ထေရဝါဒ ဗုဒ္ဓသာသနာ (မြန်မာပြည် ဆုတ်ယုတ် သည့် ပိုစ် အဆက်)

ဆူးApril 21, 20122min20653

https://myanmargazette.net/115744/arts-humanities

တွင် ရေးသားနေကြသော အချက်အလက်များတွင် တိုင်းပြည်ယဉ်ကျေးမှု နှင့် ဘာသာတရားကြောင့် ပျက်စီးရသည်ဟု ဆိုထားကြသည်။

ဖတ်တီးကတ် ရဲ့ ကွန်မန်းထဲမှ ဗုဒ္ဓဘာသာ သည် ဇစ်မြစ် မရှိပဲ ကိုးကွယ်နေသည် ဟူသော အမြင်မှား အတွက် တိကျသေချာသော အချက်အလက်များ ရှာဖွေ ရေးသားပေးခြင်း ဖြစ်ပါသည်။

ဖတ်တီးကတ် ရဲ့ ကွန်မန်း အပြင် တခြားသော ကွန်မန်းများတွင်လည်း ဒါန နဲ့ ပတ်သတ်ပြီး အငြင်းပွားမှုများ ကျမ်းအကိုးအကား အချက်အလက်များ မဟုတ်မမှန်ဟု အငြင်းပွားမှုများ အတွက် ရည်မှန်းပြီး ရေးသားသော ပိုစ်ဖြစ်ပါသည်။

 

နိုင်ငံရေးနှင့် ပတ်သတ်၍ ကျွန်ုပ် သည်လည်း ပညာရှင်မဟုတ်တော့ မည်သို့ မည်ပုံမှ ဖြေရှင်းတတ်မည် မဟုတ်ပါ။

သာသနာ စစ်မှန်ကြောင်း နှင့် သာသနာ နှင့် နိုင်ငံဆင်းရဲခြင်း မဆိုင်ကြောင်း မြန်မာနိုင်ငံ ဆုတ်ယုတ်ရ…… ပိုစ်မှာ ရေးသားခဲ့ပါသည်။

လူများ သာသနာ၏ အဆုံး အမ နဲ့ ဝေးကွာလို့သာ ထိုကဲ့သို့ ပြုမူကြကြောင်းကို ရေးသားခဲ့ပြီး ဖြစ်ပါသည်။

 

 

ဆူး says:

ဒို့ ပြည် ဒို့ မြေ ဒို့ တိုင်းပြည် လူမချမ်းသာပေမဲ့ စိတ်ဓါတ်တော့ အများကြီး သာတယ်။
အလှူဆိုရမှာ အလှူခံ ပုဂ္ဂိုလ် ထဲမှာ ခွေး ဝက် စတဲ့ တိရိစာ္ဆန်က စလို့ ဘုရား ရဟနာ္တ နဲ့ သံဃာ အထိ ပါပါတယ်။ ဘယ်ဟာကို လှူရင် ဘယ်လောက် အကျိုး ရှိမယ် ဆိုတာ ပြောပြသွားတာပဲ ရှိတယ်။
အလှူ ဆိုတာ ကိုယ်စိတ်သန်တဲ့ နေရာ လှူနေကြတာပဲ။
သေချာတာကတော့ ဒါန ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာပဲ။
တိုင်းပြည် တပြည်နဲ့ တပြည် ကူညီ ထောက်ပံ့နေတယ် ဆိုတာလည်း ဒါနပြု လှူဒါန်းတာပါပဲ။
ခွေးကလေး ကြောင်ကလေး ထမင်းကျွေး ဟင်းကျွေး တာကလည်း ဒါနပါပဲ။
ဘုရားမှာ ရွှေတွေ အိနေတာလည်း ဒါနပဲ.. ဘုရားတွေမှာ ရွှေတွေ အိ လို့ မနာလို မဖြစ်ကြနဲ့.. အသင်တို့ လှူဒါန်းခဲ့ကြတာ မဟုတ်ဘူး။
အမွေ အနှစ်ဆိုတာ ထိုက်တဲ့ သူမှ ဆက်ခံ ရယူရတာပါ။
ဘိုးဘွားတွေ တည်ထားတဲ့ ဘုရားတွေကို ဒို့ တွေ ဆက်ခံတာ.. အမွေအနှစ်ပါပဲ။
ဒီမိုကရေစီ ဆိုတာ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် အခွင့်အရေးကို အလေးထားပြီး လိုက်နာ ကျင့်သုံးရတဲ့ သဘောပါပဲ။ အနည်း နဲ့ အများဆိုရင် အများသဘော ဆန္ဒ အတိုင်း ကျင့်ကြံ နေထိုင်ရမယ်။
ကိုယ့် အိမ်မှာ ကိုယ်တော့ နေချင်သလို နေလို့ ရတယ် သူများ အနှောက်အယှက် မဖြစ်ရင် နေလို့ ရတယ် မဟုတ်လား။
ဒို့တိုင်းပြည်မှာ ဒို့ တိုင်းပြည်သားတွေ နေတာ အသင်တို့ အဝေးက မနာလို မဖြစ်ကြနှင့်.. စေတနာ ကို အကြောင်းပြပြီး မှားယွင်းတဲ့ လမ်းကြောင်းတွေကို မတိုက်တွန်းနဲ့..

 

 

ဆူး says:

ကလေးငယ် တယောက် မီးသွေးခဲတွေ ကြားထဲမှာ ရှိနေတဲ့ ပုံကလေးက အသက်မပြည့်သေးတဲ့ ကလေးငယ် လုပ်ငန်းခွင် ဝင်နေကြတဲ့ သဘောပါပဲ။

ဆင်းရဲခြင်းက ပထမ အချက်ပဲ ဖြစ်လိမ့်မယ်။
ဆင်းရဲ့ခြင်း အပြင် ပညာ ကောင်းစွာ သင်ကြားခွင့် မရှိခြင်းပါပဲ။
ဒီအရွယ် ပညာသင်ပေးဖို့ မိဘက တိုက်တွန်းသင့်တယ်။ အခွင့်အရေးပေးသင့်တယ်။
ကျောင်းစရိတ်မတတ်နိုင်လို့ မထားဘူး ဆိုရင်တောင် ဘက ကျောင်းတွေ ရှိပါတယ်။
ဒီလို ကျောင်းတွေမှာတောင် မထားတော့ဘူး ဆိုရင်တော့
ဒီကလေး ကိုယ်တိုင်က ပညာကို မလိုလားလို့သော်လည်းကောင်း ကလေးမိဘတွေက ပညာကို မလိုလားတော့တာ ဖြစ်လိမ့်မယ်။
မိဘတွေ ပညာကို မလိုလားဘူး ဆိုရင်တော့ သူတို့ ကိုယ်တိုင် ပညာမတတ်လို့ ဖြစ်လိမ့်မယ်။
ပညာနည်းတဲ့ မိဘက မွေးလာတဲ့ကလေး အများစုက ဒီလိုပဲ.. ပညာကို တန်ဖိုးထားတတ်အောင် ပညာတတ်တွေ နေရာ ပေးတတ်တဲ့ နိုင်ငံဆိုရင်တော့ ပညာကို သိပ်တန်ဖိုးထားလာမှာပေါ့။
အဓိက ဘာသာရေး လူမျိုးရေး မဟုတ်ဘူး။ မူဝါဒ ကြောင့် ဖြစ်တာလို့ ယုံကြည်တယ်။
သူများနိုင်ငံတွေမှာ ဘာလုပ်လုပ် လက်မှတ်လိုတယ်။ လက်မှတ် ရှိမှ သတ်မှတ်တဲ့ လစာ ရကြမယ် ဆိုတဲ့ အတိုင်းပါပဲ.. လက်မှတ် မရှိ သတ်မှတ်ချက် မရှိ တီးတိုး ဖြေရှင်းခြင်းတွေ များတဲ့ တိုင်းပြည်မှာ ပညာမလိုဘူး။ ပညာမလို လက်မှတ်မလိုမှတော့ ပညာကို အလေး မထားပဲ လတ်တလော ဖြေရှင်းနည်းကိုသာ အသုံးပြုကြတာ မမှားပါဘူး။
သူတို့ကို ပညာ ပေးတဲ့ အလုပ် အရင် လာလုပ်ကြပါ။
ဘာသာရေးကို မဖျက်စီးကြနဲ့။
ဘာသာရေး ဆိုတာ လူစိတ်ကို အစွန်းမရောက်အောင် လမ်းညွန်ထိန်းကျောင်းတဲ့ အကွပ်ပါပဲ.. အကွပ်မရှိရင် ဒီထက်ပိုဆိုးလာပါလိမ့်မယ်။

 

ဆူး says:

ပုံထဲမှာ အိမ်ဖော်မလေး အနာတရ ဖြစ်နေတဲ့ ပုံလေး အကြောင်း ဆွေးနွေးမယ်။

အိမ်ဖော် ဆိုတာ ပညာ နည်းတဲ့ လူတွေ လုပ်ကြတဲ့ အလုပ်ပါပဲ။
၁ဝတန်းလောက် အဆင့် ပညာ အရည်အချင်း ရှိတယ် ဆိုရင် အရောင်းစာရေး လုပ်ပြီး လှလှပပ နေ့စဉ် အလုပ်တက် ပါလိမ့်မယ်။

အနာတရ ဖြစ်အောင် လုပ်တဲ့ လူတွေ အနေနဲ့ ကြည့်မယ် ဆိုရင်.. ဘာ အတွက်ကြောင့် အိမ်ဖော်မလေး ကို နာကျင်ရအောင် မညှာမတာ လုပ်ရသလဲ..
ရှင်းရှင်းလေးပါ.. ဒေါသစိတ်မထိန်းနိုင်လို့ ကိုယ်ချင်းစာစိတ်မရှိလို့ပါပဲ။

ကိုယ်ချင်းစာစိတ်ရှိဖို့ မြတ်စွာ ဗုဒ္ဓ ညွန်ကြားခဲ့ပါတယ်။ ဆုံးမခဲ့ပါတယ်။
ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုတဲ့ စကား အလကား ဖြစ်သွားမှာပေါ့.. လုပ်ချင်တာ လုပ်ကြရင်။
ဒေါသစိတ်ဖြစ်ပြီး သေရင် အပါယ် ငရဲ ရောက်တတ်တယ်။ ဒေါသကြီးတာ မကောင်းဘူး ဒေါသစိတ် မဖြစ်အောင် နေကြလို့ မြတ်စွာ ဘုရား ဆုံးမခဲ့တယ်။
အဲဒီ အသေးအမွား ၂ချက်နဲ့တင် မြတ်စွာ ဗုဒ္ဓရဲ့ အဆုံးအမ နဲ့ အရမ်းကို ဝေးကွာလွန်းလှနေပါပြီ။
တရားရဲ့ အခြေခံ သဘောတရား ဖြစ်တဲ့ လောဘ ဒေါသ မောဟ မဖြစ်အောင် နေကြ ဆိုတဲ့ အဆုံးအမ ကိုတောင် သေချာ မသိ လိုက်မနာနိုင်ပဲ ဗုဒ္ဓဘာသာလို့ ခံယူနေတဲ့ မြန်မာပြည်က အရေခြုံ ဗုဒ္ဓဘာသာဝင်တွေကိုကြည့်ပြီး မြန်မာပြည် ဆုတ်ယုတ်တာ ဘာသာရေး ခံယူချက်တွေကြောင့်လို့ ဆိုလို နိုင်မလား။

 

ဆူး says:

အသက် အရွယ်နဲ့ မလိုက်အောင် ဘီယာဘူးခွံတွေ ထုနေတဲ့ အဘွားအို ပုံ အကြောင်း ဆွေးနွေးရအောင်..

အသက်အရွယ်နဲ့ မလိုက်အောင် အလုပ်လုပ်နေရတဲ့ သဘောဖြစ်နေတယ်။ ဒီအရွယ်မှာ ပုတီးစိပ် တရားထိုင် ဒါမှ မဟုတ် ဂေဟာ တခုခု မှာ အေးအေး ချမ်းချမ်း နေထိုင်ရမဲ့ အချိန် ဖြစ်နေပြီလို့ ထင်ပါတယ်။
မြန်မာပြည်မှာ စေတနာ ရှေ့ထား အခမဲ့ ဂေဟာတွေ များစွာ ရှိပါတယ်။ အဘွားအို သွားမယ် ဆို သွားလို့ ရနိုင်ပါတယ်။

အသက်ကြီးတဲ့ လူတွေမှာ အကျင့်တခု ရှိတယ်။ အလုပ်တခုခုရှာ လုပ်တတ်တယ်။ ဆူး အဖိုးဆို အသက် ၉ဝ လောက် အထိ ထင်းခွဲ တတ်တယ် လူငယ်တွေက လုပ်မှာစိုးလို့ ထင်းခွေ ဓါး ဖွက်ထားရင် သိပ်စိတ်ဆိုးတယ်။ ထားပါတော့.. လူကြီးတွေ ရဲ့ အကျင့်ဆိုးပါ..
အကောင်ဘက်က စဉ်းစားရင် အဘွားအို အဲလို အလုပ်တခုခု ရှာကြံ လုပ်တယ်လို့ ယူဆမယ်။
စားဝတ်နေရေး အတွက် မြေးတွေ ကို ကူညီတာလည်း ဖြစ်ချင် ဖြစ်မယ်။

အဘွားအို ထု နေတာ ဘီယာ ဘူးခွံတွေဆိုတော့ သေချာတာကတော့ အဲဒီ ဗူးတွေထဲက အရေတွေက သောက်ရင်မူးတယ်။ မူးအောင် သောက်ချင်တဲ့ သူတွေ ကဲချင်တဲ့ သူတွေ သောက်ပြီး ထားခဲ့တာကို ပြန်လည် အသုံးချလို့ ရအောင် လုပ်နေတဲ့ သဘောပေါ့။
ဘီယာ ဆိုတာ ၅ပါးသီလ မှာ နံပါတ် ၅ သီလ ဖြစ်တဲ့ သူရာမေရ အရက်နှင့် မူးယစ်စေသောက် အရာများကို စားသုံးခြင်းမှ ရှောင်ကျဉ်ပါ၏ ဆိုတဲ့ အချက်ပါပဲ။

သီလ မစောင့်တဲ့ လူတွေ ပစ်သွားတဲ့ အမှိုက်တွေပါ။
ဒါကို ကြည့်ခြင်းအားဖြင့် သီလ စောင့်ထိန်းသူ နည်းပါးနေပါတယ်။
ဘာသာရေးကို အရေခြုံသာ ရှိပြီး အတွင်းမှာ ပျက်စီနေပါပြီ။

မိမိ ကိုးကွယ်တဲ့ ဘာသာ သာသနာ အတွက် ကာကွယ် စောင့်ရှောက်ဖို့ အချိန်တန်ပါပြီ။
ပျက်နေတာကို ပျက်နေတယ်လို့ မမြင်ပဲ ဒီဘာသာ အသုံးမကျလို့ မကောင်းလို့ ဆိုပြီး အပစ်တင်စိတ်တွေ ပြည့်ညှက်နေပြီး ဘာသာရေးကို နိပ်ကွပ်စော်ကားတာတွေကို မြင်အောင် ကြည့်သင့်တယ်။

 

FattyCat says:

မြန်မာပြည်ဆင်းရဲရခြင်းအဓိကတရားခံဆိုတဲ့နေရာမှာ မြန်မာရိုးရာယဉ်ကျေးမှုအစဉ်အလာဆိုတာကို ဆွဲထည့်တာ ကျုပ်လက်ခံတယ်လို့ ပြောရင်ဝိုင်းဆဲကြမှာ… ဒါပေမယ့်လဲ လက်ခံတယ်လို့ပဲ ပြောရမှာဗျို့…
ဒါပေမယ့် ဗုဒ္ဓမြတ်စွာဘုရားဟောကြားထားတဲ့တရားတော်တွေနဲ့မဆိုင်သေးဘူးနော်…

ကျုပ်တို့ မြန်မာလူမျိုးယဉ်ကျေးမှုမှာ ကြီးသူကိုရိုသေပြီး၊ ကြီးသူပြောစကားကို မှားမှား၊ မှန်မှန်ခေါင်းညှိတ်မှ လူကြီးသူမတွေချစ်တဲ့ လိမ္မာတဲ့မျိုးဆက်သစ်တွေဖြစ်မယ်ဆိုတဲ့ အခြေခံနာခံမှုကိုမျိုးစေ့ချပေးလိုက်တယ်… အဲဒီအတွက် လူကြီးကို မဟုတ်မခံပြန်ပြောတဲ့လူငယ် (သို့တည်းမဟုတ်) ကလေးက မလိမ္မာဘူးဆိုတဲ့ဘွဲ့ဆိုး ရသွားပါရော… အဲဒီဆိုက်ကော်လော်ဂျီက ဘယ်အထိပါသွားလဲဆိုရင် ဝန်ထမ်းကောင်းတွေ၊ တပည့်ကောင်း၊ အားလုံးဟာ ခေါင်းညှိတ်တတ်တဲ့၊ အမိန့်နာခံတတ်တဲ့အကျင့် ဘိန်းစွဲသလိုစွဲလာပါတယ်… ခေါင်းဆောင်မှား
နေလဲ ပြန်မပြောရဲ၊ မိဘမှားနေလဲ မတွန်းလှန်ရဲနဲ့… မိသားစုအဆင့်ကနေ နိုင်ငံတော်အဆင့်အထိလဲ
ရောက်သွားရော သောက်သုံးမကျတဲ့အစိုးရလက်အောက်မှာ နှစ်ပေါင်းများစွာ သည်းခံခြင်းဆိုသော မရေရာတဲ့အကြောင်းပြချက်နဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ထိုးအပ်လိုက်ရပါတယ်… ဒါကအုပ်ချုပ်ခံ
ပြည်သူတွေဘက်က ခံစားချက်….

အုပ်ချုပ်သူတွေကျတော့ အရည်အချင်းရှိလို့ အုပ်ချုပ်သူဖြစ်လာတာလား၊ စိုင်ကော်လို့ ရွှေနန်းတော်ပေါ်
ရောက်သွားတာလားဆိုတာက ကွာခြားပြန်ရော… ကျုပ်တို့က မိဘဆိုတာရွေးချယ်လို့မရဘူး… အဲဒီလိုပဲ ကျုပ်တို့ နိုင်ငံမှာအရည်အချင်းဆိုတာထက် အခွင့်အရေးကို အမိအရဆုပ်ယူနိုင်တဲ့လူက အုပ်ချုပ်သူလဲဖြစ်
ရော သူကဘာလိုချင်ပြန်တုန်း… နာခံမှုကို ပြန်လိုချင်တယ်… ငါပြောရင်ဖြစ်ရမယ်… ငါလူကြီး၊ ငါအုပ်ချုပ် သူ… အဲဒီအတွေးမျိုး၊ အဲဒီစိတ်မျိုး ရွာထဲမှာရှိသော အရာရှိပေါက်စ၊ ကြီးငယ်၊ စီးပွားရေးလုပ်ငန်းရှင်
ပေါက်စကြီးငယ် မဖြစ်ပါဘူးလို့ ပြောပါနဲ့ ဖြစ်ကိုဖြစ်ပါတယ်… အဲဒီလိုပဲ နိုင်ငံအုပ်ချုပ်တဲ့ကုလားထိုင်မှာ ထိုင်မိတဲ့လူတစ်ယောက်ကလဲ အဲဒီမျိုးလိုချင်ပြန်ရော… အဲဒီမှာ အတင်းအဓမ္မအုပ်ချုပ်သော အစိုးရဆိုတာ
ပေါ်လာတာပဲ… ကိုယ့်ပတ်ဝန်းကျင်ကိုပြန်ကြည့် ကိုယ့်ကိုကိုယ်ပြန်ကြည့် ငယ်ငယ်တုန်းကနေ အခုအချိန် အထိ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ချချင်သလိုချခဲ့ပြီးပြီလားဆိုတာပါ…
ကျုပ်ငယ်ငယ်တုန်းက (၅)တန်းကျောင်းသားဘဝမှာ ပထမဆုံး စာမေးပွဲကျဖူးတယ်… သိပ္ပံမှာ ဓာတ်ငွေ့ထုတ်ဖော်ပုံကို ကိုယ့်မျက်စိထဲမြင်ပြီး ကိုယ့်အာဘော်အတိုင်းအပီအပြင်ရေးခဲ့လို့ ၁ဝမှတ် တစ်မှတ်မှမရဘဲ စာမေးပွဲကျခဲ့တယ်။ ဆရာမပေးတဲ့မှတ်စုထဲကအတိုင်းမဟုတ်လို့ ကျုပ်စာမေးပွဲကျတာ အဲဒါဆို နိုင်ငံတော်ရဲ့အနာဂတ် လူငယ်တွေဟာ ဘောင်တစ်ခုထဲမှာ အတင်းရိုက်ပြီးပုံစံသွင်းခံခဲ့ရလို့ မဖွံ့ဖြိုးတဲ့အသိညဏ်နဲ့ နိုင်ငံတော်ကိုတည်ဆောက်နေကြတာ ဒီနိုင်ငံတော်ကဖွံ့ဖြိုးမယ်တဲ့လား…
ဘုရားနဲ့တစ်ဂိုဏ်းထဲထားတဲ့ အာစရိယဆရာတွေဆိုတဲ့နေရာကို မကြိုးစားပဲရောက်သွားတဲ့ ဆရာဆရာမ
တွေကိုရော ကျုပ်တို့ ခင်ဗျားတို့ဒါလေးတောင်မသိပဲနဲ့များ ကျုပ်ကိုဆရာလာလုပ်နေရလားလို့ ဘယ်နှစ်ခါ
ပြောခဲ့ဖူးလဲ… ပြောခဲ့ရဲရဲ့လား…
အဲဒါဆို မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှုတချို့တစ်ဝက်က တိုင်းပြည်ဖွံ့ဖြိုးမှုကို အနှောက်အယှက်ဖြစ်စေ တယ်ဆိုရင် ကျုပ်က အမှန်ပဲလို့ ရဲရဲဝံ့ဝံ့လက်ခံမှာပဲ…

ကဲ-
တရားတော်တွေအကြောင်းကို ပြောပါ့မယ်… အရက်သမားပါးစပ်က တရားစကားထွက်တယ်လို့ပြောလဲ
ပြော… ပါးရိုက်ချင်တယ်ဆိုလဲ တစ်ထောင်ပေးစရာမလိုပဲလာရိုက်ဗျာ…
ကျုပ်တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာမှာ (၂)မျိုးရှိတယ်ဆိုတာ လူတိုင်းသိကြတယ်…
ထေရဝါရလို့ပြောတဲ့ဗုဒ္ဓဘာသာဝင်တွေ ကျုပ်တို့သိနေတဲ့အကြောင်းအရာတွေ ဘယ်လောက်မှန်လဲ ဘယ်လောက်မှားလဲ… ဘယ်သူပြောခဲ့တာလဲဆိုပြီး စူးစမ်းဖူးသလား…
ကျုပ်ကိုယ်တိုင်ကတော့ မိရိုးဖလာကနေမတက်ဘူး… ဒါပေမယ့် ဗုဒ္ဓဘုရားကို ကျုပ်သိတာရှင်းရှင်းလေ…
ဗုဒ္ဓဘုရားသည် မိမိလုပ်သောအလုပ်အတွက် မိမိတာဝန်သာဖြစ်သည်ဆိုတဲ့ ဒီမိုကရေစီကျကျဘုရားဗျ…
ဗုဒ္ဓဘာသာကို ကိုးကွယ်ပါလို့အတင်းမတိုက်တွန်းဘူး၊ သူ့ကိုလှူပါလို့မတိုက်တွန်းဘူး၊ သူ့လမ်းစဉ်ကို မလိုက်ရင် ငရဲရောက်မယ်လို့ မပြောဘူး…
လောကရဲ့ အကျိုးအပြစ်ကို ပြောပါတယ်… မိမိကိုယ်ပိုင်ညဏ်ဖြင့်ချင့်ချိန်ယုံပါလို့ပြောပါတယ်…
ဒါဟာ မြတ်စွာဘုရားရဲ့ဒီမိုကရေစီပါ…အဲဒီအတွက် လူတိုင်းသဘောထားကွဲနိုင်တယ်… ကျုပ်မီတဲ့ညဏ်နဲ့ ကြည်ညိုတဲ့ဘုရားပါ…
ဒါဆို ဘုရားကို ဘယ်သူဖျက်သလဲ…
ကျုပ်တို့သိရတဲ့ဗုဒ္ဓဘာသာဆိုတာ ရှင်အရဟံ သီဟိုဠ် (အခုသီရိလင်္ကာ)ကနေယူလာတဲ့ ဗုဒ္ဓဘာသာ တည်းဖြတ်မှုတွေ၊ ဖြည့်စွက်မှုတွေနဲ့ ဗုဒ္ဓဝင်ပါ…
အခုကျုပ်တို့သိပ်မသုံးတော့တဲ့ မြန်မာပြက္ခဒိန်နဲ့အတိအကျရေးဆွဲထားတဲ့ ဗုဒ္ဓဝင်ဟာ ပိဠိကပ်သုံးပုံရဲ့ ဘယ်ထဲမှာပါလဲ…
ဒါဆို မြတ်စွာဘုရားဘယ်နေ့မွေးလဲလို့ ကျုပ်တို့သိထားတာတွေက သီဟိုဠ်ကအဌကထာဆရာကြီးတွေ လက်ဆော့ထားတဲ့ ဘိုင်အိုဂရပ်ဖီတွေဆိုရင် ကိုယ်ကိုးကွယ်တဲ့ဘုရားရဲ့သမိုင်းကြောင်းတောင်သေချာ မသိပဲခေါင်းမဖော်တမ်းဦးချသလိုဖြစ်မနေဘူးလား…
ကျုပ်အမြင်တော့ရှင်းတယ်ဗျာ… ဒီမိုကရေစီဆန်တဲ့ဘုရားကရှင်းတယ်ဗျ… လူရယ်လို့ဖြစ်လာရင် ဒီလိုနေသင့်တယ်… မနေတာ ကိုယ့်သဘောအတင်းအကြပ်လိုက်မလုပ်ဘူး…
အဲဒီလို လိုက်လုပ်နေတာ…လူတွေ…ကျုပ်တို့လူတွေပဲ…

ကနောင်မင်းသာက ရေမြှုပ်ဗုံးစမ်းတော့ သာသနာပိုင်က မင်းတုန်းမင်းကို သတ္တဝါတွေသနားလို့ဆိုပြီး တားခိုင်းတယ်တဲ့…
မြန်မာနိုင်ငံကို အင်္ဂလိပ်လဲသိမ်းရော…သာသနာပိုင် ဘာလုပ်ပေးနိုင်လဲ… သတ္တဝါတွေသနားပါတယ်လို့ အင်္ဂလိပ်စစ်တပ်ကိုသွားပြောပေးနိုင်သေးလား…
ရှင်းရှင်းလေးပဲဗျာ…
နိုင်ငံရေးရယ်… ဘာသာရေးရယ်… မရောပါနဲ့
စီးပွားရေးရယ်… ဘာသာရေးရယ်… မရောပါနဲ့
အရက်သမားမို့ အရက်နဲ့ဥပမာပေးလိုက်ဦးမယ်…
ဝီစကီကို နွားနို့နဲ့ရောသောက်မရသလိုပဲ…ရောလို့မရဘူး…

အဲဒီတော့ နိုင်ငံရေးနဲ့ နိုင်ငံစီးပွားရေးကိုတိုးတက်အောင်လုပ်တဲ့နေရာမှာ ဘာသာရေးကိုထည့်မတွက်နဲ့
လုပ်စရာရှိတာကို ပြတ်ပြတ်သားသားရဲရဲဝံ့လုပ်ပါလို့ပဲတိုက်တွန်းချင်တယ်ဗျာ…

ခင်တဲ့-
ကြောင်ဝတုတ်

 

သီတဂူ ဆရာတော် ရဲ့ တရားတော် မှ ကောက်နုတ်ချက်….

ဘယ်အလုပ်မဆို ကိုးကားစရာ အားထားစရာ ရှိမှ ယုံစရာကောင်းပါတယ်..

ကိုးကားစရာ မရှိရင် မခိုင်မာဘူးလို့ ပြောလို့ရတယ်.

ဥပမာ- paper တစ်စောင် ရေးတဲ့အခါ references or bibliography ဆိုတာ ရှိကိုရှိရမယ်..

ဒါမှ ဒီလုပ်ရပ် ခိုင်မာတယ် လို့ ယုံကြည်လို့ ရတယ်..

ထေရဝါဒမှာ အားကိုးစရာ ကိုးကားစရာတွေ အများကြီးပဲ..

သမိုင်းကြောင်း ကြည့်မလား

ကျင့်စဉ်တွေကြည့်မလား

စည်းကမ်းတွေကြည့်မလား

အဲဒါတွေနဲ့ ပက်သက်တဲ့ အထောက်အထား တွေ ပြည့်စုံအောင် ရှိတယ်..

အခု ဗမာတွေ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာ ဟာ တကယ် ဗုဒ္ဓရဲ့ အယူဝါဒဘာဆိုတာ ဘယ်လိုသက်သေပြမလဲ..

အဲဒီ့အတွက် အဖြေရှိတယ်…

ဘယ်မှာမှ မရှိတဲ့ သင်္ဂါယနာ တင်တာ ထေရဝါဒမှာ အစဉ်အဆက်ရှိခဲ့တယ်..အဲဒါ အခိုင်အမာပဲ..

 

သင်္ဂါယနာ နေရာ ခုနှစ်
ပထမ ရာဇဂြိုဟ်ပြည် B.C 543
ဒုတိယ ဝေသာလီပြည် B.C 443
တတိယ ပါဋလိပုတ်ပြည် B.C 309
စတုတ္ထ သီဟိုဠ်ကျွန်း B.C 94
ပဉ္စမ မန္တလေး၊ မြန်မာ ကောဇာ-၁၂၂၂-၁၂၃၃
ဆဋ္ဌမ ရန်ကုန်၊ မြန်မာ ကောဇာ-၁၃၁၆

သံဃာတော် အရှင်သူမြတ်တွေ စုပေါင်းရွတ်ဆိုပြီး ထေရဝါဒကို ထိန်းသိမ်းခဲ့ကြတာ အဲလို မှတ်တမ်းတွေ
အခိုင်အမာရှိတယ်ဗျာ..သိပ်အားရစရာကောင်းတယ်..
ဗုဒ္ဓ ပရိနိဗ္ဗာန်မပြုမီ ဗုဒ္ဓရှိနေဆဲ ကာလရဲ့အယူဝါဒကို ဗုဒ္ဓဝါဒ (သို့) ဗုဒ္ဓဓမ္မ လို့ ခေါ်တယ်..
ထေရဝါဒ ဆိုတာက ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး အချိန်ကနေ စပြီး ဖြစ်ပေါ်လာတာပါ..
ဒါ ကြောင့် B.C (543) ကနေ ထေရဝါဒ ကို စပြီး ရေတွက်နိူင်ပါတယ်..
အဲဒီ့ နှစ်တွေကို သာသနာ နှစ်လို့ ခေါ်ဆိုပါတယ်..
အခုဆိုရင် သာသနာနှစ်ဟာ ၅၄၃ + ၂၀၁၂ = ၂၅၅၅ ရှိပါပြီ။

 

 

 

ရန်ကုန် ဗုဒ္ဓတက္ကသိုလ်

စာတမ်းတင်သွင်းသူ – ဦးအာလောကဓမ္မ

ပညာသင်နှစ် စတုတ္ထနှစ် (၂၀၀၉ – ၂၀၁၀)

တင်သွင်းသည့်ရက် ၁၈.၈.၂၀၁၁

မှ အစိတ်အပိုင်း အချို့ကို မှီကျမ်းကိုးကား ကူးယူဖော်ပြပါသည်။

 

ထေရဝါ ဗုဒ္ဓသာသနာတွင် သင်္ဂါယနာ ၆တန် တင်ခဲ့ပြီး ဖြစ်၍ ပထမ သင်္ဂါယနာ (ရာဇဂြိုလ်)၊ ဒုတိယ သင်္ဂါယနာ (ဝေသာလီ)၊ တတိယ သင်္ဂါယနာ (ပါဋလိပုတ်)၊ စတုတ္ထ သင်္ဂါယနာ (သီဟိုဠ်)၊ ပဉ္စမ သင်္ဂါယနာ (မန္တလေး) နှင့် ဆဌမ သင်္ဂါယနာ (ရန်ကုန်) တို့ဖြစ်ကြပါသည်။

အစသုံးခု လုံးသည် အိန္ဒိယနိုင်ငံ အတွင်းပိုင်းတွင် ဖြစ်ပြီး နောက်ပိုင်း သုံးခုမှာ အိန္ဒိယနိုင်ငံ ပြင်ပတွင် ဖြစ်သည်။ ထေရဝါဒ မဟုတ်သော ဂိုဏ်းများနှင့် အချို့သမိုင်းဆရာတို့က အိန္ဒိယပြင်ပ တွင် ပြုလုပ်ခဲ့သော သင်္ဂါယနာ သုံးခုကို အသိမှတ်ပြု ဖော်ပြခြင်း မရှိကြပေ။

သီဟိုဠ် စတုတ္ထ သင်္ဂါယနာ မတိုင်မီ အထိ ထေရဝါဒ ရဟန်းတော်များသည် ပိဋကတ်တော်များကို နှုတ်တက် အာဂုံဆောင်ကာ စောင့်ရှောက်ထိန်းသိမ်းခဲ့ကြသည်။ သီဟိုဠ်ကျွန်းတွင် ဗြဟ္မဏတိဿ သူပုန်ဘေးကြောင့် ခေတ်လည်းပျက် မိုးလည်း အကြီးအကျယ်ခေါင်ကာ ဒုမိ ္ဘက္ခန ္တရကပ်ကြီး ဆိုက်ရောက်သော အခါ ပိဋကတ်တော်များကို ခဲခဲယဉ်းယဉ်း စောင့်ရှောက်ခဲ့ရသည်။ ဆွမ်းအဟာရ မမျှတသောကြောင့် သဲထုတ်ကို ရေဆွတ်ဗိုက်အောက်ခုကာ ပိဋကတ်တော်များကို မေ့ပျောက်မသွားရအောင် သရဇ္ဈာယ်ပြန်ဆို၍ ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။

တချိန်တွင် မဟာနိဒ္ဒေသပါဠိတော်ကို နှုတ်တက်ဆောင်ထားသူ မရှိ ကွယ်ပျောက်ရတော့မည့် ပုံ ဖြစ်နေရာ ဒုဿီလ ရဟန်းတပါးထံမှ သင်ယူခဲ့ရလေသည်။ အဆိုပါ အတွေ့အကြုံများ သင်ခန်းစာကောင်းများ ရသွားကြသော ရဟန်းတော်များသည် ပိဋကတ်တော်များကို စာဖြင့် ရေးသား ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ သာသနာတော်နှစ် ၄၅ဝ (ဘီစီ – ၉၄) ခုနစ် ဝဋ္ဋဂါမဏိ မင်းလက်ထက်တွင် စတုတ္ထ သင်္ဂါယနာ တင်ရာ သီဟိုဠ်ကျွန်း ကန္ဒီမြို့ အနီး မလယဇနပုဒ် ရှိ “ အာလောက လိုဏ်ဂူ” ၌ ကျင်းပခဲ့ကြလေသည်။

ရဟနာ္တမထေရ် ၅၀ဝ တို့က ပိဋကတ်တော်များကို ပထမ ရွတ်ဆိုပြီးနောက် ပေထက်တွင် အက္ခရာ ရေးထိုးကြလေသည်။ အဆိုပါ သင်္ဂါယနာကို “ဇနပဒါ အဓိပတိ (ရွာလူကြီး)” က အကူအညီ ထောက်ပံ့ပေးခဲ့သည်။ ဤ သင်္ဂါယနာကို ထေရဝါဒ ဗုဒ္ဓဘာသာာ အတွင်း၌ စတုတ္ထ သင်္ဂါယနာ အဖြစ် ခိုင်မာစွာ လက်ခံ ထားရှိသည်။ သီဟိုဠ် သာသနာဝင် မဟာဝံသ၌ ဂါထာ နှစ်ပုဒ်မျှဖြင့် အကျဉ်းမျှသာ ပြဆိုထားလေသည်။ ဤသည်တို့မှာ မှတ်တမ်းတင်မှု ထိန်းသိမ်းမှု အားနည်းချက်ဖြစ်သည်။ အချို့သော မြန်မာ ကျမ်းများ ၌ သင်္ဂါယနာ တင်ခေါင်းဆောင်မှာ အရှင်ဓမ္မရိက္ခတ ဟုရေးသားထားသည်။ စတုတ္ထ သင်္ဂါယနာသည် ပထမဆုံး စာဖြင့် မှတ်တမ်း တင်နိုင်သောကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာတွင် အရေးကြီးဆုံး သင်္ဂါယနာ ဖြစ်ခဲ့သည်။

===============================================

သာသနာ နှစ် ၆၀ဝ (ဘီစီ ၁ရာစု) ခန့်၌ “တုရုရှက” နွယ်ဝင် “သကမင်း” တို့သည် “အာဖဂန်နစ္စတန်၊ ဗလူချီစတန်၊ ဂန္ဓာရ၊ ကသ္မီရ စသည့် အိန္ဒိယပြည် အနောက်မြောက်ပိုင်းမှ စ၍ အိနိ္ဒယပြည် အလယ်ပိုင်း မထုရာ တိုင်အောင် ဝင်ရောက် လွှမ်းမိုး အုပ်စိုးကြကုန်ရာ ယင်းမင်းဆက်ကို “သကမင်းဆက်” ဟု ၎င်း “ကုသျှနမင်းဆက်” ဟု ၎င်း ခေါ်သည်။ အဆိုပါ မင်းမှာ ရှေးခေတ် အာရိယာန်လူမျိုးများကဲ့သို့ အာရှ အလယ်ပိုင်းမှ ရွှေ့ပြောင်းလာကြသော ယေချီ ( Yuechi ) မျိုးနွယ်ဝင် ကုရှုန် (Kushan) လူမျိုးဖြစ်သည် ဟု ဆိုထားသည်။

 

“ကုရှန်မင်း” တို့တွင် ကနိသျှကမင်းသည် တန်ခိုး အကြီးဆုံး ဖြစ်၏။ သူသည် ခရစ်နှစ် (၈၁ မှ ၁၂ဝ အထိ) ပေရှဝါမြို့ ၌ စိုးစံခဲ့သည်။ သူ၏ အင်ပါယာမှာ  “ကရုဂရ – ယာကရန္ဒ၊ ခုတန်၊ ကာဗုလ်၊ ဂန္ဓရ၊ ကသိ္မရ၊ ဆင်းဒ် နှင့် ဗာရဏသီမြို့” သို့တိုင်အောင် ကျယ်ပြန့်လေ၏။ ဤမင်းသည် အရင်က ဗုဒ္ဓဘာသာဝင် မဟုတ်သော်လည်း မဟာယန ဘုန်းတော်ကြီးများ၏ တစတစ ဟောချွတ်မှုကြောင့် နောင်တွင် ဗုဒ္ဓဘာသာကို အလွန်ကြည်ညို လေးစားသည့် သာသနာ့ ဒါယကာကြီး ဖြစ်ခဲ့လေသည်။ အဆိုပါမင်း လက်ထက်၌ “အဿ၊ ဃောသ၊ နာဂဇုန၊ ဝသုမိတြ” ဟူသော မဟာယန ဗုဒ္ဓဘာသာ ကျမ်းတက် ရဟန်းများ ပေါ်ထွန်းခဲ့သည်။

 

ကနိသျှမင်းကြီးသည် အလှူဒါ အလွန်ရက်ရောပြီး သံဃာ ထောက်ပံ့ခြင်း သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်ခြင်းတို့ကြောင့် ဒုတိယ အာသောကမင်းဟု တင်စားခေါ်ဆိုခဲ့ကြသည်။ သူသည် “ပေရှဝါမြို့” ၌ စေတီကြီး တစ်ဆူကို တည်ဆောက်စေပြီး အမြဲကိုးကွယ်ဆည်းကပ်ခဲ့သည်။ ထိုစေတီသည် ထိုခေတ်၌ အလှပဆုံး အခိုင်ခံ့ဆုံး အကောင်းဆုံး ဖြစ်၍ အလွန်ကျော်စော ထင်ရှားသည်။

 

ဘင်္ဂါလီဘာသာဖြင့် ရေးသည့် ရာဇဝင်ထဲ၌ ဆိုထားသည်ကား ကနိသျှမင်းသည် (မဟာယန) ဗုဒ္ဓသာသာ ထွန်းကား ပြန်ပွားရေး ကို အမြဲ အားထုတ်ခဲ့၏ ဤမင်းလက်ထက်၌ မဟာယန ဗုဒ္ဓဘာသာ သည် တရုတ် တိဗက် နီပေါ အာသန် ဂျပန် နှင့် အရှေ့အလယ်ပိုင်း ဒေသများသို့ ပြန်ပွားသွားခဲ့ရာ ထိုတိုင်းပြည်တို့၌ ယခုတိုင် မဟာယန ဗုဒ္ဓသာသနာတော် တည်လျက်ရှိနေခြင်း ဖြစ်လေသည်။ ကနိသျှမင်းလက်ထက်၌ ရေးသားဖြန့်ချီခဲ့သည့် မဟာယန ကျမ်းစာ များကို တိဗက် နှင့် တရုတ်ပြည်၌သာ အများဆုံး အသုံးပြုလျှက် ရှိသည်။

 

ကနိသျှမင်းကြီးသည် သာသနာနှစ် ၆၅ဝ ခန့် ၌ သဗ္ဗတ္တိဝါဒ ဂိုဏ်း ၏ ပိဋကတ်တော်ကို သင်္ဂါယနာ တင်ခဲ့သည်။ ဤမင်းကြီးသည် ပိဋကတ် စာပေကို သင်ယူရာ ဂိုဏ်းကွဲ တခု ဝါဒတစ်ခုစီ ကွဲပြားနေသည်ကို တွေ့ရသဖြင့် ထိုဂိုဏ်းကွဲ ဝါဒကွဲ များကို ညှိုနိုင်း၍ တညီတညွတ် တမူတည်းဖြစ်စေရန် ဂိုဏ်းပေါင်းစုံ သံဃာများကို စည်းဝေးခဲ့သည်။ ထို အစည်းအဝေးကို သဗ္ဗတ္တိဝါဒဂိုဏ်း မှ မဟာယန ကျမ်းတတ် ဝသုမိတြ မထေရ် ကို အကြီးအမှုးပြု၍ သင်္ဂါယနာ တင်ကြသည်။

 

ထိုသင်္ဂါယနာ တင်ပွဲ၌ ပိဋကစာပေ ပရိယတ်ကျွှမ်းကျင်သော သံဃာတော် ၅၀ဝ တို့ စုဝေး ညှိနှိုင်း၍ ပိဋက ၃ပုံ (သုတ် ဝိနည်း အဘိဓမ္မာ) တို့၏ အဖွင့် ဝိဘာသာကျမ်းများ ကို သက္ကတဘာသာဖြင့် ရေးသား ပြုစုခဲ့သည်။ အဆိုပါ သင်္ဂါယနာ တင် နာယက တစ်ပါးဖြစ်သော အရှင်အဿဃောသ သည် ယာန သုံးမျိုး ပါဝင်သော ဗုဒ္ဓစရိယကျမ်း ကို ပြုစုခဲ့သည်။ သာဝကယာန ပစ္စေကယာန ဗုဒ္ဓယာန ဟူသော ယာန သုံးမျိုးတွင် ဗုဒ္ဓယာန သည် ကြီးမြတ်သော မဟာယန ဖြစ်သည်ဟု ဆိုသည်။ ဤဗုဒ္ဓစရိယကျမ်းကို မဟာယန ဗုဒ္ဓမျိုးစေ့ချပေးရာ ကျမ်းဟုဆိုကြသည်။ အထက်ပါ ဝိဘာသာကျမ်း ကို တရုတ်သာသာသို့ ပြန်ဆိုခဲ့ကြသည်။

 

ဤသင်္ဂါယနာကို ပင်မထေရဝါဒ ဂိုဏ်းက လုံးဝ အသိအမှတ်မပြုခဲ့ချေ။ အချို့သော ဆန့်ကျင်ဘက် ဝါဒီတို့က ဤသင်္ဂါယနာကို စတုတ္ထ သင်္ဂါယနာ ဟု အမည်ပေးကြသည်။အမှန် စင်စစ် တတိယသင်္ဂါယနာမှ ထုတ်ပါယ်ခံခဲ့ရသည့် သဗ္ဗတ္တိဝါဒ ဂိုဏ်း သား တို့ ဦးဆောင်သော သင်္ဂါယနာဖြစ်၍ တတိယသင်္ဂါယနာ၏ အဆက်မဟုတ်သဖြင့် စတုတ္ထသင်္ဂါယနာ ဟု မခေါ်သင့်ပါ။

 

ထေရဝါဒ ရဟန်းတော်များ ဝေသာလီတွင် ဒုတိယ သင်္ဂါယနာ တင်သော အခါ မဟာသံဃိကဂိုဏ်းက ကောသမ္ဗီတွင် စင်ပြိုင် သင်္ဂါယနာ တင်ခဲ့ကြသည်။ အလားတူပင် ထေရဝါဒ ပါဋလိပုတ်တွင် တတိယသင်္ဂါယနာ တင်သော အခါ သဗ္ဗတ္တိဝါဒ စသော ဂိုဏ်းကွဲများက နာလန္ဒမြို့တွင် စင်ပြိုင် သင်္ဂါယနာ တင်ခဲ့ကြသည်။ ဤ ကနိသျှက မင်းလက်ထက်တွက် ပြုလုပ်သော သဗ္ဗတ္တိ သင်္ဂါယနာ သည် ထိုဂိုဏ်း အတွက် ဒုတိယ သင်္ဂါယနာသာ ဖြစ်သည်။

ဤသင်္ဂါယနာ ကို အချို့က ဂန္ဓာရတိုင်း ဇလန္ဒရမြို့၌ ပြုလုပ်၏ ဟု ဆို၍ အချို့က ကသ္မီရတိုင်း ကုဏ္ဍလဝမြို့ ၌ ပြုလုပ်ခဲ့သည်ဟု ဆိုပြီး ယင်း သင်္ဂါယနာတင်နေရာကို အတိအကျ မညွန်ပြနိုင်ချေ။ ဤသင်္ဂါယနာတင်ပွဲကြီး၌ ၁၈ဂိုဏ်းသားတို့သည် ညီညွတ်ကြကုန်၏ ဟု ဆိုထား၏။ ဤသို့ ညီညွတ်ရခြင်းမှာ အလွန်အားနည်းနေသည့် ထေရဝါဒ ရဟန်းတော်တို့မှာ အင်အားကြီးမားလှသော မဟာယနဘုန်းကြီးတို့၏ အလိုကို လိုက်ကြရသောကြောင့် ဖြစ်သည် ဟု ဆိုသည်။ ထိုသင်္ဂါယနာကို အိန္ဒိယရာဇဝင်တို့၌ စတုတ္တ သင်္ဂါယနာဟု ဆိုသော်လည်း ပက်သျှဝါ သင်္ဂါယနာ တင်ချိန်တွင် သီဟိုဠ်၌ ထေရဝါဒ စတုတ္ထ သင်္ဂါယနာတင်ပြီး ဖြစ်သောကြောင့် ယင်းသင်္ဂါယနာ ကို မဟာယန သင်္ဂါယနာဟု မှတ်ယူရပေမည်။ အိန္ဒိယမှ ထေရဝါဒ ဆုတ်ယုတ်ပျောက်ကွယ်ရာ ခေတ်တွင် ပေါ်ပေါက်ခဲ့ခြင်း မဟာယန ထင်ရှားပေါ်ပေါက်လာခဲ့ခြင်းတို့ကြောင့် ထိုသင်္ဂါယနာသည် မဟာယန ဗုဒ္ဓသာသနာ သမိုင်းတွက် အရေးပါသော မှတ်တိုင် တစ်ခု ဖြစ်ခဲ့သည်။

 

သီတဂူ ဆရာတော် တရားတော်မှ ကောက်နှုတ်ချက်

ထေရဝါဒမှာ
ဘာမှ ထပ်ဖြည့်ခြင်း မလုပ်သင့်ဘူး
ဘာမှ နုတ်ပယ်ခြင်း မလုပ်သင့်ဘူး
ဘာမှ ပြင်ဆင်ခြင်း မလုပ်သင့်ဘူး ဆိုတာတွေကိို အထောက်အထားတခုနဲ့ ပြောချင်ပါတယ်..
အဲလို ဘာမှ
ထပ်ဖြည့်
နုတ်ပယ်
တည်းဖြတ်ခြင်း မရှိတဲ့ ဘာသာကိုမှ ထေရဝါဒလို့ ခေါ်တွင်ခြင်း မည်ပါတယ်..
အဲတော့ အဲဒီ သုံးချက် လုပ်ထားလို့ကတော့ ထေရဝါဒ မမည်ဘူး မခေါ်တွင်နိူင်ပါဘူး.
ဘာလို့ ဒီလို ပြောလဲ ဆိုတော့ ..ဒီနေ့ ဆရာတော်ကြီးတရားကို နာလိုက်တာ မှတ်စရာတခု ရလာပြန်တယ်..
အဲဒါက..
မြတ်စွာဘုရားဟောထားခဲ့ တဲ့
ရဟန်း နဲ့ သာသနာ ကြီးပွားကြောင်း မပျက်စီးကြောင်း တရား ပါပဲ..
(၇)ချက် ရှိပါတယ်.

  • မပြတ်မပြတ် စည်းဝေးတိုင်ပင် ၍ စုပေါင်းဆောင်ရွက်ကြရမယ်
    (မကြာခဏ အကြိမ်များများ အစည်းအဝေးပြုလုပ်ကြရမယ်)
  • တပြိုင်နက်တည်း တညီတညွတ်တည်း စည်းဝေးကြရမယ်
    (ကိုယ်စိတ်နှစ်ရပ် ညီညွတ်စွာ ဆောင်ရွက်ကြရမယ်)
  • ကြီးသူကို ရိုသေကြရမယ်
    (သံဃာ အကြီးအကဲ မထေရ်ကြီးတို့ကို အရိုအသေအလေးအမြတ် ရှိရမယ်)
  • ရှေးမူ မပျက်ထားရမယ်
    မပညတ် ထားတာတွေကို အသစ်ထပ်ထည့်ခြင်း မပြုလုပ်ရ
    ပညတ်ထား ပြီးသားတွေကိုလည်း နုတ်ပယ်ခြင်း ပြင်ဆင်ခြင်း မပြုလုပ်ရ
  • ဆိတ်ငြိမ်မှုကို ပျော်ပိုက်ရမယ် မြတ်နိုးရမယ်
  • ဒုဏ္ခအမျိုးမျိုး ဖြစ်စေတဲ့ တဏှာကို အလိုမလိုက်ရ
  • သာသနာ ကို မြတ်နိုးတဲ့သူတွေကို ဖိတ်ခေါ်ရမယ်
    သာသနာ ကို မြတ်နိုးတဲ့သူတွေကို ပျော်အောင် ထားရမယ် စိတ်ညစ်အောင်မလုပ်ရ

ဒါဘုရားရှင် ဟောထားခဲ့တဲ့ သတိပေးခဲ့တဲ့ တရားပါပဲ.
ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ တနှစ်အလိုလေးမှာ မှာထားခဲ့တဲ့ တရားပါ.
အဓိကကတော့ ရဟန်းတွေကို ဟောခဲ့တာပါ.
ခေါင်းစဉ်ကိုက သာသနာတော် ကြီးပွားကြောင်းဆိုတော့..
အဲဒီ့ တရား (၇) ပါးအတိုင်း လိုက်နာ ကြမယ်ဆိုရင် သာသနာတော်ဟာ အစဉ်အမြဲ ခိုင်မြဲ နေမှာပါပဲ တိုးပွားနေမှာ ပါပဲလို့ အဓိပ္ပါယ်ရပါတယ်

 

 

ဗုဒ္ဓဝင် အကျဉ်းမှတ်ရန်

၁။ လူအမည်-သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့-ဂေါတမ
၃။ မိဘအမည်-သုဒ္ဓေါဓန နှင့် မာယာဒေဝီ
၄။ ကြင်ယာတော်-ယသောဓရာ (ဘဒ္ဒကဉ္စနာ)
၅။ ရင်သွေးတော်-ရာဟုလာ
၆။ ယောက်ဖတော်-ဒေဝဒတ်
၇။ မိထွေးတော်-ဂေါတမီ
၈။ နေပြည်တော်-ကပိလဝတ်ပြည် (သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန-လုမ္ဗနီဥယျာဉ် (ကပိလဝတ်နှင့်ဒေဝဒဟအကြား)
၁၀။ နန်းစံနှစ်-၁၃-နှစ်ကြာ၊ (၁၆-နှစ်မှ ၂၉-နှစ်အထိ)
၁၁။ နိမိတ်ကြီးများ-သူအို-သူနာ-သူသေ-ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ-သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့-ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား-ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက်-သုမိတ္တာအမျိုးသမီး (ယသောဓရာအလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ-လေးသချေင်္နှင့်ကမ္ဘာတသိန်း။ ( သုမေဓာဘဝ မှ ဝေဿန္တရာဘဝအထိ )
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက်-သတ္တဝါများအကျိုး ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာ ကျင့်ရသောနှစ်-၆-နှစ်ကြာ၊ (မဟာသက္ကရာဇ် ၉၇-မှ ၁၀၃ အထိ )
၁၉။ ဒုက္ကရစရိယာ ကျင့်သည့်နေရာ-ဥရုဝေဠတော
၂၀။ ဒုက္ကရစရိယာ-ခဲယဉ်းစွာ ပြုရသောအကျင့်
၂၁။ တောထွက်တော်မူသော သက်ရွယ်-၂၉-နှစ်
၂၂။ ဘုရားဖြစ်ချိန် သက်တော်-၃၅-နှစ်
၂၃။ ဘုရားပွင့်ချိန် သက်တမ်း-၁၀၀-တမ်း
၂၄။ အလုပ်အကျွေး-ပဉ္စဝဂ္ဂီ ၅-ဦး။ (ဒုက္ကရစရိယာကျင့်ခိုက် )
၂၅။ ပဉ္စဝဂ္ဂီ ၅-ဦးအမည်-ကောဏ္ဍည, ဝပ္ပ, ဘဒ္ဒိယ, မဟာနာမ်, အဿဇိ။
၂၆။ တရားဦးဟောသည့်နေရာ-ဗာရာဏသီပြည် မိဂဒါဝုန်တော
၂၇။ ပထမဦးဆုံး သာဝက-ပဉ္စဝဂ္ဂီ ၅-ဦး
၂၈။ နောက်ဆုံး သာဝက-သုဘဒ္ဒပရိဗိုဇ်
၂၉။ လက်ယာရံ အဂ္ဂသာဝက-အရှင်သာရိပုတ္တရာ
၃၀။ လက်ဝဲရံ အဂ္ဂသာဝက-အရှင်မောဂ္ဂလာန်
၃၁။ အဆုံးအမသာသနာ-ပရိယတ္တိ,ပဋိပတ္တိ, ပဋိဝေဓ
၃၂။ ကျင့်စဉ်-သီလ, သမာဓိ, ပညာ
၃၃။ ချမှတ်သောလမ်းစဉ်-မဇ္ဈိမပဋိပဒါ ( မဂ္ဂင်လမ်းစဉ် )
၃၄။ သန္ဓေယူသောနေ့-မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့် ကြာသပတေးနေ့
၃၅။ ဖွားမြင်သောနေ့-မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့
၃၆။ တောထွက်သောနေ့-မဟာသက္ကရာဇ် ၉၇-ခု၊ ဝါဆိုလပြည့် တနင်္လာနေ့
၃၇။ ဘုရားဖြစ်သောနေ့-မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့
၃၈။ ဓမ္မစကြာဟောသောနေ့-မဟာသက္ကရာဇ် ၁၀၃-ခု၊ ဝါဆိုလပြည့် စနေနေ့
၃၉။ ပရိနိဗ္ဗာန်စံသောနေ့-မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့် အင်္ဂါနေ့
၄၀။ တေဇောဓာတ်လောင်သောနေ့-မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂-ရက်၊ တနင်္ဂနွေနေ့

 

ကျွန်ုပ် တို့ ကိုးကွယ်သော ဘာသာ တရား၏ တိကျ ပြတ်သား ပြည့်စုံပုံကို အကြမ်းအားဖြင့် စုစည်းတင်ပြလိုက်ပါသည်။

 

 

အမှန်တကယ် မြန်မာတွေ ဆုတ်ယုတ်နေသည်ကို ကယ်တင်လိုကြလျှင် မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ ပြည်သူတွေ အတွက် လူနေမှု ဘဝတိုးတက်ရေး အတွက် ပညာရေး အထောက်အပံ့များ ပြုလုပ်ပေးသင့်သည်ဟု မြင်မိပါသည်။

ပညာမြင့်မှ လူမျိုးမြင့်မှာပါ။

ပညာကြွယ်မှ ဘဝ ကြွယ်ဝ တိုးတက်မှာ ဖြစ်ပါတယ်။

ပညာတတ် မှ ပညာကို တန်ဖိုးထားတတ်မှာ ဖြစ်ပါတယ်။

 

ဒီပိုစ်ကို အကြောင်းပြုပြီး မြန်မာနိုင်ငံက ကလေးငယ်တိုင်း ပညာတတ်ရေး နှင့် လူနေမှု ဘဝ တိုးတက်ရေးကို ဝိုင်းဝန်း စဉ်းစားပေးကြပါ။

 

53 comments

  • ကြောင်ကြီး

    April 21, 2012 at 10:18 am

    သာသနာဖျက်သဂျီး
    ကမာ္ဘမှာထပ်သရီး
    ရွာစွာချက်ကြီး
    နွှာပါသရက်သီး..
    ငါသာနတ်ထီး
    ညှာတာပျက်စီး
    အရာရာကပ်တီး
    ပါပါရှက်ငြီး…
    ဗလာစာဖတ်ပြီး
    ဟာကွာဇာတ်ရွှီး
    ကြာလာနှပ်ချီး
    ပလာတာအရက်မြီး..။

  • ဗိုက်ကလေး

    April 21, 2012 at 10:40 am

    အဟေး..အဟေး..
    သားလဲပြောမို ့ပဲ ဂျီးဒေါ်ရ..
    အသစ်ဖြည့်စွက်ခြင်း၊ပယ်ဖျက်ခြင်းမရှိတဲ့ တစ်ခုတည်းတဲသော ခေတ်မီနေတာ ဗုဒ္ဓဘာသာပဲဗျ
    တိုးတက်လှပါတယ်ဆိုတဲ့ သိပ္ပံပညာရပ်တွေတောင် ဒီနေ ့မှန်ပေမဲ့ မနက်ဖြန် ပြန်ဖျက်သင့်ဖျက်၊ဖြည့်စွက်သင့် ဖြည့်စွက်ရသေးတယ်
    တစ်ကယ်တော့.မြန်မာပြည်ဆုတ်ယုတ်လာရခြင်းအကြောင်းက ဂျီးဒေါ်ပြောသလိုပဲဗျ
    ဘာတဲ့..

    ပညာမြင့်မှ လူမျိုးမြင့်မှာပါ။
    ပညာကြွယ်မှ ဘဝ ကြွယ်ဝ တိုးတက်မှာ ဖြစ်ပါတယ်။
    ပညာတတ် မှ ပညာကို တန်ဖိုးထားတတ်မှာ ဖြစ်ပါတယ်။

    အဲတာကြောင့် လွှတ်ကနဲ ့ ပြီးစလွယ် နာမည်မတပ်ကြပါနဲ ့ဗျို ့
    ဆုတ်ယုတ်နေကြတာ ဘာသာယဉ်ကျေးမှုနဲ ့မဆိုင်ပါဘူး
    အတ္တကြီးတဲ့၊ လောဘမသေးတဲ့ အာဏာရူး ငမူးဂေါက်သီးတွေရဲ့ ပက်ပက်စက်စက် သွေးစုတ်ခြင်းခံရလို ့ ပြည်သားတွေ
    အသိဉာဏ်မဲ့ပြီး မွဲချင်တိုင်းကိုမွဲနေရခြင်း ဖြစ်ပါတယ်နော့.

  • kai

    April 21, 2012 at 12:01 pm

    http://myanmargazette.net/115744/arts-humanities

    တွင် ရေးသားနေကြသော အချက်အလက်များတွင် တိုင်းပြည်ယဉ်ကျေးမှု နှင့် ဘာသာတရားကြောင့် ပျက်စီးရသည်ဟု ဆိုထားကြသည်။

    ဖတ်တီးကတ် ရဲ့ ကွန်မန်းထဲမှ ဗုဒ္ဓဘာသာ သည် ဇစ်မြစ် မရှိပဲ ကိုးကွယ်နေသည် ဟူသော အမြင်မှား အတွက် တိကျသေချာသော အချက်အလက်များ ရှာဖွေ ရေးသားပေးခြင်း ဖြစ်ပါသည်။

    ဒုက္ခပါပဲဆူးမမရယ်…
    အဲဒီအပေါ်ကညွှန်ထားတဲ့ပို့စ်မှာ.. ဘယ်သူူက.. ဘာသာတရားကြောင့်ပျက်စီးတယ်လို့ရေးထားတာလည်းဟင်င်.. 😕
    သေသေချာချာ(သေသေချာချာ) ပြန်ဖတ်စေလိုပါတယ်နော…

    ပိုသေချာချင်..အဲဒီပို့စ်နဲ့ကောမန့်တွေထဲ.. “ဘာသာ” ဆိုတဲ့.. စကားကို Search လုပ်ပြီး..ရှာလိုက်ပါ..။
    ဘယ်သူကပြောနေ..ရေးနေသလည်း သိသာမှာပါ..
    အဲဒီပို့စ်ကို တင်သူဖြစ်တဲ့.. winterkoe ရေးထားတာလည်းမတွေ့မိ..
    ဆွေးနွေးသူတဦးဖြစ်တဲ့ကျုပ်လည်း.. မရေးထားပါဘူးနော..
    တွေ့သလောက်တော့..ဆူးမမကိုယ်တိုင်ပဲ..စွတ်စွဲရေးထားတာဖြစ်ပါတယ်.။

    အချက်အလက်ကို..ညှိယူငြင်းယူရာမှာ.. ကိုယ်နိုင်ချင်ဇောနဲ့.. ဘေးကစာဖတ်သူတွေ အကြိုက်များမယ်ထင်တဲ့..”ဘာသာသာသနာကာကွယ်စောင့်ရှောက်ရန် သိကြားမင်းပေးအပ်ထားသော တာဝန်ရှိသူကြီး”အနေနဲ့.. လူများစုကို..ဆွဲဆောင်စည်းရုံးဆွဲသွင်းရေးတာတော့ ကောင်းပါတယ်..။
    ဒါပေမဲ့..ဒါဟာ..အဖြေမထွက်စေဘူး..။ မှန်ကန်တဲ့..ဆွေးနွေးခြင်းလည်းမဟုတ်ဘူး..။
    ဒါက..တစ်အချက်..

    နောက်တချက်က…
    တိကျသေချာသော အချက်အလက်များ ဆိုတာကိုပါ.
    အဲဒါဘယ်သူတွေကရေးတာလည်း…
    ကိုယ့်ဖာကိုယ်.. ၁-၂-၃ရေ..
    ကိုယ်ဖာကိုယ်..တာထွက်…
    ကိုုယ့်ဖာကိုယ်.. နိုင်ပြီဟေ့.. အော်နေသလိုများဖြစ်နေသလားလို့…
    သတိထားမိဖို့က..
    ကမ္ဘာမှာရှိတဲ့.. ဗုဒ္ဓဘာသာဝင်တွေထဲ.. ထေရဝါဒဗုဒ္ဓဘာသာဆိုတာ.. လူနည်းစု…
    အဲဒီထဲကမှ.. မြန်မာ့ထေရဗုဒ္ဓဘာသာဆိုတာက.. ထပ်ပြီး.. အနည်းစု..။
    အဲဒါလေး…။ 😆

    စိတ်တော့မဆိုးနဲ့..
    ဒီလို ခွဲခြား..ဆွဲသွင်း.. နည်းနဲ့..ရေးထည့်/လုပ်ထည့်လိုက်လို့.. တော်ကြာကျုပ်ကပါ ..ဘာသာတရားစော်ကားသူကြီးပါဆိုပြီး.. ဝိုင်းဩဘာပေးနေမယ်..စိုးလို့.. ပြန်ရေးတင်ထားလိုက်ရတာပါ..
    သမိုင်းကျန်ရစ်အောင်နော…
    ဒီလောက်ပဲ..။ :mrgreen:

    • ရွာစားကျော်

      April 21, 2012 at 1:30 pm

      ပို့စ်ထဲမှာတော့ပါဝူး
      ဒီ ကွန်မင့်လေးက စတယ်ထင်တယ် အာဟိ

      kai says:…. …. …. ….
      ငါးပါးသီလဖွင့်ဆိုချက်ကို.. သချင်္ာ… သိပ္ပံမတတ်တဲ့ခေတ်.. …ဂွမ်တီး..ဂွမ်တီး အယူအဆအတိုင်း လိုရာဆွဲပြီး.. ဆုပ်ကိုင်ထားတာက.. ပင်မလက်သည်တရားခံစာရင်းထဲ.. (က) တပ်ရမှာဖြစ်ပါတယ်.
      ကဲ.. (ခ) ဆက်ရေးကြည့်ရမလား.

      တယောက်က ဒီလိုသတိပေးထားပါသေးတယ်

      Mical David ko Jar Yit says:
      အမျိုးကိုလဲ မဖျက်နဲ့
      သာသနာကိုလဲ မဖျက်နဲ့
      ယဉ်ကျေးမှုအမွေ အနှစ်များကိုလဲ မဖျက်နဲ့
      ( ပျက်စီးစေရန် အမြင်မှားစေရန် မကြံစီသင့်)

      မူရင်းပို့စ်နဲ့ ပတ်သက်လို့ ဆဲတဲ့သူကလည်းဆဲ.. ဟုတ်တယ်ဆိုသူများလည်းရှိသပေါ့
      အဲဒီထဲကမှ

      pazflor says:
      …. … … မြန်မာနိုင်ငံဆင်းရဲခေတ်နောက်ကျရတာ အစ်ကိုပြောသလို မြန်မာရိုးရာယဉ်ကျေးမှူ ့အစဉ်အလာတွေကြောင့်လည်းပါ ပါလိမ့်မယ်။
      မြန်မာယဉ်ကျေးမှူ ့တွေထဲမှာ ကောင်းတဲ့အရာလေးတွေ၊ထိန်းသိမ်းစောင့်ရှောက်သင့်များ လည်း များစွာ ရှိပါလိမ့်ဦးမယ်လို ့ထင်ပါတယ်။ အဓိကလက်သည်က” မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ အစဉ်အလာ” ဆိုပြီး သိမ်းကျုံးပြောဆိုတာမျိုးကတော့ပြောသင့်မပြောသင့် အစ်ကို ကိုယ်တိုင်ဘဲ သေချာစဉ်းပါခင်ဗျာ။ အစ်ကိုမှာ အထောက်အထား သုတေသနပြုချက်များ ရှိရင်လည်းသေချာ ရှင်းလင်းတင်ပြပါ။ အကျိုးအကြောင်းသင့်ရင် လူတော်တော်များများလက်ခံကြပါလိမ့်မယ်လို ့ကျွန်တော်ထင်ပါတယ်။
      ဒီလိုမှ မဟုတ်ရင် ဟိုဘက်ဒီဘက် ငြင်းကျခုန်ကျ ဒေါသထွက်စရာမျိုးတွေဖြစ်ပြီး အကျိုးမရှိဖြစ်ကုန်ပါလိမ့်မယ်။ … …
      သူကြီးခင်ဗျာ

      ဒီPost ထဲမှာ သူကြီး comment ရေးထားတဲ့
      ” ဆက်လုပ်ပါဟေ့.. အာပေးးးးးးတယ်…။ … .. … ကဲ.. (ခ) ဆက်ရေးကြည့်ရမလား..။ :mrgreen: ” ဆိုတာလေးစိတ်ဝင်စားလို ့ပါ။ အဲ့ငါးပါးသီလက ဘယ်လို ဖွင့်ဆိုချက်မှားသလဲလို ့ပေါ့။ နောက်ပြီး ပင်မလက်သည် တရားခံလို ့လည်း ပြော ထားသေးတယ်နော်။ Post အဟောင်းတွေတော့ မညွန်းပါနဲ ့တော့ခင်ဗျာ၊ သူကြီးကတရားခံတပ်လိုက်ရတဲ့ အကြောင်းပြချက်လေးကိုဘဲ သိချင်မိတာပါ။

      လို့မေးတဲ့သူရှိတော့ သူကြီးက သီလ အကြောင်းက စပြီး ပြန်ပြောပါတယ်

      “မှားတယ်”ဆိုတာထက်… “ငါးပါးသီလဖွင့်ဆိုချက်ကို.. သချင်္ာ… သိပ္ပံမတတ်တဲ့ခေတ်.. …ဂွမ်တီး..ဂွမ်တီး အယူအဆအတိုင်း လိုရာဆွဲချပြီး.. ဆုပ်ကိုင်ထားတာ” လို့ သုံးရင်ပိုသင့်လျှော်ပါလိမ့်မယ်..
      သီလ(စည်းကမ်း)ဆိုတာက.. လူသားတွေအတွက်.. လိုအပ်ပါတယ်..။
      ဘုရားဟောလည်းမဟုတ်ပါဘူး.. ဂေါတမဘုရားမပွင့်ခင်ကတည်းကရှိတာ… …

      (ခ) အချက် အနေနဲ့ အလှူအကြောင်း သူကြီး ဆက်ပြောပါတယ်ခင်ည.. ဟဲဟဲ

      kai says:
      (ခ) ကိုအောက်က ဖွင့်ဆိုချက်အတိုင်း.. စိတ်နှလုံးထဲက ယူဆထားသူများကြောင့် လို့.. ရေးချင်တယ်.. သောတာပန်ဆိုတာကိုတောင် ဘယ်လို စိစစ်ရမှန်းမသိတဲ့.. ဒီခေတ် လောကမှာ.. အလှူနေရာတွေဟာ..စိတ်မှန်းနဲ့မှန်းချရတာဖြစ်ကုန်လို့.. ..
      အလှူ၏ ကြီးကျယ်မြင့်မြတ်ပုံ
      မြတ်စွာဘုရား ဟောကြားတော်မူသော ဝေလာမပုဏ္ဏားကြီးအလှူနှင့် စပ်လျဉ်း၍ အလှူတစ်ခုထက် တစ်ခု ကြီးကျယ်မြင့်မြတ်ပုံကို… … ..

      ဦးကြောင်တောင် ဒီလိုဝင်ထောက်သွားသေး..

      ဒကျီးကို ပမာမခန့် လုပ်တာတော့ ဟုတ်ဝူး.. သို့ပေသိ တတ်သိပညာ မနေသာလို့ ဝင်ပေါမယ်… လှူလို့မြတ်တာနဲ့ ကုသိုလ်ရဒါ တူဝူးနော်..။ မြတ်တယ်ဆိုတာ ပညာနဲ့ဆိုင်တယ်၊ စည်းစိမ်ချမ်းသာနောက်လိုက်ဝူး.. စင်ကြယ်မြင့်မြတ်သန့်ရှင်းမှုကို ရည်သန်တယ်… ကုသိုလ်ရဖို့ကြတော့ လူပြိန်းနည်း လူနတ် စည်းစိမ်ကို မျှော်မှန်းလုပ်တာ… ..

      ထိုမှ

      ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော် says:

      လူတွေများလဲ ဇောက်ထိုးဖြစ်ကုန်ကြပြီ ၊ ကြည့်ရတာ မြတ်စွာဘုရားဟောချက်တွေကို
      သဂျီး ကိုပဲ ပြန်ပြင်ခိုင်းရတော့မလိုလို၊ တချို့ များလဲ သဂျီးက ဝင်မြှေုာက်ပေး ကွေးအောင်က ၊
      အဟုတ်ကြီး ထင်နေကြရှာတယ်။ သနားစရာ၊ အပါယ်ငရဲ ကိုသတိပြုကြပါ ၊

      ထို့နောက်မှ

      ဘုကန့်လန့် says:
      အို မန်းဂေဇက်တွင်ရှိကြကုန်သော ရွာသူ ရွာသား အပေါင်းတို့ ဒီအတိုင်း ကြည့် မနေကြပါနဲ့~
      သိပ်ကြာလာရင် ကျနော်တို့နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု နဲ့ ဘုရားဟော ချက်တွေကို ပြုပြင်ခံကြရတော့မည် ဖြစ်ပါသဖြင့် အချက်အလက် များကိုးကားပြီး ဝင်ရောက် ကူညီပေးကြပါကုန်~

      ဟု..ဆိုလာရာ ရွာတော်ရှင်မ မဆူးလည်း မနေသာ ဝင်ပါလာခဲ့သည် မြင်ပါကြောင်းခင်ဗျားးးး

      • ရွာစားကျော်

        April 21, 2012 at 1:37 pm

        ဘယ်သူမပြု ဒဂျီး အမှုများ ဖြစ်သွားလား မသိဘူးနော်..
        ခွိ ခွိ.. 😛
        ဒက်ဂလောက်… ဒက်ဂလောက်..

    • ရွာစားကျော်

      April 21, 2012 at 1:36 pm

      ဘယ်သူမပြု ဒဂျီး အမှုများ ဖြစ်သွားလား မသိဘူးနော်..
      ခွိ ခွိ.. 😛
      ဒက်ဂလောက် ဒက်ဂလောက်

      • ဆူး

        April 22, 2012 at 10:21 am

        သဂျီး ကို လက်ပူးလက်ကျပ် ဖမ်းပေးတဲ့ ကိုရွာစားကျော် ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။
        ဘာသာရေးနဲ့ ပြောတိုင်း သဂျီး သဂျီး နဲ့ နာမည် တပ်ပြီး ပြောရလွန်းလို့ ဒီတခါ နာမည်မတပ်ပဲ ပြောလိုက်တာပါ။
        မုန်လာဥ မလုပ်နဲ့ တရွာလုံး အတွက် ပြုတ်ပြီး ဟင်းချိုချက်ပြီး စတုဒီသာ လုပ်ပလိုက်မယ်။

        • kai

          April 22, 2012 at 2:43 pm

          ဆူးမမရေ…
          ကျုပ်ရေးထားတာတွေရယ်.. ဆူးမမကိုယ်တိုင်ရေးထားတာတွေရယ်ကို.. ၂ခေါက်(၂ခေါက်) ပြန်ဖတ်ကြည့်စေလိုပါတယ်နော..

          လူရယ်.. ဓမ္မ(တရား)ရယ်.. ရောထွေးမြင်နေသလားဟင်င်င်… 😕

    • winterkoe

      April 22, 2012 at 2:00 pm

      သူကြီးပြောတာအမှန်ပါပဲ.. ဒေါ်ဆူးလုပ်တာ ကျနော်တောင်မျက်စိလည်သွားတယ်…

  • kai

    April 21, 2012 at 12:06 pm

    ဲမြန်မာ တို့ လိုအပ်ချက်……….(ဦးသန့်)

    ကမာ္ဘပေါ်တွင် မည်သည့်လူမျိုးမဆို လိုသောအချက် ရှိစမြဲပင် ဖြစ်သည်။ ထိုအချက်ကို ပပျောက်အောင် ပြုလုပ်ရန် ခဲယဉ်းသော်လည်းမည်သည့် အချက်တွင် လိုသည်ဟုသိလျှင် ပြုပြင်ရန် လမ်းရှိပေသည်။ အရှေ့နိုင်ငံသားတို့သည် စည်းကမ်းသေဝပ်ခြင်းကို နားမလည်သည်မှာ အများအသိပင်ဖြစ်သည်။ သို့ရာတွင် ဂျပန်တို့သည် ကမာ္ဘ့ရှေ့တန်းသို့ရောက်ရန် ကြိုးစားရာ၌ ထိုအချက် အရေးကြီးပုံကိုသိသဖြင့် စည်းကမ်းသေဝပ်ဆုံးသော လူမျိုးတစ် မျိုးဖြစ်သည်ဟု တစ်ကမာ္ဘလုံးကပင် ချီးမွှမ်းခြင်းကို ခံရလေသည်။
    မြန်မာလူမျိုးတို့ လိုအပ်သောအချက် တစ်ရပ်မှာ လွယ်သောလမ်းကို လိုက်ခြင်းပင်ဖြစ်သည်။ ဒုက္ခမခံလို၊ သည်းခံလို၊မစွန့်စားလို၊ သို့ရာတွင် ဒုက္ခမခံလို သောလူမျိုး။ သည်းမခံလိုသောလူမျိုး၊ မစွန့်စားလိုသောလူမျိုးတို့သည် မည်သည့်အခါမျှ မကြီးပွားခဲ့ကြ။ ရှေးကမြန်မာတို့သည် ဒုက္ခခံနိုင်ကြသည်။ စွန့်စားခဲ့ကြသည်။ ကြီးပွားခဲ့ကြသည်။ ယခုမြန်မာတို့၌ ထိုစိတ်ဓာတ်မျိုး တဖြည်းဖြည်း ပပြောက်လာပြီးနောက် ယခုခေတ်တွင်တဖန် ပြန်လည် ၍စိတ်ဓာတ်သစ်များ ပေါ်ပေါက်စ ပြုလာလေပြီ။
    ပညာတတ်မြန်မာ လူငယ်များသည် လွယ်သောလမ်းကို လိုကြသည်။ ထူးချွန်သော(သူများနှင့်မတူသော) လုပ်ငန်းသစ် အကြံသစ်
    မကြံလိုကြပေ။
    အခြားအချက ်တစ်ရပ်ကား ကိုယ့်ကျိုးငဲ့လွန်း ခြင်းဖြစ်သည်။ ဦးဆောင် သူတို့သည် အများအကျိုးအတွက် ဆောင်ရွက်ပါသည်ဟုဆိုကြသော်လည်း ကိုယ်ကျိုးကိုသာ အဓိကထားသည်ကို တွေ့နိုင်ပေသည်။
    အခြားအချက် တစ်ရပ်ကား ဘာသာရေးကို အထူးလိုက်စား ခြင်းဖြစ်သည်။ ဘာသာရေးသည် လူတို့စိတ်ဓာတ်ကို နူးညံ့သိမ်မွေ့ခြင်း၊ အကျင့်စာရိတ္တကေားမွန်စေခြင်း၊ တမလွန်၌ ကောင်းရာသို့လားစေခြင်း၊ စသည်တို့ကိုကောင်းစွာ ယုံကြည်ပါသည်။
    အခြားအချက် တစ်ရပ်ကား စီးပွားရေးကို လစ်လျူရှုခြင်း ဖြစ်သည်။ စီးပွားရေးကို မြန်မာ တို့လောက် ဂရုမစိုက်သောလူမျိုးသည်ကမာ္ဘပေါ်တွင် ရှိမည်မထင်။ အဝင်အထွက် ကို မျှတအောင် မသုံးစွဲတတ်ခြင်း၊ စီးပွားရေးမူလအခြေခံများ မလေ့လာခြင်း၊စီးပွားရေးသည် အခြားအရေးများထက် အရေးကြီးကြောင်း ကို မသိခြင်း၊ အခြားလူမျိုးတို့ရဲ့ လုပ်ငန်းများကို အတုမခိုးတတ်ခြင်း၊
    စသည်တို့သည် အလွန်အရေးကြီးသော ချို့ယွင်းချက် ဖြစ်ကြလေသည်။
    အခြားချို့ယွင်းချက် တစ်ရပ်မှာ ဝန်တိုမိစ္ဆရိယ စိတ် များခြင်းပင် ဖြစ်သည်။ သူတစ်ဦးကောင်းစား လျှင် မနာလိုခြင်း၊ မပျက်ပျက်အောင် ဖျက်ခြင်း စသောစိတ်တို့သည် မြန်မာ တို့၌ရှိကြသည်။
    ချီးမြှောက်သင့်သောသူကို ချီးမြှောက်ရခြင်းသည် မင်္ဂလာ တရားတော် တစ်ရပ်ဖြစ်သည်ကို လစ်လျူပြု၍ ချီးမြှောက်သင့်သောသူကို မချီးမြှောက်ခြင်း၊ ကဲ့ရဲ့သင့်သောသူကို အလွန်အကြူးကဲ့ရဲ့ ရှုတ်ချခြင်းသည် ကျွန်ုပ်တို့ မြန်မာ ၌ အလွန်များလျက်ရှိသည်။
    ထို့ကြောင့်မြန်မာ တို့၌ ခေါင်းဆောင်ကောင်း မပေါ်ပေါက်ခြင်း၊ ထူးချွန်သူ ခေါင်းပါးခြင်း၊ စွန့်စားလိုသူ နည်းပါးခြင်း တို့သည်ဖြစ်ပေါ်လာကြကုန်သည်။
    အထက်ပါအချက်များ ကို သတိမူကြ၍ ပြင်ဆင်နိုင်ပါမူ ကျွန်ုပ်တို့ လုပ်ငန်းသည် ခရီးတွင်ပေလိမ့်မည်လော…….။

  • ဗိုက်ကလေး

    April 21, 2012 at 12:15 pm

    http://myanmargazette.net/115744/arts-humanities ကို
    သေချာ မဖတ်ကြလို ့ပါ..
    အဲဒီမှာ စာရေးသူက မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ လို ့ သုံးထားတာပါ.အဲတာကို..
    အောက်ကလဲ ကိုယ်သန်ရာ ဆွဲမန် ့ထလိုက်တော့ လိုင်းပူးပြီး ရှော့ခ် ဖြစ်သွားတာပါ
    ရပါပြီ..
    ဆက်ငြင်းကြပါ..
    ဖြစ်ညှစ်ပြီး ငြင်းကြပါ.ဒါမှ အိုင်ဒီယာကောင်းတွေ ထွက်လာမှာဖြစ်ပါတယ်

    😆

  • laypai

    April 21, 2012 at 12:24 pm

    ဘယ်ဘာသာ ဘယ်သာသနာ ကို ပဲ ဖြစ်ဖြစ် အပျက်သဘော ရောက်အောင် လုပ်ကိုင် ပြောဆို ရေးသား တိုက်တွန်း ကြံစည် မှု တွေ မရှိ စေချင်ဘူး။
    ပို့ တခု အဖြစ် ပြန်လည် ထောက်ပြ ရေးသားသွား တဲ့ ပို့ ပိုင်ရှင် ကိုလည်း အထူး ကျေးဇူး တင် ရှိ ပါတယ်။

  • lionking

    April 21, 2012 at 12:41 pm

    ဗုဒ္ဓလမ်းညွှန်ချက်ဟာ ချစ်စရာကောင်းပါတယ်။ ဒါပေမယ့် ကိုးကွယ်သူ ဆည်းကပ်သူတို့ လိုရာဆွဲမှုတွေကြောင့်သာ။ ဘာသာတရားဟာ လူ့ဘဝအတွက် ငြိမ်းအေးစရာအဖြစ်ကနေ
    ကြိုးကိုင်ပြီးထိန်းပေးနေရသလိုဖြစ်လာနေတာဟာ မြတ်ဗုဒ္ဓလို လူသားအတွက် ရင်လေးပေးရတာပါ။
    တကယ်က လူတွေမှာရှိနေတဲ့ လုပ်ရပ်မှားမှန်မှာ ကောင်းတာကိုမှန်တာကို လက်ခံပြီး တကယ်လုပ်ရင် လောကဟာ အငြင်းပွားစရာ အကြောင်းမရှိလှပါဘူး။ သို့သော် ထိုသို့မဟုတ်ပဲ မကောင်း
    တာလဲလုပ်သေးတယ်။ ကောင်းတာကိုပဲခံစားချင်နေတယ်။ ကောင်းတဲ့တုန့်ပြန်မှုကိုပဲလိုချင်တယ်ဆိုရင်
    ဝမ်းနဲ စရာကောင်းမှာပါ။ ဘာလို့လဲဆိုရင် ကျောခိုင်းပြီး နေနေကြလို့ပါပဲ။ ကျမ်းကိုးဆိုတာ။ ကျမ်းရေးသား
    သူတို့၏ လက်ကတုံးတောင်ဝှေး။ ကျမ်းမကိုးရင် အဆူခံထိမှာကိုးဗျ။ ကျမ်းကိုး မဟုတ်ပဲ လက်တွေ့တွေကို
    ဘယ်လို ထွက်ပေါက်ရှာပြီး ပြဿနာပြေလည်အောင်ဖြေရှင်းခဲ့တယ်ဆိုတာကို ပြန်ပြောပြရင် အားရစရာ
    ကောင်းမယ်ထင်ပါတယ်။ ကို်ယ်ကိုယ်တိုင်ပြေလည်အောင်ဖြေရှင်းခဲ့တဲ့ အသိအမြင်ဒဿနကသာလျှင်
    အခုလတ်တလော သိမြင်ထင်လင်းစေမှာဖြစ်လို့ပါပဲ။ ဒါကို ဝေဖန်ကြရရင် ပိုကောင်းမှာပါ။
    ကျေးဇူးတင်လျက်။

  • မိုးချမ်းမြေ့

    April 21, 2012 at 1:13 pm

    ဘုရားကိုယ်တိုင်က…သူပြောတိုင်းမယုံနဲ့…ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြည့်..
    သင့်လျော်တယ်ထင်ရင်..ဆက်သုံး..မသင့်လျော်ဘူးဆိုရင်…ကြိုက်သလိုပဲဆုံးဖြတ်…
    နိုင်ပါတယ်လို့…ဆိုထားပါလျက်…လူ့ဘဝတစ်ခုကို တရားနဲ့လျော်ညီစွာ ဖြတ်သန်း
    ချင်တဲ့သူဟာ…ဘယ်သူ့စကားနဲ့…ဆန့်ကျင်လို့..မှန်တယ်ထင်ပေမယ့်…စမ်းတဝါးဝါး…
    ဖြစ်နေမယ်ဆိုရင်…သရဲဘောကြောင်သူပဲဖြစ်မှာပါ..။ ဝိစိကိစ္ဆာလို့ ပြောရမလားပေါ့..။
    ဟိုကျမ်းနဲ့ မညီလို့..သည်ကျမ်းနဲ့မကိုက်လို့…ကိုက်ပြန်တော့လည်း..လူတွေထဲမှာ သုံးမရလို့..
    လူတွေထဲမှာ..သုံးရပြန်တော့လည်း…ဘုရားဟော..ကျမ်းအပြောနဲ့ မကိုက်ညီလို့ဆိုတော့…..
    ဘာသာရဲ့အောက်…ပြားပြားမှောက်ကြတာပေါ့….။ ဆရာတော်တစ်ပါးပြောတာလေး..
    စဉ်းစားမိတယ်…။ ဘာသာဆိုတာ…ကိုယ်ကယူရတာတဲ့…။ ခုဟာက…..

  • Gipsy

    April 21, 2012 at 4:01 pm

    ဂါမဏိ သံယုတ္တ ကုလသုတ္တ စာမျက်နှာ ၅၀ရ –
    အခါတပါး၌ မြတ်စွားဘုရားရှင်သည် များစွာသောရဟန်းများ ခြံရံ လျက် ဒေသစာရီ
    ှကြွချီရာ နာလန္ဒ မြို့သို့ရောက်ရှိ၏ ၊ ထိုမြို့ရှိ ပါဝါရိတ သရက်တောတွင်သီတင်းသုံး၏ ၊
    ထိုစဉ် ထိုကာလတွင် နာလန္ဒမြို့၌ ငတ်မွတ်ခေါင်းပါးခြင်း ဘေးနှင့်တွေ့ကြုံနေရ၏ ၊
    ထိုမြို့တွင် နေထိုင်သူ တိတ္ထိ ကြီး နိဂဏ္ဍနာဋပုတ္တ သည် ဘုရားရှင်နှင့်ရဟန်းတို့ အပေါ်
    မနာလိုမရှုစိမ့် ဖြစ်ကာ အပြစ်တင် ဝေဖန်ကဲ့ရဲ့ ရှုတ်ချ လိုသဖြင့် တပည့်ရင်းဖြစ်သော ဂါမဏိ
    စစ်သူကြီးကို စေလွှတ်ခိုင်းစေခဲ့သည်။ စစ်သူကြီးက ဗုဒ္ဓရှင်တော်မြတ်ကို ဤမြို့တွင်
    မနက်စာညစာ တောင် အနို်င်နိုင်ဖြစ်နေကြပါသည် ၊
    “ဆင်းရဲငတ်မွတ်နေကြပါသည်”၊ “အရှင်ဘုရားတပါးတည်းမဟုတ်ပဲ နောက်ပါရဟန်းများစွာနှင့်
    ကြွချီလာသဖြင့် အမျုးိလေးပါး ပျက်စီးရပါလိမ့်မည်၊ ပို၍ ဆင်းရဲငတ်ပြတ်နေပါလိမ့်မည်၊”
    ဟုလျောက်၏၊
    မြတ်စွာဘုရားက – သတ္တဝါများ ဆင်းရဲ ငတ်မွတ်နေခြင်းမှာ “ဒါနကြောင့် ၊ ပေးကမ်းလှုုတန်းခြင်း
    ကြောင့် မဟုတ်ပါ” ၊ အကြောင်းရှစ်ပါးကြောင့်ဆင်းရဲငတ်မွတ်နေခြင်းဖြစ်သည် ဟုဖြေ၏ ။
    (၁) မင်းဘေး
    (၂) ခိုးသူ ဓါးပြဘေး
    (၃) မီးဘေး
    (၄) ရေဘေး
    (၅) မြှုပ်နှံ သိမ်းဆည်းထားသောပစ္စည်းများပျက်စီးဆုံးရှုံးခြင်းဘေး
    (၆) အမှုလုပ်ငန်းများကို ကောင်းမွန်စွာ မလုပ်ကိုင်ခြင်း
    (၇) ပစ္စည်းများကို အရမ်းဖြုန်းတီးခြင်း
    (၈) သက်ရှိသက်မဲ့ မှန်သမျှ တနေ့နေ့တွင် ပျက်စီးရသောကြောင့်ဖြစ်၏ ။ ဟုမိန့်၏ ၊

    ————————–
    လှုူတန်းခြင်း ပေးကမ်းခြင်းကြောင့် ငတ်မွတ်ခေါင်းပါးသည်ဟု အယူရှိပြီး ပြောဆိုလျှင်
    အယူမှားကြောင်း ၊အပြစ်ရှိကြောင်း၊ “ဧဝံနိရယတိ ငရဲဘုံရောက်လိမ့်မည်”ဟု မိန့်၏ ။
    ထိုအခါ ဂါမဏိ အမြင်မှန်ရ၍ ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်သူတယောက်ဖြစ်သွား၏။
    မြန်မာနိုင်ငံတွင် အမေကျော် ဒွေးတော်လွမ်း၊ အဖေကျော် ပထွေးလွမ်း လုပ်ရပ်များကြောင့်
    အင်္ဂလိပ် ဂျပန် လက်အောက်သို့ သူ့ကျွန်ဘဝဖြင့် အနှစ်တရာ ကျရောက်ခဲ့တယ် ။
    လွတ်လပ်ရေးရပြန်တော့လဲ ရောင်စုံသူပုန် သောင်းကျန်းသူတွေနဲ့ ပြည်တွင်းမငြိမ်ချမ်းခဲ့ပါ။
    တော်လှန်ရေးကောင်စီနဲ့ ပါတီကောင်စီခေတ်မှလည်း တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တယ်။
    အဲဒီမှာလဲ ပြည်တွင်းပြည်ပ အဖျက်သမားများပေါင်းပြီး တိုင်းပြည်ပျက်အောင်လုပ်ခဲ့ကြတယ်။
    နဝတ လက်ထက်မှာလည်း ပြည်တွင်းပြည်ပ စီးပွါးရေးသမားများပေါင်းပြီး ပိတ်ဆို့ရေးလုပ်နေ
    ခဲ့ကြပါတယ်။
    အထက်ပါအကြောင်းအရာများကြောင့် မြန်မာနို်င်ငံကြီး ဆင်းရဲခဲ့တာဖြစ်ပါတယ်။
    မအေကျော်ဒွေးတော်လွမ်း ၊ စိတ်ဓါတ်အောက်တန်းကျုသူများကြောင့် နိုုင်ငံ ဆင်းရဲခဲ့တာ
    ဖြစ်ပါတယ်။
    ဗုဒ္ဓ ဘာသာဟာ တခြားဘာသာများလို့ လူမှုရေး ၊ နိုင်ငံရေးရောထွေးနေတဲ့ ဘာသာ
    ယဉ်ကျေးမှု မဟုတ်ပါ ၊ မျက်စိမမြင်လို့ပဲ ဖြစ်ဖြစ်၊ အသိအမြင် အတွေးအခေါ် ခေါင်းပါးလို့ပဲ
    ဖြစ်ဖြစ်၊ဗဟုသုတ နည်းလို့ပဲ ဖြစ်ဖြစ်၊ တမင်တကာစော်ကားချင်လို့ပဲ ဖြစ်ဖြစ်၊
    မကောင်းတဲ့ အကုသိုလ်ကံဟာ ကို်ယ့်ဆီကို ပြန်လာမည် ဖြစ်ပါတယ် ။
    ————— သို့ပါသောကြောင့်……
    ဆင်းရဲသည်မှာ ဘာသာ ၊ ယဉ်ကျေးမှု တို့ကြောင့် မဟုတ်ကြောင်း…။

    • ဆူး

      April 21, 2012 at 4:07 pm

      ဦးလေးရဲ့ အားဖြည့် ကွန်မန်း ကို ဝမ်းမြောက်ဝမ်းသာ သာဓု ၃ ကြိမ် ခေါ်ဆို သွားပါတယ်။

    • ကြောင်ကြီး

      April 21, 2012 at 6:06 pm

      အနှစ်မည်တဲ့
      ဂျစ်ပစီ
      မတစ်ပလီ
      ချစ်သည်။။
      လက်မထောင် အားပေးသွားပါ၏။ ဇိမ်ဖုံးကျီးသဂျီးနဲ့ ပုလင်းတူဗူးစို့တွေကို ဝိုင်းဆဲဂျပါ။ ကုသိုလ်သေချာပေါက်ရမည်…မဆဲဂ ၎င်းတို့နှင့်အတူ ငရဲသို့ ပါသွားလိမ့်မည်။ 👿

      • windtalker

        April 21, 2012 at 8:15 pm

        “““ /ဏ္ဍဂ(ဋရ)ဏ္ဍရဋဏ္ဍဋ)ဂ)ဏ္ဍဂxကျပ်ဋxဏ္ဍကျပ်xဏ္ဍဋကျပ်ရ(ဂဋဏ္ဍရရ ””” ( ရှေးအလွန် ့အလွန်ကျသော ဘာသာတစ်မျိုးဖြင့် ဆဲလိုက်သည် )
        မှတ်ချက် ။ ။ ကိုကြောင်ကြီး အလိုအရ ၊ ငရဲ မသွားလိုသောကြောင့် ။ ဟီဟိ
        ပို ့ပိုင်ရှင် ဖွားဆူး ရေ ““ သာဓု သာဓု သာဓု ”” ပါ နော

  • Gipsy

    April 21, 2012 at 4:13 pm

    ဘာသာ သာသနာ ကို ဘေးချိတ် ထားပါဦး…
    ယဉ်ကျေးမှုကြောင့် ဆင်းရဲတယ် ဆိုတာ မဖြစ်နိုင်ကြောင်း ကွဲလွဲချင်တာလေးတခုပါ …။

  • San Hla Gyi

    April 21, 2012 at 5:23 pm

    ဆူးရေ
    အထောက်အထားလေး တွေပြည့်ပြည့်စုံစုံပြောသွားတာ တွေ့လိုက်ပါတယ်။ ကျနော်လဲ တခုခုဝင်ပြောချင်ပေမယ့် အခုတော့ မပြောသေးဘူးပါဘူး။ ဘုရားရှင်အကြောင်း ပြောချင်တာကြောင့် သီးသန့်ရေးချင်တာရယ် တခုခုမှားပြောရင်ပဲဖြစ်ဖြစ် ဘုရားရှင်ကို အကြည်ညို ပျက်စေသလိုဖြစ်တယ် ဆိုရင်ကျနော်လဲ ရှင်ဒေဝဒတ် အခုသီတင်းသုံး နေတဲ့နေရာကို လိုက်သွားရလိမ့်မယ် ထင်တယ်။ ဒီမိုကရေစီနိုင်ငံကြီး အဲလေ အဝီစိငရဲကြီးဆီကိုပေါ့။ ဒါကြောင့် ကိုယ်သိထားတာလောက်နဲ့ မရေးချင်တာကြောင့် ထင်ရှားတဲ့ ဆရာတော်ကြီးတွေရဲ့ စာတွေ အခြားဗုဒ္ဓစာပေ တွေကိုလည်း ပြန်ကြည့်ချင်လို့ပါ။ အခုတလော ၆၂ပါးသော တိတ္ထိဝါဒတွေ ခေါင်းထောင်လာသလိုပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 21, 2012 at 7:24 pm

    ဘာသာရေးဆိုတဲ့သဘောထည်းက တိုင်းပြည်ဆုတ်ယုတ်တဲ့အကြောင်းကိုပြောရရင်တော့
    လူကလူလိုမနေဘူး ကမြင်းကြောထပြီးဘုန်းကြီးတရားကိုဟောဒယ် 😀
    ဘုန်းကြီးကလည်း ဘုန်းကြီးလိုမနေပြန်ဘူး ကမြင်းကြောထပြီးလူတွေအလုပ်ကိုလုပ်ဒယ် 😀
    ဟဲဟဲဟဲ အရဂါးနောက်ဒါ
    ဒါနဲ့ ဂျဂါးမစပ် ဗမာပြည်လား မြန်မာပြည်လား ဘာပြည်လည်းထားပါတော့
    အဲ့သည်ပြည်ကြီးက တိုးတက်ခဲ့ဘူးတယ်လား
    ကျွတ်ကျွတ်ကျွတ်

    • နေဝန်းနီ

      April 21, 2012 at 7:55 pm

      မိုက်ကယ်ဂျော်နီအောင်ပု says:

      ဘာသာရေးဆိုတဲ့သဘောထည်းက တိုင်းပြည်ဆုတ်ယုတ်တဲ့အကြောင်းကိုပြောရရင်တော့
      လူကလူလိုမနေဘူး ကမြင်းကြောထပြီးဘုန်းကြီးတရားကိုဟောဒယ် 😀
      ဘုန်းကြီးကလည်း ဘုန်းကြီးလိုမနေပြန်ဘူး ကမြင်းကြောထပြီးလူတွေအလုပ်ကိုလုပ်ဒယ် :D)))
      အဓိကအကြောင်းက ဒါပဲ…။

      အဲသဟာ အောင်ပုရဲ့တာဝန်ပေါ့လျော့မှု တွေပဲ မြန်မြန်ဝန်ခံလိုက်………..။

  • အမေရိကန်ငတုံး

    April 21, 2012 at 9:42 pm

    တို.ဘပုတစ်ယောက်ပို(စ်)အသစ်လည်းမတင် ကွန်မန်.လည်းအရေးကျဲ
    လုပ်ပါဦးဂျ ဘပုရဲ.တော်ကီအလန်း သူများနဲ.မတူတဲ့အတွေးအခေါ်အလန်းလေး
    တွေဖတ်ချင်လို.ပါ။

  • ဦးဦးပါလေရာ

    April 22, 2012 at 9:20 am

    အခုမှ ဝင်ကြည့်ရတော့ တော်တော်ရှုတ်ယှက်ခတ်နေပြီ
    ဘယ်က စ ပြောရ ကောင်းမလဲမသိဘူး…။

    ဘာသာနဲ့ ယဉ်ကျေးမှု့ကြောင့် နိုင်ငံဆုတ်ယုတ်နိမ့်ကျတာမဟုတ်ပါဘူး။
    ဘာသာနဲ့ယဉ်ကျေးမူ့က နိုင်ငံ အခုထက်ဆိုးမသွားအောင် ထိန်းထားပေးတာသာဖြစ်ပါတယ်။

    ဘာသာရေးအဆုံးအမတွေကို မလိုက်နာတဲ့သူတွေကသာ နိုင်ငံကို ဖျက်လိုဖျက်ဆီးလုပ်နေတာဖြစ်တယ်။
    အဲဒီကြားကပဲ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဆုံးအမကိုလေးစားသူတွေက နိုင်ငံအကျိုး ပြည်သူ့အကျိုး နားလည်သလောက် တတ်နိုင်သလောက် ဝိုင်းပြီးအဖတ်ဆယ်နေရတာဖြစ်တယ်။

    နီးတဲ့ဥပမာလေးတခုပေးရရင် တနိုင်ငံလုံးမှာ ပရဟိတလုပ်ငန်းတွေကို ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်တွေကို ခေါင်းတပ်ဦးစီးပြီး တည်ထောင်လုပ်ကိုင်နေကြတယ်။ ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်တွေ ဦးစီးခေါင်းတပ်ထားလို့/ပါထားလို့ လူအများကြယုံကြည်လက်ခံကြပြီး ဝိုင်းဝန်းပံ့ပိုးထည့်ဝင်ကြတယ်။

    မယုံရင် ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်မဟုတ်ပဲ/မပါပဲ ဦးဦးပါလေရာခေါင်းစဉ်တပ်ပြီး ပရဟိတလုပ်ငန်းလုပ်ကြည့်။ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်သွားမယ်။ ဦးကျော်သူတို့လို လူတချို့လုပ်တာ အောင်မြင်တာမှန်ပါတယ်။ အဲဒါ တယောက်တလေပဲ။

    • ရဲစည်

      April 22, 2012 at 12:27 pm

      အောင်မြင်တယ်ဆိုတာက ဘယ်အတိုင်းအတာထိလဲ ခင်ဗျ……။
      ဦးဦးပါလေရာ says: “နီးတဲ့ဥပမာလေးတခုပေးရရင် တနိုင်ငံလုံးမှာ ပရဟိတလုပ်ငန်းတွေကို ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်တွေကို ခေါင်းတပ်ဦးစီးပြီး တည်ထောင်လုပ်ကိုင်နေကြတယ်။ ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်တွေ ဦးစီးခေါင်းတပ်ထားလို့/ပါထားလို့ လူအများကြယုံကြည်လက်ခံကြပြီး ဝိုင်းဝန်းပံ့ပိုးထည့်ဝင်ကြတယ်။

      မယုံရင် ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်မဟုတ်ပဲ/မပါပဲ ဦးဦးပါလေရာခေါင်းစဉ်တပ်ပြီး ပရဟိတလုပ်ငန်းလုပ်ကြည့်။ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်သွားမယ်။ ဦးကျော်သူတို့လို လူတချို့လုပ်တာ အောင်မြင်တာမှန်ပါတယ်။ အဲဒါ တယောက်တလေပဲ။”………ဒီစကားလေးမှာပါသွားပီ….
      ယနေ့ မြန်မာလူမျိုးတွေဖြစ်နေတာ အဲဒိစိတ်ဓာတ်ကြောင့်ပါဘဲ နာမည်ကြီးတွေပါမှ အလုပ်ဖြစ်တဲ့ သဘော….။
      ကိုယ့်ယုံကြည်မှုနဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှု ထပ်တူမကျသ၍ ဘယ်သောအခါမှ အဟောင်းကိုဖောက်ထွက်နိူင်ခြင်း အသစ်ကိုပြုစွမ်းနိူင်ခြင်း ရှိမှာမဟုတ်လို့ ယူဆပါကြောင်း…..

      • ဦးဦးပါလေရာ

        April 22, 2012 at 12:50 pm

        အင်း…. ကျုပ်အပြောမတတ်လို့ ဆိုလိုရင်းကို လွဲသွားတယ်။
        ပြောချင်တာက လူအများနဲ့ စုပြီး တခုခုလုပ်ရာမှာ လူအများလက်ခံသူကလုပ်ရင် ပိုအောင်မြင်တာပေါ့။
        လောလောဆယ်ကတော့ လူအများလက်ခံသူဆိုတာ
        အစိုးရဝန်ထမ်းတွေ ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ အခြားအတွေးအခေါ်ပညာရှင် အသိပညာရှင် အတတ်ပညာရှင်တွေထက်
        ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်တွေပဲ ဖြစ်နေတယ်။
        တကယ်တော့ သီအိုရီအရ အဲဒါနေရာမှားနေတာဖြစ်ပါတယ်။ ဒါပေမယ့်လဲ လောလောဆယ်တော့ ဒီအတိုင်းပဲဖြစ်နေတာပါ။
        လူက လူအလုပ်ကောင်းကောင်းမလုပ်တဲ့အခါ ဘုန်းကြီးကလဲ ဘုန်းကြီးအလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး။ လူကြားထဲ ကန့်လန်ကန့်လန့် ပါလာရတော့တယ်။

        နမူနာတခုပြောပါမယ်။
        ကျုပ်နေတဲ့ဇာတိမြို့ပေါက်စလေးမှာ
        မြို့မျက်နှာဖုံးတွေ၊ ငွေကြေးပြည့်စုံသူတွေ ကျောင်းဆရာကြီးတွေ ဆရာဝန်တွေ စစ်ဘက်နယ်ဘက်က ခေါင်းဆောင်တွေ စုစည်းပြီး
        နာရေးကူညီမှု့အသင်းထောင်တယ်
        စာကြည့်တိုက်ထောင်တယ်။ စာကြည့်အသင်းဖွဲ့တယ်။
        အစိုးရက ပစ်ထားတဲ့ ဆေးရုံကို တိုးချဲ့တယ်။ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်းတွေ လှူတယ်
        ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို ကျောင်းထားဘို့လုပ်တယ်။ ပံ့ပိုးတယ်။
        လူမှု့ရေး (အလှူ၊မင်္ဂလာ) ကူညီတဲ့အသင်းတွေ ဖွဲ့တယ်။
        တခြား အများကြီးလုပ်သေးတယ်..။

        အဲဒါတွေအားလုံးကို မြို့လည်ဘုန်းကြီးကျောင်းမှာ တိုင်ပင်စည်းဝေး ဆွေးနွေးပြီး ဘုန်းကြီးကို နာယကထားပြီးလုပ်တယ်။
        ဘာလို့အဲလိုလုပ်သလဲ ဆိုတော့…..
        ၁-အောင်မြင်မှာသေချာချင်လို့
        ၂-မြို့ခံလူအများစုရဲ့ ယုံကြည်မှု့နဲ့ အားပေးမှု့ကို ရချင်လို့
        ၃-အသင်းအဖွဲ့ထူထောင်ပြီးတဲ့အခါ အငြင်းအခုံ အကွဲအပြဲ သက်သာချင်လို့
        …..ပါပဲ။

        အဲဒီလိုလုပ်တဲ့-
        မြို့မျက်နှာဖုံးတွေ၊ ငွေကြေးပြည့်စုံသူတွေ ကျောင်းဆရာကြီးတွေ ဆရာဝန်တွေ စစ်ဘက်နယ်ဘက်က ခေါင်းဆောင်တွေ ……ဟာ
        အလကားကောင်တွေ၊ အရူးတွေ၊ အရည်အချင်းမရှိသူတွေလို့ မထင်ပါနဲ့…..
        အဲဒီလူတွေဟာ အမျှော်အမြင်ရှိသူတွေပါ….၊
        အနဲဆုံး ဒီဆိုက်မှာ ဝင်အာလူးပေးနေတဲ့ ကျုပ်ထက်တော့
        တိုင်းပြည်အကျိုး အများအကျိုးကို အဆရာထောင် လက်တွေ့ဆောင်ရွက်နေသူတွေပါ။
        လိုရင်းက
        “အဲဒါ အလုပ်ဖြစ်တယ်..။”

        • winterkoe

          April 22, 2012 at 2:09 pm

          လူကိုအဓိကထားတဲ့လုပ်ငန်းတခုထက် စနစ်ကိုအဓိကထားတဲ့လုပ်ငန်းတခုက ရေရှည်တည်တံ့ပါတယ်။

  • ဦးဦးပါလေရာ

    April 22, 2012 at 9:25 am

    ဒါနကြောင့် အလှူတွေကြောင့် တိုင်းပြည် ဆုတ်ယုတ်တယ်ဆိုတာ မဟုတ်ပါဘူး။
    အဲလိုခြုံပြီးပြောရင် မှားတယ်။
    ဘယ်လိုဒါနကတော့ လူတွေ အကျိုးမရှိဘူး
    ဘယ်လိုဒါနကတော့ လူတွေ အကျိုးရတာနည်းတယ်
    ဘယ်လိုဒါနကတော့ လူတွေ အကျိုးရတာ များတယ်……. လို့ပဲ
    ခွဲခြားစိတ်ဖြာပြီးပြောမှ မှန်တယ်။

    အကျိုးရှိတာနည်းတဲ့ ဒါနမှာတောင့် သူ့ပစ္စည်းသူလှူတာကို စွက်ဖက်ခွင့်မရှိထိုက်ဘူး။

    (ကွန်ပျူတာ ပါဝါလောင်နေလို့ ကြာကြာဖွင့်လို့မရလို့ ကွန်မင့်ကောင်းကောင်းမရေးနိုင်ဘူး။ နှမြောလိုက်တာနော်။)

    • Moe Z

      April 22, 2012 at 10:30 am

      အရေးထဲအဲဒီ pc ကတစ်မျိုး 👿
      အသစ်လဲပလိုက် ဦးဦးပါလေရာ
      နောက်တစ်ခေါက်ပြန်လာခဲ့ပါဦးနော့

      မမဆူးရေ အားပေးသွားပါတယ်
      Thumbs up!

      • ဦးဦးပါလေရာ

        April 22, 2012 at 10:56 am

        မိုးစက်ရေ-
        အခုသင်္ကြန်မှဖြစ်တော့ ကွန်ပျူတာဆိုင်တွေပြန်ဖွင့်အောင် စောင့်ရဦးမယ်။
        ကျုပ်ကကပ်စီးကုပ်အဖိုးကြီးဆိုတော့ အဲဒီဘုတ်အဟောင်းစက်အဟောင်းလေးကို ဒီအတိုင်းမပစ်ရက်ပြန်ဘူး။ ပါဝါလေးလဲပြီး အသက်ဆက်မလို့ ကြံနေတာ… 😀

        • ဗိုက်ကလေး

          April 22, 2012 at 11:01 am

          ကျနော့်ကို ပေးလိုက်ပါ..
          အကျိုးရှိရှိရောင်းသောက် အဲလေ….ပြင်သုံးပေးပါ့မယ် အူးလေးရယ်..
          စဂါးမစပ်..
          မနက်ဖြန် ရုံးဖွင့်ရင်လဲ ဆက်ငြင်းကြပါဦးနော်..
          ဒီတိုင်း ပစ်မထားကြပါနဲ ့

        • ဆူး

          April 22, 2012 at 11:04 am

          ဝိဇ္ဇာ ၈သောင်း ဘိုးတော် ပေါင်း ရဲ့ ကိုယ်စားလှယ်တော် ဘိုးတော်ပါ တောင် မနေနိုင်ပဲ ပါရပြီ။
          ဝမ်းသာပါတယ်။ ဝင်ရောက် အားဖြည့်ခြင်းသည် သာသနာကို ကာကွယ်စောင့်ရှောက်ခြင်း မည်ပါတယ်။ ဆက်လက် ရေးသားဖို့ တိုက်တွန်းပါတယ်။

  • ဦးဦးပါလေရာ

    April 22, 2012 at 10:53 am

    အများစုအတွက် ယေဘုယျ အမှန်ကို ရှာမယ် ပြောမယ်ဆိုရင် အများစု ကို လက်ရှိအတိုင်းကြည့်ပြီးမှ ပြောရမှာပါ။
    မြို့ပေါ်နေ၊ ပညာတတ်၊ အရည်အချင်းပြည့်ဝ၊ အတွေးအခေါ်ရှိ၊ အပြုသဘောစိတ်ထားရှိတဲ့ လူမျိုးဆိုတာက ဒီနိုင်ငံမှာလူနည်းစုမျှသာဖြစ်ပါတယ်။ အဲဒီလူနည်းစုထဲက အွန်လိုင်းကိုတက် ဒီဆိုက်လိုဟာမျိုးတွေမှာ ဝင်ဆွေးနွေးကြတဲ့အခါ ကိုယ့်လိုလူမျိုး ကိုယ့်လို စိတ်မျိုးတွေအတွက် ကိုယ်စားပြုကိုယ်ချင်းစာပြောရမှာထက်- …..
    ဒီနိုင်ငံမှာ မနေ့ညကအိပ်ယာဝင်ပြီး ဒီမနက်တကယ်အိပ်ယာထ ခဲ့ကြတဲ့ တကယ့်လူများစုကြီးကို ကိုယ်စားပြု ကိုယ်ချင်းစာပြောမှ ပိုဆီလျှော်ပါတယ်.။

    အဲဒီလူများစုကြီးထဲမှာ ဘာသာ/ဓလေ့ထုံးစံတွေကို လေးစားသူတွေနဲ့
    ဘာသာ/ဓလေ့ထုံးစံတွေကို လှည့်မကြည့်သူတွေ ပစ်ပယ်သူတွေထဲမှာ
    ဘယ်အစုထဲက ပိုယဉ်ကျေးသလဲ
    ဘယ်အစုထဲက ပိုစာရိတ္တကောင်းသလဲ
    ဘယ်အစုထဲက ပို စိတ်ကောင်းရှိ(အပြုသဘောဆောင်တဲ့စိတ်ရှိ) သလဲ
    ဘယ်အစုထဲက အများအကျိုးဆောင်ရွက်သလဲ
    ………….အဲသလို သုံးသပ်ကြည့်ရင် ဘာသာ/ဓလေ့ တွေရဲ့ အကျိုးကို မြင်ရနိုင်ပါတယ်။

  • weiwei

    April 22, 2012 at 11:02 am

    ကျွန်မကတော့ အခုပိတ်ရက်မှာ မြန်မာပြည်က နေရာတော်တော်များများကို ရောက်ခဲ့ပါတယ် … အွန်လိုင်းကနေကြည့်တာမဟုတ်ပဲ လက်တွေ့ကွင်းဆင်းကြည့်လိုက်ရတယ်ပေါ့ … အရင်ကထက် ပိုပြီး တိုးတက်နေတာ မျက်မြင်ကိုယ်တွေ့ပါပဲ …
    အေးအေးဆေးဆေး အချိန်ရတော့မှ အသေးစိတ် ရေးပါအုန်းမယ် ….

    • ဆူး

      April 22, 2012 at 11:05 am

      မဝေ ရဲ့ တိုးတက်ပုံလေးတွေကို လည်း မျှဝေ ခံစားကြည့်ချင်ပါသေးတယ်။

      • weiwei

        April 22, 2012 at 11:15 am

        မျက်မြင်အရတော့ လမ်းတံတားအခြေအနေတွေ တော်တော်လေးတိုးတက်ကောင်းမွန်လာတယ် … လမ်းပန်းသာတော့ ဆိုင်တွေပိုကောင်းလာပြီး ခရီးသွားလုပ်ငန်း ပိုပိုတိုးတက်နေတာ သတိထားမိခဲ့တယ် … တောနဲ့မြို့နဲ့ တန်းတူနီးပါး ဖြစ်နေပါပြီ …
        ဘုရား စေတီ ပုထိုးနဲ့ ဘုန်းတော်ကြီးကျောင်းတွေလဲ သန့်ရှင်းသပ်ယပ်ပြီး တိုးတက်ခေတ်မှီနေပါပြီ …
        လူတွေရဲ့ စိတ်ဓါတ်အခြေအနေကတော့ ….

  • ဦးဦးပါလေရာ

    April 22, 2012 at 11:05 am

    ဘာသာဓလေ့ထုံးစံတွေထဲမှာ တချက်ခြင်းအားဖြင့် မသင့်တော်/မကောင်း/အကျိုးမရှိ တဲ့အချက်တွေ ရောပါနေတယ်။ အဲဒါကို ဝန်ခံပါတယ်။

    ကျုပ် အုန်းသီးတလုံးနဲ့ ဥပမာပေးပါရစေဗျာ…။
    အုန်းသီးတလုံးကို အခုမှမြင်ဘူးသူအဖို့ တော်တော်စိတ်ပျက်စရာကောင်းလိမ့်မယ်..။
    ပထမ အမျှင်တွေအများကြီးနဲ့ ဖဲ့လို့ ဖျက်လို့ခက်ခဲတဲ့ အခွံအထူကြီးနဲ့ ဖုံးထားတယ်..။
    အဲဒါကြီးပြီးပြန်တော့ မာကျောတဲ့ အခွံတထပ်နဲ့ ကာထားတယ်…။
    အထဲမှာတော့ အနှစ်အသားဖြစ်တဲ့ အုန်းသီးဆံ ရှိပါတယ်…။
    သဘာဝကြီးက ဘာလို့ အဲလောက်ခဲရာခဲဆစ်တွေနဲ့ အဲဒီအနှစ်ကို ကာထားသလဲဆိုတော့…
    အဲဒီအနှစ်(မျိုး)က အဲဒီအခွံတွေထဲမှာပဲ တည်နိုင်လို့ပေါ့……။

    ဒါကြောင့် ငယ်ငယ်တုန်းက အိမ်မှာမုန့်လုပ်တိုင်း အုန်းသီး လေးငါးခြောက်လုံး ခွာပေး၊ ခွဲပေး၊ ခြစ်ပေး၊အရည်ညှစ်ပေးခဲ့ရလို့ သဘာဝကြီးကို ကြိတ်အပြစ်တင်ခဲ့ပေမယ့်-
    အခုတော့ ခြုံပြီးပဲ စုစုပေါင်းအကျိုးကိုတွက်ရင်း နားလည်ကြည့်လိုက်ပါတော့တယ်ဗျာ….။

  • ရဲစည်

    April 22, 2012 at 12:39 pm

    ယုံကြည်မှုကနေတဆင့် ဆည်းကပ်မှု၊ ကျင့်ကြံမှုတွေဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားပါလိမ့်မယ်။ လူတွေအားလုံးကို တစ်ပုံစံထဲဖြစ်အောင်/ဖြစ်စေတဲ့ အခြားဘာသာတွေမှာတောင် မရပါဘူး။
    ကျွန်တော်ကတော့ ဗုဒ္ဓဘာသာကို ကြည်ညိုတယ်၊ခံယူတယ် ကျင့်ကြံတဲ့ အပိုင်းတော့ ကိုယ့်ဉာဏ်မှီသေ လာက်လေးပေါ့ သို့ပေသိ ဘယ်သူနဲ့မှတူစရာမလိုသလို ဘယ့်သူကိုယ်မှလဲ ထုတ်ပြပြောဆိုနေစရာ မလိုဘူးလို့ထင်ပါတယ်။ လွဲနေရင်လဲပြင်ပေးကြပါအုံး…..

    • ဆူး

      April 22, 2012 at 12:51 pm

      မြန်မာပြည်က လူတွေက နာမည်ကြီး ကြိုက်တယ်.. ကျော်သူ ဆိုတာ တချိန်က မင်းသား..
      ကျော်ဟိန်း ဘုန်းကြီးဝတ်ပြီး တရားလိုက်ဟော တုန်းကလည်း နယ်ဘက်တွေမှာ စည်ကားလိုက်တာ ပြောမနေနဲ့တော့.. လူတွေကို အုန်းအုန်းထ နေတာပဲ အားပေးကြတာ.. ကျော်ဟိန်းဘုန်းကြီး ဟောတဲ့ တရားနာချင်လို့ မဟုတ်ဘူး ကျော်ဟိန်းဆိုတာကို အရှင်လတ်လတ် အပြင်မှာ မြင်ဖူးချင်လို့ တိုးဝှေ့ သွားကြည့်ကြတာ

  • FattyCat

    April 22, 2012 at 1:03 pm

    ရွာတော်ရှင်ဘွဲ့ရညီမလေးဆူးရေ-

    ညီမလေးရဲ့ ပိုစ့်မှာ ကျုပ်နာမည်ကြီးကိုဦးတည်ထားတော့ မမန့်ပဲနေခဲ့ရင်ဖြင့် ကျုပ်ရေးလိုက်တဲ့ ကော်မန့်တစ်ခုကို
    ကျုပ်ကိုယ်တိုင်တာဝန်မယူဘူးလို့အဓိပ္ပာယ်သက်ရောက်သွားမှာမို့ ပြန်တော့ရေးလိုက်ပါတယ်…
    ဒီလိုပြန်ရေးသင့်လား၊ အကြီးတစ်ယောက်နေနဲ့ အရက်သမားတစ်ယောက်အနေနဲ့ ပြန်ရေးလို့သင့်တော်ပါ့မလားကိုလဲ
    အကြိမ်ကြိမ်စဉ်းစားနေလို့ ကြာသွားတာပါ… ကော်မန့်တစ်ခုကြောင့် ရွာသူရွာသားအချင်းချင်း အမြင်မတူရာက အတူမြင်လို့မရပဲဖြစ်သွားမှာကိုလဲ
    စိုးရိမ်သပေါ့ဗျာ… တစ်ရွာတည်းသားချင်းတွေကိုး…
    ဒါပေမယ့် ကျုပ်ကော်မန့်ပေးကိုပေးရမယ်… ဘာဖြစ်လို့လဲဆိုရင်…

    ကျုပ်ရေးထားတဲ့ကော့်မန့်ထဲမှာ ဗုဒ္ဓဘာသာဖြစ်နေလို့ မြန်မာပြည်မတိုးတက်ရတာပါလို့မပါသလို…
    အခုဆွေးနွေးခဲ့တာအားလုံးဟာလဲ မြန်မာ့ယဉ်ကျေးမှုဆိုတဲ့အထဲက အမှားတွေ၊ ပြင်သင့်တာတွေကိုဆွေးနွေးနေတာပါ…

    ညီမလေးဆူးစွတ်စွဲထားသလို ဗုဒ္ဓဘာသာကအခြေအမြစ်မရှိတဲ့ဘာသာပါလို့လဲ ကျုပ်ရေးမထားဘူးနော်…
    ဗုဒ္ဓဝင်အကြောင်းကို ဘာလို့ရေးရလဲဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မျက်ကန်းမျိုးချစ်တို့၊ မျက်ကန်းဘာသာရေးသမားတို့ကြောင့်
    ရေးရတာပါ…
    ရှင်းရှင်းပြောရရင် ဗုဒ္ဓဘာသာအကြောင်းကိုပြောရင် ဆပ်ဆပ်ထိမခံနိုင်ဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်
    ဘယ်လောက်များ ကိုးကွယ်နေတဲ့ဘာသာအပေါ်မှာ လေ့လာမှုအားကောင်းလဲ၊ အားနည်းလဲဆိုတာကို ထောက်ပြချင်လို့ပါ…
    လေ့လာမှုအားနည်းရခြင်းရဲ့ နောက်ဆက်တွဲပြသနာကတော့ အမှားတွေကို အမှန်ထင်ရွှေသမင်အလိုက်မှားခဲ့တာကို ပြောချင်တာပါနော်…
    ဗုဒ္ဓဘာသာကို ထိခိုက်စေလိုတာမဟုတ်ပါဘူး… ကျုပ်တို့ငယ်ငယ်တုန်းကတည်းက သိခဲ့တဲ့အသိမှားတွေကို၊ ပြင်ဆင်ဖို့အခွင့်အရေးရပါလျက်နဲ့
    ပြင်ဆင်ဖို့အကျိုးအကြောင်းတွေတိုက်ဆိုင်ပါလျက်နဲ့ အဖေပြောခဲ့လို့၊ အဖိုးပြောခဲ့လို့၊ ရှေးလူကြီးတွေပြောခဲ့လို့ဆိုတဲ့ အရိုးစွဲယဉ်ကျေးမှုတွေကို
    မှားနေလဲဆုတ်ကိုင်ပြီး ကိုယ့်ဘာသာအတွက် အကျိုးကြောင်းမဆင်ချင်ပဲ အနိုင်ရရင်ပြီးရောပြောတတ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တစ်ချို့ကြောင့်
    ဒီလိုမျိုး ကျွန်တော်ရေးတာပါ…

    ကဲ-
    သင်္ဂါယနာအကြောင်းနဲ့ ညီမလေးဆူးကဖွင့်ထားတော့… ကျုုပ်လဲ အဲဒီအကြောင်းကနေပဲ ပြောပြပါ့မယ်…
    ညီမလေးပြောတဲ့ သင်္ဂါယနာအကြောင်းက တော်တော်လေးကိုပြည့်စုံပြီး၊ မှတ်သားဖွယ်ရာပါ…
    ဒါပေမယ့် သင်္ဂါယနာတင်တယ်ဆိုတဲ့နေရာမှာ အဓိကရည်ရွယ်ချက်က ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့တရားတော်တွေကို ပျောက်ပျက်မသွားအောင်ဆောင်ရွက်ခြင်းပါ…
    အဲဒါဆိုရင် ဘာတွေကို ပျောက်မသွားအောင်လုပ်သလဲ… အဓိကပြုလုပ်ခဲ့တာကတော့ ပိဋိကတ်သုံးပုံဆိုတာပါပဲ…
    ပိဋိကတ်သုံးပုံဆိုတာ ဗုဒ္ဓဘာသာရဲ့အနှစ်သာရ၊ မရှိမဖြစ်ပါ… အဲဒီသုံးပုံပျောက်တာနဲ့ သာသနာကွယ်ပျောက်သွားပြီး၊
    ဒီကမ္ဘာပေါ်ကနေ ဗုဒ္ဓဘာသာဆိုတာကို သက်သေပြစရာဘာမှမရှိတဲ့ ဘာသာတစ်ခုဖြစ်သွားမှာပေါ့…

    အဲဒီ ပိဋိကတ်သုံးပုံထဲမှာ ဘာတွေပါသလဲလို့ဆိုရရင်ဖြင့်
    (၁) ဝိနည်း
    (၂) အဘိဓမ္မာ
    (၃) သုတ္တာန် ပေါ့ဗျာ…
    အဲဒီ အားလုံးရဲ့ အရှည်ကို မြန်မာပြန်ဖတ်ချင်တယ်… သိချင်တယ်ဆိုရင်ဖြင့် အောက်ကလင့်မှာသွားကြည့်ပါ… အကုန်အစုံအသေအချာပါပါတယ်…

    http://www.dhammaransi.com/index.php?option=com_content&view=article&id=255&Itemid=78

    ကဲ… ခုနကိစ္စလေးပြန်ဆက်ကြဦးစို့
    အဲဒီလို သင်္ဂါယနာတင်ခဲ့တဲ့အထဲမှာ ကျွန်ုပ်ပြောခဲ့တဲ့ ဗုဒ္ဓဝင်ဆိုတဲ့ ဗုဒ္ဓမြတ်စွာရဲ့ဘိုင်အိုဂရပ်ဖီမပါခဲ့ဘူးခင်ဗျာ…
    အဲဒီလိုပဲ မြတ်စွာဘုရားရဲ့ ဘိုင်အိုဂရပ်ဖီကို ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းလေးရာလောက်ကြာမှရေးခဲ့တာဖြစ်တယ်ဆိုတာကိုလည်း မမေ့စေချင်ပါဘူး…
    ဘယ်ကနေအဲဒီ ဗုဒ္ဓဝင်ဖြစ်လာခဲ့လဲဆိုရင် အိန္ဒိယစာဆိုတော်ကြီးတွေရေးတဲ့ Sonet လို့ခေါ်တဲ့ကဗျာရှည်ကြီးတွေကနေ ဗုဒ္ဓဝင်ဖြစ်လာတာပါ…
    အဲဒါဆိုရင် ဘယ်သူရေးခဲ့မှန်းမသိတဲ့၊ ပိဋိကတ်ထဲမှာမပါတဲ့ ဗုဒ္ဓဝင်ဟာအမှန်ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်လို့ ကျွန်ုပ်ပြောတာမလွန်ဘူးထင်ပါတယ်နော်…

    ရွာတော်ရှင်ဆူးရဲ့စိတ်ထဲမှာ ဗုဒ္ဓဝင်ကို ပိဋိကတ်ထဲမှာပါပြီး၊ သင်္ဂါယနာတင်တဲ့အထဲမှာပါတယ်လို့ထင်ရင် 700BC လောက်မှပေါ်တဲ့ ဗုဒ္ဓဝင်ဟာ ပထမသင်္ဂါယနာကတည်းက မပါခဲ့တာတော့ ကျိန်းသေနေပြီးပေါ့နော်…
    အဲဒီလို ကျုပ်ပြောလို့ တစ်သက်လုံးရွတ်ခဲ့တဲ့ ခုနစ်နေ့ဘုရားရှိခိုးကြီးက အမှားကြီးလားလို့မေးရင်…

    ကိုယ်ကိုးကွယ်နေတဲ့ဘုရားရဲ့ ဘိုင်အိုဂရပ်ဖီကို လုံးလုံးမသိတာထက်စာရင် ရှိတာလေးကိုအကောင်းဆုံးဆိုပြီး၊ ကမ္ဘာအရပ်ရပ်က ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေအားလုံးကလက်ခံခဲ့ကြတာ… အဲဒါလေးကိုတော့ ဗုဒ္ဓဘာသာလူမျိုးတိုင်းသိစေချင်ပါတယ်…
    ဗုဒ္ဓဘာသာဝင်လူမျိုးတိုင်းကိုလဲ ငါ့ဘာသာဆိုပြီး ဘုရားဟောအစစ်လား၊ အဌကထာဆရာတွေရေးထားတာလားဆိုတာကိုတော့
    ကွဲကွဲပြားပြားသိပြီး အခြားဘာသာဝင်တွေကြားမှာ အမှားအမှန်မသိပဲ အရှက်မကွဲရလေအောင် တတ်နိုင်သမျှ တူးဆွမိသမျှရေးပြတာပါနော်…

    နောက်ထပ် ဥပမာတစ်ခုပြပါဦးမယ်… ကျွန်တော်ဖတ်ဖူးခဲ့တဲ့ ရာမယဏ (ရာမဇာတ်)အကြောင်းပေါ့…
    ရာမယဏဇာတ်ရဲ့နောက်ဆုံးမှာနိဂုံးချုပ်တော့ ရာမမင်းသားဟာ ဗုဒ္ဓမြတ်စွာဖြစ်ပြီးတော့၊ ဒဿဂီရိဘီလူးဟာ ဒေဝဒတ်ဖြစ်တယ်ဘာညာပေါ့ ကောင်းကောင်းရေးထားတာကိုတွေ့ရပါတယ်… ဇာတ်သဘောအရကြည့်ရင်လဲ ပြည်သူလူထုကောင်းကျိုးလုပ်တာဆိုလို့ နောက်ဆုံးခန်း မယ်သီတာနဲ့ ညားပြီးတော့ တိုင်းသူပြည်သားများကို တရားမျှတစွာအုပ်ချုပ်နေထိုင်သွားသည်လို့ ရေးထားတာသွားတွေ့တယ်…
    ဘယ့်နှယ့် ရာမဇာတ်ကို ဘုရားရဲ့ဘိုင်ကိုဂရပ်ဖီထဲစွဲထည့်ပြန်ပြီလဲပေါ့…
    သေချာမလေ့လာမိလို့ အမှားကြီးကိုအမှန်ထင် ကိုယ့်ရဲ့နောက်ထပ်မျိုးဆက်သစ်တွေကို အမှားကြီးလက်ဆင့်ကမ်းမိခဲ့တာတွေလဲ ထုနဲ့ဒေးပါကွယ်..

    အမှန်ကိုသိအောင်လုပ်ခြင်းဟာ ဗုဒ္ဓဘာသာကို စော်ကားခြင်းမဟုတ်ဘူးလို့ ခံယူထားတဲ့အတွက် ဆဲချင်ရင် ပွင့်ပွင့်လင်းလင်းဆဲနိုင်တယ်နော်…
    အဲဒီတော့ ရွာတော်ရှင်ဘွဲ့ခံညီမလေးဆူးလဲ ကြောင်ဝတုတ်ဆိုတဲ့အရက်သမားတိရိစ္ဆာန်တစ်ကောင်က ဘာသာရေးကိုစော်ကားတယ်လို့ မမြင်စေချင်သလို၊ ကြောင်ဝတုတ်ကြက်ကန်းဆန်အိုးတိုးပြီးတွေ့ရှိမိတာလေးကို အပြစ်မမြင်စေချင်ပါဘူး…

    နောက်ဆုံးအနေနဲ့ပြောချင်တာက ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့သလို ဘယ်သူတွေဘာပြောပြော မိမိကိုယ်ပိုင်ညဏ်ဖြင့် ချင့်ချိန်နားလည်တတ်ဖို့ ကြိုးစားရမှာပါ… မျက်စိမှိတ် ဗုဒ္ဓဘာသာဝင်ဆိုတာထက် အမြင်ကျယ်သောဗုဒ္ဓဘာသာဝင်ဖြစ်စေချင်တာပါ…
    ကိုယ်ပိုင်ညဏ်ဖြင့် တပါးသူရေးထားသောသမိုင်းများ၊ ပုံနှိပ်စာအုပ်များ၊ အင်တာနက်ပေါ်မှာစာများ၊ မိဘဆရာသမားတို့၏ပြောစကားများကို
    ချင့်ချိန်နှိုင်းယှဉ်ခွဲခြမ်းစိတ်ဖျာနိုင်သော အရည်အချင်းများရှိစေချင်တာပါ…

    အဲဒီတော့ ရွာထဲကကျုပ်တို့လဲ ကိုယ်စွမ်းရှိသလောက် ညဏ်စွမ်းရှိသလောက် မိမိတို့ပတ်ဝန်းကျင်ကို အသိပညာများမြှင့်ပေးနိုင်အောင်ကြိုးစားရင်း နိုင်ငံ့အကျိုး၊ နိုင်ငံသားတို့ရဲ့အကျိုးကို တတ်စွမ်းသလောက်ထမ်းဆောင်ကြပါစို့လားဗျာ…

    ခင်တဲ့-
    ကြောင်ဝတုတ်
    ဘုရားအကြောင်းဆွေးနွေးတဲ့အရက်သမား

    • ဆူး

      April 22, 2012 at 1:47 pm

      ဖတ်တီးကတ်ရေ.. တခုလောက်တော့ မေးချင်တယ်.. ဖတ်တီးကတ် ထမင်းစားတဲ့ အခါ ထမင်းစားတယ်လို့ ပြောတယ်နော်.. ထမင်းစားတယ်ရဲ့ နောက်က ဝါးတယ် မြိုချတယ် ဆိုတာ မပြောလည်း အလိုလို သိတယ်မဟုတ်လား။ အဲဒီ စကားစုထဲမှာ လုပ်ဆောင်ချက် အကုန်ပါသွားတယ်။

      ================

      ဘုရား သမိုင်း နောက်မှ ရေးတဲ့ လူကလည်း ဘုရားဟောထဲမှာ ပါတဲ့ ဘယ်သူကို ဘယ်နေရာမှာ ဘာတရားဟောတယ် စသဖြင့် ပြန်အတိတ်ကောက်ရင် ရနေတာပဲ မဟုတ်လား..
      ရှင်အာနန္ဒာ ပြောတဲ့ စကားအတိုင်း တခါတပါး ရာဇဂြိုလ်ပြည်မှာ သာဝတ္တိမှာ စသဖြင့်ပါပါတယ် ပါဠိတွေနဲ့ ရှိနေပါတယ်။

      နောက်ပြီး မွေးတဲ့ မိခင် ကို နတ်ပြည် တက်ပြီး တရားဟောတယ် ဆိုတဲ့ အထဲမှာ နာမည် နဲ့ တကွပါပါတယ်။ မိထွေးတော် ဂေါတမီ သင်္ကန်းကပ်တာ စသဖြင့် ဘိက္ခူနီ ဖြစ်ကုန်တာတွေ စသဖြင့် ပါတယ်နော်…
      ဖခင် သုဒ္ဓေါဓနမင်းကြီးဟာ တရားနာပြီး ထီးဖြူအောက်မှာတင် ပရိနိဗ္ဗာန် စံပါတယ်။
      သားတော်ရာဟုလာ က အမွေတောင်းခန်း စသဖြင့် ပါပါတယ်။
      ရာဟုလာ ကို အကြောင်းပြုပြီး သာသနာ့ဘောင်ဝင်တဲ့ အခါ အုပ်ထိန်းသူ တယောက်ယောက် ရဲ့ ခွင့်ပြုချက် တောင်းရမယ် စသဖြင့် အချက်အလက်တွေ ပါဝင်လာခဲ့တာပါ။
      ရှင်အာနန္ဒာ ကို မိန်းမ ယူခါနီး လာခဲ့ဆိုပြီး အတင်းခေါ်သွားလို့ ဇနဗကလျာဏီ ခမျှာ သတိတရ လွမ်းဆွတ်ဆွတ်နဲ့ ရေချိုးခေါင်းလျှော်ပြီးခါစ ဆံပင်ရေစိုလေးနဲ မောင်ရေ အမြန်ပြန်ခဲ့နော် ဆိုတဲ့ စကားလေးကို အာရုံထဲက မထွက်လွန်းလို့ သတိတရ ရှိပုံတွေ.. နတ်ပြည်ခေါ်သွားပြီး နတ်သမီးတွေ အလှ နဲ့ ယှဉ်ခိုင်း မီးလောင်ပြင်မှာ ရှိတဲ့ မီးနည်းနည်း ဟတ်ခံ ထားရတဲ့ မျောက်အိုမကြီး နဲ့ ယှဉ်ခိုင်းပြီး ပြောတာတွေ.. တွေ့ချင်လွန်းလို့ ဂါထာတွေ ရွတ်ခဲ့ရတာတွေ..

      အဲဒါတွေက သမိုင်းနောက်ခံတွေ အထောက်အထားတွေကို ဖော်ပြခဲ့တာတွေပါ။

      အဲဒီတော့ အဲဒီခေတ်တုန်းက သင်္ဂါယနာတင်ပွဲမှာ ဗုဒ္ဓဝင်ကို မရေးခဲ့ မပြောခဲ့ပေမဲ့ နောက်လူတွေ မေ့လျော့ပြီး မသိတာတွေ ဖြစ်မှာ စိုးလို့ သိအောင် စုစည်းရေးပေးတယ် ဆိုရင်ကော လက်ခံမလား။

      ဗေဒင်ဆိုတာ မြတ်စွာဘုရား မပွင့်ခင်ကတည်းက ရှိထားတဲ့ ပညာရပ်ပါပဲ..
      ဗေဒင်ဆိုတာ ဟိန္ဒူ အယူဝါဒ က ပေါက်ဖွားလာတာပါ။ အဲဒီ ဟိန္ဒူ (ဗြဟ္မဏ ဝါဒ) ဘယ်တုန်းက စပြီး ပေါ်ပေါက်ခဲ့လဲ ဘယ်သူ တည်ထောင်ခဲ့လဲ အထောက်အထားမရှိ အချက်အလက် လုံးဝ မရှိဘူး။ ဘာသာတွေထဲမှာ သူက သက်တမ်း အရှည်ဆုံးပါပဲ။

      ပဉ္စဝကီ ငါးပါး က ဒီတောထဲမှာ ဘုရားပွင့်မည့်သူ သိဒ္ဓတ္ထ လာမယ် ဆိုပြီး ကြိုစောင့်နေပြီး အလုပ်အကျွေးပြုပါတယ်။ သူတို့ ကြိုသိတာ ဗေဒင်တွက်ထားလို့ပါ။ သူတို့ တွက်တာ မှန်ကို မှန်မှာ ဖြစ်တဲ့ အတွက် ယုံကြည်ချက် အပြည့်နဲ့ စောင့်နေတာပါ။

      ဗေဒင် ကျမ်းကန်တွေဆိုတာ ရှေးယခင်ကတည်းက ရှိနေတာ ဖြစ်တဲ့ အတွက် ဗေဒင် အလို အရ တနင်္လာ အင်္ဂါ ဆိုတာ မလွဲ မရှောင်သာ ရှိကို ရှိပါတယ်။ အဲဒီ အတွက် သံသရ ဖြစ်နေမယ် ဆိုရင်တော့ ဘဲဥ အစမရှာပဲ အဲဒီ ဘဲဥကိုသာ ဖောက်ပြီး ကြော်စားလိုက်တာမှ အားရှိပါအုန်းမယ်လို့ ဆန္ဒပြုပါတယ်။

      အပြန်အလှန် ဆွေးနွေးချက်လို့သာ မြင်ပေးပါ။

  • ဆူး

    April 22, 2012 at 1:26 pm

    နာမည်နဲ့ တည့်တည့်ကြီး တင်ပြီး ဖိုက်တာ မဟုတ်ပါဘူး။ အယူဝါဒ ကွဲလွဲမှု အတွက် ဖြေရှင်းခြင်းဖြစ်ပါတယ်။ ဒေါသစိတ်နဲ့ ပြောတာ မဟုတ်တဲ့ အတွက် စိတ်မပူပါနဲ့… ရေးသားတဲ့ ကွန်မန်း အတွက် ဝမ်းမြောက် ဝမ်းသာစွာ ကြိုဆိုပါတယ်။

    • winterkoe

      April 22, 2012 at 2:18 pm

      ကျနော်တင်တဲ့ပို့စ်မှာဘာသာရေးနဲ့ပတ်သက်တာမပါဘူးနော်။ ဆူးအနေနဲ့ မျက်စိလျှံသွားတာလား။

      • ဆူး

        April 22, 2012 at 5:22 pm

        winterkoe ကို ဆူး အပြစ်မတင်ပါဘူး။
        အပြစ်တင်စိတ်နဲ့ ရေးထားတာလည်း မဟုတ်ပါဘူး။

        ဗိုက်ကလေး says: (Edit)

        http://myanmargazette.net/115744/arts-humanities ကို
        သေချာ မဖတ်ကြလို ့ပါ..
        အဲဒီမှာ စာရေးသူက မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ လို ့ သုံးထားတာပါ.အဲတာကို..
        အောက်ကလဲ ကိုယ်သန်ရာ ဆွဲမန် ့ထလိုက်တော့ လိုင်းပူးပြီး ရှော့ခ် ဖြစ်သွားတာပါ
        ရပါပြီ..
        ဆက်ငြင်းကြပါ..
        ဖြစ်ညှစ်ပြီး ငြင်းကြပါ.ဒါမှ အိုင်ဒီယာကောင်းတွေ ထွက်လာမှာဖြစ်ပါတယ်

        ဗိုက်ကလေး ရေးထားတဲ့ အတိုင်းပါပဲ..
        အဓိက ဦးတည်ရေးချင်တာ သဂျီးပါ..
        ခဏခဏ ရေးလိုက်တိုင်း နာမည်တပ်ပြီး ရေးရတာ စိတ်ပျက်လွန်းလို့.. နာမည် မတပ်ပဲ ရေးလိုက်တာပါ။

        အသိ ပညာ နုသေးတဲ့ သူတွေ အဖို့ မိုးပြာနဲ့ သဂျီး ပူးပေါင်း စစ်ဆင်ရေး ကြောင့် ဘာသာရေးနဲ့ ပတ်သတ်ပြီး လွဲမှားမှုတွေ မရှိရလေအောင်.. ဗုဒ္ဓဘာသာ အနေနဲ့ စစ်မှန်ကြောင်းကို ကျမ်းအကိုးအကားနဲ့ ဖော်ထုတ်ရေးပြတာပါ။
        အခုလည်း ဝိပဿနာ အားထုတ်တာ အချိုမှုန့် စားသလိုပဲ အကျိုးသာ ဆုတ်ယုတ်မယ်လို့ ရေးထားတာ ရှိပါတယ်။
        http://myanmargazette.net/116672/uncategorized-other/copypaste
        အယူဝါဒ ဖြန့်ချီတဲ့ နေရာမှာ ပုဒ်ခတ်မှုတွေနဲ့ ဘာသာကို အရင်းပါမကျန် အမြစ်က ဆွဲလှန်ဖို့ ကြိုးစားနေကြ လူပုဂိ္ဂုလ်တစုရဲ့ စည်းရုံးမှုထဲ မပါဝင်ရလေအောင် ထုတ်နှုတ်ရေးသားတာပါ။

        အများနဲ့ အနည်း ဆိုရင် အများဘက်ကို အားသန်ကြစမြဲမို့.. စစ်မှန်တဲ့ ဗုဒ္ဓဘာသာ အယူအဆတွေ အားနည်းမှု မဖြစ်ရအောင် အားဖြည့်တဲ့ သဘောပါပဲ။ အပြစ်တင်ထားတာ မဟုတ်ပါဘူး။
        မျက်စိမလျှံပါဘူး။ ရန်ညိုးဖွဲ့ပြီး ရေးတာ မဟုတ်ပါဘူး။ ဆူး သိတာကို သိတဲ့ အတိုင်း ရှင်းပြတဲ့ သဘောပါပဲ။

  • FattyCat

    April 22, 2012 at 4:09 pm

    ဒီကိစ္စကို ဆူးအနေနဲ့ မရမကမျက်လုံးမှိတ်ပြီး ခရီးဆက်တယ်လို့ ပြောရင် လက်ခံမှာလား…
    အခုကိစ္စဆွေးနွေးတဲ့အနေရာမှာ ကော်မန့်ရေးသူက ဘာကိုဦးတည်နေလဲဆိုတာကို ဆူးနေနဲ့ သဘောမပေါက်နိုင်သေးတာဖြစ်တဲ့အတွက်
    စိတ်မကောင်းပါဘူး…
    အရင်ဆုံးဒီပို့စ့်မှာ ဆူးနဲ့ ကျုပ်နဲ့ ဗုဒ္ဓဝင်ကိုမှန်လားမှားလား ငြင်းခုံနေတာလဲမဟုတ်ပါဘူး…
    အဲဒီလိုပဲ Winterkoe ရဲ့ ပို့စ်မှာလဲ ဘာသာသာသနာကို တိုက်ခိုက်တဲ့ပိုစ့်မဟုတ်ပါဘူး…

    နောက်ဆုံး ကျွန်တော်တို့ ပြောချင်တဲ့အနှစ်ချုပ်က မိရိုးဖလာယဉ်ကျေးမှုအစဉ်အလာမှာပါတဲ့ ခေတ်နဲ့မကိုက်ညီတဲ့အယူအဆတွေ၊ လူတွေရဲ့အပေါ်မှာ စိတ်ဒဏ်ရာဖြစ်စေနိုင်တဲ့ အတွေးအခေါ်အပြုအမူတွေကို နောက်တစ်ချိန် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်တွေ၊ ကျုပ်တို့လိုခေါင်းဆောင်မကျ နောက်လိုက်မဟုတ်တော့တဲ့ လူရွယ်တွေအားလုံး ကျရာနေရာမှာ ဝိုင်းဝန်းပြုပြင်နိုင်ဖို့ အပြုသဘောဆောင်ဆွေးနွေးနေတာပါ…

    အဲဒီအချိန်အမှာ ရွာတော်ရှင်နဲ့ တချို့သောရွာသူရွာသားများက အယူအဆတစ်မျိုးမြင်ပြီး ပို့စ်ရဲ့လမ်းကြောင်းလွဲသွားခဲ့ပါတယ်…
    အဲဒီအတွက် စိတ်မကောင်းပါဘူး…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 22, 2012 at 5:30 pm

      သိပ်မှန်ပါတယ်ခင်ဗျ

      • ကြောင်ကြီး

        April 22, 2012 at 6:19 pm

        ေဩာ်ဂျော်လကီပု ညည်းက ကတ်တီးဖက် ဘက်ကလား..။ အဲလိုဆိုငါက ရွာဒေါ်ယှဉ်ဆူးဘက်ဂကွ….။
        ဒါနဲ့ ဦးပါလေရာပေးတဲ့ အုန်းသီးဥပမာ တော်တော်လေးကောင်းတယ်.. ပြန်ကိုးကားပြပါရစေ..။
        ကျုပ် အုန်းသီးတလုံးနဲ့ ဥပမာပေးပါရစေဗျာ…။
        🙂 အုန်းသီးတလုံးကို အခုမှမြင်ဘူးသူအဖို့ တော်တော်စိတ်ပျက်စရာကောင်းလိမ့်မယ်..။
        ပထမ အမျှင်တွေအများကြီးနဲ့ ဖဲ့လို့ ဖျက်လို့ခက်ခဲတဲ့ အခွံအထူကြီးနဲ့ ဖုံးထားတယ်..။
        အဲဒါကြီးပြီးပြန်တော့ မာကျောတဲ့ အခွံတထပ်နဲ့ ကာထားတယ်…။
        အထဲမှာတော့ အနှစ်အသားဖြစ်တဲ့ အုန်းသီးဆံ ရှိပါတယ်…။
        သဘာဝကြီးက ဘာလို့ အဲလောက်ခဲရာခဲဆစ်တွေနဲ့ အဲဒီအနှစ်ကို ကာထားသလဲဆိုတော့…
        အဲဒီအနှစ်(မျိုး)က အဲဒီအခွံတွေထဲမှာပဲ တည်နိုင်လို့ပေါ့……။ 🙂
        ကျနော်တို့သဂျီးကတော့ မျောက်နဲ့တူသဗျို့…သူ့လက်ထဲ အုန်းသီးရောက်တော့ ဆော့စရာဖြစ်ယုံမက လူတွေကိုပါ လျောက်ပေါက်တော့ဒါပဲ..။ ဝိုင်းဆဲဂျကွာ ကုသိုလ်လိုဂျင်ယင်..။ 👿

    • ဆူး

      April 22, 2012 at 6:07 pm

      လမ်းကြောင်းလွဲအောင် လုပ်တာ မဟုတ်ပါဘူး။ မရမက ခရီးဆက်နေတာလည်း မဟုတ်ပါဘူး။ ဒီပိုစ်က ဘယ်သူကိုမှအပြစ်တင်တာ မဟုတ်ပါဘူး။
      သာသနာ ရဲ့ ခိုင်မာမှု အတွက် အထောက်အထားပြခြင်း ဖြစ်ပါတယ်။

      အဲဒီလို သင်္ဂါယနာတင်ခဲ့တဲ့အထဲမှာ ကျွန်ုပ်ပြောခဲ့တဲ့ ဗုဒ္ဓဝင်ဆိုတဲ့ ဗုဒ္ဓမြတ်စွာရဲ့ဘိုင်အိုဂရပ်ဖီမပါခဲ့ဘူးခင်ဗျာ…
      အဲဒီလိုပဲ မြတ်စွာဘုရားရဲ့ ဘိုင်အိုဂရပ်ဖီကို ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းလေးရာလောက်ကြာမှရေးခဲ့တာဖြစ်တယ်ဆိုတာကိုလည်း မမေ့စေချင်ပါဘူး…
      ဘယ်ကနေအဲဒီ ဗုဒ္ဓဝင်ဖြစ်လာခဲ့လဲဆိုရင် အိန္ဒိယစာဆိုတော်ကြီးတွေရေးတဲ့ Sonet လို့ခေါ်တဲ့ကဗျာရှည်ကြီးတွေကနေ ဗုဒ္ဓဝင်ဖြစ်လာတာပါ…
      အဲဒါဆိုရင် ဘယ်သူရေးခဲ့မှန်းမသိတဲ့၊ ပိဋိကတ်ထဲမှာမပါတဲ့ ဗုဒ္ဓဝင်ဟာအမှန်ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်လို့ ကျွန်ုပ်ပြောတာမလွန်ဘူးထင်ပါတယ်နော်…

      ရွာတော်ရှင်ဆူးရဲ့စိတ်ထဲမှာ ဗုဒ္ဓဝင်ကို ပိဋိကတ်ထဲမှာပါပြီး၊ သင်္ဂါယနာတင်တဲ့အထဲမှာပါတယ်လို့ထင်ရင် 700BC လောက်မှပေါ်တဲ့ ဗုဒ္ဓဝင်ဟာ ပထမသင်္ဂါယနာကတည်းက မပါခဲ့တာတော့ ကျိန်းသေနေပြီးပေါ့နော်…
      အဲဒီလို ကျုပ်ပြောလို့ တစ်သက်လုံးရွတ်ခဲ့တဲ့ ခုနစ်နေ့ဘုရားရှိခိုးကြီးက အမှားကြီးလားလို့မေးရင်…

      အထက်က ကွန်မန်းထဲက အစိတ်အပိုင်းတချို့ ကောက်နုတ်ထားတယ်နော်။
      ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ဆိုတော့ 60% သို့မဟုတ် 50% ဖြစ်နေမလား။
      ဗုဒ္ဓဘာသာ အခိုင်အမာ ရှိပါတယ် ဗုဒ္ဓဆိုတာ လူသား တယောက် အနေနဲ့ ရှိခဲ့ဖူးတယ် ဘယ်ကမှ မိုးကျ ရွှေကို လိုမျိုး ရောက်လာတာ မဟုတ်ဘူး ဆိုတာ သက်သေ သာဓက မျိုးစုံ ပြနိုင်တယ်။ အထောက်အထားမျိုးစုံလည်း ရှိပါတယ်။
      အမိအဖ က မှ တဆင့် လူသား ဖြစ်လာတဲ့ လူသားတယောက် ဖြစ်ပါတယ်။
      ခုနစ်နေ့ ဘုရားရှိခိုးက ဆရာတော်ကြီးတွေ တီထွင်ခဲ့တာပါ။ ကလေးတွေ မှတ်မိလွယ်အောင် အလွယ်ကျက်မှတ်လို့ ရအောင် သင်ပေးတဲ့ သဘောနဲ့ ကဗျာ သဘောမျိုး ရေးသားခဲ့တာပါ။

      ဥပမာ အားဖြင့် လူတယောက် ဆိုပါတော့.. အဖေ လုပ်သူက အသေ စောလို့ သားလုပ်တဲ့ သို့မဟုတ် နောက်မျိုးဆက်က နာမည်လောက်သာ သိတယ် ပြောခဲ့တာတွေ ပြန်ကြားပေမဲ့ မွေးဖွားရာ ဇာတိ မသိရင်တော့ သူပြောခဲ့တဲ့ စကားတွေနဲ့ ပြန်လည် ကောက်နှုတ်ပြီးတော့ သူ သိနိုင်ပါတယ်။ ထိုကဲ့သို့ပါပဲ။

      ဗုဒ္ဓဝင် အစစ်အမှန် ဟုတ်၏ မဟုတ်၏ ဆိုတာ အသေအချာ အထောက်အထားတွေနဲ့ ဇစ်မြစ်လိုက်နေတဲ့ ခေတ်ကြီးထဲမှာ ကမာ္ဘနဲ့ ချီပြီး အချက်အလက် လိုက်ရှာနေကြတာ မဟုတ်မမှန်ခဲ့ရင် အစောကြီးကတည်းက ဗုဒ္ဓဘာသာ ရဲ့ ထောက်စရာ အဖြစ်အနေနဲ့ တခြားသော ဘာသာတွေ ကဲ့ရဲ့ခြင်း ခံရမှာပဲ မဟုတ်လား။
      ဒီနေ့ ဒီအချိန်အထိ ရပ်တည်နေတာ သာသနာနှစ် ၂၆၀ဝ ပြည့်ခဲ့ပါပြီ။
      ဆူး အနေနဲ့ ဗုဒ္ဓရဲ့ အယူအဆ နဲ့ ဗုဒ္ဓချမှတ်ခဲ့တဲ့ လမ်းညွန်ခဲ့တာတွေကို လိုက်နာတယ်။
      လမ်းညွန်ချက်တွေကို သဘောကျတယ် လက်ခံကျင့်သုံးတယ်။
      နှလုံးသားနဲ့ ကိုးကွယ်တယ်။ ရုပ်တု ဆင်းတုကို ရှိခိုးတာ မဟုတ်ဘူး အဆုံးအမ ကို ရှိခိုးတယ်။

      ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတယောက် အနေနဲ့တော့ ဘယ်လိုလူ ဘယ်လို ဇစ်မြစ်ကနေ လူဖြစ်လာသလဲ ဆိုတာတော့ သိချင်ကြမှာပဲ။ ငယ်ငယ်က ကျောင်းတွေမှာ သိအောင် နေ့တိုင်း ရွတ်ခိုင်းတဲ့ အတွက် သိပ်ပြီး မစိမ်းလှတော့ဘူး။
      ဒီလို သိအောင် စာနဲ့ ရေးခဲ့တဲ့ ဆရာတော်တွေလည်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်။
      တခြားသော ဘာသာတခုမှ မင်းတို့ ဘုရား အကြောင်းပြောကွာ ဆိုရင် အနည်းအကျဉ်းတော့ ပြောနိုင်တဲ့ အဆင့်ရှိအောင် သင်ပေးထားလို့ပါ။

      ဗုဒ္ဓဝင်ကို ရေးခဲ့တဲ့ ပုဂိ္ဂုလ်သည်လည်း ဗုဒ္ဓစာပေများ လေ့လာ မှတ်သားပြီး အချက်အလက် ရှာဖွေပြီးမှသာ ရေးသားထားခြင်းဖြစ်ပါသည်။

      ယနေ့ ခေတ်ကြီးထဲမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သတ်တဲ့ တက္ကသိုလ်တွေ အများကြီး ရှိပါတယ်။ မယုံခဲ့ရင်တော့ ကိုယ်တိုင်သွားပြီး ကမာ္ဘဗုဒ္ဓ တက္ကသိုလ်မှာ ကိုယ်တိုင် သွားမေးပြီး အကြောင်းအရာ အမျိုးမျိုး ပြုစု ထားတဲ့ ကျမ်းတွေ တောင်းကြည့်လို့ ရပါတယ်။

      ကြမ်းကျွံရင် နှုတ်လို့ ရပါတယ် စကားကျွံရင် နှုတ်မရပါဘူး
      အမြဲတမ်း ထောက်စရာ အဖြစ် တည်ရှိနေပါလိမ့်မယ်။

      အင်တာနက်မှာလို လူတကာ မြင်တဲ့ နေရာမှာတော့ ဘုရားသမိုင်း အစစ်မှန် ဇစ်မြစ်မသေချာတဲ့ အနေအထားမျိုးနဲ့ ရေးသားသုံးနှုန်းခြင်းကိုတော့ အတော်ပင်စိတ်မကောင်း ဖြစ်မိသလို ထပ်ရေးရင်လည်း ထပ်ပြီး ဒီလိုမျိုး ရေးခဲ့မယ် ဆိုရင်လည်း ထပ်ပြီး ကျေလည်အောင် ဖြေရှင်းပေးရမှာပါပဲ။

      ရာမ ဇတ် ကိစ္စ မဆွေးနွေးလိုဘူး သေချာတာကတော့ အဲဒါ ဟိန္ဒူ ဘက်က လာတဲ့ ဇတ်ထုတ်ပါ။ မဆိုင်တာနဲ့ ဆွဲပြီး မရှုပ်ပါနဲ့။
      ဟိန္ဒူ ဘာသာ အနေနဲ့ ဗုဒ္ဓမြတ်စွာကို သူတို့ ကိုးကွယ်တဲ့ အထဲမှာ ထည့်တဲ့ အနေနဲ့ နတ်တပါးလို့ စာရင်းသွင်းထားပါတယ်။
      ရောထွေးအောင် မလုပ်ပါနဲ့ ဗုဒ္ဓသည် လူသား စင်စစ်ဖြစ်ပါသည်။

  • pazflor

    April 22, 2012 at 6:43 pm

    တကယ်တမ်း က သူကြီး ကိုယ်တိုင် သူချထားတဲ့ စည်းကမ်း နံပါတ် ၆ ကို မလိုက်နာလို ရှူပ်ကုန်တာပါ။ (:P)

  • pazflor

    April 22, 2012 at 6:45 pm

    မဆူးကိုလည်း အထူး ကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ။

  • NAJA

    April 22, 2012 at 7:21 pm

    မဆူးရေ ကျွန်တော်လေးစားစွာ အကြံတစ်ချက်လောက် ဝင်ပြုပါရစေ
    ပို့စ်နဲ့တော့မဆိုင်ပါဘူး… မဆူးပြောတဲ့
    “သာသနာ ရဲ့ ဇစ်မြစ် မှန်မမှန် ကိစ္စ နက်ဖန်မှ ဆူး သေချာ ရေးပေးမယ်” ဆိုတာတို ့
    “ဖတ်တီးကတ် ရဲ့ ကွန်မန်းထဲမှ ဗုဒ္ဓဘာသာ သည် ဇစ်မြစ် မရှိပဲ ကိုးကွယ်နေသည် ဟူသော အမြင်မှား အတွက် တိကျသေချာသော အချက်အလက်များ ” ဆိုတဲ့ အသုံးအနှုံးလေးတွေနဲ့ပတ်သက်လို့ ပါ…
    စကားလုံးအသုံးအနှုံးတွေဟာဘယ်လောက်တာသွားပြီး ဘယ်လောက် အရေးပါလဲဆိုတာ ဒီထဲမှာ ကွန်းမန့်ဝင်ရေးဖို့စာစီဖူးသူတိုင်း နားလည်ကြမယ်ထင်ပါတယ်…
    ရွာမှာ စာရေးကောင်းလို ့ဆိုပြီးအယ်ဒီတာရဲ့စာမူတောင်းခြင်းခံရတဲ့ မဆူးအနေနဲ့ ပညာရှိသတိဖြစ်ခဲဖြစ်တာလားတော့မသိပါ… အထက်မှာပြခဲ့တဲ့အသုံးအနှုံးလေးတွေက စာဖတ်သူတစ်ယောက်အနေနဲ့ နဲနဲထောင့်နေလို ့ပါ… ဘာလို့လဲဆိုတော့ “သာသနာဇစ်မြစ်မှန်မမှန်ရေးပေမယ်” ဆိုရလောက်အောင် နှစ်နှစ်ထောင့်ငါးရာလုံး အစအဆုံး မဆူးတည်းဖြတ်လာတာမဟုတ်တဲ့အတွက် အဲဒိလိုပြောခွင့်မရှိဘူးထင်ပါတယ်…
    ပြီးတော့ မဆူးလက်ခံထားတဲ့ “တိကျသေချာသော အချက်အလက်များ” ဆိုတဲ့နေရာမှာလဲ လူတိုင်းအတွက်စံထားရလောက်အောင် အဲဒိအချက်အလက်တွေဟာ အရေးပါပြီး တိကျရဲ့လား ဆိုတာ တချက်လောက် ထည့်တွက်သင့်ပါတယ်… လူတိုင်းဟာ ဒီစာအုပ်တွေထဲမှာပါတိုင်းမယုံတတ်ကြတာမဆူးသိမှာပါ (သဂျီးနဲ့အပေါင်းအပါတွေပေါ့)…
    အချက်အလက်တွေအတွက်တော့ ကျေးဇူးတင်ပါတယ်…

    ကျွန်တော်မြင်မိတာပြောရလျှင်တော့
    ဟိုဘက်က winterkoe ရဲ့ပို ့စ် မှာဆိုလျှင်လည်း ပိုစ့်ရဲ့အဓိက message ကဒီလောက်မဆိုးလှပါ.. သို့သော် ယဉ်ကျေးမှုတခုလုံးကိုထိပါးတယ်လို ့ အဓိပ္ပာယ်ကောက်ကြပြီး တုန်ပြန်ကြတော့ aggressive ဖြစ်တဲ့တုန့်ပြန်မှုတွေဖြစ်လာပါတယ်… ယဉ်ကျေးမှုကိုထိပါးလို့မခံနိုင်တဲ့( ဝါ) ယဉ်ကျေးမှုကိုထိန်းသိမ်းချင်ကြတဲ့ တုန် ့ပြန်သူတွေဟာ တူတူတန်တန်တုန့်ပြန်ပါရဲ့လား (အားလုံးကိုမဆိုလိုပါ).. ချက်ကျလက်ကျရှိပါရဲ့လား… သူများကို မယဉ်ကျေးလို့ဆိုပြီး ဆဲနေတဲ့လူတွေပါ…
    အော်နေတတ်ကြတဲ့ “တိုင်းပြည်မချမ်းသာပေမဲ့ စိတ်ဓါတ်ကချမ်းသာတယ်” ဆိုတာ ဟုတ်ပါရဲ့လား

    ဘာသာသာသနာကြောင့် ဆုတ်ယုတ်ပျက်စီး တယ်ဆိုတာ အားလုံးကိုရောချရင်တော့မှားပါလိ့မ်မယ်… စပ်ယှက်ရက်နွယ်နေတဲ့အတွက် ကောင်းတာရော..မကောင်းတာရော အနဲနဲ့အများရှိပါလိ့်မ်မယ်
    ကနောင်မင်းသားရဲ့ ရေမြှုပ်ဗုံး ဥပမာကတော့ သမိုင်းဖတ်သူတိုင်း တမြေ့မြေ့ဖြစ်ရတဲ့ ဥပမာထင်ပါတယ်…

    ကျွန်တော် ကိုရင်ဝတ်တဲ့အချိန်က ငါးပါးသီလကို စောင့်တာ ပညတ်ချက်အရ… စောင့်စည်းပါတယ် … ဒီနေ ့အချိန်မှာတော့
    သူများပစ္စည်းမခိုးတာ လူ ့ကျင့်ဝတ်ကိုဖောက်ဖျက်တယ်လို့နားလည်တဲ့အတွက် မခိုးခြင်းပါ
    သူများအသက်မသတ်တာဟာလဲ ကိုယ်ခြင်းစာစိတ်ကြောင့်ပါ..
    အရက်သေစာ မသောက်စားတာဟာလဲ စိတ်ဓါတ်ကိုလျော့ရဲစေပြီး အမှားတွေမလုပ်မိစေဖို့ပါ
    .. အမြင်ပဲကွာသွားပါတယ်… ကျွန်တော် ဗုဒ္ဓဘာသာဟုတ်စေမဟုတ်စေ ငြိမ်းချမ်းမှုနဲ့ လူ့လောကရဲ့စံတွေကို လက်ကိုင်ထားတဲ့အတွက် ကျွန်တော့်ကိုယ်ကျင့်တရားကို ဘယ်သူနဲ့မဆို ယှဉ်ပြီးမှတ်ကျောက်တင်ခံနိုင်ပါတယ်…
    ဗုဒ္ဓဝင်မှန်မမှန်ဟာအရေးမပါပါဘူး .. ငါးရာ့ငါးဆယ် ထဲက ဇာတ်ရုတ်တွေဟာ ပုံပြင်လို့ပဲယုံယုံ တစ်ကယ်ဖြစ်ခဲ့တယ်ပဲထင်ထင် အရေးမကြီးလှပါဘူး… စကားတွေ တရားတွေထဲကပြောတဲ့/ပေးတဲ့ အသိတရားတွေကို ဘယ်လောက် အသုံးချနိုင်လဲ… လူတွေနဲ့ဘယ်လောက် လိုက်လျောညီထွေနေနိုင်မလဲ.. လူဘယ်နှစ်ယောက်ကိုစိတ်ချမ်းသာအောင် လုပ်ပေးနိုင်မလဲဆိုတာက ဘယ်ဘာသာမဆိုကိုးကွယ်တဲ့ လူတိုင်းအတွက် အရေးအကြီးဆုံးအချက်ပဲထင်ပါတယ်
    (လူရယ်လို ့ပဲလုပ်ဖို့စိတ်ကူးထားတဲ့လူတွေအတွက်ပေါ့နော)

    မဟုတ်ရင်တော့ ကိုယ်ကိုးကွယ်တဲ့ ဘာသာတစ်ခုကိုပဲ ကြည့်နေလျင်တော့ ဘာသာရေးအစွဲရှိတဲ့လူဖြစ်ပြီး
    ငြိမ်းချမ်းရေး တရားအကြောင်းပြော ၊ အဲဒိတရားကို ကာကွက်ဖို့အတွက်နဲ့ ငြိမ်းချမ်းမှုနဲ့ဝေးနေပါလိ့မ်မယ်…

    • ---မိုးကျရွှေကိုယ်-----dennis rockstar

      May 16, 2012 at 7:57 am

      အကိုခဗျား
      ကနောင်မင်းသားရဲ့ ရေမြှုပ်ဗုံး ဥပမာကတော့ သမိုင်းဖတ်သူတိုင်း တမြေ့မြေ့ဖြစ်ရတဲ့ ဥပမာထင်ပါတယ်…

      ဆိုတာ လူတွေပါးစပ်ေြ့ပာပြောနေကြတဲ့–ပါးစပ်ရာဇဝင်ကို ကိုးကားပြောနေတယ်ထင်ပါတယ်

      အဲ့ဒီခေတ်က အကိုလည်းမရှိသေးဘူးလေ- ကိုယ်တိုင်လည်း မမြင်လိုက်ရတဲ ့ကိစ္စတစ်ခုကိုဘာလို့ ဆွဆွပေးနေရတာတုံးဗျ

      သမိုင်းစာအုပ်တွေ သေချာဖတ်စေချင်ပါတယ်
      တွှုင်းသင်းတို ့ မဟာရာဇဝင်တေ်ာကြီးတို ့ ဦးကုလားတို ့(အဲ့ဒီသမိုင်းစာအုပ်တွေက တချို ့အချက်တွေ ကွဲ လွဲနေတာသိပဲလို ့စောဒက တက်န်ုိင်ပါတယ် )

      အဲ ဒါပေမဲ ့ရေမြုပ်ဗုံး ပြသနာက မင်းတုံးမင်း သူ ့ဟာသူ အားယားပြီး (ညီတော်ကို နည်းနည်း ကြောက်လာပီး) လုပ်ခွင့်ပိတ်လိုက်ပါမယ်လို ့ ကတိပေးလို က်လို ့ပါ –ဆရာတော်ဘုရားတွေ ဆွမ်းမစားနိုင်ပဲ ထသွားတယ်ဆိုတာ လုံးမဟုတ်ပါဘူး(အကိုဒီလိုပြောတယ်လို ့ ဆိုလိုတာ မဟုတ်ဘူးနော် ကျတော်ငယ်ငယ်က လူတွေ ပြောပြောနေတာ ကြားဖူးလို ့ အဲ့ဒီတု့းံက ဘုန်းကြီးတွေကို နည်းနည်း တောင် စိတ်ထင့်မိသေးတယ် နောက်သမိုင်းစာအုပ်တွေ ဘာတွေ သေချာလေ့လာမှ ဗျ )

      နောက်တခုက အကိုနဲ ့မဆိုင်ပါဘူး ဆူး ရဲ ့post အတွက် မြန်မာပြည် မွဲ နေတာ ဗုဒ္ဓဘာသာကြောင့်ဆိုရင် ဗုဒ္ဓဘာသာ မဟုတ်တဲ ့ ပါကစ် တို ့ အီသီယိုးပီးယားတို ု ့အာဖရိက တို ့ အများကြီးပါ အဲ့ဒီနိုင်ငံတွေ ဘာလို ့မွဲနေတာတုံး သိချင်ပါတယ်

  • ချာလီဂဇက်ဒလဝမ်

    April 22, 2012 at 8:05 pm

    ရှင်းရှင်းလေးနဲ့ရှုပ်နေတယ်
    ရှုပ်ရှုပ်လေးလဲ ကောင်းပါတယ်
    ရှုပ်လေ ရှင်းလေ ပြီးရင် ပြီးတာပဲ မို့
    နေတတ်ရင်အေးဆေးပဲ . . .

Leave a Reply