“ရင်ကွဲဥဩဆွဲသံ”

ရွှေရည်စိမ် ပဉ္စလက်လှည့်ကွက်ထဲ

အစစ်ဆိုပြီး တပ်မက်ခဲ့သူပါ…

နိဂုံးမှာ ခါးသက်သက်လေး လမ်းခွဲတော့

ရင်ဘတ်မှာ ပျားတုပ်တာထက် ပိုနာတယ်…

မင်းရဲ့ မာယာအသွယ်သွယ်အောက်

ပုရိသ…ငါ ကုတ္တိလိင်လက်နက်ကြောင့်

ခြုံခိုတိုက်ခိုက်သမျှ လည်စင်းခံရတယ်….

ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့

နဖူးတွေ့ ဒူးတွေ့ ငါမယူတော့ဘူး ငြင်းပယ်

ဒါပေမဲ့…..မလွဲရှောင်သာ အဖြစ်

တရွေ့ရွေ့တက်လာတဲ့ ခံစားချက်က ဒဏ်ရာ

ဖြစ်တည်မှု ဝေဒနာက အနာပွား

အဟောင်းထပ် အသစ်ဘွဲ့ ကင်ပွန်းတပ်ဓားဆိုး

ရင်ဘတ်ကို လက်သရမ်း ဝင်မွှေသောအခါ

ပွင့်ထွက်လာတဲ့ နှလုံးအိမ်က မြေဇာပင်

ပိုင်းစပြတ်လွင့်စင် အနားပဲ့ အသားစ

ဟတ်တပ်ကွဲလို့ မတ်ရတ်လဲခဲ့တာ…ငါ

ဟေး……..လောကကြီး

ခင်ဗျား ပြုံးဖြီးဖြီး ရွဲ့ကြည့်မနေပါနဲ့…

အချိန်မှန်ညရဲ့ ငြီးတွားသံရှည်ကို

ခင်ဗျား….ကျောက်ချနားချိန်၌

ဥဩဆွဲသံရှည်အောက် သင်္ဘောနစ်သံ ကြားရမယ်…..။ ။

4 comments

    • စေပိုင်ထွဋ် (ပုသိမ်)

      April 21, 2012 at 7:25 pm

      တစ်ခါတည်းတော့ ရဘူး
      ဆယ်ခါလောက်

  • ရွှေအိမ်စည်

    April 21, 2012 at 7:04 pm

    အော်…နင်ဒီထဲ မှရေးသကိုး…..

    ကောင်းပါတယ်…ဖေ ့ဘုတ်မှာတော့..ငါနင့်အတွက်..Eventလုပ်ပေးထားတယ်…
    အဲ ့ဒိမှာလည်း..တစုတည်းတင်နိုင်ပါတယ်..
    ကိုဟယ်ရီ ကို…ကဗျာရေးပြီးတင်တိုင်းပို ့ပေးပေါ့….
    ကိုဟယ်ရီဆိုတာ…ခရမ်းပြာကဗျာတွေ ရေးတဲ ့ကဗျာဆရာပေါ့…
    ငါ့က..ပင်မစာမျက်နှာတော့..သိပ်တက်လေ ့မရှိပါဘူး..ဖိုရမ်ဘဲအနေများပါတယ်…

    ဒီ အဖွဲ ့လေးတော့ကြိုက်တယ်
    နိဂုံးမှာ ခါးသက်သက်လေး လမ်းခွဲတော့

    ရင်ဘတ်မှာ ပျားတုပ်တာထက် ပိုနာတယ်…

    မင်းရဲ့ မာယာအသွယ်သွယ်အောက်

    ပုရိသ…ငါ ကုတ္တိလိင်လက်နက်ကြောင့်

    ခြုံခိုတိုက်ခိုက်သမျှ လည်စင်းခံရတယ်….

    ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့

    • စေပိုင်ထွဋ် (ပုသိမ်)

      April 21, 2012 at 7:35 pm

      အေးပါ ရွှေအိမ်စည် ရ
      ငါတင်ပေါ့မယ်
      ဆိုဒ်စုံ ကြုံတိုင်း လက်ကမြင်းနေတာ ငါက
      အဟီး

Leave a Reply