အလောင်းတော် ကဿပ ၅

ဆူးApril 22, 20121min34436


ဆင်ပေါ်က ဆင်းဆင်းချင်း အပေါ်မှာ ရှိတဲ့ လျောင်းတော်မူ ကိုယ်တော်ကြီး။

 

 

 

အပေါ်ကျောင်းကနေ အတွင်းကျောက်လှိုင်ဂူဆီ သွားတဲ့လမ်းကလေး ဖြစ်ပါတယ်။

 

 


ပွဲတော်ရက်ဖြစ်တဲ့ အတွက် ဘုရားဖူးတွေ အလွန်များပြားနေပါတယ်။ တယောက်သာ ဆင်းတက်လုပ်လို့ ရတဲ့ လှေကားကို ဆင်းဖို့ အတွက် တိုးနေကြတာ ဖြစ်ပါတယ်။



အပေါ်ကနေ အောက်ကို မမြင်ရပါဘူး။


ကျောက်လှိုင်ဂူ ဆီ ဆင်းတဲ့ လှေကား ဖြစ်ပါတယ်။
မိုး အခါ တောင်ကျရေ အများကြီး ကျတဲ့ အခါ ဖြုတ်သိမ်းတယ်လို့ သိရပါတယ်။

 

 


ကျောက်လှိုင်ဂူဆီ လွယ်ကူစွာ ဝင်နိုင်ရန် လမ်းခင်းထားပြီး အမိုးလည်း ရှိပါတယ်။ တောင်ကျရေက ဆက်တိုက် ကျနေလို့ ရေမစိုအောင် အမိုးအကာ လုပ်ပေးထားတာ ဖြစ်ပါတယ်။

36 comments

  • ရဲစည်

    April 22, 2012 at 3:11 pm

    ကျွန်တော်ရောက်တုန်းက မိုးတွင်းကြီးဆိုတော့ သေသေချာချာကို မဖူးဖြစ်ပါဘူး။အခုမှဘဲ ဓာတ်ပုံကြည့်၍ လေ့လာသွားပါကြောင်း… 🙂

    • ဆူး

      April 22, 2012 at 5:07 pm

      မိုးတွင်းရေ တောင်ကျချောင်းရေက ပြင်းထန်လို့ အဲဒီ နေရာဆင်းလို့ မရဘူး ပြောသံကြားတယ်။

  • kai

    April 22, 2012 at 3:14 pm

    အဲဒီနေရာတွေကို.. တိုးရစ်ဇင်ဖွံ့ဖြိုးဖို့.. သိပ်မလုပ်ကြဖူးထင်တယ်..
    ဓါတ်ပုံတွေထဲ.. နိုင်ငံခြားသားပုံမတွေ့ရလို့..

    တကယ်ဆို.. အဲလိုအနေအထားမျိုး.. အဖြူတွေသိပ်ကြိုက်တာ…. 🙂

    • Moe Z

      April 22, 2012 at 3:21 pm

      သွားကြပါတယ်သဂျီးရဲ့ ရာသီဥတုနဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့်ပါ ..
      မမဆူးသွားတဲ့ ၃ လပိုင်းဆိုရင် လမ်းတွေမှာဖုန်တွေက ခြေသလုံးတစ်ဝက်လောက်ရှိတယ်
      ကားတစ်စီးဖြတ်သွားရင် ပတ်ဝန်းကျင်ကို ၃ မိနစ်လောက်ဘာမှမမြင်ရဘူး
      အမိုးဖွင့်ကားနဲ့ဆိုရင်တော့ လူတွေလည်းမျောက်ဖြူဖြစ်ရော

      • ဆူး

        April 22, 2012 at 5:23 pm

        နိုင်ငံခြားသား သွားတာ တွေ့ခဲ့ပါတယ်။
        သွားတဲ့ တိုးတွေ ရှိတယ်လို့ ပြောလို့ ရပါတယ်။ လမ်းခရီးကတော့ မသာလှဘူး။

    • htoosan

      April 23, 2012 at 12:21 am

      မုံရွာ ကနေ တစ်ဆင့်သွားရတာ။ မုံရွာမှာ အဆင့်မီ ဟိုတယ် Win Unity တစ်လုံးဘဲရှိပြီး ဆက်ဆံရေး ကြဲတယ် ဆိုပြီး နံမည်ထွက်တယ်။ အစိုးရ ဟိုတယ် ကိုယူလုပ်နေသူကလည်း ကောင်းကောင်းမလုပ်ဘူး ။ အခန်းတွေ ညံ့တယ် ။

      • Swal Taw Ywet

        April 23, 2012 at 1:28 am

        Win Unity Hotel is owned by Tin Win Tun Company.
        It is prominent by Timber and wood industry ( same as ” Htoo ” ).

        With respect,
        Swal Taw Ywet.

      • ဆူး

        April 23, 2012 at 3:03 pm

        သူက Resort အဆင့်တောင် ဖြစ်နေပြီ။
        အခန်းတွေကတော့ မဆိုးလှပေမဲ့ ဆက်ဆံရေးတော့ မကောင်းဘူး။
        မုံရွာလို ပူတဲ့ နေရာမှာတော့ အဲကွန်းကောင်းတဲ့ သူ့ဆီမှာပဲ တည်းဖြစ်တာ များတယ်။

  • မဟာရာဇာ အံစာတုံး

    April 22, 2012 at 3:46 pm

    အောက်ကို ဆင်းရတာ အသည်းယားစရာကြီး နေမှာပဲဗျ .. နော့ ..
    ဒါ့ပုံထဲ ကြည့်ပြီး ပြောတာပါ ..
    မရောက်ဖူးတဲ့ ကျနော်တို့အတွက်တော့ ခုပုံတွေက အများကြီး ဗဟုသုတ ရစေပါတယ် ခင်ဗျာ ..
    ပုံတွေအတွက် ရှဲရှဲပါ အန်တီဆူးရေ …

    • ဆူး

      April 22, 2012 at 6:13 pm

      လူတွေ တိုးကျိတ်နေလို့ တထစ်ချင်းစီ အတွက် ခြေတဖဝါးစာ တနေရာ ရဖို့ တိုးကျိတ် တွယ်ကပ်ဆင်းရင်းနဲ့ အောက်ရောက်သွားတော့တာပါပဲ။

  • FattyCat

    April 22, 2012 at 4:17 pm

    ကျေးဇူးတင်ပါသည်…
    တစ်ခေါက်တော့အရောက်သွားဦးမည်…
    တောတောင်နှင့် သဘာဝကို တော်တော်လေးစိတ်ဝင်စားပါတယ်ဗျာ…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဆူး

      April 22, 2012 at 6:15 pm

      တစ်ခေါက်တော့ သွားသင့်ပါတယ်။

  • aye.kk

    April 22, 2012 at 5:56 pm

    ဘုရားကိုဖူးမြင်ရတာကျေးဇူးပါဆူးရေ..။
    ပုံတွေမြင်တွေ ့ရတာကိုယ်တိုင်တကယ်ရောက်နေရသလိုပါဘဲ။
    အရမ်းကိုသွားချင်လှပါတယ်။

    • ဆူး

      April 22, 2012 at 6:16 pm

      အန်တီရေ.. သွားချင်ရင်တော့ တနေ့တော့ ရောက်မှာပါ.. နောက်မှ အန်တီ ကို ဆက်သွယ်လိုက်မယ်နော်။

  • ရဲစည်

    April 22, 2012 at 6:05 pm

    တိုးတွေထဲက ငှက်ကြည့်အဖွဲ့တွေကတော့ အမြဲလာတတ်ကြပါတယ်။ BTW…မုံရွာနားက ကျောက်နဂါးလှိုဏ်ဂူရောသွားဖြစ်သေးလားဗျ။နောက် မုံရွာအထွက်ဘက်မှာ အောင်သာ ဆိုတာ ရှိသေးတယ် နာမည်ကြီးဘဲ….သဂျီးက ဓာတ်လုံးကြိုက်တယ် ဆိုလို့… 🙂

    • ဆူး

      April 22, 2012 at 6:18 pm

      ငှက်တွေကတော့ ပေါပါတယ်။
      ကားရှေ့ကဖြတ်ပျံသွားတာ တကောင်တလေ မြင်လိုက်ရင် မြို့မှာ မြင်နေကျ အရောင်မျိုး မဟုတ်တော့ တကယ်ကောင်းတဲ့ နေရာ ဇြစ်မယ် ထင်တယ်။

      သဂျီးက ဓါတ်လုံး ကြိုက်တာ မဟုတ်ဘူး ဓါတ်ပြာ ကြိုက်တာ.. အဘိုး သွားတဲ့ လမ်း သွားချင်လို့ ဆိုလား..
      ကိုယ်တိုင်ကတော့ ဓါတ်လုံးစောင့် လုပ်ချင်တာလို့ ကြားတယ်။

      • ကြောင်ကြီး

        April 22, 2012 at 7:00 pm

        သဂျီးကို သိပ်မကလိဂျဘာနဲ့… သူ့ခင်မျာ မြန်မာပြည်က ဝယ်လာဒဲ့ဓာတ်လုံး ဟုတ်နိုးနိုးနဲ့ ဖိုထိုးတယ်.. နောက်ဆုံးထူးသွားပြီပြောလို့ သွားကြည့်တာ လား… လား….ဟုတ်တယ်ဗျို့ ဓာတ်ပြားဖြစ်နေတယ်.. စိတ်မရှည်လို့ တူနဲ့ထုလိုက်တာတဲ့။ 😆

  • ဗိုက်ကလေး

    April 22, 2012 at 7:20 pm

    ဝမ်းဒေးတော့ သဂျီးပြောတဲ့ အဖြူတွေ လာကြမယ်ထင်ပါတယ်…
    သဂျီးနော်.
    ကိုယ့်အဘိုးရဲ့ ဓာတ်လုံးကို ဓာတ်ပြားဖြစ်အောင်လုပ်တယ်
    တမလွန်ကအဘိုးနော်..
    အားရီးချိတ်ချိုးဒယ်..

    • kai

      April 23, 2012 at 1:47 am

      အောင်မလေး..ရွှေတပိဿာကျော်ကုန်ပြီးမှထွက်လာတဲ့… ဓါတ်လုံး.. ကျုပ်အမွေမရပါဘူး..
      ဦးလေးကလက်စွတ်မှာတပ်ပြီး ယူထားတယ်..။

      ပြောရရင်.. အင်းချထားတဲ့စက္ကူပြာတွေစားပြီး ဆုံးသွားရှာတဲ့.. သူငယ်ချင်းတယောက်ရဲ့ညီအကြောင်းရှိသေးတယ်..။
      သေတာတောင်.. ဓမ္မစေတီလို..ထိုင်ရက်မြုတ်ရမယ်ဆိုလို့.. ကျန်ရစ်သူမိသားစုတွေ အင်မတန်ဒုက္ခရောက်သေးတယ်..။
      ဦးခင်ညွှန့်ကိုးကွယ်တဲ့.. တိ့ကြားကြီးလက်ချက်လေ.

      ဘာပဲဖြစ်ဖြစ်.. အဲဒီဂမ္ဘီရတွေကိုအသုံးချပြီး.. အဲဒီအလောင်းတော်ကဿပလိုနေရာမျိုး.. တိုးရစ်ဇင်အတွက်လုပ်သင့်တယ်..
      အထဲမှာ..ကိုယ်တိုင် ကင့်န့်ထိုးပြီးတည်းလို့ရတဲ့.. နေရာစီစဉ်ပေးရင်.. တိုးရစ်တွေလာကြမှာ..
      ယူအက်စ်မှာ.. ရိုစေမတီနေရှင်နယ်ဖော်ရက်စ်ဆို..အဲလိုလုပ်ပေးထားတာ..

      http://www.nps.gov/yose/planyourvisit/camping.htm
      Campground Reservations

      Yosemite National Park has 13 popular campgrounds, of which up to seven are on a reservation system. From April through September, reservations are essential and even the first-come, first-served campgrounds often fill by noon from May through September.

      တည.. ၁-၂ရာလောက်တောင်းလည်း..ကပြီးပေးကြတယ်လေ..

      Cabins and Yurts Rate Schedule | Rates vary by season, see below

      Luxury Cabin (sleeps 8) $189 – $349 | Reserve
      Premium Loft Cabin (sleeps 6) $189 – $349 | Reserve
      Premium Cabin (sleeps 4) $159 – $289 | Reserve
      Deluxe Cabin (sleeps 5) $129 – $239 | Reserve
      Standard Cabin (sleeps 4) $89 – $209 | Reserve
      Basic Cabin (sleeps 4) $59 – $159 | Reserve
      Cozy Cabin (sleeps 2) $79 – $179 | Coming late Spring, 2012 | Reserve
      Yurts (sleeps 5) $49 – $159 | Reserve

      ရာသီချိန်ဆို.. ၅ရာပေးလည်း နေရာဝယ်လို့မရ..
      ဂမ္ဘီတွေပါရသွားအောင်.. ညဆို.. ဓါတ်လုံးဓါတ်ပြားတွေနဲ့.. ခြောက်ပေးလိုက်ပေါ့.. :mrgreen:

      • ဆူး

        April 23, 2012 at 9:23 am

        ပြည်ဘက်မှာ ဘိုးတော် ဘုန်းကြီး ၃ပါး ရှိတယ်။
        ထိုင်လျက်ပဲ.. ငုတ်တုတ် မှန်ကျောင်းထဲမှာ ရှိတယ်။

  • ချာလီဂဇက်ဒလဝမ်

    April 22, 2012 at 7:47 pm

    အမလေးဗျာ
    ငလျင်လှုပ်လိုက်ရင်ဖြင့် မတွေးရဲစရာပါလား
    သက်စွန့်ဆံဖြား အလောင်းတော်ကဿပ
    ဘုရားဖူး ခန်းပါလား ကွယ်ရို့ ။

  • Onyx

    April 22, 2012 at 7:55 pm

    မရောက်ဖူးတာနဲ့ အတော်ပဲ ဓါတ်ပုံတွေကြည့်ပြီူး တော့ စိတ်ကူးနဲ့ သွားလိုက်ပါကြောင်း

  • Gipsy

    April 22, 2012 at 8:24 pm

    ကိုယ်တိုင်သွား ဖူးမျှော်ရသလို ခံစားရပါတယ်…
    ညီမငယ်… အဲလေ… ဦးလေး ခေါ်တော့ တူမငယ် ပဲ ပြန်ခေါ်ရမှာ….
    တူမငယ်ဆူးရေ ..
    သာဓု .. သာဓု…သာဓု ပါ …။

    • ဆူး

      April 23, 2012 at 9:07 am

      ဟိဟိ အကိုကြီး ခေါ်ရလောင်အောင် မငယ်လှဘူးလားလို့.. ဦးလေး ခေါ်တာပါ..
      ပုံတွေတော့ ရသလောက် ရိုက်လာခဲ့ပေမဲ့ ဆင်စီးတဲ့ အခါမှာတော့ ရိုက်လို့ ရလို့ မရိုက်ခဲ့ဘူး။

  • သော်ကြီး

    April 22, 2012 at 8:42 pm

    မမဆူးရေ ကျွန်တော်သွားတာက ၂ လပိုင်း လဆန်း က ဗျ။ ကျွန်တော်သွားတော့ ဘုရားဖူးတွေက သိပ်မများ သေးဘူး။ မှန်လုံနဲ့သွားတာဆိုတော့ မှန်လုံကားတစ်စီးလုံးမှာ ခရီးသည်က အားလုံး ၂ဝ ယောက်ပဲ ပါတယ်။ကင်မရာက မယူသွားတော့ ပုံတွေကို မရလိုက်ဖူး။ဘုရားဖူးကတော့ အိန္ဒိယလူမျိုးတွေနဲ့ ရှမ်း ရှမ်း-ဗမာ ၊ ဗမာ လူမျိုးတွေများတယ်။ မေတ္တာရေ ၊ သစ္စာရေတွေ အကြောင်းကော တင်ပေးပါဗျာ။

  • သော်ကြီး

    April 22, 2012 at 8:48 pm

    မမဆူးရေ ကျွန်တော်သွားတာက ၂ လပိုင်း လဆန်း က ဗျ။ ကျွန်တော်သွားတော့ ဘုရားဖူးတွေက သိပ်မများ သေးဘူး။ မှန်လုံနဲ့သွားတာဆိုတော့ မှန်လုံကားတစ်စီးလုံးမှာ ခရီးသည်က အားလုံး ၂ဝ ယောက်ပဲ ပါတယ်။ကင်မရာက မယူသွားတော့ ပုံတွေကို မရလိုက်ဖူး။ဘုရားဖူးကတော့ အိန္ဒိယလူမျိုးတွေနဲ့ ရှမ်း ရှမ်း-ဗမာ ၊ ဗမာ လူမျိုးတွေများတယ်။ မေတ္တာရေ ၊ သစ္စာရေတွေ အကြောင်းကော တင်ပေးပါဗျာ။နောက်ပြီး ကျောက်ဆန်တွေ ဆိုတာတွေရော တင်ပေးပါဗျာ။

    • ဆူး

      April 23, 2012 at 9:11 am

      မေတ္တာရေ သစ္စာရေ အကြောင်း သိပ်မရေးချင်လို့ ချန်ထားခဲ့တာပါ။
      ရေးပြီး ဆက်မငြင်းနေရအုန်းမယ်။
      ကိုယ်တိုင်လည်း မမြင် ကိုယ်တိုင်လည်း မကြုံခဲ့တော့.. မှတ်တမ်း အထောက်အထား နာမည်တွေ ခုနစ်တွေ တွေ့ပေမဲ့ သမိုင်းလိမ်တယ် ပြောနေကြမှာစိုးလို့။

  • ငပွကြီး

    April 22, 2012 at 9:22 pm

    အဲဒီလှေကားအတက်အဆင်းနေရာမှာ တော်တော်ကိုစည်းကမ်းမရှိကြဘူးလို့တချို့ပြောကြတယ်ဗျ ရောက်တော့မရောက်ဖူးသေးဘူး …

    • ဆူး

      April 23, 2012 at 9:18 am

      စည်းကမ်းကတော့ ရှယ်ပဲ.. တယောက်ပဲ ဆင်းလို့ ရတဲ့ လမ်းကို အတက်ကော အဆင်းကော တိုးဝှေ့ပြီး အတင်းတက်ချင် အတင်းဆင်းချင်နေကြတော့တာပဲ..
      တယောက်ပဲ မျက်နှာချင်းဆိုင် တိုးပြီး ဆင်းလို့ တက်လို့ ရတာကိုတောင် တခါတလေ ၃ယောက် ရအောင် တိုးလို့ လမ်းမှာတောင် တခါ အော်ထုတ်လိုက်သေးတယ်။ သူတို့ တိုးတာနဲ့ လှေကားပေါ်က အစွန်းဘက်မှာ ရှိတဲ့ လူတွေ ပြုတ်ကျနိုင်တယ်။

  • Mလုလင်

    April 22, 2012 at 10:53 pm

    မရောက်ဖူးသေးဘူး ဗျို ့ ….. ဒါ့ပုံ တွေနဲ့ ပို့ပေးတဲ့ အတွက် ကျေးဇူးပါလို့ နော့

  • etone

    April 23, 2012 at 11:15 am

    နံပါတ်(၁) ကသွားဖတ်ပြီးမှ ကော့မန့်ပေးတော့မယ် …. ။ ဟီး 🙂

  • pooch

    April 23, 2012 at 2:15 pm

    အေးတော့ အေးမယ်ထင်တယ်နော် တောရိပ်တောင်ရိပ်ဆိုတော့ ။ မရောက်ခင် ဓာတ်ပုံနဲ့ အရင် သွားထားလိုက်ပါတယ်။

    • ဆူး

      April 23, 2012 at 3:14 pm

      အဲဒီ လှိုင်ဂူကို ဆင်းတဲ့ နေရာကတော့ တော်တော် အေးပါတယ်။ သာယာတယ်။
      လမ်းကတော့ ဖုန်ထူလို့ သိပ်သာယာတယ် ကို မထင်မိဘူး။

  • Khin Latt

    April 23, 2012 at 3:24 pm

    ဆူးရေ
    ဝင်အားပေးသွားတယ်နော်။
    တွေ့ခဲ့ရတာဝမ်းသာတယ်။ 🙂
    ချစ်တဲ့
    အရီးလတ်

    • ဆူး

      April 23, 2012 at 3:58 pm

      ဆူး လည်းတွေ့ခဲ့ရတာ အရမ်းကို ဝမ်းသာပါတယ်။

      ဒီနေ့က ခါတိုင်းထက် ပိုပြီး ဆိုးရွားစွာ အင်တာနက် ဆိုးနေတယ်။ လိုင်းမကောင်းတဲ့ နေ့မှာ ဝင်ပြီး စိတ်ရှည်ရှည် ထားပြီး အင်တာနက် ကြည့်သွားတယ်လား။

  • အလောင်းတော်ကဿပ ကျနော်အဖေတို့ကတော့ရောက်ဘူးတယ်။
    ကျနော်ကတော့ခုထိမကြုံသေးပါ.
    အတော်ဓါတ်ပုံရိုက်လို့ကောင်းတဲ့နေရာလို့ထင်မိပါတယ်။
    မသေခင်တော့ရောက်အောင်သွားလိုက်ပါအုံးမယ်။

Leave a Reply