hi မင်္ဂလာပါ
Mandalay Gazette အဖွဲ့ဝင်အပေါင်းတို့ရေ.

အနော့်ရဲ့ပထမဆုံး post လေးမရေးခင်.ကိုယ်ကိုကိုယ်.နည်းနည်းလေးတော့.မိတ်ဆက်ပါရစေ..အနော်..ဂျွန်စော.ပါ..
အဲလေ..ယောင်လို့.. အနော်..Nick Name ကတော့..ပိုးဟပ်လို့.ခေါ်ပါတယ်ဗျ..ကိုယ်ကပိုးလိုက်..သူများက..
ဟပ်သွားလိုက်ပေါ့..လောလောဆယ်.နေထိုင်ရာအရပ်ကတော့.ဆင်ကျားပူမှာပါ..Mandalay Gazette ကိုဖတ်နေတာ.
ကြာလှရှိပါပီ..Postတွေလဲ..ကြိုက်တယ်..အနော်က..အဆိုတော်ဆိုလဲ..ဒိုးလုံးတို့..လှိုင်ဦးမော်တို့. စာရေးဆရာဆိုလဲ..
တာရာမင်းဝေတို့. မင်းခိုက်စိုးစန်တို့..အကြည်တော်တို့လို..တလိုင်းကွဲ..နေတဲ့သူတွေ..သိပ်သဘောကျတာဗျ..အဲ့လိုပဲ
Gazette မှာအဲလိုသူတချို့ရေးတဲ့စာတွေဆိုလဲဖတ်ရတာသိပ်ကြိုက်တယ်.နာမည်တပ်ပြောရရင် ကိုဖုန်းကျော်တို့.ကိုဂီ..တို့..
မိုက်ကယ်ဂျော်နီအောင်ပုတို့.သိပ်သဘောကျတာ. :D

ရွာသူရွာသားတွေ.အပြန်လှန်ငြင်းခုံ.ရန်ဖစ်နေတာတွေတော့လဲ.သဘောကျတယ်.member လုပ်မယ်.Post လေးဘာလေးတင်.
စာလေးဘာလေးရေးပီးသူများကိုနှိပ်စက်မယ်.လို့တွေးထားတာကြာလှရှိပီ..အကောင်ထည်..မဖော်ဖစ်ဘူး..ခုတော့.
အဲ့ရည်ရွယ်ချက်လေး..ဖြစ်လာပီပေါ့နော်.. ;)

စာကလဲ.ခုမှ.ရေးခါစဆိုတော့..အမြီးမောက်ကမတည့်တော့.ဘာရေးရင်ကောင်းမလဲ..စဉ်းစားရင်းနဲ့..ခု..ဒီတပတ်ကမှ..
amazon ကလှမ်းဝယ်ဖစ်တဲ့ (စ.ကြွားပီ..ဟီးဟီး)..Beats By Dr.Dre လို..လူသိများကြတဲ့.Monster HeadPhone တွေ
အကြောင်းရေးချင်လာတယ်..သူများတွေ.ရေးဘူးတာလဲ..မတွေ့မိလို့ပါ… နာမည်နဲ့ HeadPhone နဲ့မတွဲမိရင်တောင်..
ခုခေတ် . rapper တွေ (ယို့..ယို့..) လူငယ်ကောင်လေးတွေ.တပ်တပ်ထားကြတဲ့ b တံဆိပ်လေးနဲ HeadPhone ကြီးကြီး
ဆိုရင်တော့.မျက်စိထဲ..မြင်ကြမယ်ထင်ပါရဲ့..အောက်မှာ..လဲပုံတွေပါပါတယ်..အဲပစ္စည်းတွေ.အကြောင်းမပြောခင်..
သူတို့ရဲ့မွေးသမိခင်..အဲလေ.မွေးသဖခင်..လို့ပဲသုံးရမလား..နာမည်ကြီး Rap အဆိုတော် သီချင်းရေးသူ ထုတ်လုပ်သူ
Dr.Dre က..ဒီပစ္စည်းလေးတွေအကြောင်းပြောတာလေး..ပြချင်ပါတယ်..

 

ညွှန်းထားတာတော့..အနုပညာရှင်တွေ.ထုတ်လုပ်သူတွေဟာ. Studio ထဲမှာ…အဟွာပြဲမတတ်.. ပရိတ်သတ်အတွက်.
သီချင်းကောင်းလေးတွေလုပ်ပေးနေပါတယ်..ဒါပေမဲ့..၀မ်းနည်းစရာကောင်းတာက.သူတို့တီးထားခတ်ထားဖန်တီးထားတဲ့.
သီချင်းတွေရဲ့ သံစဉ်တွေ Beat တွေကို..တော်ယုံ HeadPhone တွေက. တိတိကျကျ.ကြားရအောင်..handle မလုပ်ပေးနိုင်
ဘူးဆိုပဲ ( So Sad, ငွေကုန်ပေါက်) အဲ့တော့.သူတို့ဖန်တီးထားတဲ့. စည်းချက်တွေတိုင်း.ပြတ်ပြတ်သားသားကြားရဖို့အတွက်
ဟော့ဒီ..Beat HeadPhone က..တာဝန်ယူပါမယ်.၀ယ်ပါဘာညာပေါ့..(Beat တွေကြားရဖို့အတွက်သူရို့.တာဝန်ယူတယ်.
ခင်ညားတို့ဘက်က.ငွေသာ.တာဝန်ယူပါ..ပေါ့..ရက်စက်ချက်.)..

Beat Head Phone တွေကိုအကြမ်းဖျင်း Over-Ear နဲ့ In-Ear ဆိုပီးနှစ်မျိုးခွဲခြားလို့ရပါတယ်.Over-Ear Type တွေကတော့
Studio S$699 ,Pro S$820, Solo S$420, Solo HD S$490 စသဖင့်ပေါ့ In-Ear တွေကတော့.
Tour S$399,iBeats S$210,PowerBeats S$349 စသဖင့်တို့..ရှိပါတယ်..နာမည်ကြီး Celebrity Name တွေနဲ့လဲ
တွဲထုတ်တားတွေလဲရှိပါတယ်.justin bieber အတွက်တို့ ladyပလာတာ..အတွက်တို့ diddy အတွက်တို့စသဖင့်ပေါ့ခင်ညာ.

 

 

 

Justin Bieber Beats

 

Lady GaGa HeartBeats

အထက်ပါဈေးနှုန်းတွေကတော့..SG က Official Web Site ကဈေးနှုန်းတွေပါ..apple store မှာဝယ်ရင်.အဲ့ထက်.
နည်းနည်းလေးသက်သာပါတယ်.Local Retailer တွေမှာ.၀ယ်ခဲ့ရင်တော့.တနှစ်အတွင်းတခုပျက်ရင်တခုလဲပေးပါတယ်..
အဲဒါကြောင့်လဲ. US ကဈေးထက်.တ၀က်နီးပါးလောက်ကို.ပိုဈေးကြီးနေပါတယ်.အနော်ကတော့.လိုချင်လွန်းလွန်းလို့..
Solo HD ၀ယ်ဖစ်ပါတယ်. US Amazon ကလှမ်းမှာဖစ်ပါတယ်..199 $ ပဲပေးရပါတယ်..စလုံးငွေနဲ့ဆိုရင်..260 လောက်ပဲ
ကျပါတယ်.စလုံးမှာ.၀ယ်ရင်..490 ဆိုတော့..230 လောက်ကိုကွာတာပါ..brand ယုံတာကြောင့်ရယ်..ပိုက်ပိုက်ချွေတာချင်
တာကြောင့်ရယ်..မှာလိုက်တာပါ..တခုခုဖစ်ခဲ့ရင်တော့.အဲ့ကိုပြန်ပို့ရမှာပါ..(ဖလားး..ဖလားးး)..

နည်းနည်းထူးခြားတာလေးတွေကတော့.ခုနောက်ပိုင်း Wireless version ပါရနိုင်ပီး.အဲဒါကိုတော့ US site မှာပဲတွေ့ရပါတယ်..
Studio ရယ် အဲ့. Wireless ရယ်က..ဓတ်ခဲ.ထည့်သုံးရပါတယ်..နောက်သဘောကျမိတာတခုက..Limited Edition လို့
ဆိုတဲ့ Gold And Black အတွဲစပ် Color နဲ့ဟာကတော့..ထူးထူးခြားခြား apple store မှာပဲရနိုင်ပါတယ်..Limited Edition
ဆိုပေမဲ့..ခုထက်ထိ..မကုန်နိုင်သေးတာလဲ..အံသြဘနန်း..ဖစ်မိပါဒယ်.. HeadPhone လဲဝယ်ရင်း ကုသိုလ်လဲပြုချင်တယ်ဆို
ရင်တော့ Red Color Version ကိုရွေးဝယ်နိုင်ပါတယ်..ပေးလိုက်ရတဲ့..ပိုက်ပိုက်ထဲကတချို့တ၀က်ကို.. HIV/AIDS လူနာတွေ
အတွက်.လှူပေးတယ်လို့..ဆိုပါဒယ်

နောက်တခုပြောပြချင်တာက..ကိုယ်ဝယ်တော့မဲ့ Beats ဟာ အစစ်ဟုတ်မဟုတ်လဲ..Official site မှာ..
ဝင်စစ်လို့ရနေပါပီ..Beats တွေရဲ့ဘယ်ဘယ်နားကျပ်အပေါ်နားလေးမှာ Serial No ပါပီး..အဲ့ဒါကို..
ရိုက်ထည့်ပီး.စစ်ကြည့်လို့ရပါတယ်..Beats တွေရဲ့အားသာချက်ကတော့.ပေါ့ပါးတယ်.သယ်ရလွယ်ကူတယ်.
နာမည်ကြီးသလောက်လဲ..သုံးကြည့်တဲ့အခါ.တကယ်ကို.ကောင်းမွန်ပါတယ်..ပြင်ပက noise တွေဝင်မလာအောင်..
တားတာရယ်..Bass အသံတွေရယ်ဟာ.တကယ်ကိုကောင်းမွန်ပါတယ်.ဒုံချက်ဒုံချက်.ကြိုက်သူတွေ..ဆူဆူညံညံ
အသံတွေကိုမှ.ခုံမင်သူတွေအတွက်အမှန်တကယ်ကိုအဆင်ပြေလှပါတယ်.Beats တွေရဲ့အားနည်းချက်ကတော့
ဈေးကြီးတာပါ.အဲ့ဒါကြောင့်လဲ.တသွေမတိမ်းဆင်လှတဲ့.OEM လို့ခေါ်ကြတဲ့(Original Equipment Manufacture)
Version တွေ.ပေါခြင်းသောခြင်းကိုထွက်လာတာဖြစ်ပါတယ်.Gmarket တို့လို့မျိုး Site တွေကနေဈေးသက်သာစွာနဲ့
ဝယ်လို့ရနေပါပီ..ဒါပေမဲ့..Quality ကတော့..ကွာမယ်ဆိုတာ.ငြင်းစရာကိုမလိုတာပါ.စိတ်ဝင်စားလို့.ကြည့်ချင်ရင်တော့
http://list.gmarket.com.sg/item/BEATS-SALE-MONSTER-BEATS-TOUR/405022781 အဲ့မှာ..ကြည့်နိုင်ပါတယ်

Beats တွေဟာ..Apple Product တွေနဲ့..တွဲသုံးဖို့..ရည်ရွယ်ထားတာဖြစ်ပီး..အဲ့လိုသုံးဖို့အတွက်လဲ..Control Talk ပါတဲ့
ကြိုးတချောင်း..ရိုးရိုး cable တချောင်း..နှစ်ချောင်းထည့်ပေးထားပါတယ်..အဲ့ Cable တွေကနေ အသံတိုးကျယ်ရှေ့တိုး
နောက်ဆုတ်.တွေ.လုပ်ဆောင်နိုင်ပါတယ်..

Beats ရပီးနောက်ပိုင်း..ပိုးဟပ်တယောက်….ညနေပိုင်းတွေ..အလုပ်ကနေအိမ်ပြန်လမ်းတလျှောက်.
linkin park ရဲ့ points of authority ကိုနားထောင်ရတာ..ဘာနဲ့မှ.မလဲနိုင်အောင်
ဖစ်နေကြောင်း.(ခံစားချက်လေးက..ရှိနေသကိုးးး..ငိုချင်ထှာာာာ ;( ) လဲ.ပြောပြချင်မိပါတယ်..“

တကယ်လို့များ headphone ကောင်းကောင်းဝယ်မယ်ဆိုရင်..Quality လဲတကယ်လဲကောင်းမွန်တယ်.၀ယ်သင့်တယ်.
ဆိုတာလေး.သတင်းပေးလိုက်ရပါတယ်..Official web site ဖြစ်တဲ့  http://beatsbydre.com/    မှာ..
အသေးစိတ်..သွားဖတ်နိုင်ကြောင်းပါ..ခင်ဗျားး

တော်သေးပီ…

Comments များကိုမျှော်လင့်လျက်..
မူလလက်ဟောင်း အသည်းကွဲသမားလေး PoeHarpp ;)

About Ever Golli

Ever Golli has written 1 post in this Website..

အသက်သုံးဆယ်..လူတွေ..မေးဒယ်..ဘယ်တော့များမှ..စားရမှာလဲ... ဟန်ဆောင်ရပီ..လူတွေ..မသိအောင်...အပြုံးလေးနဲ့..လိမ်ရပီ.. :P