲ ရှိရဲတာ
        ဘာမှတော့ လုပ်ရဲဝူးတဲ့ 😆

        ဘာလုပ်လုပ် အရေခွံစုတ်ကြမှာပဲရေ..
        ကွိ..ကွိ..
        😀

  • htet way

    April 19, 2012 at 11:11 am

    နှစ်ဆန်း တစ်ရက်နေ ့တဲ့……..
    ဘုရား ရေသပါ္ပယ်ဖို ့ လာကြတယ်တဲ့…..ကုသိုလ်ရေးတဲ့…….
    ဘာသာရေးတဲ့…….
    ရိုးရာ ဓလေ့တဲ့…..
    ကျွန်တော်စိတ်ထဲ ရိုက်ခံရတဲ့ မြင်ကွင်းနဲ့ လူတန်းကြီးကိုပဲ စက်ဆုတ်ရွံ့ရှာစွာ
    ပုံဖေါ်မြင်မိပါတော့တယ်

  • windtalker

    April 19, 2012 at 11:37 am

    သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် လုပ်ကိုင်စားရတာ လဲ မလွယ်ပါကလား ။ လီနီမိ ရေ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2012 at 12:09 pm

    လိုရင်းတွေကွဲလာပြီဆိုတော့ကာ ကျုပ်ကဘဲ ဆရာဂျီးယောင်ယောင်ဘာယောင်ယောင်လုပ်ပြီး
    လိုင်းပြန်တည့်ပေးလိုက်ပါတယ် 😀
    ဦးစွာပထမ သဗ္ဗူရိသူရဲကောင်း အိုသံတွဲသားအပေါင်းတို့
    ထကြကုန်လော အရက်ဝိုင်းမှ ကြက်ဝိုင်းမှ ဖဲဝိုင်းမှ ကုလားထိုင်များမှ
    ( နောင်ကြုံရင် ချဲယားကို ကုလားထိုင်ပါဆိုပြီး လုပ်တဲ့ပြဿနာတွေနဲ့ရန်ပြန်ဖြစ်ကြ ဟုတ်ပါဘူး
    ယောင်လို့ ပိုစ့်အဟောင်းတွေပြန်ရှာပြီးပြန်ရှုပ်ဂျဘာ ) ( ဇဂါးချပ် )
    ဆိုတော့ကာ ကျုပ်အမြင်မူရင်းစို့စ်က သူတို့ဓလေ့ရိုးရာမှာ လူတစ်ယောက်က သာမန်ပြုမိတာကို
    ဝိုင်းရိုက်ကြတဲ့ကိစ္စပါ ဒါကိုတွဲပြီးအခြေပြုပြထားတာက ဗမာဆိုရင် ရိုက်ပလိုက်ပေါ့
    ပြဿနာလို့ပြောရမလား မူရင်းအကြောင်းက ပုံမပေါ်ဘဲ လူမျိုးရေးအကြောင်းကပုံပေါ်လာတာလေးသတိချပ်ကြပါ။
    ဒါ့ကြောင့် ကျုပ်က ဒီအကြောင်းကို လိုကေးရှင်း ( တည်နေရာ ) ရယ် ပရုရယ် ( သက်သေ ) ရယ်
    ဒါကို ပြနိုင်မှ စတိုရီက အော်ဖစ်ရှယ် ( တရားဝင် ) ဖြစ်လာမှာလို့ဆိုလိုပါပြီး
    သက်ဆိုင်ရာ သံတွဲသားများအနေနှင့် ဒီလိုကိစ္စတွေမှာ ဘယ်လိုသဘောရှိတယ်ဆိုတာ
    မှတ်ချက်ချပေးကြဘို့ပါ

    • nigimi77

      April 19, 2012 at 3:10 pm

      ကိုရင်ပု

      ကိုရင် မှားနေပြီ ။

      သံတွဲ မဟုတ်ဘူး ။ ကျောက်ဖြူမှာ ။ ဆြာမေးလို ့ သေချာတိကျစွာ

      လိပ်စာ ပေးထားရဲ ့သားနဲ ့ ။ လူမျိုးရေးခွဲခြားမှုကို ဦးတည် မထားပါဘူး ။

      လူမျိုးရေး အကြောင်းက ပုံပေါ်တယ်လို ့ မထင်မိပါဘူး ။ ကွန်မန် ့ပေးတဲ့ လူတွေ

      ထဲမှာက အလွန်ကို နည်းတဲ့ သူလောက်သာ လူမျိုးရေးဘက်ကို မြားဦးလှည့်လာတာပါ ။

      ကျန်တဲ့ သူတွေ ရေးထားတာကို ဖတ်ကြည့်ရင် သိနိုင်ပါတယ် ။

      သေချာတဲ့ အဓိက သက်သေကတော့ ကျွန်တော် ကိုယ်တိုင်ပဲ ဖြစ်ပြီး

      လိုကေးရှင်း ကို ပြောခဲ့ပြီးပါပြီ ။ ဒုတိယ သက်သေက ကျောက်ဖြူ ရဲစခန်းပါ ။

      တတိယ သက်သေက ဓါတ်ပုံ ဖြစ်ပြီး အဲဒီပုံ ဘယ်သူရိုက်ထားလိုက်သလဲ ဆိုတာကို

      အလုပ် တစ်ဖက်နဲ ့မို ့ထိထိရောက်ရောက် မရှာဖွေနိုင်သေးပါဘူး ။

      ဒါ ကိစ္စကို ဆြာက ဖတ်ကောင်းတဲ့ ဇာတ်လမ်း တပုဒ်လို ထင်နေသလား မသိပါ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2012 at 12:17 pm

    အဟမ်းအဟမ်း
    ဟူအက်မှာတော့ လူစုလူတန်းကိုကြားဝင်ဖြတ်ရင်ဘာဖြစ်တယ်ဆိုတာလေးတော့ကျုပ်လည်းသိဘူး
    ကျုပ်တို့ရွာမှာတော့ ရှင်လောင်းလှည့်တဲ့လူတန်းကြီးကိုဖြတ်ရင်တော့ အဆဲခံရပါတယ်
    ဒါပေသိကိုယ်ထိလက်ရောက်တော့ မလုပ်ကြပါဘူး
    နတ်စင်ကိုဖျက်စီးရင် သဂျီးမဖမ်းပါဘူး နတ်ဂဒေါ်က ဆဲပါတယ်
    ဆိုတော့ကာ ( အထူးဆိုလိုခြင်တာက ဤအကြောင်းမှာ ဗမာကိုရိုက်မယ့်အကြောင်းလေးကို
    ကျုပ်တို့ခွဲထုတ်ကြဘို့လိုမယ်ထင်ပါတယ် ) ( အထင်ပါ )
    မဟုတ်လို့ကတော့ လူမျိုးရေးနဲ့တင်ရွာလယ်သွားနိုင်ပါတယ်
    ပို့စ်ရေးတဲ့ လူကြီးမင်းရဲ့ အဆိုအရ အဲ့သည်လူတန်းကို ဖြတ်ရင် ရဟန်ဖြစ်စေဦး
    ရိုက်မှာဘဲဆိုတဲ့ အဆိုကိုထောက်ရှု့ခြင်းအားဖြင့် လူမျိုးရေးကို ဘေးချိတ်သင့်တယ်လို့ထင်ပါတယ်

    • nigimi77

      April 19, 2012 at 3:22 pm

      ဘေးကို တော်တော် ပိုးစိုးပက်စက် ချိတ်ထားပါတယ် ။

      ကျေနပ်မှု အပြည့်နဲ ့ကို ချိတ်ထားပါတယ် ။

      ကိုခိုင့် ကွန်မန် ့ကို Choose as a Best Comment အဖြစ် ရွေးချယ်ထားတာကိုလည်း

      သတိပြုပါဦး ဆြာရဲ ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2012 at 12:29 pm

    သူဂျီးမင်းတရားတော်မြတ်ကြီးရဲ့ရွှေအာဘော်တော်မြတ်ကြီးများကို မီငြမ်းရမယ်ဆိုလျှင်ဖြင့်
    ဤဓလေ့များနှင့် ပြုမူလုပ်ထုံးများ ( ဝိုင်းရိုက်တာမပါ ) ဟာ တိုးရစ်ဇင်တွေတွက် ကြည့်ရှု့စရာတွေဖြစ်သမို့
    ဒေါ်လာသန်းချီရနိုင်တဲ့ ဘစ်ဇနစ်တွေဖြစ်ပါတယ်
    ဆိုတော့ကာ ဆိုခဲ့ပြီးသလို ဤဒေသ၏ ပြင်ပလောကနှင့်ဆန့်ကျင်သော ဓလေ့စရိုက်များကို
    သက်ဆိုင်သူများသိပါသလား
    ဥပမာ ထိုဒေသသို့ ရပ်ဝေးရပ်နီးဧည့်သည်များ ချဉ်းကပ်လာသောအခါ ဆောင်ရန်ရှောင်ရန်
    သတိပေးချက်များရှိပါသလား
    ပြဿနာက ဒေသခံ တစ်ယောက်မှ ပေါ်မလာသေးတာက ဆင်းစားစရာဘဲ
    ဘာဘဲဖြစ်ဖြစ်ပါ ဤအကြောင်းထဲမှာ လူမျိုးရေးကိစ္စကို ထည့်သွင်းပြောလိုက်လျှင် လိုအပ်သော
    အကျိုးသက်ရောက်မှု့များရရှိမည်မဟုတ်ဟု အကြမ်းဖျင်းသုံးသပ်လိုက်ပါပြီး
    အပြစ်ပြောခြင်ထက် ဖြစ်သင့်ဖြစ်ထိုက်သည်များကို သက်ဆိုင်သူတို့မည်သို့
    သိရှိဆောင်ရွက်နိုင်ကြစေမည်နည်းဟူသော လက်တွေ့ကျသည့်လူကြီးလူကောင်းဆန်သော
    အကြံစည်တွေးခေါ်မှု့များကိုသာ တင်ပြသင့်ကြပါကြောင်း။

  • MTY

    April 19, 2012 at 2:19 pm

    ဦးနုခေတ်ကမြန်မာနိုင်ငံမှာနိုင်ငံတော်ဘာသာကိုအပြဒါန်းကောင်းလိုက်လို့
    KIA လက်နက်ကိုင်များပေါ်ပေါက်လာခဲ့တာကိုတော့သတိထားစေချင်တယ်။
    ဘာသာရေး၊လူမျီုးရေးတွေကသိတ်သတိထားရပါမယ်။ဥပဒေပြဒါန်းဖို့လုပ်ကြရင်
    ပြောတာပါ။

    • Khin Latt

      August 19, 2012 at 6:21 am

      MTY
      နိုင်ငံတော်ဘာသာကိုပြဌာန်းကောင်းလို ့လို ့ပြောတော့ တော်တော်အတွေးကကြပ်သွားတယ်
      နိုင်ငံတော်ဘာသာ. မြန်မာဘာသာ (အခြားဒီထက်နှံ ့နှ ံ့စပ်စပ်လူများများနားလည်သုံးစွဲနိုင်တဲ ့ဘာသာ ဘာဘာသာရှိပါသလဲ ?)
      နိုင်ငံတော်သာသနာ ။ ဗုဒ္ဓဘာသာ ( ပြည်သူအများစုကိုးကွယ်နေတဲ ့ဘာသာ။ အကျိုးအကြောင်း အထောက်အထား နဲ ့ဘယ်လိုစမ်းစမ်း မေးမေး အဖြေမှန် ရှိနေတဲ ့သာသနာ )
      တကယ်ဖြစ်နေတဲ ့အနေအထားက ဒုတိယကမ္ဘာစစ် ကလက်ကျန် လက်နက်တွေ။ ဗီယက်နမ်စစ်ကလက်နက်တွေကိုငွေဖေါ်ချင်တဲ ့လက်နက် Brokerတွေက အကြောင်းအမျိုးမျိုးရှာပြီ စစ်ပွဲတွေဖန်တည်း ၂ဘက်လုံးကိုလက်နက်တွေဈေးကြီးကြီးနဲ ့ရောင်း စစ်ပွဲတွေမပြတ်အောင် မရပ်နဲ ့ ဆွေးနွေးတာလက်မခံရဘူးစသည်။ မြန်မာပြည်ငြိမ်းချမ်းရေး ဘယ်လိုမှမရအောင်အမျိုးမျိုး ဖန်တည်းနေကြတာ။
      ဒါတွေသဘောပေါက်လာတဲ ့ မျိုုုု းချစ်တွေကလက်နက်စွန် ့ပြီး ပြည်ပရောက်လာကြတာ။ လိုက်စုံစမ်းကြည့်ကြပါ။
      နိုင်ငံတော်ဘာသာ သာသနာ မပြဌာန်းလည်း ချဖြစ်မှာပဲ။ စကတဲ ကိုက သာသနာခြားဖြစ်သွားကြတာ သာသနာပြုတွေ ကိုအားမပေး နာမည်ကြီးတွေကိုပဲအားပေး။ နတ်ပဲသိတဲ ့သူတွေက သာသနာတခု ချပြလိုက်တာနဲ ့ချက်ခြင်းလက်ခံသွားကြ။ အကြွေး အပေးအကမ်းကလဲကောင်းတော့ပါသွားတာပေါ့။
      တဘက်ကိုလဲ ကြည့်ဦး နိုင်ငံတခုမှာ နိုင်ငံတော် ဘာသာ ။ သာသနာ အခြေခံဥပဒေ မရှိရဘူးလား။ အာရပ်နိုင်ငံတွေမှာ ဘယ်လိုလုပ်မည်လဲ။ မြန်မာပြည်ကမှ မပြည့်ဝတဲ့ဒီမိုကရေစီလေးပုံစံလေးရှိသေးတယ်။ ဗုဒ္ဓသာသနာ က မေးမြန်းစူးစမ်းပိုင်ခွင့်ရှိ သလို အဖြေတွေကလဲ အဆင်သင့် ။ သွားမေးကြည့်ပါလား အခြားသာသနာကြီးတွေကို။ အဓိကပြဿနာက မြန်မာပြည်ကို ထင်သလိုချယ်လှယ်လို ့မရသူတွေက လိုက်ဖျက်ဆီးနေတာပဲ။ ကမ္ဘာ ့ ဝါဒသမားတွေကလာလိုက်။ စီးပွားရေးသမားတွေကလာလိုက်။ ဘာသာရေးသမားတွေကလာလိုက်နဲ ့။ အဆိုးဆုံးကဘာသာရေး ဘန်းပြ လက်နက်ရောင်းသမားတွေပဲ ။ ရခိုင်မှာလဲဒါပဲ။ ရခိုင်နာမည်ခံ ဘင်ဂလီတွေက ရခိုင်တွေ ဗမာကိုမမုန်းမုန်းအောင် အကြောင်းတွေဖာန်တည်း။ဗမာတွေလာနေလို ့မရတော့သူတို ့ကစိမ့်ဝင်။ ဗမာတွေကျတော ့သူတို ့သိပ်လိမ်လို ့မရ( ဒါတောင်ရန်ကုန်ကဗမာမတွေ နိ်ုင်ငံခြားသားမှအထင်ကြီးသူမတွေ ကောင်းကောင်း ခံနေကြရတာပဲ။)
      ပညာနဲကြတာ။ ဗဟုသုတနဲကြတာ။ အတွေးအခါ်နဲကြတာ။ကိုယ့်အားကို ကိုးလိုချင်စိတ်နဲ ကြတာတွေက တရားခံပဲ။
      နောက်ဆုံးပြောချင်တာက မဆလ ရဲ ့စကားလုံးတွေယူမသုံးပါနဲ ့။ ကိုယ်ပိုင်လေ့လာချက်တွေနဲ ့မှန်မှ တွေးတွေးခေါ်ခေါ်ရေးကြပါလို ့ပဲ။ ဒို ့မြန်မာသစ္စာ ဘုရားမပါစေ။နိုင်ငံတော်ကြီး အမြန်အေးချမ်းသာယာပါစေ။

  • ရောင်ခြည်ခ

    April 19, 2012 at 2:27 pm

    ကိုနိဂိမိအခုလိုရိုက်ခံရတာအတွက် စိတ်မကောင်းပါဘူး၊ ကြုံတွေ့ခဲ့ရတာတွေကို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်ရှင်…

  • R Ga

    April 19, 2012 at 3:51 pm

    ဒီဖြစ်ရပ်အတွက်တော့စိတ်မကောင်းပါဘူး ရဲဘော်။ ဘာပဲဖြစ်ဖြစ် ဒီပိုစ်ကြောင့် ကိုယ် နဲ့ အကျွမ်းတဝင်မရှိ၊ အသိမိတ်ဆွေမရှိတဲ့ဒေသတွေကို သွားတော့မယ် ဆိုရင် အဲဒီဒေသရဲ့ အစွဲ၊အယူဝါဒ၊ ထုံးတမ်း အဆင်လာတွေကိုသေသေချာချာ လေ့လာမှတ်သား မေးမြန်းပြီးမှ သွားသင့်တယ်ဆိုတဲ့ အတွေး တစ်ခုတော့ ခေါင်းထဲဝင်လာတယ်ဗျ..။
    အမှန်အတိုင်းပြောရရင် အခုအသက်အရွယ်အထိ ဒီလိုအဖြစ်မျိုး ကြုံဖူး၊ကြားဖူးဖို့ ဝေးစွ၊ စာတွေဘာတွေထဲမှာ တောင် လုံးဝ မဖတ်ဖူးသေးလို့ အရမ်းကို အံဩရပါတယ်။
    နောက်တစ်ခုက ဘာသာရေးခုတုံးလုပ် အယူဝါဒ လွဲမှားမှုမျိုးကို အဆိုပါ ဒေသရဲ့ သာသနာပိုင် များအနေဖြင့်လည်း တတ်နိုင်သလောက် အယူဝါဒ မှန်။လမ်းကြောင်းမှန်ပေါ်ကို ရောက်အောင်လို့ ပြောဆိုဆုံးမ တရားပြသင့်တယ်လို့ ထင်မြင်မိပါတယ်။ ဖြစ်နိုင်ရင် နာမည်ကြီး ဆရာတော်တစ်ပါးပါး ဖြစ် အဲဒီဒေသကို အရောက်သွားပြီး တရား၊ဓမ္မ များကို ဟောကြား အသိပညာပေးစေလိုတယ်ဗျာ။

  • blackchaw

    April 19, 2012 at 4:07 pm

    နီဂိမိရေ။
    ကိုယ်တို့ မတွေ့ကြတာ တော်တော် ကြာနေပြီနော်…။
    ညီလေး အတွေ့အကြုံကနေ သင်ခန်းစာ တစ်ခု ရလိုက်ပါတယ်။
    ခက်တာက
    ခေါင်မိုးကမလုံတော့ မိုးဒဏ်ကို
    အားလုံး ခံနေကြရတာလို့ပဲ ဝင်ပွားခဲ့ပါရစေ…။
    သတိလေးနဲ့ နေပါ စားပါ သွားပါ လာပါ။
    ရန်ကုန်ရောက်ရင် ဆက်သွယ်ပါဦး ဗျာ။
    ခင်တဲ့
    ဘလက်။

  • Phaung Phaung

    April 19, 2012 at 5:17 pm

    ဟိုးဘုရင်လက်ထက်ကသမိုင်းကြောင်းကြောင့် လူမျိုးရေးမုန်းတီးမှုရှိခဲ့တယ်ဆိုလည်း ဒီအချိန်မှာ ဗမာပြည်ဆို
    တာတစ်ခုထဲဖြစ်သွားပြီလေ… ဒါတွေပြည်ဖုံးကားချသင့်ပါပြီ။ သမိုင်းမှာ ဘုရင်တွေကသတ်ဖြတ်မသိမ်းပိုက်ခဲ့
    လည်း တိုင်းတစ်ပါးကလာသိမ်းမှာပဲ… ကိုယ့်နိုင်ငံသားအချင်းချင်း နားလည်မှုယူသင့်နေပြီ… “ဗမာဆို
    အကုန်ရိုက်” ဆိုတာတော့ လုံးဝမဖြစ်သင့်တော့ပါဘူး …. ဒီအယူအဆတွေ/သွေးကွဲနေမှုတွေက တိုင်းပြည်
    ဆုတ်ယုတ်စေမယ့်ကိစ္စတွေပါပဲ …. တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဖြစ်စေမယ့် ဥပဒေတွေပြဌာန်းဖို့ လိုပြီး
    လွှတ်တော်ထဲထိ ဆွေးနွေးကြရမယ့် ကိစ္စတွေများ ဖြစ်လာမလားမသိဘူးနော်… စာရေးသူအရိုက်ခံရလို့
    စိတ်မကောင်းပါဘူး ….
    စကားမစပ် … ဖောင်းဖောင်း မင်္ဂလာဆောင်ပြီး နောက်နှစ် ငပလီကို သင်္ကြန်တွင်း 2 ယောက်တည်း ဟန်းနီး
    မွန်းထွက်တော့ ငပလီရွာရော/သံတွဲရော ရခိုင်တွေ သဘောကောင်းသလိုပါပဲ ။ သင်္ကြန်တတွင်းလုံးပဲ နေခဲ့
    တာ။ အခုလိုသိရတော့ တွေးတောင်ကြောက်မိတယ်။ အဲတုန်းက အဲလို“ဗမာဆိုရိုက်ဆို … သေပြီဆရာပဲ”

  • kyeemite

    April 19, 2012 at 7:33 pm

    အံ့ဩထိတ်လန့်စရာပါလား…ကျွန်တော်ငယ်ငယ်ကကျောက်ဖြူမှာလေးနှစ်လောက်
    ကျောင်းနေခဲ့ဖူးပါတယ်..ကန့်ကော်တောဘုရားပွဲသွားခဲ့ဖူးတာလဲရေးတေးတေးမှတ်မိပါရဲ့
    ခုလိုအဖြစ်မျိုးတော့ မကြားဖူးခဲ့ပါ..ကျုပ်အမြင်ကိုပြောရရင်တော့..ဒီကိစ္စကိုလူမျိုးရေးလို့မတွေးကြစေချင်ပါ..
    ဘာသာရေးနဲ့ပါတ်သက်တဲ့ အယူအစွဲကြီးမှု့သက်သက်ပါ..ကျွန်တော်တို့နေထိုင်ရာမြန်မာနိုင်ငံအနှံ့
    ဝန်းကျင်တိုင်းမှာ ဒီလိုအယူသီးမှု့တွေပေါ်မူတည်ပီး လူသတ်မှု့အထိ ယနေ့ထိဖြစ်နေဆဲပါ..
    ဒီလိုရှေးထုံးစဉ်လာဆိုတဲ့ အဓိပ်ပါယ်မရှိတဲ့ အယူသီးမှု့တွေကို ကိုယ်တိုင်ကစလို့ ကိုယ့်ဝန်းကျင်မှာ
    ပျောက်ကွယ်သွားအောင် ဝိုင်းဝန်းကျိုးစားသွားကြရမှာလို့ဘဲကျုပ်အမြင်ကိုပြောခဲ့ပါရစေ..

    • nigimi77

      April 19, 2012 at 8:32 pm

      ကိုကြီးမိုက်ရေ ။

      ကာယကံရှင် ဖြစ်တဲ့ ကျွန်တော် ကိုယ်တိုင်က ဒီ ကိစ္စကို လူမျိုးရေးလို ့ မတွေးခဲ့ပါ ။

      သို ့သော် ဘာသာရေးနဲ ့ လူမျိုးရေး ရဲ ့ ခုတုံး သားကောင် အဖြစ်မခံနိုင်ပါလို ့ ပြောခဲ့ပါတယ် ။

      ဘာသာရေးမှ အစပြုပြီး ပြသာနာ ဖြစ်လာခဲ့ရင် လူမျိုးရေးဆိုတာက နောက်ဆက်တွဲ ပါလာတတ်တာကြောင့်

      ဒီလို ကိစ္စမျိုးတွေဟာ အရမ်း သတိထားရပါမယ် ။ ပြီးခဲ့တဲ့ အတိတ်ကာလ က အမြင်ကျဉ်းမြောင်းလှတဲ့ တချို ့တချို ့သော

      လူမျိုးစုတွေ အထဲက တချို ့တချို ့သော အစွန်းရောက် တွေကြောင့် အမှိုက်က စ ပြသာဒ် မီးလောင် ခဲ့ပြီးပါပြီ ။

      အမှန်တော့ အစွန်းရောက်တွေကို ရည်ရွယ်ချက် ရှိရှိ အသုံးချနိုင်တဲ့ ညဏ်ရည်မြင့်သူ တချို ့ကြောင့်ပါ ။

      ခေတ်တွေပြောင်းလာတာနဲ ့ အမျှ လူတွေရဲ ့စဉ်းစားတွေးခေါ်မှု အဆင့်အတန်းက ပိုမြင့်လာတဲ့ အနေအထားမှာ

      အစွန်းရောက် စိတ်တွေကို စနစ်တကျ ရိုက်သွင်းနေကြမယ်ဆိုရင် အလွန်ကို အားပြင်းတဲ့ ပိုမိုခိုင်မာ တောင့်တင်းတဲ့

      အစွန်းရောက်တွေ ပေါ်ထွက် လာပါလိမ့်မယ် ။ ကျွန်တော် ကြုံတွေ ့ရသလိုမျိုး ထပ်တူထပ်မျှတော့ ဘယ်သူမှ မကြုံတွေ ့

      နိုင်ပါဘူး ။ မတူညီတဲ့ ပြသာနာမျိုးမှာ မတူညီတဲ့ ကွဲပြားတဲ့ အတွေးအခေါ်မျိုးနဲ ့ ကိုယ်တစ်ယောက်ထဲရဲ ့ အရှုံးထဲကနေ

      အများအတွက် အမြတ်ထွက်နိုင်အောင် ကြိုးစားဖို ့ပဲ လိုအပ်ပါတယ် ။

      ကျွန်တော့် ပိုစ့် ခေါင်းစဉ်ဟာ ” မျက်ကန်း” ပါ ။

      အားလုံးသော မျုက်ကန်းများ အတွက်ပါ ။ အားလုံးသော ငါ့လှေငါထိုး ပဲခူးရောက်ရောက် မျက်ကန်းတွေ အတွက်ပါ ။

      ကျွန်တော် ကိုယ်တိုင် မျက်ကန်းဖြစ်နေရင် ကျွန်တော် မြင်ရအောင် ကုပါမယ် ။ ကျွန်တော်နဲ ့ တိုက်ရိုက်သွယ်ဝိုက်

      ပါတ်သပ် နေသူတွေ မြင်ရအောင် ကြိုးစားပါမယ် ။ မျက်ကန်း ဘဝက လွတ်အောင် ကြိုးစားရင်းနဲ ့ပဲ ခင်ဗျားတို ့ ကျွန်တော်တို ့

      သေပြီး နောက်မှာ ကျွန်တော်တို ့ မျိုးဆက်သစ်တွေ မျက်စိ အကောင်းပတိဖြစ်နေကြမယ် ဆိုရင်ဖြင့် ……….။

  • chityimhtoo

    April 19, 2012 at 8:32 pm

    nigimi ရေ ကျွန်တော်ဖတ်တာနားမရှင်းလို့ ဖြတ်ဆိုတာဘာကိုဖြတ်တာလည်းဟင် တန်းစီထားတဲ့ လူတန်းကိုဖြတ်တာလား။နားမလည်လို့ပါနော်…ဓါတ်ပုံလေးပါ ပါရင်တော့ပိုကောင်းမယ်။

  • nigimi77

    April 19, 2012 at 9:01 pm

    ကို ချစ်ရင်ထူး

    ရှင်လောင်းလှည့်တာ မြင်ဖူးပါသလား ။

    မြင်ဖူးတယ် ဆိုရင် ရှင်လောင်းတွေကို ဖယ်ပြီး သာမာန် အရပ်သူအရပ်သား ရွာပေါင်း ၁ရ ရွာကို

    မျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါ ။ ၂ ယောက် ၁ တွဲ မဟုတ်ပဲ ၁ ယောက်စီ ခေါင်းပေါ်မှာ ဆွမ်းချိုင့်တွေ ရွက်

    နံဘေးမှာ ကာလသားတွေ ကျေးရွာ လူကြီးတွေက ခပ်ကျဲကျဲ ခြံရံပြီး ကန် ့ကော်တော ဘုရားဝင်းထဲ ကို တရွှေ ့ရွှေ ့ ဝင်ရောက်နေတဲ့

    မြင်ကွင်းပါ။ သိပ် ကြည်နူးဖို ့ကောင်းပါတယ် ။

    အဲသည် လူတန်းကြီး ရဲ ့ ညာဖက် အခြမ်းမှာ ရောက်နေတဲ့ ကျွန်တော်က ဘယ်ဖက် အခြမ်းကို ကျွန်တော့် အရှေ ့မှာ ရှိနေတဲ့

    အမျိုးသမီးကို ခွင့်တောင်းပြီး ဖြတ်ကူးလိုက်မိချိန်မှာပဲ ………………..။

    ကြုံရင် လာပြီး ကြည့်လှည့်ပါ ။ သိပ်ရှားပါးတဲ့ မြင်ကွင်းမျိုးပါ ။ ကျွန်တော် ဓါတ်ပုံ မှတ်တမ်း မတင်နိုင်လိုက်မိပါဘူး ။

    အဲ…. ကျွန်တော့်ကို နမူနာ ယူပြီး ဆောင်ရန်ရှောင်ရန် လုပ်ဖို ့တော့ လိုမယ် ။

    နီးစပ်ရာ ခရီးသွား လမ်းညွန်တွေမှာ ဆောင်ရန်ရှောင်ရန်တွေ ထည့်ဖို ့ တိုက်တွန်းပေါ့ဗျာ ။

  • chityimhtoo

    April 19, 2012 at 9:10 pm

    အင်းသဘောပေါက်ပြီ…နောက်ဆိုသတိထားမှ…ရန်ကုန်မှာတော့ ရွှေတိဂုံဘုရားတို့ဘာတို့ဆို ကျွန်တော်တို့လည်းအဲ့လိုခွင့် တောင်းပြီးဖြတ်နေကျဘဲ။သူတို့ဓလေ့ ကိုသိထားရတာပေါ့။

  • htoosan

    April 19, 2012 at 9:50 pm

    နိုင်ငံခြားသား တစ်ယောက်ယောက်က ဖြတ်ရင်ကော လုပ်မှာလားဆိုတာ သိချင်သား ..
    မြန်မာ ရုပ် မပေါက်တဲ့ ဂျပန်တို့ ဥရောပသားတို့ပေါ့နော်..

  • nigimi77

    April 19, 2012 at 10:01 pm

    @ ့htoosan

    ဦးဖော ရဲ ့ (ဟဲဟဲ ၊ ဟဲဟဲ) ကို ခဏ ငှားသုံးပါမယ် ။

    ဟဲဟဲ….ဟဲဟဲ…..(ကျွန်တော်က ထပ်ဖြည့်ပါမယ်….) အဟွတ်…အဟွတ်….

  • htoosan

    April 19, 2012 at 10:58 pm

    အဲ့ဒီလိုဘဲ တွေးမိလို့ပါ….

  • nigimi77

    April 19, 2012 at 11:51 pm

    @ မိုက်ကယ်ဂျော်နီအောင်ပု

    ဓါတ်ပုံ ရပါပြီ ။ မိတ်ဆွေ တစ်ယောက်က Phone နဲ ့ ရိုက်ထားတာပါ ။

    ကျွန်တော့်ကို ရိုက်နေကြတာကို ရိုက်ထားတဲ့ ပုံ မဟုတ်ပါဘူး။

    လူတန်း ကိုပါ ။ မနက်ဖြန် မနက်ကို တင်ပေးပါမယ် ။

    • surmi

      April 20, 2012 at 12:43 am

      ကိုနီဂိမိ ….
      ကျွန်တော်လည်းရွာတွေသွားရင် မကြာခဏ အလွဲလွဲ အချော်ချော်ဖြစ်ရလို.
      ကိုယ်ချင်းစာတယ် ။ ကျွန်တော်ကတော. အပိုင်း(၁)မှာကတည်းကလူမျိုးရေးလို.မမြင်ဘူး။
      ဘာလို.လည်းဆိုတော.နေရာတကာ (အထူးသဖြင်.) ဝေးလံသီခေါင်တဲ.နေရာ ၊ ရွာတွေမှာ
      ပြင်းထန်တဲ.အယူသည်းမှုတွေရှိနေသေးတယ် ။ ဒီဖြစ်ရပ်လောက်တော.မဆိုးဘူးပေါ.ဗျာ ။
      ကျွန်တော်လည်းတခါက ခေါင်းမှာဘုထ ဘူးသေးတယ် …..ငယ်စဉ်ကပါ ။ မိတ်ဆွေတယောက်
      ရဲ.အဖေသေလို.သူတို.ရွာမှာအသုဘပို.သွားတော.ရွာဓလေ.အတိုင်းအလောင်းကိုဝါးကတ်နဲ.
      ထမ်းပြီး သချိုင်္င်းပို.သဗျ ။ ကျွန်တော်ကဘုမသိဘမသိ ဝင်ပြီးထမ်းပေးတာသချင်္ိုင်းလဲရောက်ရော
      ” နောက်လာဦးမလား” လို.အော်ကြပြီး ခဲတွေနဲ.ပစ်တာ ကျွန်တော.ခေါင်းတန်းထိတာဘဲ ။
      ပြောရရင်အများကြီးဘဲဗျို. ၊ ခုနောက်ပိုင်းလဲ အလုပ်ကိစ္စနဲ.တောရွာတွေသွားရရင် အတော်
      လေးကိုသတိထားနေရတယ် ။
      အခု ပြဿနာကတော.ဗျာ …ဒီလောက်ဆိုးတဲ.အယူသည်းမှုကို အစိုးရအဆက်ဆက်ကဘာ
      လို.ကြည်.နေကြတာလဲ ။ ဘာသာရေးဆိုင်ရာဓလေ.ထုံးစံသာပြင်ရခက်တာပါ ၊ ဒီလို အရပ်
      ဓလေ. ကိုတော.အုပ်ချုပ်ရေးဆိုင်ရာအခွင်.အာဏာနဲ.တားဆီးလို.ရတာဘဲဗျ ။ ကျွန်တော်
      ကတော.ဒီလိုအယူသည်းမှုကို ဘာသာရေးဓလေ.လို.လဲမမြင်ဘူး ၊ လူမျိုးရေးဓလေ.လို.လဲ
      မမြင်ဘူး ၊ သူ.ရွာ သူ.အရပ်ဓလေ.လို.ဘဲမြင်တယ် ။ပြင်လို.ရပါတယ်ဗျာ …..အစိုးရဘက်က
      ဒီလိုမဆီလျော်တဲ.ဟာတွေသိရင်ပြင်ရမှာ ။ ကျွန်တော်သွားလေရာရွာတွေမှာလဲ သူ.ဟာနဲ.သူ
      ခတ်ဆိုးဆိုးဓလေ.လေးတွေရှိကြတာဘဲ ။ဘာဘဲဖြစ်ဖြစ်ဗျာ ခင်ဗျားခံခဲ.ရတာနဲ.ရင်းပြီး
      ဓလေ.ဆိုးတွေပြင်နိုင်ရင်တော. အလွန်ကောင်းတာပေါ.ဗျာ ။ ကျွန်တော်လွဲခဲ.ရတာက
      ရယ်စရာတွေဖြစ်ခဲ.ပြီး ၊ ခင်ဗျားအလွဲကသေနိုင်တာဆိုတော. …………။

      (ဖတ်မိခါစကတော.တော်တော်ခံပြင်းတယ် ၊ နောက်တော.သဘောပေါက်ပြီး သက်ဆိုင်သူ
      တွေကိုဘဲအပြစ်တင်မိတယ် )

  • char too lan

    April 20, 2012 at 12:05 pm

    @ surmi
    အဲ့လိုအလွဲမျိုး ဆိုရင်တော့ ကျနော်မွန်ပြည်နယ်သင်္ကြန်မှာ
    ပြန်ပြောချင်စရာမကောင်းလောက်အောင် အကြီးကြီးလွဲခဲ့ဖူးပါတယ်… အဲ့ဒီလူတွေကိုတော်တော်စိတ်ပျက်သွားမိတယ်။

Leave a Reply