အလောင်းတော် ကဿပ ၃

ဆူးApril 20, 20121min22421


ဆင် တင်ပါးတွေမှာ စာရိုက်ထားတာ မီးပူပူမှာ ဖုတ်ထားတဲ့ သံပြား ရဲရဲ နီကို ဆင်တင်ပါးကို ကပ်လိုက်တဲ့ အတွက် အပူဒဏ်ကြောင့် အနာရွတ်ဖြစ်သွားစေတာပါ။

ဆင်စီးတဲ့ အခါမှာတော့ ဓါတ်ပုံရိုက်ဖို့ မလွယ်လောက်အောင် ခါရမ်းနေလို့ ကင်မရာမကိုင်နိုင်ပဲ ဆင်ပေါ်က ပြုတ်မကျအောင် လူထိုင်တဲ့ ခြံလေးထဲက တိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရလို့.. ဓါတ်ပုံ ကောင်းကောင်း မရိုက်နိုင်ခဲ့ပါဘူး။

တောင်ခြေစခန်းမှ ဆင်စီးပြီး တောင်တက်မယ် ဆိုလျှင်တော့ ၁ယောက်ကို ၂၀၀ဝ နှုန်းဖြင့် တက်နိုင်ပြီးတော့ ဆင်တစီးမှာတော့ လူ၄ယောက် စီးခွင့်ရှိပါတယ်။ ဆင်မစီးချင်သူများ ခြေလျှင်ဖြင့်လည်း တက်နိုင်ပါသေးတယ်။ အတက်ကိုတော့ ၃ယောက်ကို ဆင်တစီးလုံး ၈၀၀ဝ ဖြင့် အပြတ်ငှားပြီး တက်ခဲ့ပါတယ်။ ဆူး သွားသည့် အချိန်သည် တပေါင်းလပြည့်နေ့ ဖြစ်သည့် အတွက် လူများ သိန်းချီ ရောက်ရှိနေကြပါပြီး ဆင် အကောင်ရေနှင့် လူဦးရေ မမျှသည့် အတွက် ဆင်စီးချင်သူများ အလုအယက် တိုးဝှေ့နေကြပါတယ်။ ဆင်တစီး အပြတ်ငှားခြင်းသည် အမြန်ဆုံး နည်းလည်းဖြစ်ပါတယ်။ တောင်တက်လမ်းကို ဆင်ဖြင့် မိနစ် ၃ဝ နီးပါး စီးခဲ့ရပြီး တောင်ပေါ်သို့ တက်သော လမ်းတစ်လျှောက် တချို့ ကျဉ်းမြောင်းသော လမ်းကလေးတွေ ဆင်နှစ်ကောင် လမ်းရှောင်သွားသော လမ်းတွင် လူများလည်း လျှောက်နေကြသည်ကို ကြည့်ပြီး အသည်းတယားယားဖြင့် ကြောက်ရွံ့မိခဲ့ပါသေးတယ်။ ဆင် ကိုယ်လုံးပေါ်မှ လူများ ထိုင်စရာ ခြင်းပုံစံ လုပ်ထားသည့် ထိုင်ခုံကြီးသည်လည်း ဆင်၏ လှုပ်ရှားမှုတိုင်း ခါရမ်းနေသည့် အတွက် ဆင်စီးရသည်မှာလည်း သက်တောင့် သက်သာ မရှိဟု သုံးသပ်မိပါတယ်။ ဆင်စီးပြီး ခရီးသွားရသည်မှာ သွားဖူးသော ခရီးစဉ်များတွင် အထူးခြားဆုံး ခရီးစဉ်ဖြစ်ပါတယ်။ စိတ်မကောင်းစရာ ကောင်းလှသည်မှာ ဆင်တိုင်းနီးပါး လိုလိုမှာ ဦးကင်းတွင် ပေါက်ပြဲ ဒဏ်ရာများစွာဖြင့် လူများကို သယ်ပိုးသွားနေရသည်ကို မြင်မိသမျှင် အတော်ပင် စိတ်မကောင်း ဖြစ်မိပါတယ်။ ပထမ ဆင်ပေါ်တက်ခါနီး ဆင်ဦးကင်းကို မြင်တဲ့ အခါ ကွမ်းသွေးတွေ ထွေးထားတာ ပေနေတယ်လို့ စိတ်ထဲမှာ ထင်ခဲ့မိခဲ့ပြီး ဆင်စီးတဲ့ အခါ ဆင်ဦးစီးမှ အကြိမ်ပေါင်းများစွာ ချွန်းနဲ့ ဆွဲလိုက်ပေါက်လိုက် လုပ်နေသည်ကို မြင်မိတဲ့ အခါ သွေးများ တစိမ့်စိမ့် ထွက်နေသော ဆင်များကို ဂရုဏာသက်မိပါတယ်။ ဆင်ဦးစီးကို အနည်းငယ် မေးကြည့်မိခဲ့ပါသေးတယ်။ ဆင်က အသက်ဘယ်လောက် ရှိပြီလဲ မေးတဲ့ အခါ ၃၃နှစ်ဖြစ်ပြီးတော့ အထီးဖြစ်ကြောင်းနှင့် အနောက်မှ ကပ်ရပ် လိုက်ပါလာသော ဆင်သည် ဆင်အမ ဖြစ်ပြီး ဆင်လင်မယား ဖြစ်သည့် အတွက် ဆင်နှစ်ကောင် တွဲပြီး ရှေ့ဆင့် နောက်ဆင့် ခိုင်းမှ အလုပ်ကောင်းကောင်း လုပ်ကြောင်း ပြောပြပါတယ်။ ဆင်သက်တမ်း သည်လည်း ၇ဝ ၈ဝ ဝန်းကျင်သာ ရှိကြောင်းလည်း ပြောပါတယ်။ လမ်းတွင်လည်း ဆင်မကြီးနှင့် ဆင်ပေါက်ကလေး တွဲပြီး လမ်းလျှောက်နေသည်ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဆင်ပေါက် ပုပုကလေးကလည်း အလွန်ပင် ချစ်စရာ ကောင်းလှပြီး ဆင်ပေါက်ထားသော ဆင်မကြီး များသည်လည်း ဆင်ကလေးများ အနားမှာ မရှိလျှင်လည်း အလုပ်မလုပ်ကြောင်း ထို့ကြောင့် ဆင်များ ယှဉ်တွဲ ခေါ်မှ ခိုင်းရကြောင်းပြောပြပါတယ်။ ဆင်များ ရိုက်နှက်နေတာ မြင်တဲ့ အခါ သက်သက်ညှာညှာ မောင်းနှင်ဖို့ ပြောတဲ့ အခါ ဆင်ကို မရိုက်ပဲ ဆင်ဦးစီး ဆင်ပေါ်မှ ဆင်းသွားပြီး ဆင်ချည်းပဲ လွတ်ပေးကာ အနောက်မှ ပါလာသော ဆင်ဦးစီးချင်း စကားပြောကာ လိုက်ပါလာကြတယ်။ ဆင်ဦးစီး အချင်းချင်း စကားလှမ်းပြောသည်ကို တစ်ချက်ကြားလိုက်မိပါတယ်။ “ငါက ဒီမနက် ၁ဝခေါက်ပြည့်အောင်ဆွဲမှာကွ” ဆိုပြီး ပြောသံလည်း ကြားမိပါသေးတယ်။ အလွန်တရာမှ ဦးနှောက် ဉာဏ်ရည်ပြည့်ဝသော ဆင်များဟု ဆိုရမလိုပင် ဖြစ်သည်။ သွားလိုရာကို လူများ ရှောင်တိမ်းကာ သွားမြဲ သွားနေကြသည်ကို ကြည့်ပြီး မရိုက်လည်း သူတို့ သွားရမဲ့လမ်း အချိန်တန် ရောက်မှာပါပဲလားဟု တွေးမိပါတယ်။ ဆင်များ အရှေ့ ကြည့်တဲ့ အခါ ဦးကင်းက အပေါက်အပြဲ နှင့် အနောက်ဘက် အမြီးအထက်နားမှာလည်း ဓါးမွှန်းရာတွေရှိနေသည်မှာလည်း ချွန်းနဲ့ ခြစ်ထားတာ ဖြစ်လိမ့်မည်ဟု ယူဆပါတယ်။ ဆင်များ တောင်တက် တောင်ဆင်း လိုက်လံ ပို့ဆောင်ခြင်းကိုတော့ မနက်မွန်းတည့် ၁၂နာရီမှာ နားရပါတယ်။ နေ့လည် ၃နာရီမှာတော့ ဆင်များ ပြန်လည် လုပ်ငန်းခွင် ဝင်ကြပြီး ခရီးသည် ပို့ဆောင်ခြင်း လုပ်ငန်းကို လုပ်ကြပါတယ်။ နေပူတဲ့ အခါ ဆင်များ အရမ်းပင်ပန်းပြီး မလုပ်နိုင်သည့် အတွက် ဆင်ဦးစီးများကို တင်းတင်းကြပ်ကြပ် တားမြစ်ထားခြင်းဖြစ်ပါသည်။ ဆင်နားချိန် ၁၂နာရီ ကျော်တဲ့ အထိ တောင်တက် တောင်ဆင်း ဆက်လက် ပြုလုပ်နေမည် ဆိုလျှင် ဒဏ်ငွေ ၇၀၀၀ဝ (ခုနစ်သောင်း) နှင့် ဆင်ဆွဲခွင့် ၂ပတ် နားရမှာ ဖြစ်တဲ့ အတွက် ဆင်ဦးစီးများ ၁၂နာရီ ကျော်လျှင်တော့ လုံးဝ မဆွဲရဲတာတွေ့ရပါတယ်။

၁၂ကျော် တဲ့ အချိန်မှာ တကောင်တလေ အတက်အဆင်းတွေကို တွေ့နေရပါတယ်။ အဲလို ဆင်မျိုးကတော့ တော်တော် ပေကပ်ကပ် နိုင်စွာနဲ့ သွားလာနေတာ လည်း တွေ့မိပါတယ်။
ဆင်နဲ့ သွားတဲ့ လမ်းမှာတော့ ချောင်းရေလေး တသွင်သွင် စီးတဲ့ နေရာကို ဖြတ်သန်းရတယ်။ ဆင်က ရေငတ်လို့ ရေသောက်ချင်ပေမဲ့ ဆင်ဦးစီးက ရေသောက်နေရင် အခေါက်ရည် မပြည့်မှာ စိုးလို့ ချွန်းနဲ့ ထိုးခုတ်နေလို့ ဆင်လည်း ရေကောင်းစွာ မသောက်နိုင်ရှာပဲ ရေကလေး စုပ်ပြီး တက်လာတာ တွေ့ရတယ်။ ဆင်လေးတွေ အရမ်းမောပန်းတဲ့ အခါ သူတို့ ကိုယ်ကို နှာမှုတ်ပြီး ရေဖြန်းပါတယ်။ အစကတော့ အရှေ့ဆင် အနောက်ဆင် အချက်ပြတယ် ထင်မိပေမဲ့ ဆင်အချက်ပြတာ မဟုတ်ပဲ မောလွန်းလို့ လုပ်တာလို့ အဲဒီ နားမှာ ကျင်လည်နေတဲ့ ဈေးသည်တွေက ပြောပြမှ တော်တော် သနားစိတ်ဝင်မိတယ်။

ထိုဒေသက ဆင်တွေလည်း ညှာညှာတာတာ ခိုင်းစေခြင်းခံရပါစေလို့ ဆုတောင်းလိုက်ပါတယ်။

21 comments

  • sugar sugar

    April 20, 2012 at 3:13 pm

    ဆူးရေ တိုက်တိုက်ဆိုင်ဆိုင် ဗျာ ၊ဒီနေ့ရုံးက အလောင်းတော်ကဿပ လိုက်ပို့မယ် တဲ့၊မေလ ၅ရက် ၊၆ရက်နေ့ သွားမယ်တဲ့ ဗျာ၊ပျော်တာ ပေါ့၊ကားငှားဖို့ စီစဉ်ပါဆိုလို့ ကားလည်းစုံစမ်းရော မိုးအရမ်းကျလို့
    သွားဖို့ပိတ်ထားတယ် ၊လုံခြုံရေးလည်းမပေးနိုင် ဘူးတဲ့။အဲဒါနဲ့ပဲ ပျက်သွားတယ်၊ဆူး တင်ပေးထားတဲ့ပုံတွေကြည့်ပြီး သွားချင်လိုက်တာ

    • ဆူး

      April 20, 2012 at 3:48 pm

      ပုံတွေ ကြည့်ပြီး စိတ်ဖြေလိုက်ပါ.. နောက်တခါ ကြုံမှ သွားပေါ့..
      အချိန်တွေ ရှိနေသေးတာပဲ။

  • aye.kk

    April 20, 2012 at 3:30 pm

    ဆူး..
    ဆင်တွေကိုသနားဂရုဏာသက်မိရပါ၏..
    သံသရာတွင်ငါသည်လည်းဆင်ဖြစ်ရပေဦးမည်ဟုစဉ်းစားခါဆင်ခြင်တုံတရား
    ထားရှိမိမည်ဆိုပါလျှင် ကိုယ်ချင်းစာ စိတ်ထားဖြစ်မိပေမည်။
    သတ္တဝါတွေ အားမြင်လျှင်
    ကိုယ်ချင်းစာတရားကြီးမားလှပါသော ဘကြီးကိုစိတ်ထဲချက်ခြင်းပြေးမြင်မိပါသည်။
    မိမိအားငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းကပင် သတ္တဝါတို ့အပေါ်သနားကြင်နာ
    စိတ်ထားရှိတတ်စေရန်သင်ကြားပေးခဲ့သောဘကြီး၏ကျေးဇူးတရားတို ့ကို
    အဖန်ဖန်ပြန်လည်၍အောင်းမေ့သတိရလွမ်းဆွတ်မိပါ၏။။

    • ဆူး

      April 20, 2012 at 3:54 pm

      ဆင်တွေ အတွက် ဂရုဏာ စိတ်ကတော့ ကြီးစွာ ဖြစ်မိခဲ့ပါတယ်။ စီးရင်းနဲ့တောင် ဆင်ပေါ်က အကြိမ်ကြိမ် ဆင်းချင်စိတ် ဖြစ်မိပါတယ်။

  • weiwei

    April 20, 2012 at 4:05 pm

    ဆင်မစီးဖူးလဲပဲ နေပါစေတော့ …
    ဆင်တွေကို သနားလို့ ဆင်မစီးချင်တော့ဘူး …

    • ဆူး

      April 20, 2012 at 4:26 pm

      ဆင်စီးရင် ဘုန်းကံ မြင့်တယ် ဆိုလား ကြားဖူးတယ်။

  • ဗိုက်ကလေး

    April 20, 2012 at 7:40 pm

    တော်တော်ကြောက်ဖို ့ကောင်းတဲ့လူတွေဗျ.
    တစ်ကိုယ်ကောင်း သိပ်ဆန်ကြတယ်..
    ကိုယ်အနေအစားချောင်ရင်ပြီးရော..လူလူချင်း အပြင် တိရစ္ဆာန်.ပါ အလွတ်မပေးဘူး..
    ခုမှမဟုတ်ဘူး.ရှေးကတဲကဗျ
    ကျွဲတို ့၊မြင်းတို ့၊နွားတို ့..ဘာကောင်ဖြစ်ဖြစ် အသုံးချလို ့ရရင် မညှာမတာ ခိုင်းချင် သုံးချင်ကြသကိုးဗျာ
    ခွေးဆိုလဲ အကောင်သေးလို ့ခိုင်းစားမရရင် လှအောင်လုပ်ပြီး ရောင်းစားတယ်..အကောင်ကြီးရင် ခြံစောင့်၊လုံခြုံရေးအဖြစ်ခိုင်းရင်ခိုင်း
    မခိုင်းရင် ရောင်းစားတယ်..
    ခိုင်းမယ်..စားမယ်..ရောင်းစားမယ်..
    မပြောကောင်း မဆိုကောင်း တိရစ္ဆာန်ဖြစ်ရင် ဘာမှသောက်သုံးမကျတဲ့ အကောင်ဖြစ်ရပါလို၏လို ့ ဆုတောင်းတယ်..
    ဘာလို ့လဲဆိုတော့
    ခင်ဗျားတို ့လူတွေက အတ္တအလွန်ကြီးကြတယ်..
    ငါ ဉာဏ်ကောင်းဖို ့၊ငါ ဗလတောင့်ဖို ့၊ငါ အသက်ရှည်ဖို ့၊ချမ်းသာဖို ့.. ငါ.ဘာဖြစ်ဖို ့ဆိုပြီး..ကျန်တာဘာဖြစ်ဖြစ် ကို်ယ်ချင်းမစာပဲ အကုန်လုပ်ချင်ကြကိုးဗျာ…
    ခင်ဗျားတို ့လူတွေနဲ ့နေရတာ ရေလည်စိတ်ပိန်တယ်ဗျာ..
    ရေလည် ဂွကျတဲ့လူတွေ

    • Gipsy

      April 20, 2012 at 8:20 pm

      လူ ဆိုတဲ့ အမျိုးအစားက ဒီလိုပဲလေ ကိုဗိုက်ကလေး…
      ခင်ဂျားကလဲ ဗိုက်ကလေးမို့လို့ ဗိုက်ကြီးမယ်ဆိုရင် ခက်ရချည်ရဲ့…
      သတ္တဝါ တွေထဲ မှာ လူက အသိဉာဏ် အရှိဆုံး မို့လား..
      ဒီတော့ ကိုဗိုက်ကလေးပြောတဲ့ မဖွယ်မရာတွေ ဖြစ်လာတယ်ဆိုတာ ပြောချင်တာပါ…
      ညီမငယ် ဆူး ရဲ့ အလောင်းတော် ကဿပ ၁ ၊ ၂ ၊ ၃ အတွက်ကျေးဇူးတင်ပါတယ်..
      သွားမယ်ဆိုရင်လဲ ခက်ခဲကြမ်းတမ်းအလှမ်းဝေးလွန်းလို့ ပါ….

    • kai

      April 21, 2012 at 12:49 am

      ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
      သုံးခါဆို..
      ပြီးရင်လုပ်ချင်တာလုပ်နိုင်ပါပြီ…
      နောက်တာနော..


      War Horse (2011) – ဆိုတဲ့..ရုပ်ရှင်ကြည့်ကြည့်ပါ..။
      စစ်အတွင်းမှာ.. မြင်းကိုဘယ်လိုလူတွေဆက်ဆံသလည်း… တွေ့ရလိမ့်မယ်…

      • ဆူး

        April 21, 2012 at 10:30 am

        စစ်အတွင်းမှာ မြင်းမပြောနဲ့ လူလူ အချင်း သုံးပန်း ဖြစ်ရင်တောင် ဘယ်လို နေမလဲ..
        စစ်ဆိုတာ ဘယ်တော့မှ ကို ကောင်းတာ မရှိဘူး။
        တဖက်နဲ့ တဖက် ဒုက္ခများစေချင်လို့ လုပ်နေကြတာ ဖြစ်တဲ့ အတွက် တဖက်က အောင်နိုင်ခြင်းသည် တဖက်၏ ရှုံးနိမ့်ခြင်းဖြစ်ပါသည်။ ၂ဖက်စလုံး အောင်နိုင်ဖို့သာ တွေးတဲ့ အတွက် ဘယ်အရာကိုမှ ညှာတာမှာ မဟုတ်ပါဘူး။

    • ဆူး

      April 21, 2012 at 10:00 am

      ဗိုက်ကလေးရေ.. တိရိစာ္ဆန်မှ မဟုတ်ပါဘူး
      လူ လူ အချင်းတောင် မညှာမတာ ခိုင်းစေမှုတွေ အများကြီး ရှိပါတယ်။
      အခု အချိန်တိုးတက်လာပြီး သတင်းအချက်အလက်တွေ မြန်ဆန်နေတဲ့ ခေတ်ကြီးထဲမှာတောင်မှ လူကုန်ကူးပြီး ရောင်းစားတာ.. လုပ်အားခ မပေးပဲ ခေါင်းပုံဖြတ်တာတွေ များစွာ ရှိနေပါတယ်ကွယ်။

      လူ ဆိုတာ အတ္တကြီးတဲ့ အမျိုးပါပဲ..
      ကိုယ်တိုင် သတိရှိပြီး အတ္တမကြီးမိဖို့ပဲ လိုပါတယ်။
      ကိုယ်ပတ်ဝန်းကျင် သတ္တိရှိပြီး အတ္တမကြီးဖို့ တိုက်တွန်းသင့်ပါတယ်။
      ဒီလိုနဲ့ ပတ်ဝန်းကျင် ခြင်း လှည့်ပတ်ချိတ်ဆက်သွားတဲ့ အခါမှာ အများနဲ့ အနည်း မှာမ အတ္တကြီးတဲ့ လူတွေ ပျောက်ကွယ်သွားမှာပါ။

  • koaung

    April 20, 2012 at 8:27 pm

    ကျနော်သာဆိုလမ်းလျှောက်ဖြစ်မှာ၁၀ဝရာခိုင်နှုန်းပဲ

    • ဆူး

      April 21, 2012 at 10:02 am

      အဲလိုမှန်း မသိခဲ့လို့ပါ။
      အခုမြင်ခဲ့ရတာ စိတ်ထဲ ဖြစ်မိတာကို မျှဝေပေးတော့ သူတို့လေးတွေ ခံစားနေရတဲ့ ဒုက္ခကို လူတွေ သိလာမယ်။ သတင်းတွေ ကျယ်ပြန့်လာတော့ သူတို့ကို ပင်ပန်းအောင် နိပ်စက်မှုတွေ လျော့ပါးသွားလေမလားလို့ ရေးလိုက်တာပါ။

  • TTNU

    April 20, 2012 at 8:44 pm

    ဆူးရေ…
    တော်တော်စုံအောင်ရေးထားတာပဲ။
    ဒီဆင်တွေမှာနာမည်လေးတွေရှိတယ်တဲ့။

    လမ်းသွားရင် သူတို့အီးပါချတာများ
    အလွန်အသံကျယ်တယ်နော်။ 😛

    • ဆူး

      April 21, 2012 at 10:03 am

      အီးပါတဲ့ အသံတော့ မကြားမိဘူး မတိုက်ဆိုင်လို့ ဖြစ်မယ်။
      လူသွားလမ်း တလျှောက်လုံး ဆင် အီးအီးတွေချည်းပါပဲ။
      ဆင်နာမည်တွေ ရှိတာတော့ သိပါတယ်။

  • pooch

    April 21, 2012 at 1:13 am

    အော်.. ဆူးပြောတာ အခုတော့ သဘောပေါက်ပြီ။ ဒီလိုဆိုရင်တော့ မစီးရက်တော့ ပါဘူး။ အတော် လေး ရက်စက်ရာ ကျပါတယ်။ လမ်းပဲ လျှောက်လိုက်ပါတော့မယ် သွားဖြစ်ရင်တောင်။

    • ဆူး

      April 21, 2012 at 10:05 am

      စိတ်ကူးလေး အလွန်ကောင်းလှပါတယ်။
      ဆင်ထိန်းတွေ အလုပ်မရှိမှာ စိုးလို့ တမင် လမ်းသေချာ မဖောက်သေးတာလားတော့ မပြောတတ်ဘူး။ လျှောက်ရင် သိပ်မဝေးလှပါဘူး။
      အဲဒီမှာ ကားလမ်းပေါက်ရင်တော့ တော်တော် အဆင်ပြေသွားမယ်။

  • ကြောင်ကြီး

    April 21, 2012 at 9:39 am

    သစ်တောကြိုးဝိုင်းတွေမှာတော့ သစ်ဆွဲဆင်တွေကို ဘိန်းကျွေးပြီး မတရားခိုင်းတယ်။ ဆင်လည်း စောစောစီးစီး ကြွတာပဲ.. ရက်စက်လိုက်တဲ့လူတွေနော်…။
    နယူးယောက် စင်န်ထရယ်ပန်းခြံလမ်း ပတ်မောင်းတဲ့ အလှစီးမြင်းလှည်းတွေရှိတယ်။ ပိုင်ရှင်တွေက မြင်းတွေကို ကောင်းကောင်းမဆက်ဆံလို့ တိရစာ္ဆန်ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားသူတွေက မြင်းလှည်းရပ်ပြီး ကမာ္ဘလှည့်ခရီးသွားဧည့်သည်တွေကိုစောင့်တဲ့ နေရာတွေမှာ ပိုစတာကိုင် ဆန္ဒပြတယ်။ မီဒီယာတွေလည်း ဝိုင်းအော်လို့ အတိုင်းအတာ တခုအထိတော့ မြင်းတွေသက်သာရာရတာ အမှန်ပဲ။ အရင်ကလို အခေါက်ရေပြည့်ဖို့ နင်းကန်ခိုင်းလို့ မရတော့ဘူး။ သူ့မြင်းလှည်းဆွဲတဲ့ မြင်းမကြီး ကိုယ်ဝန်နေ့စိလစိအထိ ခိုင်းဆွဲခဲ့သတဲ့..။ (နဲနဲတော့ ညှာခိုင်းမှာပေါ့လေ) နေ့ခင်းအိမ်ပြန်လည်းနားရော မြင်းလေးတန်းမွေးတော့တာပဲတဲ့…။ 🙁 အလောင်းတော် ကဿပတဝိုက်က ဆင်ချစ်သူတွေစုပြီး အသိပညာပေးလှုပ်ရှားမှုတွေလုပ်ရင် နဂိုကထဲကမှ သနားတတ်တတ် ခရီးသွားမြန်မာလူမျိုးတွေ ဆင်ပိုင်ရှင်၊ ဆင်ဦးစီးနဲ့ ဒေသအာဏာပိုင်တွေကို ဝိုင်းဖိအားပေးကြပါလိမ့်မယ်။ မလုပ်ခင် သက်ဆိုင်ရာတွေကိုတော့ ကြိုတင်အသိပေးထားပေါ့။ နို့မို့ရင် ချွန်းကဆင်ကို မပေါက်ဘဲ ကိုယ့်လာပေါက်နေအုံးမယ်။ နယ်က ကျနော့်အမျိုးတယောက်ပြောဖူးတာ

    • ဆူး

      April 21, 2012 at 10:07 am

      ဆင်ထိန်းတွေက တော်တော် ရက်စက်တယ်။ မလုပ်ပါနဲ့ ပြောမိလို့ ရှေ့မှာတင် မလုပ်တောပဲ အနောက်ကွယ်ရာမှာ ဆင်ပေါ်က ဆင်းပြီး ချွန်းနဲ့ ပေါက်တယ် အမြီးနားမှာ ပေါက်ပြဲနေတာပဲ.. လူကြိးတွေက လက်တို့တယ်.. နင် အဲလို ပြောလို့ သူခမျှာ ပိုနာ ရတယ်တဲ့.. စိတ်မကောင်းလိုက်တာ.. 😕

  • ရောင်ခြည်ခ

    April 21, 2012 at 11:25 am

    အရင်ကတော့ အလောင်းတော်ကဿပသွားရင် ဆင်စီးဖူးအောင် စီးမယ်လို့တွေးထားတာ၊ အခုလို ဆူးရေးပြလိုက်တော့ ဆင်စီးပြီး သွားချင်စိတ်မရှိတော့ဘူး၊ သနားလို့၊ ခြေချင်ပဲလျှောက်သွားတော့မယ်…

  • ဦးဦးပါလေရာ

    April 22, 2012 at 5:39 pm

    နေရာတကာပါတယ်ဖြစ်မှာစိုးလို့…
    ကွန်မင့်မရေးပဲနေမလားလို့…
    အခုပြန်ဖတ်မိမှတော့ မထူးတော့ပါဘူး…

    ဆင်ဆိုတာ လူထက်အစစအရာရာ အားကြီးပါတယ်။ လျှင်မြန်ပါတယ်။
    ဒါကြောင့် ဆင်တကောင်ကို ကြာရှည်ထိန်းသိမ်းခိုင်းစေဘို့ဆိုရင် (ကျွန်ပြုဘို့ဆိုရင်)
    ဆင်ကို သူ့ထက်ပိုမိုအားကြီးတဲ့အရာတခုနဲ့ အမြဲ ဖိနှိပ်ထားရပါတယ်။
    အဲဒါကတော့ အကြောက်တရားပါပဲ…။
    ဒါဆို ဆင်ထိန်းတွေ ချွန်းနဲ့ဘာလို့ပေါက်သလဲဆိုတာ နားလည်လောက်ပါပြီ။
    စာအုပ်တွေထဲက ဇတ်လမ်းတွေကို မယုံပါနဲ့။ ဆင်ကောင်ကို အမြဲ ကြင်ကြင်နာနာဆက်ဆံချင်ရင် တိရစ္ဆာန်ရုံထဲကလို ထူးခတ်ထားမှ ဖြစ်မှာပါ…။

    အေးဗျာ…
    သတ္တဝါအချင်းချင်း ခိုင်းစားကြ
    သတ်စားကြ နဲ့
    ကျုပ်တို့နေတဲ့ကမ္ဘာက ဒီလိုပါပဲ…။

Leave a Reply