Beats By Dr.Dre – Monster Beats နဲ့ မိတ်ဆက်ခြင်း

Ever GolliApril 19, 20123min22323

hi မင်္ဂလာပါ
Mandalay Gazette အဖွဲ့ဝင်အပေါင်းတို့ရေ.

အနော့်ရဲ့ပထမဆုံး post လေးမရေးခင်.ကိုယ်ကိုကိုယ်.နည်းနည်းလေးတော့.မိတ်ဆက်ပါရစေ..အနော်..ဂျွန်စော.ပါ..
အဲလေ..ယောင်လို့.. အနော်..Nick Name ကတော့..ပိုးဟပ်လို့.ခေါ်ပါတယ်ဗျ..ကိုယ်ကပိုးလိုက်..သူများက..
ဟပ်သွားလိုက်ပေါ့..လောလောဆယ်.နေထိုင်ရာအရပ်ကတော့.ဆင်ကျားပူမှာပါ..Mandalay Gazette ကိုဖတ်နေတာ.
ကြာလှရှိပါပီ..Postတွေလဲ..ကြိုက်တယ်..အနော်က..အဆိုတော်ဆိုလဲ..ဒိုးလုံးတို့..လှိုင်ဦးမော်တို့. စာရေးဆရာဆိုလဲ..
တာရာမင်းဝေတို့. မင်းခိုက်စိုးစန်တို့..အကြည်တော်တို့လို..တလိုင်းကွဲ..နေတဲ့သူတွေ..သိပ်သဘောကျတာဗျ..အဲ့လိုပဲ
Gazette မှာအဲလိုသူတချို့ရေးတဲ့စာတွေဆိုလဲဖတ်ရတာသိပ်ကြိုက်တယ်.နာမည်တပ်ပြောရရင် ကိုဖုန်းကျော်တို့.ကိုဂီ..တို့..
မိုက်ကယ်ဂျော်နီအောင်ပုတို့.သိပ်သဘောကျတာ. 😀

ရွာသူရွာသားတွေ.အပြန်လှန်ငြင်းခုံ.ရန်ဖစ်နေတာတွေတော့လဲ.သဘောကျတယ်.member လုပ်မယ်.Post လေးဘာလေးတင်.
စာလေးဘာလေးရေးပီးသူများကိုနှိပ်စက်မယ်.လို့တွေးထားတာကြာလှရှိပီ..အကောင်ထည်..မဖော်ဖစ်ဘူး..ခုတော့.
အဲ့ရည်ရွယ်ချက်လေး..ဖြစ်လာပီပေါ့နော်.. 😉

စာကလဲ.ခုမှ.ရေးခါစဆိုတော့..အမြီးမောက်ကမတည့်တော့.ဘာရေးရင်ကောင်းမလဲ..စဉ်းစားရင်းနဲ့..ခု..ဒီတပတ်ကမှ..
amazon ကလှမ်းဝယ်ဖစ်တဲ့ (စ.ကြွားပီ..ဟီးဟီး)..Beats By Dr.Dre လို..လူသိများကြတဲ့.Monster HeadPhone တွေ
အကြောင်းရေးချင်လာတယ်..သူများတွေ.ရေးဘူးတာလဲ..မတွေ့မိလို့ပါ… နာမည်နဲ့ HeadPhone နဲ့မတွဲမိရင်တောင်..
ခုခေတ် . rapper တွေ (ယို့..ယို့..) လူငယ်ကောင်လေးတွေ.တပ်တပ်ထားကြတဲ့ b တံဆိပ်လေးနဲ HeadPhone ကြီးကြီး
ဆိုရင်တော့.မျက်စိထဲ..မြင်ကြမယ်ထင်ပါရဲ့..အောက်မှာ..လဲပုံတွေပါပါတယ်..အဲပစ္စည်းတွေ.အကြောင်းမပြောခင်..
သူတို့ရဲ့မွေးသမိခင်..အဲလေ.မွေးသဖခင်..လို့ပဲသုံးရမလား..နာမည်ကြီး Rap အဆိုတော် သီချင်းရေးသူ ထုတ်လုပ်သူ
Dr.Dre က..ဒီပစ္စည်းလေးတွေအကြောင်းပြောတာလေး..ပြချင်ပါတယ်..

 

ညွှန်းထားတာတော့..အနုပညာရှင်တွေ.ထုတ်လုပ်သူတွေဟာ. Studio ထဲမှာ…အဟွာပြဲမတတ်.. ပရိတ်သတ်အတွက်.
သီချင်းကောင်းလေးတွေလုပ်ပေးနေပါတယ်..ဒါပေမဲ့..ဝမ်းနည်းစရာကောင်းတာက.သူတို့တီးထားခတ်ထားဖန်တီးထားတဲ့.
သီချင်းတွေရဲ့ သံစဉ်တွေ Beat တွေကို..တော်ယုံ HeadPhone တွေက. တိတိကျကျ.ကြားရအောင်..handle မလုပ်ပေးနိုင်
ဘူးဆိုပဲ ( So Sad, ငွေကုန်ပေါက်) အဲ့တော့.သူတို့ဖန်တီးထားတဲ့. စည်းချက်တွေတိုင်း.ပြတ်ပြတ်သားသားကြားရဖို့အတွက်
ဟော့ဒီ..Beat HeadPhone က..တာဝန်ယူပါမယ်.ဝယ်ပါဘာညာပေါ့..(Beat တွေကြားရဖို့အတွက်သူရို့.တာဝန်ယူတယ်.
ခင်ညားတို့ဘက်က.ငွေသာ.တာဝန်ယူပါ..ပေါ့..ရက်စက်ချက်.)..

Beat Head Phone တွေကိုအကြမ်းဖျင်း Over-Ear နဲ့ In-Ear ဆိုပီးနှစ်မျိုးခွဲခြားလို့ရပါတယ်.Over-Ear Type တွေကတော့
Studio S$699 ,Pro S$820, Solo S$420, Solo HD S$490 စသဖင့်ပေါ့ In-Ear တွေကတော့.
Tour S$399,iBeats S$210,PowerBeats S$349 စသဖင့်တို့..ရှိပါတယ်..နာမည်ကြီး Celebrity Name တွေနဲ့လဲ
တွဲထုတ်တားတွေလဲရှိပါတယ်.justin bieber အတွက်တို့ ladyပလာတာ..အတွက်တို့ diddy အတွက်တို့စသဖင့်ပေါ့ခင်ညာ.

 

 

 

Justin Bieber Beats

 

Lady GaGa HeartBeats

အထက်ပါဈေးနှုန်းတွေကတော့..SG က Official Web Site ကဈေးနှုန်းတွေပါ..apple store မှာဝယ်ရင်.အဲ့ထက်.
နည်းနည်းလေးသက်သာပါတယ်.Local Retailer တွေမှာ.ဝယ်ခဲ့ရင်တော့.တနှစ်အတွင်းတခုပျက်ရင်တခုလဲပေးပါတယ်..
အဲဒါကြောင့်လဲ. US ကဈေးထက်.တဝက်နီးပါးလောက်ကို.ပိုဈေးကြီးနေပါတယ်.အနော်ကတော့.လိုချင်လွန်းလွန်းလို့..
Solo HD ဝယ်ဖစ်ပါတယ်. US Amazon ကလှမ်းမှာဖစ်ပါတယ်..199 $ ပဲပေးရပါတယ်..စလုံးငွေနဲ့ဆိုရင်..260 လောက်ပဲ
ကျပါတယ်.စလုံးမှာ.ဝယ်ရင်..490 ဆိုတော့..230 လောက်ကိုကွာတာပါ..brand ယုံတာကြောင့်ရယ်..ပိုက်ပိုက်ချွေတာချင်
တာကြောင့်ရယ်..မှာလိုက်တာပါ..တခုခုဖစ်ခဲ့ရင်တော့.အဲ့ကိုပြန်ပို့ရမှာပါ..(ဖလားး..ဖလားးး)..

နည်းနည်းထူးခြားတာလေးတွေကတော့.ခုနောက်ပိုင်း Wireless version ပါရနိုင်ပီး.အဲဒါကိုတော့ US site မှာပဲတွေ့ရပါတယ်..
Studio ရယ် အဲ့. Wireless ရယ်က..ဓတ်ခဲ.ထည့်သုံးရပါတယ်..နောက်သဘောကျမိတာတခုက..Limited Edition လို့
ဆိုတဲ့ Gold And Black အတွဲစပ် Color နဲ့ဟာကတော့..ထူးထူးခြားခြား apple store မှာပဲရနိုင်ပါတယ်..Limited Edition
ဆိုပေမဲ့..ခုထက်ထိ..မကုန်နိုင်သေးတာလဲ..အံဩဘနန်း..ဖစ်မိပါဒယ်.. HeadPhone လဲဝယ်ရင်း ကုသိုလ်လဲပြုချင်တယ်ဆို
ရင်တော့ Red Color Version ကိုရွေးဝယ်နိုင်ပါတယ်..ပေးလိုက်ရတဲ့..ပိုက်ပိုက်ထဲကတချို့တဝက်ကို.. HIV/AIDS လူနာတွေ
အတွက်.လှူပေးတယ်လို့..ဆိုပါဒယ်

နောက်တခုပြောပြချင်တာက..ကိုယ်ဝယ်တော့မဲ့ Beats ဟာ အစစ်ဟုတ်မဟုတ်လဲ..Official site မှာ..
ဝင်စစ်လို့ရနေပါပီ..Beats တွေရဲ့ဘယ်ဘယ်နားကျပ်အပေါ်နားလေးမှာ Serial No ပါပီး..အဲ့ဒါကို..
ရိုက်ထည့်ပီး.စစ်ကြည့်လို့ရပါတယ်..Beats တွေရဲ့အားသာချက်ကတော့.ပေါ့ပါးတယ်.သယ်ရလွယ်ကူတယ်.
နာမည်ကြီးသလောက်လဲ..သုံးကြည့်တဲ့အခါ.တကယ်ကို.ကောင်းမွန်ပါတယ်..ပြင်ပက noise တွေဝင်မလာအောင်..
တားတာရယ်..Bass အသံတွေရယ်ဟာ.တကယ်ကိုကောင်းမွန်ပါတယ်.ဒုံချက်ဒုံချက်.ကြိုက်သူတွေ..ဆူဆူညံညံ
အသံတွေကိုမှ.ခုံမင်သူတွေအတွက်အမှန်တကယ်ကိုအဆင်ပြေလှပါတယ်.Beats တွေရဲ့အားနည်းချက်ကတော့
ဈေးကြီးတာပါ.အဲ့ဒါကြောင့်လဲ.တသွေမတိမ်းဆင်လှတဲ့.OEM လို့ခေါ်ကြတဲ့(Original Equipment Manufacture)
Version တွေ.ပေါခြင်းသောခြင်းကိုထွက်လာတာဖြစ်ပါတယ်.Gmarket တို့လို့မျိုး Site တွေကနေဈေးသက်သာစွာနဲ့
ဝယ်လို့ရနေပါပီ..ဒါပေမဲ့..Quality ကတော့..ကွာမယ်ဆိုတာ.ငြင်းစရာကိုမလိုတာပါ.စိတ်ဝင်စားလို့.ကြည့်ချင်ရင်တော့
http://list.gmarket.com.sg/item/BEATS-SALE-MONSTER-BEATS-TOUR/405022781 အဲ့မှာ..ကြည့်နိုင်ပါတယ်

Beats တွေဟာ..Apple Product တွေနဲ့..တွဲသုံးဖို့..ရည်ရွယ်ထားတာဖြစ်ပီး..အဲ့လိုသုံးဖို့အတွက်လဲ..Control Talk ပါတဲ့
ကြိုးတချောင်း..ရိုးရိုး cable တချောင်း..နှစ်ချောင်းထည့်ပေးထားပါတယ်..အဲ့ Cable တွေကနေ အသံတိုးကျယ်ရှေ့တိုး
နောက်ဆုတ်.တွေ.လုပ်ဆောင်နိုင်ပါတယ်..

Beats ရပီးနောက်ပိုင်း..ပိုးဟပ်တယောက်….ညနေပိုင်းတွေ..အလုပ်ကနေအိမ်ပြန်လမ်းတလျှောက်.
linkin park ရဲ့ points of authority ကိုနားထောင်ရတာ..ဘာနဲ့မှ.မလဲနိုင်အောင်
ဖစ်နေကြောင်း.(ခံစားချက်လေးက..ရှိနေသကိုးးး..ငိုချင်ထှာာာာ ;( ) လဲ.ပြောပြချင်မိပါတယ်..“

တကယ်လို့များ headphone ကောင်းကောင်းဝယ်မယ်ဆိုရင်..Quality လဲတကယ်လဲကောင်းမွန်တယ်.ဝယ်သင့်တယ်.
ဆိုတာလေး.သတင်းပေးလိုက်ရပါတယ်..Official web site ဖြစ်တဲ့  http://beatsbydre.com/    မှာ..
အသေးစိတ်..သွားဖတ်နိုင်ကြောင်းပါ..ခင်ဗျားး

တော်သေးပီ…

Comments များကိုမျှော်လင့်လျက်..
မူလလက်ဟောင်း အသည်းကွဲသမားလေး PoeHarpp 😉

23 comments

  • kai

    April 19, 2012 at 4:35 am

    လူထဲဝင်တဲ့..ဒွာရအပေါက်တွေထဲ.. တခြားအပေါက်တွေအတွက်.. လူတွေကတော်တော်အာရုံစိုက်ပြီး.. ကောင်းအောင်လုပ်ကြပေမဲ့.. နား(အကြား)ကိုတော့ သိပ်မလုပ်ကြသလိုပဲ..

    ဒွာရ ခြောက်ပါး= မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ အရသာရှိခြင်း၊ ထိခြင်း၊ သိခြင်း

    အခုမှာတော့… တော်တော်စိတ်တိုင်းကျလေး.. ရေးပြထားတယ်ပေါ့..

    ဝါသနာပါသူတွေ.. ဆွေးနွေးစေလိုကြောင်း..
    မပါသူတွေ.. ပါကြည့်စေချင်ကြောင်း… :mrgreen:
    =
    စကားအတင်းစပ်..
    စပီကာထုတ်တဲ့. Harman International ကအင်ဂျင်နီယာတယောက်နဲ့.. စကားပြောဖူးတယ်.
    သူကတော့.. အကောင်းဆုံးစပိကာဆိုတာ.. အသံကစပီကာ ကနေလာနေတယ်မထင်ရပဲ.. သဘာဝအတိုင်းအပြင်မှာကြားနေသလို..ဖြစ်ရတာတဲ့..
    ဗဟုသုတအတွက်ပါ..။

  • သမိန်ဂီ့

    April 19, 2012 at 7:11 am


    ကိုဖုန်းကျော်တို့.ကိုဂီ..တို့..
    မိုက်ကယ်ဂျော်နီအောင်ပုတို့.သိပ်သဘောကျတာ.

    အောင်မယ်ငီး
    ကြက်သီးထထှာအေ…

    အကြောင်းအရာပိုင်းကိုတော့ ..
    နောက်မှ …ပြန်လာခဲ့ပါ့မယ်…

    ခင်တဲ့
    ဂီ

  • water-melon

    April 19, 2012 at 7:36 am

    Beats By Dr.Dre ဝယ်ဖို့
    ပိုက်ပိုက်စုအုန်းမယ်
    ဟဲ့လူကြီး ဝယ်မယ်ဆို မှာပေးနော်
    ပိုက်ဆံတော့ လုမပေးနဲ့ သူကြီးတူမ ကျွန်တော်ချစ်ချစ်နဲ့ တိုင်ပြောမှာ :mrgreen:

    • ဗိုက်ကလေး

      April 19, 2012 at 11:38 am

      ဘာကွ
      👿

    • ဗိုက်ကလေး

      April 19, 2012 at 11:47 am

      ထီပေါက်ရင် တစ်ခုလောက်မှာဦးမှပဲ..
      စကားမစပ်..
      အူးလေး..အူးလေး..
      အဲဒီဟတ်ဖုန်းဆိုတာ လေဒီယိုနဲ ့ နားထောင်ရင်ကော ရှယ်ဘိထ် ထွက်လားခင်ည

      • Ever Golli

        April 19, 2012 at 1:47 pm

        ကိုဗိုက်ကလေး..ပြောမှပဲ..စမ်းကြည့်အုံးမယ်.ဦးဦးတွံတေးတိန်တိန်ရဲ့.
        အပြောမတည်သလောက်..ဟောဒီပိတောက်တွေ..တွေ့ရင်..မောင်ကြီး
        စိတ်မှာ.မြင်ယောင်လာတယ်..ဒီဇတ်လမ်းမှာကွယ်..
        ကိုယ်ရယ်မင်းရယ်.မိုးဟေကိုလေး..ရယ်..သီချင်းနားထောင်ပီးစမ်းကြည့်
        အုံးမယ်..ပီးရင်.ပြောမယ်..ဂွတ်မဂွတ်.. 😉

    • Ever Golli

      April 19, 2012 at 1:13 pm

      ဖရဲလေး..အတွက်ဆို..အမေဇုံတင်မဟုတ်ဘူး..အဖေဇုံ..
      ယောက်ခမဇုံ..ယောက်ခထီးဇုံကပါ..မှာပေးမယ်..
      အဟေးဟေးးး 😀

  • FattyCat

    April 19, 2012 at 11:25 am

    ကျွမ်းကျင်သူမို့ တစ်ခုမေးချင်ပါတယ်…
    အဲဒီတံဆိပ်မှာ Bluetooth နဲ့ချိတ်ပြီး ဖုန်းဖြေလို့ရတဲ့ မော်ဒယ်ရှိပါသလား၊ iPhone 4 နဲ့သုံးချင်လို့ပါ…
    နောက်တစ်ခုက သိပ်ပြီးတော့ ပြူးပြဲမနေပဲ ခပ်သေးသေး၊ in Ear ကျတော့ စက်ဘီးစီးရင် နားထောင်ရင် ကားတိုက်နိုင်လို့ပါ…
    သိရင် ညွှန်းပေးပါနော်…

    • Ever Golli

      April 19, 2012 at 1:12 pm

      ဦးဦးFattyCat ရေ..
      အနော်ပြောတဲ့..wireless version က bluetooth နဲ့ပါဗျ..Beats ကထုတ်တဲ့
      အထဲ..အဲ့တခုပဲwireless ရှိတယ်.Solo HD နဲ့ဆင်တယ်.သေးသေးလေးတော့
      မဟုတ်ဘူး..ပြူးပြူးပြဲပြဲပါပဲ..ဦးဦးFattyCat သာတပ်ထားလိုက်ရင်..အရမ်းဂေါ်မှာ..
      ဟီးဟီး..Beats တွေအကုန်လုံးနီးပါးမှာ Control Talk Cable ပါတယ်.
      အဲ့Cableတွေက..Apple product တွေအတွက်ပါ..သီချင်းနားထောင်နေတုံး
      ဖုံးလာရင်..ပြောလို့ရတယ်..အသုံးတိုးလျှော့.ရှေ့တိုးနောက်ဆုပ်.ခဏရပ်..
      အကုန်ရပါတယ်.အနော်.Samsung Galaxy SII နဲ့စမ်းကြည့်တာတော့..
      Play and Stop ကလွဲပီး.မရပါဘူး..အခု wireless မှာလဲ.အဲ့ Features ပါပါတယ်.
      နားကျပ်ပေါ်ကခလုတ်လေးတွေ.တိန်.တိန်..ဆိုပီးနှိပ်ယုံပါပဲ…Wireless type မို့တော
      ့Battery သုံးရပါတယ်..Rechargeable USB battery ပါပါတယ်လို့ပြောပါတယ်.
      ဈေးနှုန်းကတော့..$279.95 ပါ…US site မှာပဲ..အဲ့ဒါကြေငြာထားတာ
      တွေ့ရပါတယ်..လောလောဆယ်ကတော့ out of stock လို့ပြနေတယ်.
      လိုချင်ရင်တော့..တခြား Retailer တွေမှာ..ဝယ်လို့ရပါတယ်..
      အသေးစိတ်ကြည့်ချင်ရင်တော့..
      http://beatsbydre.com/products/Products.aspx?pid=B6674&cat=1
      မှာ.သွားကြည့်ကြည့်ပါ..အနော်.အမြင်အရတော့..ဖုံးပြောဖို့သက်သက်.Bluetooth သုံးဖို့
      အတွက်.သက်သက်ဆိုရင်တော့..မဝယ်သင့်ကြောင်းပါ..
      Regards,
      PoeHarpp

  • ရဲစည်

    April 19, 2012 at 12:01 pm

    Beats ရပီးနောက်ပိုင်း..ပိုးဟပ်တယောက်….ညနေပိုင်းတွေ..အလုပ်ကနေအိမ်ပြန်လမ်းတလျှောက်.
    linkin park ရဲ့ points of authority ကိုနားထောင်ရတာ..ဘာနဲ့မှ.မလဲနိုင်အောင် ဖြစ်နေကြောင်း………. အားကျပါတယ်ဗျာ…သို့ပေမဲ့ ့ဟတ်ဆက်အပြင် ဖုန်းကောင်းကောင်း၊ ပလေယာကောင်းကောင်းလည်း ရှိမှ အဆင်ပြေမှာဆိုတော့….။ နောက်ပီး ကျွန်တော်တို့ အိမ်အပြန်လမ်းကလည်း ဘတ်စ်ကားတိုးရတာ ဆိုတော့ မလွယ်သေးပါဘူးဗျာ။

  • Ever Golli

    April 19, 2012 at 1:22 pm

    ကိုရဲစည်ရေ..
    လွန်ခဲ့တဲ့သုံးနှစ်လောက်က.ကျောပိုးအိတ်..အစုတ်လေးလွယ်.နှစ်ဆင့်ချိုင့်..
    ထမင်းဘူးလေးကိုင်..MICT ထဲ.အလုပ်သွားဖို့..၃၅ ကားကျပ်ကျပ်ကို..
    တိုးတိုးစီးနေတာ..အနော်ဗျ..တဖြေးဖြေးတော့..ဖြစ်လာမှာပါ…
    ar jar ar jar fighting 😀

  • စော်ဘွားလေး မောင်မာန်ခ

    April 19, 2012 at 2:28 pm

    အီနော်ယဲဟက်ဖုန်းကောင်းကောင်းလေးတစ်လုံးလိုချင်တယ်……
    ဒါပေမယ့်…..သေးသေးကွေးကွေးလေးနဲ့ကြိုးနှစ်ဖက်ခွလေးပဲကြိုက်တယ်…..
    ချစ်ကလေးနဲ့တူတူနားဆင်ခံစားဖို့…..ဒါပေမယ့်ဘေ့စ်အသံကောင်းကောင်းထွက်မှကြိုက်တယ်…..
    အာအန်ဘီမြူးစစ်ကောင်းကောင်းနားထောင်တတ်တယ်….တစ်ခါတစ်လေကလပ်စစ်နားထောင်တယ်…
    လင်ကင်းပါ့ခ်ရဲ့….အင်သည်အန့်ဒ်ဆိုတာလေးကိုကြိုက်တယ်……..
    အူးယေးတို့ချီမှာအဲလိုနားကြပ်မျိုးရှိလား…….နားကြပ်တေးတေးလေးနဲ့ဘေ့စ်အသံကောင်းကောင်းထွက်တာ
    မျိုး……..

    • Ever Golli

      April 19, 2012 at 8:01 pm

      ဗျိုးး..စော်ဘွားလေး..
      In-Ear type တွေက..သေးတယ်လေဗျာ..Bass အသံထွက်တွေကလဲ..
      ကောင်းမှကောင်း..Justin Bieber Beats လေးဆို..မမိုက်ဘူးလား..
      Purple လေး..စော်ဘွားလေးရော.စော်ဘွားလေးကတော်ရော.
      ကြိုက်လောက်ဒယ်.. း) အနော်လဲ.. R&B ကြိုက်ပါ့ဗျာ..ခုတလော..
      ရင်ထဲ..ညိနေတာ.. R Kelly ရဲ့ Radio Message သီချင်းရယ်..
      Jordin Sparks ရဲ့ Tattoo သီချင်းရယ်ဗျ..အလွမ်းဓတ်ခံလေးလဲ..
      ရှိလို့ထင်ပါရဲ့..နားထောင်ကြည့်အုံးဗျာ..အဲ့သာလေးတွေ..
      Regards,
      Poeharpp

  • manawphyulay

    April 19, 2012 at 2:57 pm

    ခုလို ညွှန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ နားဆေးရုံရောက်ပြီးထဲက မနောတို့ကတော့ HeadPhone လက်ဆောင်ပေးတဲ့သူရှိတာတောင် နားမထောင်ဖြစ်တော့ပါဘူး။ နားအကြား အာရုံမကောင်းတော့ ဆေးရုံသွား လူတန်းစီ ဆရာဝန်ဟောက်တာခံရနောက် ခွဲမယ် ဘာမယ်ပြောတော့ ကြောက်လန့်တကြားနဲ့ ပေးတဲ့ဆေးတွေ စွတ်သောက်နဲ့ အရမ်းစိတ်နာလို့ ခုတော့ ဘာနားကြပ်နဲ့မှ နားမထောင်ဖြစ်တော့တာ အတော်ကြာလှပါပြီရှင်…

  • MaMa

    April 23, 2012 at 7:39 am

    အမေဇုံလည်း မသိ၊ ယောက္ခမဇုံလည်း မရှိ၊ ဒီမှာတော့ တရုတ်စက် တရက်စုတ်နဲ့ပဲ မစုတ်မချင်း နှစ်ပါးသွားနေရပါကြောင်း။

  • koaung

    April 23, 2012 at 8:42 am

    နားကြပ်တွေမှာ အော်ဒီရို တက်ကနီကာကိုဘဲအကောင်းဆုံးလုဎ်ပြီးသုံးဘူးတယ် ပန်းသီးနားကြပ်လဲဈေးကောင်းသလိုအရည်အသွေးရှိတာ
    တွေ့ရတယ် နောက်တခါဝယ်မှစမ်းကြည့်ဦးမယ် ကျေးဇူးပါ ဖုံးရဲ့ အန်ဒိုရီ ဒေါင်းလုဒ်ထဲမှာတွေ့မိသား အခုမှရှင်းသွားတယ် အွန်လိုင်း
    စတူဒီယိုလဲ ဖွင့်ထားပုံရတယ်နော်

  • Onyx

    April 23, 2012 at 10:00 am

    ဒီမှာက ဘစ်ကား တိုးစီးရတာဆိုတော့ နားကြပ်ကြီးနဲ့ ဆို စပယ်ရာများပါစပ်က ပိုပိုပြဲလာလို့ ရှိနေတဲ့ ဟာတောင် နားထောင်ဖို့ ခုန်နေရာ ရမှပဲ အဆင်ပြေတာမလား ။ အဲလောက်ကြီးကြီး သာဆို အလွယ်ဘူးဗျာရေ ။ လိုချင်တာတော့ ပြောမနေနဲ့ မှာရင်သာ ပို့ပေးရမယ်နော်။

  • ko zay

    December 16, 2014 at 1:33 pm

    amazon ကဝယ်ချငါ်လို့ ဝယ်ပေးလို့ရလာခင်ဗျ ကိုပိုးဟတ်

  • manawphyulay

    December 18, 2014 at 9:06 am

    စစချင်းမှာပဲ ပွဲစားလား ဘာလားတော့တော့ မသိ ကော်မရှင်စားနဲ့တူပါတယ်။ ကြေငြာတွေဝင်နေလိုက်တာ
    မဝယ်နိုင်တာတွေ မပြောပါနဲ့ ရွာသူရွာသားတွေကို ဝယ်ပြီး လက်ဆောင်ပေးမယ်ဆို ဟုတ်တုတ်တုတ်ရှင့်….
    :mrgreen:

  • chate chate

    December 18, 2014 at 1:40 pm

    headphone တွေသုံးဖို့ အသက်အရွယ် ကန့်သန့်ချက်ရောရှိလားမသိဘူးနော် သိသလောက်တော့ မတွေ့မိလို့
    ဥပမာ- ဘယ်နှစ် နှစ်အောက် ကလေးတွေသုံးမယ်ဆိုရင် အကြားအာရုံထိခိုက်စေနိုင်သည်တို့ ဘာတို့ပေါ့လေ

Leave a Reply