ကျနော် ဆွဲဖွင့်မိသော တံခါးများ

ဒီသတင်းတွေ ကိုကျနော်အဓိကတင်နေကျ ဖိုရမ်ကတင်မလို ့ပါဘဲ…သို ့သော်..လူတိုင်းလည်း..စိတ်တခါးလေးတွေ ဖွင့်စေချင်လို ့ပင်မစာမျက်နှာကဘဲတင်လိုက်ပါတယ်။

အပေါင်းအသင်း ရောင်းရင်းများ ခင်ဗျားမောင်မောင်လှကြိုင်ပို ့တာလေးမျှဝေလိုက်ပါတယ်။

 

လေးစားခင်မင်လျှက်(ရွှေအိမ်စည်)

 

ကျနော် ဆွဲဖွင့်မိသော တံခါးများ

 

 

လျင်လှ မြင်တတ်  စောကြောတတ် ပြောတတ်လှချေလား ကိုနေဇော်နိုင်ရေ့

 

လင့်များကိုတို့ကြည့်ပါ –

 

မြန်မာနိုင်ငံကိုတကယ်ချစ်သလား၊ ကျနော်တို့တိုင်းရင်းသားတွေကို တကယ်ချစ်သလား

 

ခွဲတဲ့နေရာမှာ ထိပ်ခေါင်တင် အဓိပတိပါပဲဗျာ

 

သမိုင်းဆိုတာ လိမ်ညာ ဖျောက်ဖျက်လို့ရတာမဟုတ်ဘူးဗျ

 

  

NLD ပါတီ ( အတွင်း အပြင် ) က သတင်းပေးများ  အပိုင်း( ၁ )

by Myanmar Mediamm

အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ရဲ့ မန္တလေးပါတီဝင်အသစ်တွေမှာ – တဖက်လူ သတင်းပေး များ ဝင် လာလို ့ စီစစ်နေပါတယ်လို ့ မန္တလေး NLD ကအင်တာဗြူးသတင်းတခုမှာ ဖတ်လိုက်ရတယ် ၊ နောက် သတင်း သမားအချင်းချင်း က ပဲ မခံမရပ်နိုင်လို ့ Facebook ကနေ အန်တီအိမ်ထဲ ကို သတင်းယူသွားခါနီးမှာ SB တွေဆီကနေ  အသံဖမ်းစက်ယူ သွားပေးတာ..ပြန်အပ်ပေးတာတွေ မြင်တွေ့နေရလို့ စိတ်မချမ်းမသာဖြစ်ရတဲ့အပြင် သတင်းသမားတွေ နံမည်ပျက် မှာစိုးရိမ် မိပါတယ်လို ့ ရေးကြတာတွေ ဖတ်လိုက်မိပါတယ် ။

ခုချိန်မှာတော့ ကျနော် တို ့တွေ ပွင့်ပွင့်လင်းလင်း ဒီကိစ္စတွေ ကို လူသိရှင်ကြားပြောသင့်ပြီလို ့ထင်ပါတယ် ။ အသားထဲမှာလောက်ကောင်တွေရှိနေတာသိရဲ့နဲ့ ကြာကြာမထားသင့်တော့ပါဘူး ။ ကျနော်ပြောချင်ပါတယ် ခုချိန်မှာအသစ်ဝင်လာတဲ့ ပါတီဝင်အသစ်တွေ မှ မဟုတ်ပါဘူး ယခင် ကာလ NLD အဖွဲ ့ဝင်ဟောင်းတွေ ထဲ မှာပင် သတင်းပေးတွေ အများကြီး ရှိနေပါတယ်လို့ပြောချင်ပါတယ် ။ ထိုသူများသည်  ရွှေဂုံတိုင်တဝိုက်က လက်ဖက်ရည်ဆိုင်ကလေးများ တွင်တနေကုန် ထိုင်နေတတ်ပြီး ရုံးချုပ်ထဲ မှ ရသမျှ သတင်း များကို စုစည်းပြီးညနေပိုင်းတွင်  ထောက်လှမ်းရေးများကို သတင်းပို့ပေးရပါတယ် ။ သတင်းပေး သတင်းယူ များတွင် အသက်ကြီး သူတွေပါသလို ၊ အသက်ငယ်တွေလဲပါပါသည် ။

ကျနော်တို့ ဒါတွေကို ဘာကြောင့် သိနေသလဲဆိုရင် ကျနော် တို့ကိုသူတို့မသိကြလို့ပါပဲ။ ဆိုလိုတာက ကျနော်တို့တွေ သည် ကြီးပြင်းလာကတည်း က ထိုအနားအနီးတဝိုက်မှာပင် ကြီးပြင်းလာခဲ့ကြသည်။ လွယ်အိတ်စုတ် ၊ တုတ်ကောက် ၊ မျက်မှန်ထူထူ ၊ ပင်နီတိုက်ပုံ ခပ်နွမ်းနွမ်း နဲ ့ ရေနာလို ့ အရောင်လွင့်နေတဲ့ ကချင်လုံချည် မှိန်ဖျော့ဖျော့ တွေကို ဝတ်ပြီးနေ့စဉ်လိုလို ရုံးတက်နေကြတဲ့ NLD က နိုင်ငံရေးသမားကြီးတွေ ကျနော် တို ့ ငယ်ဘဝ မှာထဲ က မြင်တွေ ့ နေကြမြင်ကွင်းတွေပါ ။ မြင်ပါများလာရာကနေ အကြောင်းစုံပါသိလာရပါတယ်။ အရွယ်ရောက်လို ့ အလုပ်လုပ်ရတော ့ လဲ နိုင်ငံရေးသမားတွေ နဲ့ မကင်းတဲ့အလုပ်ဖြစ်နေတာကတကြောင်း ဆိုတော့ မြင်တွေ့နေရတဲ့ NLD ရုံးနားတဝိုက်မှာ NLD အမည်ခံပြီးသတင်းပေးတွေ လုပ်စားနေတာအမြင်မတော်တော့ပါဘူး ။မြို ့ထဲတွေ မှာ သွားရင်းလာရင်း တွေ ့ရင် ဒါဘယ်သူဆိုတာ သိနေပါတယ် ။ တခါကဆို ကျနော်တို့ထိုင်နေတဲ့ ဘေးက လက်ဖက်ဝိုင်းမှာ ထိုင်ရင်း သတင်းပေးတယောက် နဲ့ သတင်းယူသူတယောက်တို့ ပြောဆိုနေကြတာကိုတောင်ကြားခဲ့ရပါတယ် ။ သာမန်လူတယောက်ဆိုပါက သူတို့ ပြောနေတာကို မသိပေမယ့် ကျနော် ကျတော့သူတို့ ပြောဆိုနေတာ ကို  ၂ ခွန်း ၃ ခွန်းကြားရုံနဲ့ ပြောဆိုနေကြတဲ့အဓိပ္ပါယ်ကို သိပါတယ် ကိုယ်နဲ့လည်း ဆက်စပ်နေတာ မဟုတ်လား ။ ဒါပေမယ့် သူတို ့ ကျနော်တို ့ ကို မသိတဲ့အခါ ကြတော့ သိချင်တာမေးတဲ့ သူနဲ ့ ပြောပြနေတဲ့ သူ နဲ့ ကြားမှာ ကျနော် အဲလူတွေ ကို မှတ်ထားလိုက်ပါတယ် ။ နောက်ပိုင်းမှာ လဲ ရှောင်ပါတယ် ။

ဒဲ့ပြောဖို ့ အချိန်ဖြစ်နေလို ့ လဲ နံမည်တွေပါ တပ်ပြီးပြောပါမယ် ။ ပုဂ္ဂိုလ်ရေးထိခိုက်စေလို ့တဲ့ သဘောမပါ ပါဘူး ။ ဆူးစူးနေတာကို နှုတ်တယ်လို ့သဘောထားပေးပါ ။ ပထမဦးဆုံး ပြောမယ့် သူကတော့ ဦးအောင်မြင့် လို ့ လူသိများတဲ့ အဖိုးကြီး တယောက်ပါပဲ မြောက် ဥက္ကလာဖက်မှာနေတယ်လို့ဆိုပါတယ် ။ ရှပ်အကျီင်္ လက်တို အဝတ်များပြီး ၊ မျက်မှန်တပ်ထားပါတယ် ။ ဆံပင်ကိုသေချာသပ်ရပ်စွာဖြီးထားလေ့ ရှိပြီး လည်သာပိုက်ဆံအိတ်အနက်ရောင် တလုံးကို အမြဲ ကိုင်ထားလေ့ ရှိပါတယ် ။ သူထိုင်တတ်တဲ့ဆိုင်တွေကတော့ ယုဇန ဟိုတယ် နဲ ့ တရုတ်ဘုံကျောင်း ရှေ ့နားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်လေးမှာပါပဲ ။

နနံက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်ဆိုလျှင် အဖွဲ့ချုပ်ရုံးအနီးတဝိုက်တွင် စတင်မြင်တွေ နိုင်ပါသည် ။ ၎င်း ဦးအောင်မြင့်သည် ညနေ ၅ နာရီ ဝန်းကျင်ခန့်ဆိုလျှင် တနေကုန်စုဆောင်းထားသမျှ သတင်းများကို  သတ်မှတ်ချိန်းဆို ထားရာ နေရာများတွင်သွားရောက် ပေးရပါသည်။ ကျနော် သိသော ၎င်း တို ့ချိန်းဆိုအပေးအယူလုပ်သော နေရာများထဲမှ အချို့ကိုဖော်ပြပေးလိုက်ပါတယ် ။ ယခင် ငါးနှစ်ကျော် ခြောက်နှစ်ဝန်းကျင်ကဆိုလျှင် ပွင့်သစ်စမ်း လက်ဖက်ရည်ဆိုင်အနောက်ဖက် နှင့် ရွှေဂုံရိပ်မွန်အိမ်ယာ မြောက်ဖက် မြေကွပ်လပ်ကျယ်ထဲမှာရှိတဲ့ တထပ်တိုက် အပုလေး လေးမှာ ဖြစ်ပါတယ် ။ ထို တိုက်ပိုင်ရှင်မှာ ဗိုလ်မှုးကြီးတဦးဖြစ်သည်ဟု သိရပြီး ထိုအချိန်က  ထိုဗိုလ်မှုး၏ ညီတော်စပ်သူတဦး နေထိုင်ပါသည်။ ထိုသူမှာ ထိုအချိန်က ၂ လုံးထီ ချဲထီရောင်းခြင်း ၊ ဘောလုံးပွဲပြသခြင်း ၊ ဘောပွဲဒိုင်ကိုင်ခြင်း ၊ ဘိလိယက်ခုံဖွင့် ထားခြင်း စသည့် လောင်းကစားမျိုးစုံ လုပ်ကိုင်နေသောအိမ်ဖြစ်ပါသည်။

ညနေ ၅ နာရီ ခွဲ ဝန်းကျင်တွင် အထက်ဖော်ပြပါ ဦးအောင်မြင့် ရောက်လာပြီး ခွင့်တောင်းစရာမလိုပဲ အိမ်ထဲ မှ ကုလားထိုင်တွင် ဝင်ရောက်ထိုင်ပြီး စုဆောင်းထားသော သတင်းများကိုစီရီပါတော့သည် ။ ပြီးပြီ ဆိုပါက  စာပွဲပေါ်တွင် တင်ထားခဲ့ကာ ပြနလည်ထွက်သွားပါသည် ။  သတင်းယူသည်သူက လဲ ထိုကဲ့သို ့ပင်လာရောက်ယူဆောင်သွားပါသည် တချိန်တုန်း က စပ်စုခဲ့တာလေးကိုပြန်လည်တင်ပြခြင်း ဖြစ်ပါသည် ။

နောက်ထပ် ဦးအောင်မြင့်တို ့အချိန်းအချက်ပြုလုပ်ကြတဲ့နေရာကတော့ ဇီဝတဒါန သံဃာ့ဆေးရုံ မျက်နှာချင်းဆိုင် ရှိ ရွေဂုံတိုင် ကားမှတ်တိုင် အနီးမှာ ရှိတဲ့ လမ်းကြား တခုမှာပဲ ဖြစ်ပါသည် ။၎င်း လမ်းကြားလေးထဲမှာ ညနေ ၅ နာရီ ဝန်းကျင်မှာ ဆိုလျှင် အပေါ့သွားမလိုလို ဘာလိုလိုနှင့် ယောင် လည်လည် လုပ်နေတတ်ပါသည် ။ ထို ့နောက်ချိန်းဆို ထားသူ နဲ့ပေးစရာရှိတာပေးပြီးသည်နှင့် ပြန်လည်ထွက်ခွာ သွားတော့သည် ။ထိုသို့ ဦးအောင်မြင့်လုပ်နေသည် မှာ အချိန်ကာလ အတော်ကြာ မြင့်နေပြီဖြစ်သည်။  NLD ရုံးမှလည်း ဦးအောင်မြင့်ကို အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်သော်လည်း ရုံးထဲသို ့ဝင်ရောက်ခွင့်ကို တားမြစ်ထားခဲ့ပါသည် ။

သို့သော် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက်မီ အချိန်တွင် ပြန်လည် အတင့်ရဲလာကာ NLD ရုံးချုပ် မှ ကျင်းပသော အခန်းအနားပွဲများ ၊ ပြည်နယ်တိုင်းဆွေးနွေးပွဲများတွင် ရုံးတွင်းသို့ဝင်ရောက် သတင်းယူခြင်းများပင် ပြန်လည်ပြုလုပ်လာခဲ့သည်မှာ ယခုအချိန်ထိဖြစ်သည်ဟု ပါတီဝင်တဦးမှပြောပြချက်အရ သိ်ရပါသည် ။

ထပ်မံပြီး မိမိတို့ MyanmarMedia အဖွဲ့သားများမှ သိရှိထားသော NLD ရုံး(အတွင်း၊အပြင်)မှ သတင်း ပေး လုပ်ကိုင်နေကြများကို မကြာမီတွင် ဆက်လက် တင်ပြပေးသွားမည်ဖြစ်ပါသည် ။တင်ပြရာတွင် သတင်းပေးလုပ်ကိုင်နေသူဖြစ်ကြောင်းကို မှားယွင်းစွာဖော်ပြမိပါက ဖော်ပြခံရသူမှာ ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ များစွာ ထိခိုက်စေနိုင်သည့်အတွက်  သေချာစွာ စုံစမ်းစစ်ဆေးပြီး သတင်းပေးအဖြစ် ဆောင်ရွက်နေသူဖြစ်ကြောင်း အချက်အလက် ခိုင်မာသေချာသည့်သူများကိုသာ တင်ပြသွားမည်ဖြစ် ပါသည်။ ယခုကဲ့သို ့မိမိတို့အနေဖြင့် ဖော်ကောင် လုပ်ကြရခြင်းမှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း၊  သူ တပါးအသက်မွေးဝမ်းကြောင်း အလုပ်ကိုပျက်စီး စေရန် ရည်ရွယ်ခြင်းမျိုးလုံးဝ မရှိပါ ။ သူတပါးခန္ဓာ ကိုယ်မှဖြစ်စေ ၊ မိမိခန္ဒာကိုယ်မှဖြစ်စေ ပုပ်ပွရိရွဲပြီး လှိုက်စားနေသော အသားပုပ်များကို ဖယ်ထုတ်  နိုင်စေရန်ကြိုးစားခြင်းသာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါရစေဗျာ..။

 

ဦးသိန်းစိ​န်ခေါင်းကို​က်နေရတဲ့ ကြံ့ဖွံ့ပါ​တီ

လက်ရှိ အစိုးရသစ်ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ဖွံ့ပါတီမှ ဝန်ကြီးများနှင့် အတွင်းရေးမှူးများကြောင့် သမ္မတ ဦးသိန်းစိန်တစ်ယောက် ခေါင်းကိုက်နေရကြောင်း အစိုးရရုံးနှင့် နီးစပ်သူများထံမှ သိရပါတယ်။ Clean Government ဟု ကြွေးကြော်နေသော်ငြားလည်း လက်ရှိ အစိုးရအဖွဲ့အတွင်း ကြံ့ဖွံ့ အစိုးရဝန်ကြီးများ ဖြစ်ကြတဲ့ အမှတ် (၁) လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဇော်မင်းနဲ့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ဟောင်း မြင့်လှိုင်တို့ဟာ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်နေကြကြောင်း သိရှိရပါတယ်။

 

သူတို့နှစ်ယောက်ထက် ဆိုးတဲ့သူကတော့ ယခင်စက်မှု (၁) ဝန်ကြီးဟောင်း ယခု ကြံ့ဖွံ့ အတွင်းရေးမှူး တောင်သာ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းဟာ အဂတိ လိုက်စားမှု ကမ်းကုန်အောင် လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဦးအောင်သောင်း ပွဲစားခ သန်းနဲ့ချီပြီး ကော်မရှင်ယူဆောက်ခဲ့တဲ့ စက်မှု ၁ စက်ရုံများအနက် တဝက်လောက်က အရှုံးပေါ်နေလို့ ဝန်ကြီးဌာနနှစ်ခုပေါင်းလိုက်ရပေမဲ့ ဦးအောင်သောင်း လူလည်ကြီးကတော့ ချမ်းသာပြီးရင်း ချမ်းသာနေတယ်လို့ ပြောနေကြပါတယ်။ သမ္မတ ဦးသိန်းစိန်အား ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဝန်ကြီးတွေကို ရွေးချယ်ဖို့ စိတ်ကြိုက်ရွေးချယ်ခွင့် ပေးခဲ့ရာ ဝန်ကြီး ဦးအောင်သောင်းအား ဆက်လက် တာဝန် ပေးဖို့ မနှစ်သက်တဲ့ အတွက် ဖယ်ရှားခဲ့ခြင်း ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီမှာ သုံးဖွဲ့ကွဲလျက် ရှိနေကြောင်း သတင်းရရှိပါတယ်။ အဲဒီသုံးဖွဲ့ကတော့ ယခင်ဝန်ကြီးဟောင်း ထိုင်ခုံပျောက် လွှတ်တော်အမတ်တွေရယ်က တအုပ်စု၊ ယခင်တုန်းကလည်းဝန်ကြီး၊ ယခုလည်း ဝန်ကြီးလုပ်နေတဲ့ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်တွေက တအုပ်စု၊ အစိုးရသစ်တက်လာမှ ကြံ့ဖွံ့ပါတီကိုရောက်လာတဲ့ ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ် (ဒုဗိုလ်ချုပ်ကြီးဟောင်း)တွေက တအုပ်စုဆိုပြီး သုံးဖွဲ့ ရှိပါတယ်။ ဦးအောင်သောင်းကတော့ ဝန်ကြီးဟောင်း ထိုင်ခုံပျောက် လွှတ်တော်အမတ်တွေ အုပ်စု ဖြစ်ပါတယ်။

ဦးအောင်သောင်းတို့ အငြိမ်းစားဝန်ကြီးများက လွှတ်တော်ထဲမှာ နေရာလည်းမရ ဌာနလည်းမရှိ ဖြစ်နေတော့ ယခင်ကြံ့ခိုင်ရေးအသင်းထဲက သူတို့တပည့်တွေကို ပြန်အသုံးချပြီး ကျန်အုပ်စုနှစ်စုကို တိုက်ခိုက်နေတဲ့အတွက် ကြံ့ခိုင်ရေးပါတီအတွင်းမှာ အုပ်စုလိုုက်တိုက်ပွဲကြီးတွေ ပြင်းထန်နေကြောင်း သိရပါတယ်။ လက်ရှိကြံ့ဖွံ့အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေကို တိုင်စာပစ်စာတွေပလူပျံနေတာဟာ ဦးအောင်သောင်းလို လက်သက်မွေးထားတဲ့ ကြံ့ဖွ့ွံပါတီထဲက နေရာမရခဲ့တဲ့ အလုပ်အမှုဆောင်တွေက လုပ်တာကြောင့် ပြင်းထန်နေရတယ်လို့ သိရပါတယ်။ ပါတီထဲမှာ ဦးအောင်သောင်းကို လူလည်ကြီးလို့ခေါ်ကြကြောင်း သိရပါတယ်။ ခမီးခမက်တော်သူ ယခင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ အရှိန်အဝါကြောင့် သမ္မတကြီးကလည်း ဦးအောင်သောင်းကို နေရာပြန်ပေးရန် လိုအပ်နေတာမို့ လွှတ်တော်အတွင်း ပဋိပက္ခများကြောင့် နေရာထားပေးရန် အခက်ကြုံတွေ့ နေရပါတယ်။

ဒါကြောင့် ဦးအောင်သောင်းအား လွှတ်တော် အတွင်းမှာ ဆက်ထားမယ် ဆိုရင် ပြဿနာ ရှိလာနိုင်တာမို့ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် အဖြစ် ပြင်ပတာဝန်ပေးပြီး ပထုတ်ဖို့ စီစဉ်ရပါတော့တယ်။ လူလည်ကြီးကတော့ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ရာထူးကိုရယူပြီး စစ်တပ်ကိုပါ လွှမ်းမိုးမှုယူနေလို့ စစ်တပ်ကလည်း သူ့ကို သဘောကျ နှစ်သက်ခြင်း မရှိကြောင်း သိရပါတယ်။ ငြိမ်းချမ်းရေးကိစ္စမှာလည်း KIO နဲ့ဆွေးနွေးနေတာ အဆင်မပြေသေးသလိုဘဲ “၀” UWSA အဖွဲ့ကလည်းသူ့ကို မယုံကြည်ဘူးလို့ သိရပါတယ်။ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေကို သမ္မတက စိတ်မချလို့ KIO နဲ့ ရွှေလီ ဆွေးနွေးပွဲမှာ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်ကြည်အား ထပ်မံ ထည့်ခိုင်းရပါသေးတယ်။

ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် နောက်တစ်ဦး ဖြစ်တဲ့ ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းကို ယခင်က ဦးအောင်သောင်း လက်အောက်ထဲသို့ ထည့်သွင်းခဲ့ပေမဲ့ အစိုးရ အဖွဲ့အတွင်း တာဝန်ရှိသူများက ထိုသို့ တာဝန်ပေးရန် မသင့်တော်ကြောင်း၊ ဝေဖန်မှုကြောင့် ပြန်လည် ဆွဲထုတ်ခဲ့ရပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးရွှေမန်းနှင့် လည်းကောင်း၊ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် လည်းကောင်း၊ ကြံ့ဖွံ့ ပါတီထဲမှ ပါတီဝင်အချင်းချင်း တိုင်စာပစ်စာများ တက်ရောက်လာခဲ့တဲ့ ကိစ္စများ အပေါ် အကြေအလည် ဆွေးနွေးနေရပါတယ်။ နောက်ဆုံး ဦးရွှေမန်းက ကြံ့ဖွံ့ ပါတီဝင်များ အဂတိ လိုက်စားမှု သက်သေ ထင်ရှားတွေ့ခဲ့ရင် အရေးယူတော့မယ်လို့ ကြေညာလိုက်ရတဲ့အထိ ဖြစ်ခဲ့ရပါကြောင်း တင်ပြလိုက်ပါတယ်။

5 comments

  • htoosan

    April 20, 2012 at 9:47 am

    နောက်ဆုံး ဦးရွှေမန်းက ကြံ့ဖွံ့ ပါတီဝင်များ အဂတိ လိုက်စားမှု သက်သေ ထင်ရှားတွေ့ခဲ့ရင် အရေးယူတော့မယ်
    မှန်ခဲ့ရင် အကောင်းဆုံး နှစ်သစ်ကူးလက်ဆောင် အဖြစ်မှတ်ယူပါမည်။
    အားတော့မရှိပါ…………..

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 20, 2012 at 12:07 pm

    ဘယ်သူတွေက ဘယ်လိုအရေးယူမှာလဲ ?
    အထမြောက်အောင်မြင်မှာလား ?
    ဖြစ်ကော ဖြစ်နိုင်ပါ့မလား ?
    ဖြစ်နိုင်ချေ နည်းပါးလွန်းမယ် ထင်တယ်။

  • kai

    April 20, 2012 at 12:28 pm

    ပြည်ခိုင်ဖြိုးပါတီက.. စစ်တပ်အခြေခံထားသမို့.. တော်ရုံကွဲပြဲဖို့.. ခက်ပါတယ်..။
    ဒါပေမဲ့..
    ဒါပေမဲ့..။
    NLD ဒီလိုလမ်းကိုမလျှောက်ဖို့ အင်မတန်အရေးကြီးပါတယ်..

    ======================

    တို့ဗမာအစည်းအရုံးဘွဲ့ မဟာကဗျာလေးချိုးကြီး ဒဂုန်တာရာ

    ရွှေရတုသဘင် တို့ဗမာသခင်ပွဲမှာဖြင့်
    ငွေခရုပဉ္စင် သဘာဆင်ယင်နွှဲပါလို့
    သပြေနုလွင်လွင် ကြို့ပဏာသွင်သွင်မစဲနိုင်ဘု
    (အမယ်မင်း) ဇေယျတု ၊ဇေယျတုရယ်လို့
    မြေထု လေထု ရေထု ၊ပြေအမှုအခြေပြုရာတွင်
    တို့ကာ တို့ကာ ရွှေသမင်
    ငွေမင်ပတ္တမြားတွေနဲ့ ရဲအောင်ပ
    (အိုကွယ်) ကမ္ဘာတစ်ခွင် ၊မြန်မာထင်စေဖို့
    (သခင်လေး မောင်ရေ)
    ပျို့ကဗျာ မဟာစာလွှာတင်။

    ဪ … ဥက္ကဌ ဆရာသခင်ကိုယ်တော်မှိုင်းရယ်က
    အညာတစ်ခွင် ကမ္ဘာတစ်ခွင် ထိုထိုစိုင်းပါလို့
    တိုင်းပြည်နယ်အနှံသာပ
    ဧရာဝတီ ယန်စီ ဗော်လဂါငဲ့ပြင်
    ဂင်္ဂ ါ ယမုန်နာ ဒီပါလင်္ကာနဲ့
    ဒင်နုပြာ မဲခေါင်တစ်ဝှမ်းဆီသို့
    ငြိမ်းချမ်းရေး သံတမန်တော် အဖြစ်
    စုန်ကာ ဆန်ကာ ရေယာဉ် လေယာဉ် စီးပါလို့
    ခရီးအသက်အို အရွယ်ကြီးသော်လဲ
    တစ်ချက်ဆို တစ်ချက်မှ မညည်းဘဲ
    ခရီးအဖန်ဖန်ပ
    လှေတစ်တန် လှည်းတစ်တန် သင်္ဘောအတန်တန်နဲ့
    ဟောကာ ပြောကာ သောကာ စောဒနာငဲ့ပြင်
    လွမ်းစရာ တမ်းစရာ မှန်းစရာ ငြိမ်းစရာပေပ
    ကဗျာဓိုရ် ပရော်ဖက်ဆာ ဆရာလွန်းဟာဖြင့်
    ကိုလိုနီပညာရှင် အသိုင်းအဝန်းကို တွန်းလှန်ပိုင်းစေဖို့
    ရည်ညွန်းကာ သရော်ကာ လှောင်ကာ နှိုင်းတာက
    သူ့ကိုယ်သူ ခေါ်စရာ မစ္စတာမှိုင်းပါတဲ့လေ
    ရော် … ထိုအခါ တို့ဗမာလူငယ်တစ်စုရယ်က
    လူထုပါ ညီညာရံလို့
    ညီလာခံရေနံချောင်းတွင်မှ
    အမည်တွင်ကာ သခင်ကိုယ်တော်မှိုင်းရယ် ဟု
    ဝိုင်းရံ ၊ သိုင်းပျံ ၊စိုင်းဟန်နဲ့
    အရိုင်းမာန် လှိုင်းကျသလိုပ
    တစ်ရုံလုံးစရင်တော့ တစ်ချုံလုံးဆွဲသလိုပ
    တစ်ပြုံလုံးရွ တစ်အုံလုံးကြွကြွပြီး
    အမျိုးသားလွတ်မြောက်ရေး လှုတ်ရှားမှုမို့
    သွေးချင်းသားချင်း တိုင်းရင်းသားတို့
    ညီညွတ်အား ဒီမိုကရေစီအား ၊တော်လှန်အား
    အသွင်မခြား အထင်အရှားအမြင်သား
    အင်အားစုများရဲ့
    (နာယကကြီး သခင်ကိုယ်တော်မှိုင်းရဲ့လေ)
    ကိုယ်စားပြုပါတဲ့ ရုပ်ပုံလွှာဆင်။

    အလ်ို … သမိုင်းကို စစ်လိုက်ရင်ဖြင့်
    တို့ဗမာသခင်တွေရဲ့ အစဉ်အလာက
    ခင်စရာမင်စရာ ကြင်စရာငဲ့ပြင်
    အင်စရာ မင်စရာ ကြင်စရာငဲ့ပြင်
    အင်စရာ ဟင်စရာ ပြင်စရာတွေကလဲ မနည်းပါဘု
    ကွဲကြ ပြဲကြ ဆဲကြ ခဲကြသနဲ့
    ရဲကြ ကြဲကြ သဲကြ မဲကြတာလဲရှိ
    ခွဲကြ ချဲကြ ဆွဲကြ လွဲကြ ရှိပါသဗျ
    ဪ .. .အဖွဲ့အစည်း သဘာဝပေပနော

    ဪ .. . ပြောမည့်သာပြောရ တကယ်ကျပြန်တော့လဲ
    ယနေ့မြန်မာသမိုင်းဟာ
    သခင်တွေရဲ့ ဆိုးကောင်းသမိုင်းပါပဲ
    ထောင့်သုံးရာ အရေးတော်ပုံဆိုတာက
    တို့ဗမာနဲ့ ကျောင်းသားသမဂ္ဂတို့ ရဲ့
    စည်းလုံးကြ ညီညွတ်ကြတဲ ့အင်အားပါပဲ
    ရွှေတိဂုံရင်ပြင် ပစ္စယံအကြားမှာတော့
    ထမင်းထုပ် အတူတူစားပါတဲ့
    အလုပ်သမား ၊ လယ်သမား ၊လူငယ်ကျောင်းသားတို့
    တပ်ပေါင်းစုံပြည့်သူအားပါကလား
    ချုပ်ချယ်သူ နယ်ချဲ့သမားကိုလ
    ခြားနားတော်လှန်းမှုန်းစေဖို့
    စည်းလုံးကာ ညီညွတ်စေတဲ့
    အထွေထွေ သပိတ်များကိုတော့
    လေးစားစွာ ဂုဏ်ပြုလိုက်ပါရဲ့
    သခင်မျိုးဟေ့ တို့ဗမာ
    မီးတုတ် မီးတုတ် ရှို့ ရှို့
    သူပုန်သူပုန် ထ ထ
    အရေးတော်ပုံအောင်စေရယ်လို့
    တစ်ပြည်လုံးပဲ့တင်
    တိုင်းခွင်လုံး လွတ်လပ်ဖို့ အရေး
    ‘ တစ်ကောင်းအဘိရာဇာ ၊တို့ဗမာ သာကီမျိုးဟာမို့
    မညိုှးဂုဏ်တေဇာ ၊ယိုးဒယားနဲ့ ကုလား ကိုပါ
    တိုက်ခိုက်ကာ အောင်ခဲ့တာ ‘ ဟု အစချီသော
    တို့ဗမာ သည်သီချင်းရယ်နဲ့
    အသင်းဝင်ကောက်ကာ စခဲ့ရ
    တက္ကသိုလ် မှန်တံခါးမှ
    မိုးသက်ကယ် ဝါးကဲလား အထိသာပ
    လူတန်းစား အလွှာအလျှားကျယ်ရုံသာမက
    ပူတာအိုမှ ကော့သောင်း အဆုံး
    ရှမ်းတောင်တန်းမှ ရခိုင်ကမ်းခြေအထိ
    ကမ္ဘာမကျေ ၊ဗမာတတွေ
    ဒါတို့ ပြေ ၊ ဒါတို့မြေ ၊ ဒါ .. ငါတို့ပြေ
    တစ်ပြည်အနှံ
    ရေအဆုံးမဆံ့
    ပျံ့လေပြီ သည်သီချင်းရွယ်က
    ယနေ့တိုင် အခုအခါထိပါပဲ
    အမိဆိုတာ တို့ဗမာမာတာ တစ်မိတည်းရယ်က
    ပေါက်ဖွားလာ သား တပည့်တွေချည်းပါပဲ
    အမိဆို သဟာသားအားလုံးကိုချစ်တာပ
    လွတ်လပ်ကာ နိုင်ငံတော်သစ်ကာမှ
    ဆိုရှယ်လစ်နဲ့ ၊ ကွန်မြုနစ်တဲ့ဗျာ
    သားအချစ် မြေးအနှစ်တွေကိုဖြင့်
    ထားရစ်သူ သခင်မှိုင်းကိုလ
    တိမ်ဆိုင်းမှောင် သပြေရိပ်မှာလ
    အလွမ်းဖြေ ပြေတန်ကောင်းပါရဲ့
    (ဆရာကြီး ကြိုက်တဲ့ ) ဒေါင်းတံဆိပ်
    ဒေါင်းအတိတ်တွေနဲ့
    ဒေါင်းနိမိတ် ဒေါင်းအမြိတ်တွေ တဝေဝေပ
    ရွှေဒေါင်းတောင် ကလောင်နှင့် သ, လိုက်ချင်ပါငဲ့
    ကဗျာ့ဉာဏ် ဆရာ့ဟန် မမီနိုင်ဘု
    ကသီကရီ ၊ မပြီတပြီ မညီတညီနဲ့ရယ်ဖြင့်
    သည်ကဗျာ ဒီတစ်ခါ ရယ်စရာ မှတ်ချင်မှတ်ကြပေရော့
    မြတ်ဆရာမှိုင်း ဆန္ဒအတိုင်းပါပဲ
    (သခင်အပေါင်းတို့ရေ)
    ဖြာဖြာနေခြည်လိမ်းစေ သစေနွေး
    ဪ .. မာလာဝေစည် စိမ်းစေလှစေမွေး
    သာယာရွှေပြည် ငြိမ်းစေ မြစေအေး။ ။

    မိုးဝေ (၁၉၈၆)

  • windtalker

    April 20, 2012 at 8:05 pm

    ဦးသိန်းစိန် အရေးယူဖို ့ခက်နေတဲ့ကိစ္စ ကို ဦးရွှေမန်း က တာဝန်ယူမယ် ဆိုတာ သိရလို ့အမြန်ဆုံး ဖြစ်လာပါစေ လို ့ဆန္ဒပြုမိပါတယ် ဗျား ။

  • ကြောင်ကြီး

    April 21, 2012 at 6:20 pm

    အဘဥအောင်သောင်းဒို့ဂို သိပ်မပြောဂျပါနဲ့ဗျာ..။ သူဒို့ဂ လူဂေါင်းဂျီးဒွေဘာ..။

Leave a Reply