ဟိုနားဒီနား ခရီးသွား (ညောင်လေးပင်သို့) ၂

Diamond KeyApril 20, 20121min17311

ညောင်လေးပင်မြို့လေးရဲ့ သင်္ကြန်ကတော့ တစ်မြို့လုံးမှာ ရန်ကုန်မန္တလေးကားလမ်းပေါ်က ဗဟိုမဏ္ဍပ်လေးတစ်ခုရယ်၊ လေးတိုင်စင်လေးနဲ့ ရေတိုင်ကီလေးတွေ တင်ပက်တဲ့ မဏ္ဍလေးတွေ တစ်ခုနှစ်ခုရယ်၊ ရပ်ကွက်လေးတွေထဲက ကိုယ့်အိမ်လေးတွေရှေ့မှာ အုန်းလက်လေးတွေနဲ့ထိုးထားတဲ့ ရေကစားမဏ္ဍပ်တွေရယ်ပဲ ရှိတာမို့ အေးအေးဆေးဆေး ရေကစားကြတာ တွေ့ရပါတယ်။

မြန်မာ့အတာသင်္ကြန်မှာ ရေကစားနေကြတာလေးတွေ ရွာထဲပြချင်တဲ့ ကျွန်တော်က အိမ်ရှေ့မှာ ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ရေကစားနေကြတာကို မှတ်တမ်းလေး ရိုက်ထားလိုက်ပါတယ်။

စက်ဘီးလေးတွေနဲ့ ရေပက်ခံ ထွက်ကြတယ်။

တစ်ချို့ကတော့ မြို့ကြီးတွေမှာ မော်တော်ယာဉ်တွေနဲ့ ရေပက်ခံ ထွက်တာကို အားကျမခံ ကိုယ့်ရွှာက ဒေသအမြန်ယာဉ်နဲ့ မြို့ပေါ်ကို ရေပက်ခံ ထွက်လာကြတာတွေလည်း တွေ့ခဲ့ရပါတယ်။

ဒေသအမြန်ယာဉ်နဲ့ မြို့ပေါ်ကို ရေပက်ခံ ထွက်လာကြတယ်။

စိန်သော့

 

11 comments

  • blackchaw

    April 20, 2012 at 10:17 am

    အဲဒါ ကိုစိန်သော့ ရဲ့ ရိုက်ချက်တွေပေါ့ လို့ ပြောစရာမလိုပါဘူး။
    ဒေသအမြန်ယဉ်ဆိုတဲ့ အသုံးအနှုန်းလေးလည်း လှတယ်။
    ဓါတ်ပုံလေးကလည်း ဆန်းတယ်။
    လေ့လာသင်ယူသွားပါတယ် ဆရာသော့ရေ။

  • သမိန်ဂီ့

    April 20, 2012 at 10:53 am

    အမြန်ရိုက်ချက်တွေကို အားပေးသွားတယ်ဆြာသော့ရေ …
    အဲ့ ..အမြန်သာပြောတာ ..ရေတွေ အမျှင်တန်းနေလေတော့ …
    အလွန်မြန်တယ်လဲ ပြောမရပြန်ဘူး …
    ပုံရိပ်လည်း ပြတ်သားမယ်..ရေလည်း အမျှင်တန်းမယ်…
    သည် အစွန်း၂ဖက်ကို ပိုင်ပိုင်နိုင်နိုင်နင်းပြီး ရိုက်ပြသွားတာ ..လေးစားတယ်ဗျို့…
    သင်ယူပြီး လိုက် ရိုက်ကြည့်ချင်ရဲ့ဗျာ…

    ခင်တဲ့
    အနှေးသမား
    ဂီ

  • Lwin Aung

    April 20, 2012 at 12:46 pm

    You take a cinema picture of a real scene.

  • TTNU

    April 20, 2012 at 1:55 pm

    ကိုသော့ရေ…
    တီချာပုံ(၁)လေးယူမယ်နော်။
    ကျေးဇူးပါရှင်။

  • Mလုလင်

    April 20, 2012 at 2:34 pm

    ကျွန်တော် တော့ ဒီနှစ် သင်္ကြန် ပုံ မရဘူး ဗျာ .. မော်လမြိုင် ဘက် ရောက်နေလို့ …. ဗျို ့ …။

    • Diamond Key

      April 21, 2012 at 9:50 am

      သိပါတယ် … ဘုန်းဘုန်းဘုရား… တပည့်တော် ဘုန်းဘုန်း တောစခန်းတောင်ပေါ်က ပုံ ဖူးထားတယ် ဖရာ့ … 😀

    • Yin Nint

      April 21, 2012 at 10:05 am

      ကျနော်လည်းမော်လမြိုင်ရောက်ခဲ့တယ်ဗျို့ …

  • windtalker

    April 20, 2012 at 7:58 pm

    ညောင်လေးပင် မြို ့ရဲ ့သင်္ကြန် ဟာ လမ်းသိပ်မရှုပ်ဘဲ ၊ အေးအေးလူလူ ပျော်စရာကောင်းမယ့်ပုံဘဲ ။ နောက်တစ်ခါသွားရင် အဖော်ခေါ်ပါဗျို ့။

  • ဗိုက်ကလေး

    April 20, 2012 at 8:01 pm

    ကိုကိုကီးရဲ့ ဒေသရေပက်ခံယာဉ်ကို ခိုက်တယ်ဗျာ..ရေလည်ပဲ

  • GuRu

    April 21, 2012 at 1:20 am

    ဓတ်ပုံတွေမိုက်တယ် ။
    ဒါနဲ. …..ညောင်လေးပင်ကိုဘာလာလုပ်သတုံးဗျ ။
    ကျုပ်က ညောင်လေးပင်နယ်က၊ ဒီလိုမှန်းသိရင်စောင်.နေပါ.ဗျာ ….။
    ညောင်လေးပင်မှာစည်တာက မယ်တော်မာယာပွဲဗျ ။
    ရွှေကျင်မီးမျှောပွဲကလဲ အလွန်စည်ကားပါ.ဗျာ …ဓတ်ပုံလာရိုက်ပါလား
    ရွှေကျင်မီးမျှောပွဲရက်က တန်ဆောင်မုန်လပြည်.နေ. ။ကိုပေါက်တို.၊ရွှေမင်းသားတို.ပါခေါ်ခဲ.
    ပိုပြီးပျော်စရာကောင်းမှာ ။မီးမျှောပွဲအကြောင်း ပို.စ်သပ်သပ်တင်ဦးမယ် ။

    • Diamond Key

      April 21, 2012 at 10:01 am

      ဂယ်ကြီးလာ ရမှာလား။ ဒီနှစ် နှစ်ဆန်း ၂ ရက်နေ့က ရွှေကျင်ဘုရားကြီးရောက်ခဲ့သေးတယ်။ မီးမျောပွဲလာဖို့ စီစဉ်နေတာနော် 😛
      ရွှေကျင်မီးမျှောပွဲရက်က တန်ဆောင်မုန်လပြည်.ကျော် (၁) ရက်နေ့ ဆို။ လာဖို့ရက် စီစဉ်မှာမို့နော် :mrgreen:
      ရွေကျင်ရောက်ခဲ့တာလေး မကြာခင် ဆက်တင်မယ်ဗျို့ 😀

Leave a Reply