ညောင်လေးပင်မြို့လေးရဲ့ သင်္ကြန်ကတော့ တစ်မြို့လုံးမှာ ရန်ကုန်မန္တလေးကားလမ်းပေါ်က ဗဟိုမဏ္ဍပ်လေးတစ်ခုရယ်၊ လေးတိုင်စင်လေးနဲ့ ရေတိုင်ကီလေးတွေ တင်ပက်တဲ့ မဏ္ဍလေးတွေ တစ်ခုနှစ်ခုရယ်၊ ရပ်ကွက်လေးတွေထဲက ကိုယ့်အိမ်လေးတွေရှေ့မှာ အုန်းလက်လေးတွေနဲ့ထိုးထားတဲ့ ရေကစားမဏ္ဍပ်တွေရယ်ပဲ ရှိတာမို့ အေးအေးဆေးဆေး ရေကစားကြတာ တွေ့ရပါတယ်။

မြန်မာ့အတာသင်္ကြန်မှာ ရေကစားနေကြတာလေးတွေ ရွာထဲပြချင်တဲ့ ကျွန်တော်က အိမ်ရှေ့မှာ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကစားနေကြတာကို မှတ်တမ်းလေး ရိုက်ထားလိုက်ပါတယ်။

စက်ဘီးလေးတွေနဲ့ ရေပက်ခံ ထွက်ကြတယ်။

တစ်ချို့ကတော့ မြို့ကြီးတွေမှာ မော်တော်ယာဉ်တွေနဲ့ ရေပက်ခံ ထွက်တာကို အားကျမခံ ကိုယ့်ရွှာက ဒေသအမြန်ယာဉ်နဲ့ မြို့ပေါ်ကို ရေပက်ခံ ထွက်လာကြတာတွေလည်း တွေ့ခဲ့ရပါတယ်။

ဒေသအမြန်ယာဉ်နဲ့ မြို့ပေါ်ကို ရေပက်ခံ ထွက်လာကြတယ်။

စိန်သော့

 

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။